၂၀၂၅ ဇန်နဝါရီ ၅ တနင်္ဂနွေနေ့ စတုတ္တသွားရောက်တဲ့နေရာကတော့ Temple of Karnak အတော်ကြီးတယ် ကျယ်တယ်။ မျက်လုံးပြာပြာနဲ့ တူရကီလိုလို ထင်ရတဲ့ တိုးဂိုက်ကတော့ တော်တော်ရှင်းပြတယ်။ လေသံအတော်ဝဲတာရော၊ ကိုယ်မသိတဲ့ဇာတ်လမ်းတွေဆိုတော့ ခေါင်းသာညိတ်နားထောင်ပေမဲ့ ဘာမှမမှတ်မိ။ ယောဂအတန်းမှာ တီချယ်နန်းက အိုဆိုင်းရစ်နတ်အကြောင်းပြောပြတော့မှ ပိုနားလည်သွားတယ်။ တိုးဂိုက်ကရှင်းပြပြီးတော့ ကိုယ့်ဘာသာလည်ဖို့ အချိန်ပေးတယ်။ instragram မှာဓာတ်ပုံတွေရိုက်ထားတာ အင်မတန်လှတယ်။ တိုးဂိုက်ရှိတုန်း တိုးဂိုက်ကိုရိုက်ခိုင်း။ ကြုံတဲ့သူ အကူအညီတောင်းပြီး ရိုက်ခိုင်းနဲ့ လှတဲ့ပုံလှ မလှတဲ့ပုံမလှ။ ဘာမှဆိုအကုန်စားနိုင် အစားအသောက်ဂျီးမများတဲ့ကိုယ် မစားနိုင်ဘူး။ တိုးဂိုက်က Temple of Luxor နင့်ဟိုတယ်နဲ့နီးနီးလေး ညဖက်မီးထွန်းရင် အင်မတန်လှတာ။ နင်ဘာသာသွားလည်ပါလားဆိုပြီး ဝင်ကြေး အီဂျစ်ပေါင် ၅၀၀ ပေးတယ်။ နေ့လည်စာ ဘူဖေးကျွှေးတယ်။ နေ့လည်စာစားချိန် ဝိုင်းကိုပြောပြလိုက်တော့ ကိုယ့်ဘာသာမသွားနဲ့ တိုးဂိုက်ကိုလိုက်ပို့ခိုင်း တိုးထဲမှာပါတဲ့ဟာကို။ တိုးဂိုက်ကို ပြောလိုက်တော့ အိုကေတဲ့။
Karnak Temple, the greatest example of worship in the history, dedicated to the God Amon, his wife Mut and their son Khonsu.
စန်းထွန်း
အောက်တိုဘာ ၁၊ ၂၀၂၅။
https://www.viator.com/tours/Luxor/Full-Day-Tour-to-East-and-West-Banks-of-Luxor/d826-15974P3
 |
Temple of Karnak |
 |
Temple of Karnak |
 |
Temple of Karnak |
 |
Temple of Karnak |
 |
Temple of Karnak |
 |
lunch မစားနိုင်တဲ့နေ့လည်စာ |
No comments:
Post a Comment