Do Less. Accomplish More.
ညဖက်စောစောအိပ်ဖို့ အမြဲတိုက်တွန်းပါတယ်။ သူ့စောစောကလည်း ည၉နာရီခွဲ။ clear mind ၊ clarified ဖြစ်တဲ့စိတ်နဲ့သာ နက်နဲခက်ခဲတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်မှာ။ နောက်ကျမှအိပ်လို့ အကျိုးရှိတယ်ဆိုရင် သူနောက်ကျမှ အိပ်ခိုင်းပါတယ်တဲ့။ သူက အမြဲပြောပေမဲ့ ဘယ်ကျောင်းသားမှ ည၉နာရီခွဲ မအိပ်ပါဘူး။ အနည်းဆုံး ည ၁၂၊ ၁ နာရီအထိ စာကြည့်ရပါတယ်။ ဒါတောင် မပြီးလို့။
ည၉နာရီခွဲ အိပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာပါ။ အမြဲ ၁၁၊ ၁၂ နာရီမှ အိပ်တာ။ နယ်မှာတော့ ည၁၀နာရီလောက် အိပ်ကြပါတယ်။ မနက် ၆ နာရီဆို ထနေပြီ။ စောစောအိပ်၊ စောစောထ၊ အချိန်မှန် လတ်လတ်ဆတ်ဆတ် အစားအစာတွေစား၊ သန့်ရှင်းတဲ့လေကို ရှူ၊ လမ်းလျှောက်၊ သစ်ရွက်တွေကိုလှည်း၊ အပင်စိုက်နဲ့ နယ်က လူတွေက ကျန်းမာပျော်ရွှင်ကြပါတယ်။ စန်းထွန်းတို့လည်း ဟိုင်းကြီးပြန်ရင် စောစောအိပ်၊ စောစောထ။ ၉ နာရီဆို မုန့်ဟင်းခါးတွေ ပြောင်ပြီ။
ရန်ကုန်ရောက်ရင်တော့ ရန်ကုန်စတိုင် ည ၁၁၊ ၁၂ နာရီမှ အိပ်။ မနက် နေဖင်ထိုးမှထ။ မနက် ၆နာရီဆို ဘာမုန့်သည်မှ မဖွင့်သေးဘူးလေ။ ရန်ကုန်ရောက်ရင် ရန်ကုန်လို ကျင့်ရတာပေါ့။
KMD မှာ IDCS တက်တုန်းက စာသင်ရင် အမြဲအိပ်နေတတ်တဲ့ ကောင်လေးတယောက် ရွှေတံဆိပ်သာရသွားတယ် စာတခါမှ ကြည့်တာလည်း မတွေ့လိုက်ဘူး။ NUS တုန်းကလည်း ရွှေတံဆိပ်ရတဲ့ကောင်လေးဆို ဂိမ်းပဲဆော့နေတာ။ မာစတာ ဘရိန်းတွေကိုး။
မာစတာဘရိန်း မဟုတ်တဲ့ စန်းထွန်းကတော့ ညဏ်မကောင်းတော့ ဝီရိယ သူများထက် ပိုရပါတယ်။ သူများတွေ ၁ နာရီ စာကြည့်ဖို့ အချိန်ပေးရရင် စန်းထွန်းက ၂ နာရီ ပေးရတယ်။ တချိန်လုံး စာလုပ်နေတာတောင် အမှတ်က သူများတွေလောက် မကောင်းဘူး။ မကြီးကတော့ ညဏ်ကောင်းပါတယ်။ ဒါပေမဲ့ သူက ဝီရိယအားနည်းတယ်။ စာကျက်မယ်ဆိုရင် အိပ်ငိုက်တော့တာပဲ။ သူ အိပ်မပျော်ဘူးဆိုရင် စာကြည့်လိုက် အိပ်ပျော်သွားလိမ့်မယ်လို့ ပြောလေ့ရှိကြတယ်။ စာကျက်တာ သူ့အတွက် အိပ်ဆေး။ စာမလုပ်တာတောင် စာမေးပွဲဖြေရင် အမှတ်ကောင်းကောင်းရတယ်။ ဒုတိယအမှတ်အများဆုံး။ ပထမနဲ့ တမှတ်ပဲ ကွာတယ်။ သူ့လို ညဏ်ရည်နဲ့ စန်းထွန်းလိုမျိုး ဝီရိယသာ ပေါင်းလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။
