၂၀၂၄ နိုဝင်ဘာ ၁၇ မနက် ၅ နာရီ တရားထိုင်ဖို့သွားတော့ မှောင်မှောင်မည်းမည်း ကိုယ်တွေရှေ့မှာ ပစ်လဲတာက နန်းနွယ်။ ပြေးထူပြီးကြည့်လိုက်တော့ ဖိနပ်တခြား လူတခြား။ မနက်စာစာပြီး လှေကားထစ်အဆင်းမှာ ကိုယ်ချော်လဲတယ်။ နေစည်က အမျှသေချာဝေဖို့မှာတယ်။ ဟိုးတနေ့ကလာတုန်းက ည ၉ နာရီကျော်ဆိုတော့ ကြိုးတံတားကို သေချာမမြင်ရဘူး။ ခုတော့ သေချာမြင်ရတယ် လှုပ်စိလှုပ်စိ။ ဆိုင်ကယ်တစီးက သူအရင်ဖြတ်မယ်ဆိုလို့ လမ်းဖယ်ပေးတယ်။ တောင်ထိပ်မှာ တောင်ခိုးတွေနဲ့။ လုမ္ပဏီမှာ ဗုဒ္ဓဓာတ်တော်တွေရှိတဲ့ Ramgrama Stupa မှာ တရားထိုင်အမျှဝေကြတယ်။ ရုက္ခစိုးဆီမှာ ဗောဓိညောင်ရွက်တောင်းလို့ရတယ်ဆိုလို့ တောင်းလိုက်တာ ကိုယ့်ရှေ့ညောင်ရွက်တရွက် ပြုတ်ကြလာလို့ ရုက္ခစိုးပေးတာဆိုပြီးပတ်ကြွား။ အကိုဆရာက ဗောဓိညောင်ရွက်က အပင်အတွက် မြေသြဇာဖြစ်တာ မယူနဲ့လို့ပြောလို့ မယူခဲ့တော့ဘူး။ Maya Lumbini Hotel ကောင်းတယ်။ တို့တွေက အမြင့်ဆုံးထပ်မှာ။ ကဒ်ထိုးတော့လည်း မီးမလာ အခန်းထဲရှိသမျှ ခလုတ်တွေ လျှောက်နှိပ်တော့လည်း မီးမလင်း။ ဖြတ်သွားတဲ့ဟိုတယ်ဝန်ထမ်းကို ခေါ်မယ်ဆိုပြီးစောင့် အခန်းဝထိပ်က ခလုတ်ကိုနှိပ်တော့မျှ မီးလင်းတော့တယ်။ ဘေးခန်းကို အဖြူလင်မယားရောက်လာတယ် အဖြူမကို မီးခလုတ်နှိပ်ပြလိုက်တော့ သူကလည်းသဘောပေါက်တယ်။
Happy Traveling!
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၂၅။
Summit River Lodge, Kurintar |
![]() |
Ramgrama Stupa, Lumbini |
No comments:
Post a Comment