ဘလော့‌ဒေး (တဂ်ပို့စ်) ...

သြဂုတ် ၃၁ ရက်နေ့မှာ ကျရောက်ပါသော ဘလော့ဒေးနေ့...
အထိမ်းအမှတ်ပို့စ်လေးတွေကို ဘလော့တကာလည်ရင်း ဘလော့ဂါတွေ ဘလော့စတင်ပုံလေးတွေ၊ ဘလော့ဂါအချင်းချင်း ကူညီအားပေးကြပုံတွေကို ဖတ်ခဲ့ရပါတယ်။ ဘယ်သူ့ကို တဂ်တယ်ဟေ့ ဆိုရင် တဂ်ခံရတဲ့သူတွေကလည်း ပြန်ရေးနဲ့ အတော်ကို ပျော်စရာကြီး။ ဘယ်သူများ စန်းထွန်းကို တဂ်မလဲလို့ စောင့်မျှော်နေရင်း ဘယ်သူမှလည်း မတဂ်ရော ဒီတပတ် တနင်္ဂနွေတော့ ဘယ်သူ တဂ်...တဂ် မတဂ်...တဂ် ကိုယ့်ဘာသာ တဂ်မယ်လို့ အားခဲထားတာ။ ခုလို Angelhaling က စီဘောက်မှာ တဂ်တယ်လို့ လာအော်လာတော့လည်း အိမ်း...(ဝမ်းသာလုံး ဆို့တာကို မနည်းမျိုသိမ့်ထားတဲ့လေသံနဲ့ ) ရေးရချီသေးတာပ (သိပ်မရေးချင်ရှာဘူး...ချက်ချင်းကို ရေးတော့တာ...ရေးမှာပဲ ရေးမှာပဲ ငါ့ကိုတော့ မတားနဲ့ ... း)။

ဘလော့ဆိုတာကြီးကို စတင်သိပုံက...
အင်တန်းဆင်းတော့ နေ့လည်ထမင်းစားပြီးချိန်ဆို ထမင်းလုံးစီလေ့ ရှိပါတယ်။ ရှိသမျှ သတင်းတွေ ဖတ်လို့ပြီးသွားရင် ဒေါင်းလုပ်ချထားတဲ့ ဝထ္ထုတွေ ဖတ်တော့တာပဲ။ တခါတလေ ဇာတ်ရှိန်မြှင့်နေချိန် ဆူပါဗိုက်ဇာ ပြန်ရောက်လာရင် ဖတ်လက်စတွေကို လက်စသတ်လို့ အလုပ်များချင်ယောင် ဆောင်ရရင်ဖြင့် ကိုရီးယားကားမှာ ဘာဆက်ဖြစ်မလဲ သိချင်သလို ဆံ့တငန့်ငန့်နဲ့ပေါ့။ အေးပိုက သူဖတ်တဲ့ ဘလော့ဆိုတာကြီးနဲ့ မိတ်ဆက်ပေးလာပါတယ်။ မနိုင်း၊ မမ ဘလော့တွေပေါ့။ အဲဒီကစလို့ ဘလော့တွေကို သွားလည်ပြီး စာတွေ ဖတ်နေပြီ။

ဘလော့စတင်ပုံက...
၂၀၁၀ မတ်လမှာ မကာအိုနဲ့ ဟောင်ကောင်ကို သွားလည်ဖြစ်ပါတယ်။ ခရီးသွားတဲ့ အတွေ့အကြုံတွေကို မကြီးနဲ့ မခိုင်ကို ပြောပြတော့ စန်းထွန်းက တခွန်းပြောလိုက်ရင် မကြီးက သူရောက်ခဲ့တဲ့ မလေးရှား၊ မခိုင်က ဘန်ကောက်အကြောင်းပြောနဲ့ ကောင်းကောင်းကို မပြောရပါဘူး။ ပြောရုံနဲ့တင် အားမရတော့ အင်တာနက်နဲ့ အလှမ်းဝေးတဲ့ ခိုင်မေ၊ဖြိုးတို့ဆီကို စာရေးပြီး လှမ်းပြောပြတာ။ ဒါနဲ့တင် အားမရလို့ ဘလော့လုပ်ပြီး ရှယ်တာ း)။ ဒီလိုနဲ့ စန်းထွန်း ဘလော့လေး ဖြစ်လာပါတယ်။ သူငယ်ချင်းတယောက်ပြောသလို "နင်က အပြင်မှာတင် စကားများတာ အားမရလို့။ ဘလော့ရေးပြီး များတာလား..."တဲ့။ ပထမဆုံးရေးတဲ့ပို့စ်က မကာအို သို. အလည် တစ်ခေါက်။ ဓာတ်ပုံများများ စာနည်းနည်းနဲ့ ဆားချက်ပါတယ်။ ဒီလိုနဲ့ အရှုပ်တွေ လုပ်ရင်းနဲ့ ဘလော့ကြီးကို ခေါက်ထားလိုက်တာ...