မောင်မောင်ကတော့ ညဏ်လည်း အကောင်းကြီးမဟုတ်၊ ဝီရိယလည်း မကောင်းပေမဲ့ ကံကောင်းတယ်။ ဆယ်တန်းမှာ သူ့ကို ကျမယ်ထင်တာ သူက အောင်ပြီး အောင်မယ်ထင်တဲ့သူက ကျလေရဲ့။ စင်္ကာပူကိုလည်း ကြိုးစားစရာမလိုဘဲ ဖေ၊ မေကို လိုက်ပို့ပေးရလို့ ရောက်လာပြန်တယ်။ သင်္ဘောသားဝင်ခွင့်လျှောက်တော့လည်း second mate ရဲ့ သားက ဝင်ခွင့်ပြုတ်ပြီး သူက ဝင်ခွင့်ရတယ်။ အိမ်မှာ ပြောကြတာက မောင်မောင့်ကံက မသေးဘူးတဲ့။
တခါတလေတော့လည်း စိတ်တိုမိတယ်။ ငါ ဒီလောက် လုပ်တာတောင် ဘာလို့ အမှတ်မများရတာလဲလို့။ စိတ်ပေါက်ပေါက်နဲ့ မလုပ်ပြန်ရင်လည်း ပိုဆိုးတော့မှာလေ။ မာစတာဘရိန်းတွေလို တချိန်လုံး အိပ်နေပြီး ရွှေတံဆိပ်ရချင်မိတယ်။ ကိုယ့်ကံပဲပေါ့။
ခုတော့ Do Less. Accomplish More. ဆိုပေမဲ့ Do More. Accomplish Less. ဖြစ်နေပါကြောင်း။
စန်းထွန်း
ဇှုလှိုင် ၂၉၊ ၂၀၁၁။
5 comments:
စံပယ္ခ်ိဳ said...
San San Htun said...
ခင်မင်လေးစားလျက်
San San Htun said...
San San Htun said...
စံပယ်ချို said...
သူငယ်ချင်းရေ...အားမငယ်ပါနဲ့ကိုယ်လဲဒီလိုပဲ
စာကျက်ပြီဆိုရင် အိပ်ငိုက်တော့တာပဲ
မေမေရဲ့ ဝါးချမ်းပြားကိုကြောက်ရလို့စာအုပ်ကိုကိုင်တာပါ...
ကြီးတဲ့အထိရိုက်ခံရဖူးတယ်...ဘယ်သူမှမပြောနဲ့နော်...
July 30, 2011 at 3:28 PM
San San Htun said...
အသက်ပဲ အသေခံမယ်... လုံးဝပြောဘူး....စိတ်ချ :P
July 30, 2011 at 4:14 PM
မေသိမ့်သိမ့်ကျော် said...
အင်း တူတူပဲ ။ Do More. Accomplish Less ဖြစ်နေတယ်။ သူများတွေများ စာကျက်တာ ခဏလေးရယ်။ သီအိုရီဆိုလည်း တစ်ခါတည်း မှတ်မိတယ်။ ကိုယ်က အတန်းသားအချင်းချင်း မျက်နှာဖြဲပြီး တပည့်ပြန်လုပ် ၊ စာပြန်မေးနေရတယ်။ ကုသိုလ်ကံများမကောင်းချက်...ဟွန်း။
ခင်မင်လေးစားလျက်
August 2, 2011 at 1:25 AM
San San Htun said...
အဖော်တွေ အများကြီးပါလား...ဝမ်းသာစရာကြီး..ခွိ.ခွိ..
August 2, 2011 at 1:49 AM