၂၀၂၄ နိုဝင်ဘာ တနင်္လာနေ့ သိဒ္ဓတ္ထမင်းသားအဖြစ် ကြီးပြင်းခဲ့တဲ့ ကပ်ပိလဝတ်နန်းတော်ဆီ၊ တောထွက်ခဲ့တဲ့ ဂိတ်ပေါက်တို့ကို သွားလည်တယ်။ အဲ့ဒီနေ့ရဲ့ dress code က အဖြူနဲ့ အညိုရောင်။ ပိုက်ဆံလာတောင်းတဲ့ ကလေးတွေကို ပိုက်ဆံမပေးဖို့၊ ပေးမယ်ဆိုရင်လည်း ကားပေါ်တက်ခါနီးမှပေးဖို့၊ အချိန်တိကျဖို့၊ အမတွေပြောတာတွေ အသေအချာလိုက်နာဖို့ ပြောတယ်။ တိုးဂိုက်က ရှင်းပြပေမဲ့ လေသံတအားဝဲတော့ အကုန်နားမလည်။ ဪ ငါကြားဖူးခဲ့တဲ့နေရာတွေက ဒီနေရာတွေပါလား။ အရင်တုန်းကတော့ ကြီးကျယ်ခမ်းနားခဲ့မှာပဲ ခုတော့ အုတ်ပုံလေးတွေဖြစ်လို့။ ဘုရားကတော့ အိမ်ရှေ့စံ၊ မိန်းမ၊ ကလေး အကုန်လုံးကို စွန့်နိုင်ခဲ့ပေမဲ့ ငါ့မှာတော့ အကင်္ီျလေးတစ်ထည်တောင်စွန့်ဖို့ မလွယ်ပါလား။ ဘုရားရဲ့မယ်တော်နဲ့ ဖခမည်းတော်ကို မြုပ်နှံထားတဲ့စေတီဆီသွားတော့ ဘေးရွာက ကလေးတွေ အများကြီးလာတယ်။ ပေတူးလေးတွေ လက်ကိုအတင်းလာဆွဲပြီး ပိုက်ဆံတောင်းတယ် အနားမှာကပ်နေတယ်။ ဘယ်နိုင်ငံလဲ နာမည်ဘယ်လိုခေါ်လဲမေး သူ့နာမည်ကိုပြန်မေး နိုးမန်းနီးလို့ ပြောလိုက်တာနဲ့ ခွာသွားတယ်။ စေတီကို သုံးခေါက်ပတ်တယ်။ ရွှံ့တွေနဲ့ဆောက်ထားတဲ့ အိမ်လေးတွေ တွေ့ခဲ့တယ်။ အဖွဲ့ထဲကတယောက်က ကလေးတွေကို ပိုက်ဆံပေးနေလို့ ဦးဆောင်တဲ့အမတွေက ပြောထားတဲ့အတိုင်း လိုက်နာဖို့ အားလုံးကို သတိထပ်ပေးတယ်။ မင်းသားတွေ အများကြီး အသတ်ခံရတဲ့ Rohini မြစ်မှာ အမျှသွားဝေကြတယ်။ ဘူတန်တွေလည်း လာတယ်။
မင်းသားတွေ အများကြီး အသတ်ခံရတဲ့အကြောင်းကတော့ ကြားဖူးကြမယ်ထင်တယ်။ ဘုရားရှင်လက်ထက်ကပိလဝတ်တိုင်းပြည်က မင်းသားတွေအများအပြား ရဟန်းဝတ်ကြတော့ ကပိလဝတ်အားနည်းလားတယ်။ ဘေးတိုင်းပြည်က အင်အားကြီးမားလာပြီး ချစ်ကြည်ရေးလုပ်ဖို့ သာဝင်ကီမင်းသမီးတောင်းတယ်။ အမျိုးမာန်ကြီးတဲ့ သာကီဝင်တွေက မျိုးမတူတဲ့သူကို မပေးစားနိုင်ဘူးဆိုပြီး ကျွှန်မချောချောလေး ပေးလိုက်တယ်။ အဲ့ဒီကျွှန်မနဲ့ ဘုရင်တို့ရဲ့က သားက အရွယ်ရောက်လာတော့ ကပိလဝတ်ကိုသွားတယ်။ အမေလုပ်သူက အကြောင်းကြားထားလို့ သူ့ထက်ငယ်တဲ့မင်းသားတွေကို အကုန်တခြားနေရာ ပို့ထားတယ်။ မင်းသားရောက်တော့ အားလုံးက သူ့ထက်ကြီးတဲ့သူချည်းပဲဆိုတော့ သူကချည်းပဲ ရှိခိုးရတယ်။ ငယ်တဲ့မင်းသားတွေ ဘယ်ရောက်နေပါလိမ့် ထူးတော့ထူးဆန်းသား။ သာကီဝင်တွေက ကျွှန်မထိုင်သွားတဲ့နေရာကို နွားနို့နဲ့ဆေးနေတာ ဓားမေ့ကျန်ခဲ့လို့ ပြန်ယူခိုင်းလိုက်လို့ ပြန်လာယူတဲ့ မင်းသားရဲ့လူက ကြားသွားတယ်။ မင်းသားကို ပြန်ပြောတော့ ငါမင်းဖြစ်မှ အဲ့ဒီနေရာကို သာကီဝင်တွေရဲ့ လည်ချောင်းသွေးနဲ့ ဆေးမယ်လို့ကြိမ်းဝါးတယ်။ မင်းဖြစ်လာတော့ သာကီဝင်တွေကိုသတ်ဖို့ လာတော့ ဘုရားက သစ်ပင်ရိပ်ထက် ဆွေမျိုးရိပ်က အေးချမ်းတယ်လို့ပြောတယ်။ ပါးနပ်တဲ့မင်းသားက ဘုရားကမသတ်စေချင်မှန်းသိလို့ လှည့်ပြန်သွားတယ်။ သုံးကြိမ်မြောက်ကျတော့ ဘုရားလည်း မတားတော့ဘူး။ သာကီမင်းတွေရဲ့ကံကိုး။ အဲ့ဒီမြစ်မှာ မင်းသားတွေ အသတ်ခံရတယ်။ သွေးချောင်းစီးခဲ့တဲ့မြစ်က ခုတော့ ရေကန်သာသာ။
တရားခဏထိုင်ကြတော့ အဆောက်အဦးပျက်တွေထဲ ဝင်ထိုင်လို့ အကိုဆရာက အားလုံးကိုလှမ်းခေါ်ပြီးပြောတယ်။ ရှေးဟောင်းအဆောက်အဦးတွေမှာ အစောင့်အရှောက်တွေရှိတတ်လို့ သစ်ပင်အောက်မှာ တရားထိုင်တာ အကောင်းဆုံးပါတဲ့။ မယ်တော်မာယာကျောင်းကိုဝင်တာ နောက်ကျသွားလို့ ခဏလေးပဲ ဝင်လိုက်ရတယ်။ ဟိုတယ်နဲ့နီးလို့ မနက်စောစော ထပ်လာကြမယ်တဲ့။
Happy Traveling!
စန်းထွန်း
မတ် ၁၊ ၂၀၂၅။
No comments:
Post a Comment