တကယ်ရေးဖြစ်တာက...
ဘလော့စဖြစ်တယ်ဆိုပေမဲ့ ကိုယ်ကလည်း သူများဆီကို မလည်၊ သူများကလည်း ကိုယ့်ဆီကို မလည် လူမသိ သူမသိပေါ့။ တကယ်ရေးဖြစ်တာက ၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကို ရောက်လာတဲ့အချိန်။ တဦးတည်းသော မြန်မာဆိုတော့ စကားပြောမဲ့သူမရှိ၊ မြန်မာစကားကို လွမ်းနဲ့ ပျင်းတိုင်း၊ အားတိုင်း၊ လွမ်းတိုင်း ရေးလေသတည်း။ ကြိုက်တဲ့ ပို့စ်လေးတွေကို ဖေ့ဘွတ်ပေါ်တင်။ သူငယ်ချင်းတွေက မြှောက်ပေး၊ ကြုံရင်း'ဩကြုံသလို ဆိုင်..ဆိုင် မဆိုင်..ဆိုင် ကိုယ့်ဘလော့ကို ဖေ့ဘွတ်မှာ ကြေညာ။ သူငယ်ချင်းတွေကလည်း စာသာ လာဖတ်ကြတာ မန့်ဖို့ဆို ကြောက်ကြသား(ကိုယ်တိုင် အပါအဝင်)။

ပထမဆုံး ကွန့်မန့်က...
သူငယ်ချင်း မောင်စိုင်းက ဂါးဖီးပို့စ်မှာ လာမန့်ပါတယ်။ စီဘုံးတွေ၊ ဘာတွေ ထားရမှန်း မသိ။ သူများဘလော့တွေကို သွားလည်ရင်း သူများတွေ ဘယ်လို လုပ်ထားလည်း ကြည့်ပြီး ရှာလုပ်။ ဘလော့တွေကို သွားလည်ရင်း ကွန့်မန့်တွေ ထားခဲ့။ ဒီတော့ သူတို့ကလည်း ပြန်လာလည်နဲ့ ကိုသြဘာပြောသလို "ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်"။

ပထမဆုံး လင့်ခ်ချိတ်ပေးတာက...
မောင်မျိုးဘလော့ပါ။ ဒီကနေစပြီး ဘလော့ကို လာလည်တဲ့သူတွေ ရောက်လာပါတယ်။ စီနီယာတွေက နွေးနွေးထွေးထွေး ကြိုဆိုပေး၊ လင့်ခ်တွေ ချိတ်ပေးကြသလို ကွန့်မန့်တွေ၊ အချိန်ပေးပြီး စာလာဖတ်ကြတဲ့ သူတွေကြောင့်လည်း စာဆက်ရေးဖို့ အားအင်တွေ ရပါတယ်။ စာဖတ်ပရိသတ်ကို တခုခု ပေးစွမ်းနိုင်တဲ့၊ ရသမြောက်တဲ့ ပို့စ်လေးတွေ၊ ကဗျာကောင်းလေးတွေ၊ ဟင်းချက်နည်း၊ သတင်းနည်းပညာတွေ ပေးတဲ့ ဘလော့တွေကို ကြားမှာ ကိုယ့်ဘလော့က ကိုယ်.လို ပြောင်စပ်စပ်လေး ဖြစ်နေမှာကိုတော့ အားနာမိသား။

ဘလော့ဒေးနေ့မှာ နှစ်သက်တဲ့ ဘလော့အသစ် ၅ခုကို ပို့စ်အဖြစ်ရေးတင် မိတ်ဆက်ပေးကြတယ်လို့ ဖတ်လိုက်ရပါတယ်။ ကြိ ုက်တာတွေက ၅ခုမက များပြားနေလို့၊ သူများအလှည့်တုန်းက ၅ခုထဲ သူ့ကို ထည့်ပေးပြီး သူအလှည့်ကျတော့ တို့များကို မထည့်ဘူးဆိုပြီး စိတ်ကောက်တော်မူနေမှာစိုးလို့ မိတ်မဆက်ပေးတော့ဘူးနော် း)။ အမြဲသွားလည်ဖြစ်တဲ့ ဘလော့စာရင်းကိုသာ ကြည့်လိုက်။

ပျော်ရွှင်စရာကောင်းတဲ့ ဘလော့ဒေးမှသည် စာတွေ အများကြီး ရေးနိုင်ကြပါစေလို့...

ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ...(မဆီမဆိုင် ကြွေးကြော်တတ်တဲ့ မောင်မျိုး စကားလုံးကို ခဏ ငှားယူ ကြွေးကြော်လိုက်ပါသည်။)

စန်းထွန်း
သြဂုတ် ၂၈၊ ၂၀၁၁။

11 comments:

ေန၀သန္ said...

စန္းထြန္းေရ... ဆက္လက္ျပီး ဘေလာ့ခ္ဂင္းႏိုင္ပါေစ... :D

ခင္မင္လ်က္
ေန၀သန္

Maung Myo said...

အဟား..ဒါဆို ေျမွာက္ေပးရက်ိဳးနပ္တာေပါ့ဗ် း) ဆက္လက္ျပီး ေပ်ာ္ရႊင္စြာ ဘေလာ့နိုင္နိုင္ပါေစဗ်ာ ။

ဘေလာ့ဆိုတာ ရသေတြေပးနိုင္ဖို႕စာေကာင္းေတြေရးနိုင္ဖို႕ၾကၤီးပဲလည္းမဟုတ္ပါဘူးေလ က်ေနာ္တို႕ရဲ့ ခံစားခ်က္ေတြကို ဖြင့္ေျပာတိုင္ပင္ ရင္ဖြင္နိုင္တယ္လို႔လည္း သတ္မွတ္နိုင္တယ္လို႕ က်ေနာ္ေတာ့ျမင္ပါတယ္ ။

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

အျခားဘေလာဂ္ေတြၾကားမွာ ကိုယ္႕ဘေလာ႕ေလးက ကိုယ္႕လိုဘဲ ေျပာင္စပ္စပ္ေလးျဖစ္ေနမွာ အားနာတယ္ဆိုေတာ႔ အစ္မကစဥ္းစားမိတာ စန္းထြန္းေလးက ေျပာင္စပ္စပ္ရုပ္ကေလးလားလို႔ း)
ဘာဘဲျဖစ္ျဖစ္ ခ်စ္စရာေကာင္းမွာပါ
ရိုးရိုးသားသား ပြင္႔ပြင္႔လင္းလင္းေရးသားဟန္ကေလးကလည္း ခ်စ္ဖို႔ေကာင္းေနတာပါဘဲ မဟုတ္လား

ဟန္ၾကည္ said...

စန္းထြန္းရုပ္က ေျပာင္စပ္စပ္ကေလးမဟုတ္ေလာက္ဘူူး ေဒၚေခ်ာေရ...ေပါခ်ာခ်ာရုပ္ကေလးျဖစ္လိမ့္မယ္...ဟား ဟား...Happy Blog Day ပါ ညီမေရ...ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ဘေလာ့ဂ္ေဒးေပါင္းမ်ားစြာကို ဘေလာ့ရြာသူ ရြာသားေတြနဲ႔ သိုက္သိုက္၀န္း၀န္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းႏိုင္ေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါရဲ႕...

စံပယ္ခ်ိဳ said...

