၂၀၂၄ နိုဝင်ဘာ ၂၀ ကုန်ပစ္စည်းတွေ သယ်ယူရတာခက်တဲ့ တောင်ပေါ်ဒေသမို့ နေ့လည်ကဆိုရင် နီပေါရိုးရာထမင်းပုံ၊ ညစာ ခေါက်ဆွဲ တမျိုးပဲရတယ်။ အစားအသောက် အလေအလွင့်မရှိအောင် အရမ်းဂရုစိုက်တယ်။ အေးအေးဆေးဆေး တလလောက် home stay လာနေမယ်ဆိုရင်လည်း စီစဥ်ပေးမယ်။ တောင်လေးတက်လိုက်၊ အိပ်လိုက်၊ စားလိုက် ဇိမ်ပဲ။ အေးလွန်းလို့ ရေမချိုးနိုင်ဘူး။ ညကျ ရွာကလူတွေ လာဖျော်ဖြေတယ်။ အိန္ဒိယရုပ်ရှင်တွေမှာ တွေ့ရတဲ့ အကော်ဒီယံလေးနဲ့ ဗုံလေးတီးပြီး သီချင်းဆိုကြတာ နားထောင်ကောင်းတယ်။ နန်းနွယ်ကိုခေါ်ပြီးတော့ တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ လိုက်ကပေးတာ သူကကိုယ့်ကို တယောက်တည်းချန်ခဲ့တယ်။ နောက်တော့ အားလုံးဝိုင်းကကြတာ ပျော်ဖို့ကောင်းတယ်။ ရွာကလူတွေလည်းဝင်က နီပေါမှာနာမည်အကြီးဆုံး ကျေးလက်သီချင်းနဲ့ကကြ ကုန်းက၊ ကြည်စားသလား မြန်မာသီချင်းတွေနဲ့ကကြ အရမ်းပျော်ဖို့ကောင်းတယ်။ မေမြတ်သူ၊ သီရိမောင်၊ စိုးသီရိ၊ ကိုယ် အကဆုံး။ ကိုယ်ကတာကြိုက်မှ ခုမှသိ။ ကကွက်တွေက ကြက်ဖခွပ်၊ ကြက်မောင်း၊ ပလာတာရိုက်ဆိုပြီး ကကြတာ အမလေး ရယ်ရတာအူတက်။ အလှူငွေရှူပီး ၅၀၀၀ လောက်ရတယ်။ အဲ့ဒီပိုက်ဆံတွေကို မိခင်အဖွဲ့အစည်းက ထိန်းသိမ်းထားပြီ လမ်းပြင်တာ၊ ကျောင်းဆောက်တာ နေရာတွေမှာ သုံးပါတယ်တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ထဲပါသွားတဲ့ ဒီရွာသားစစ်သားတွေ တယောက်မှ စစ်ထဲမသေဘူးတဲ့။ သူတို့ဒေသကို စောင့်ရှောက်တဲ့ဘိုးဘိုးကြီးက စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်။ ကိုယ်တို့ကိုလည်း ဘိုးဘိုးကြီးဆီမှာ ဆုတောင်းပေးမယ်။ နီပေါရောက်ရင် သူတို့ဆီကို မပျက်မကွက် လာလည်ပါလို့ဖိတ်တယ်။ ရွာသားတွေလည်းပျော် ကိုယ်တို့လည်းပျော် အမြဲအမှတ်ရနေမဲ့နေရာလေး။ ချမ်းလွန်းလို့ မီးပုံဘေးမှာထိုင်ပြီး စကားတွေပြောကြတယ်။ အမွှေးဖွားဖွား ခွေးကြီးတွေကလည်း မီးပုံနားကပ် သူတို့နဲ့ တိုးခွေ့ထိုင်ရတယ်။ ညသန်းခေါင်မှ အခန်းပြန်ပြီးအိပ်တာ ချမ်းလွန်းလို့ လှုပ်တောင်မလှုပ်ဘူး။
Happy Traveling!
စန်းထွန်း
မတ် ၂၂၊ ၂၀၂၅။
ချစ်ညီမလေး ပန်ပန် |
No comments:
Post a Comment