Mero Yatra နီပေါသွား တောလား - ၁၂

၂၀၂၄ နိုဝင်ဘာ ၂၁ မနက်အစောကြီး ၃ နာရီခွဲ alarm ပေးပြီး ထကြည့်ပေမဲ့ မှောင်မည်းဘာမှမမြင်ရ။ မနက် ၄ နာရီ ထကြည့်တဲ့သူကတော့ ကြယ်တွေစုံတဲ့ည မြင်ရတယ်။ အဲ့ဒီအမပို့ပေးလို့ ကြယ်တွေစုံနေတဲ့ဓာတ်ပုံကို မြင်လိုက်ရတယ်။ မနက် ၇ နာရီလောက် ကြည်လင်နေတဲ့ကောင်းကင်နောက်ခံမှာ နှင်းဖြူဖုံးနေတဲ့ ဟိမဝန္တာတောင်ကြီးကို မြင်ရတာ လှလိုက်တာ။ မြင်ရတာ စိတ်ချမ်းသာလိုက်တာ ကြည့်မဝ ဓာတ်ပုံရိုက်မဝ။ ဓာတ်ပုံရိုက်ဖို့ နန်းနွယ်ကို ပြေးခေါ်ရသေးတယ်။ နောက်တနာရီလောက်ဆို တိမ်တွေတက်လာပြီး တောင်ကိုဖုံးသွားရင် ဓာတ်ပုံရိုက်လို့ မလှတော့ဘူး။ နေထွက်ချိန် ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးပါ။ နီပေါမှာ ကိုယ်အကြိုက်ဆုံးနေရာက Ghundruk ပါ။

Happy Traveling!

စန်းထွန်း

မတ် ၂၉ ၊ ၂၀၂၅။

မနက် ၄ နာရီ မြင်ရတဲ့ ကြယ်တွေစုံတဲ့ကောင်းကင်

No comments: