နှင်းဆီခင်း...
နယူးယောက်ဘော်တစ်နစ်ကယ်ဂါးဒင်းရဲ့ နှင်းဆီပွဲတော်က ဂျွှန် ၉ ၊ ၁၀။ စနေနေ့မနက် ၁၀ အထိ ဝင်ခွင့်ဖရီးဆိုပေမဲ့ နှင်းဆီပွဲတော်ချိန်မှာတော့ ဖရီးရမယ်မထင်ဘူး။ ပြီးတော့ ဂျွှန် ၉  စနေနေ့ညဖက် ဝိုင်းက လန်ဒန်သွားရမယ်။ ဒီတော့တပတ်စောပြီး သွားလိုက်တယ် နှင်းဆီတွေက ၆၀ ရာခိုင်နှုန်းပဲ ပွင့်သေးတယ်တဲ့။ ဂျွှန် ၂ စနေနေ့ ဂရမ်းစင်ထရယ်ဘူတာကနေ ဝှိုက်ပလိမ်းဖက်ကို မနက် ၈ နာရီ ၄၇ ထွက်တဲ့ရထားစီးရင် နယူးယောက်ဘော်တစ်နစ်ကယ်ဂါးဒင်းရှေ့ ၉  နာရီခွဲလောက် ရောက်ပါတယ်။ သစ်ပင်ပန်းမန်တွေနဲ့ စိမ်းစိုနေတာပဲ။ နှင်းဆီခင်းထဲရောက်တော့ လူတွေရောက်နှင့်နေပြီ။ နှင်းဆီတော်တော်များများ ပွင့်နေပြီ တချို့က ကြွေကျလို့။ ချယ်ရီပွဲတော်လည်း အဲ့ဒီလို ချယ်ရီမပါဘဲ ချယ်ရီပွဲတော်ကျင်းပ ၂ ပတ်လောက် နောက်ကျပြီးတော့မှ ချယ်ရီတွေပွင့်တယ်။ ခုနှင်းဆီပွဲတော်ကတော့ နှင်းဆီတွေက အရင်ပွင့်နှင့်နေတယ်။ ရှေ့တပတ် နှင်းဆီပွဲတော်အထိတောင် ပန်းတွေကျန်ပါတော့မလား။ ကိုယ်တို့တပတ်စောလာလိုက်တာ မှန်သွားတယ်။ နှင်းဆီပန်းတွေနဲ့ လှည့်ပတ်ရိုက်။ နေကလည်း ခြစ်ခြစ်တောက်ပူ ပူလိုက်တာ နွေရောက်ပြီကိုး။ ကန်ထဲမှာ ကလေးသံတွေကြားလို့ ဝင်ကြည့်မလို့ မူလတန်း၊ အလယ်တန်းကျောင်းသားတွေအတွက်သာတဲ့။ ချယ်ရီပင်တွေ၊ ရေတံခွန်တွေကို ဖြတ်ကျော်လို့ စမ်းချောင်းဘေးလမ်းလေးအတိုင်း လမ်းလျှောက်။ တရာသီနဲ့တရာသီ ပွင့်တဲ့ပန်းတွေကမတူ သာယာလှပတယ်။ ဆူနမ် ၂၀၁၇ ဒီဇင်ဘာလ သူ့အစ်မရှိတဲ့လန်ဒန်ကို တလကျော်သွားလည်တာ ဘယ်မှမရောက်ဖြစ်ဘူး။ အစ်မက မအားလို့လိုက်မပို့နိုင်ရင် ကိုယ့်ဘာသာသွားလည်မှာပေါ့။ လန်ဒန်မှာ ရထားစီးရတာ အဆင်ပြေပါဘိနဲ့။ ခုတော့ အမျိုးတွေနဲ့တွေ့လိုက်၊ ဖဲရိုက်လိုက်နဲ့ ။ ကိုယ်တို့နဲ့ နေရာခြင်းသာ လဲလိုက်ချင်တော့တယ်လို့ အားမလိုအားမရဖြစ်ကြတဲ့ ကိုယ်တို့နှစ်ယောက် ပြောကြတယ်။ဟာဝိုင်အီရိုးရာဝတ်စုံလေးတွေနဲ့ ကမလားလို့စောင့်နေတာ ဆယ်မိနစ်လောက်ကြာတဲ့အထိမက။ ပန်းပင်တွေကို ဓာတ်ပုံရိုက်ရင်းစောင့် ဗုံသံကြားလို့သွားကြည့်တော့ မမလေးတွေက ဆယ်ဖီရိုက်နေကြတယ် နေ့လည်ကျမှကမယ်တဲ့။ မစောင့်နိုင်တော့ဘူး ၁၂ ၃၀ ရထားနဲ့ နယူးယောက်ပြန်ခဲ့တယ်။
ဂျူလှိုင် ၅ ကနေ ၁၆ ရက်နေ့အထိ အလာစကာပြည်နယ်ဖက်ကို ၁၂ ရက်ခရီး သွားပါမယ်။ ပြန်လာရင် အလာစကာသွား တောလားပို့စ်တွေ ရေးပါဦးမယ်။
စန်းထွန်း
ဂျူလှိုင် ၃၊ ၂၀၁၈။
3 comments:
coralnyo@gmail.com said...
မမိုးငွေ့
Jee Pay said...
San San Htun said...
ပန်းလေးတွေရော လူရောလှလိုက်တာ ခုမှမြင်ဖူးလို့ ...။ ညီမလေးက အချောလေး...း)
မမိုးငွေ့
July 4, 2018 at 4:57 AM
Jee Pay said...
မစန်းထွန်း ဒီတခါ ဖက်ရှင်တွေဘာတွေပါ မိုက်လာတယ် ပန်းလေးတွေနဲ့လူနဲ့လိုက်တယ် ချစ်စရာ
August 3, 2018 at 12:39 AM