အခ်စ္ဆုံးေရ...
ဘေလာ့ဂ္ေဒးေပါင္းမ်ားစြာကို စာေတြ
ကဗ်ာေတြမ်ားစြာနဲ႔ၿဖတ္သန္းႏုိင္ပါေစလုိ႔
ဆုေတာင္းရင္း
အာဘြား....

ညိမ္းႏိုင္ said...

ဘေလာ့ေလးက လူလိုေျပာင္စပ္စပ္ေလး....:))
ေျပာရရင္အဲ့လို ရီရီေမာေမာ ေျပာေျပာဆိုဆိုေလးေတြကိုသေဘာက်တာ
ရယ္...ေပါ့ေပါ့ပါးပါးရွိလို့...:)))
ကၽြန္ေတာ္လည္း စန္းထြန္းကိုတဂ္ထားပါတယ္ဗ်....၊
နာမည္နဲ့ေတာ့ဟုတ္ဘူးေပါ့...ပို့စ္မွာလင့္ထည့္ထားျပီး
အကုန္လံုးကို ေရာတဂ္ထားတာ....:)))

သူႀကီးမင္း (တုုံးဖလား) said...

ကြန္မင့္ကေန အေျပးေလး လုိက္လာတာ။ ေနာက္ဆုိရင္ေတာ့ မၾကာမၾကာ ေရာက္ျဖစ္ဖုိ႔ မ်ားပါတယ္။ ေနရာ သိသြားၿပီကုိး။ း))

ဘေလာ့ေဒးမွာ ၾကည္ႏူးရႊင္လန္း ခ်မ္းေျမ့ပါေစ။

ခင္မင္လွ်က္

mstint said...

ဘေလာ့ဂ္ေဒးအမွတ္တရ ဖတ္သြားပါတယ္ စန္းထြန္းေလးေရ။ ဘေလာ့ဂ္ရြာႀကီးထဲမွာ အခြင့္အခါရေနသမွ် ကာလပတ္လံုး ေႏြးေထြးမႈ ခ်စ္ခင္မႈ ေပ်ာ္ရႊင္မႈေတြနဲ႔အတူ စာေပမ်ား ဆက္လက္ေရးသား မွ်ေဝႏိုင္ပါေစေနာ္။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါရွင္...:):)
ေလဟာဥ္လတ္မွတ္မရလို႕ ေနာက္က်သြားတယ္..:P
ခြင့္လြတ္ပါလို႕....ေပ်ာ္ရြင္ဖြယ္ေကာင္းေသာဘေလာ့ေဒးေလးၿဖစ္ပါေစလို႔ ဆႏၵၿပဳရင္း...
တဂ္ထားတာေလးေရးေပးလို႕ ေက်းဇူးပါလို႕...:):)

အလင္းသစ္ said...

ေဟေဟ့.. အားေပးသြားသဗ်ာ..တဂ္ရင္တဂ္ မတဂ္လည္းေရးမယ္ဆိုတာေလး ၾကိဳက္မွၾကိဳက္... ဟီးးးးးးးးးးးးးး။။။

San San Htun said...

နေဝသန် said...
စန်းထွန်းရေ... ဆက်လက်ပြီး ဘလော့ခ်ဂင်းနိုင်ပါစေ... :D

ခင်မင်လျက်
နေဝသန်
August 28, 2011 at 6:07 AM
Maung Myo said...
အဟား..ဒါဆို မြှောက်ပေးရကျိုးနပ်တာပေါ့ဗျ း) ဆက်လက်ပြီး ပျော်ရွှင်စွာ ဘလော့နိုင်နိုင်ပါစေဗျာ ။

ဘလော့ဆိုတာ ရသတွေပေးနိုင်ဖို့စာကောင်းတွေရေးနိုင်ဖို့င်္ကြီးပဲလည်းမဟုတ်ပါဘူးလေ ကျနော်တို့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောတိုင်ပင် ရင်ဖွင်နိုင်တယ်လို့လည်း သတ်မှတ်နိုင်တယ်လို့ ကျနော်တော့မြင်ပါတယ် ။
August 28, 2011 at 7:19 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
အခြားဘလောဂ်တွေကြားမှာ ကိုယ့်ဘလော့လေးက ကိုယ့်လိုဘဲ ပြောင်စပ်စပ်လေးဖြစ်နေမှာ အားနာတယ်ဆိုတော့ အစ်မကစဉ်းစားမိတာ စန်းထွန်းလေးက ပြောင်စပ်စပ်ရုပ်ကလေးလားလို့ း)
ဘာဘဲဖြစ်ဖြစ် ချစ်စရာကောင်းမှာပါ
ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းရေးသားဟန်ကလေးကလည်း ချစ်ဖို့ကောင်းနေတာပါဘဲ မဟုတ်လား
August 28, 2011 at 8:21 AM
ဟန်ကြည် said...
စန်းထွန်းရုပ်က ပြောင်စပ်စပ်ကလေးမဟုတ်လောက်ဘူူး ဒေါ်ချောရေ...ပေါချာချာရုပ်ကလေးဖြစ်လိမ့်မယ်...ဟား ဟား...Happy Blog Day ပါ ညီမရေ...နောင်နှစ်ပေါင်းများစွာအထိ ဘလော့ဂ်ဒေးပေါင်းများစွာကို ဘလော့ရွာသူ ရွာသားတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါရဲ့...
August 28, 2011 at 8:37 AM
စံပယ်ချို said...
အချစ်ဆုံးရေ...
ဘလော့ဂ်ဒေးပေါင်းများစွာကို စာတွေ
ကဗျာတွေများစွာနဲ့ဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းရင်း
အာဘွား....
August 28, 2011 at 8:45 AM
ညိမ်းနိုင် said...
ဘလော့လေးက လူလိုပြောင်စပ်စပ်လေး....:))
ပြောရရင်အဲ့လို ရီရီမောမော ပြောပြောဆိုဆိုလေးတွေကိုသဘောကျတာ
ရယ်...ပေါ့ပေါ့ပါးပါးရှိလို့...:)))
ကျွန်တော်လည်း စန်းထွန်းကိုတဂ်ထားပါတယ်ဗျ....၊
နာမည်နဲ့တော့ဟုတ်ဘူးပေါ့...ပို့စ်မှာလင့်ထည့်ထားပြီး
အကုန်လုံးကို ရောတဂ်ထားတာ....:)))
August 28, 2011 at 10:13 AM
သူကြီးမင်း (တုံးဖလား) said...
ကွန်မင့်ကနေ အပြေးလေး လိုက်လာတာ။ နောက်ဆိုရင်တော့ မကြာမကြာ ရောက်ဖြစ်ဖို့ များပါတယ်။ နေရာ သိသွားပြီကိုး။ း))

ဘလော့ဒေးမှာ ကြည်နူးရွှင်လန်း ချမ်းမြေ့ပါစေ။

ခင်မင်လျှက်
August 29, 2011 at 7:45 PM
mstint said...
ဘလော့ဂ်ဒေးအမှတ်တရ ဖတ်သွားပါတယ် စန်းထွန်းလေးရေ။ ဘလော့ဂ်ရွာကြီးထဲမှာ အခွင့်အခါရနေသမျှ ကာလပတ်လုံး နွေးထွေးမှု ချစ်ခင်မှု ပျော်ရွှင်မှုတွေနဲ့အတူ စာပေများ ဆက်လက်ရေးသား မျှဝေနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
August 29, 2011 at 11:58 PM
Angelhlaing(May everybody be happy and healthy! said...
Happy blog day ပါရှင်...:):)
လေဟာဉ်လတ်မှတ်မရလို့ နောက်ကျသွားတယ်..:P
ခွင့်လွတ်ပါလို့....ပျော်ရွင်ဖွယ်ကောင်းသောဘလော့ဒေးလေးဖြစ်ပါစေလို့ ဆန္ဒပြုရင်း...
တဂ်ထားတာလေးရေးပေးလို့ ကျေးဇူးပါလို့...:):)
August 30, 2011 at 3:30 PM
အလင်းသစ် said...
ဟေဟေ့.. အားပေးသွားသဗျာ..တဂ်ရင်တဂ် မတဂ်လည်းရေးမယ်ဆိုတာလေး ကြိုက်မှကြိုက်... ဟီးးးးးးးးးးးးးး။။။
August 30, 2011 at 3:37 PM