နွေဦးတော်လှန်ရေး - ၂၅

၂၀၂၂ အောက်တိုဘာ ၂၂ ကိုပေါက်ရဲ့ မသောက်မိသော မိုးခါးရေရုပ်ရှင် နယူးယောက်မှာ ပြပါတယ်။ ကိုယ်တို့အဖွဲ့ပြခွင့်ရပေမဲ့ အတွေ့အကြုံမရှိတော့ အတွေ့အကြုံရှိတဲ့ တခြားအဖွဲ့ နဲ့ ပေါင်းလုပ်ပါတယ်။ ပြဖို့ရုံရှာဖွေ စျေးလည်းသင့်ရမယ်၊ သွားရလာရအဆင်ပြေ။ မပေါက်ရင် ရုံခအိပ်စိုက်ရမှာဆိုတော့ စျေးကြီးတဲ့ရုံတွေ မငှားနိုင်။ အာမခံလည်း ဝယ်ရတယ်။ ဘယ်နှပွဲပြမယ်၊ အဝင်အထွက် ဘယ်လိုလုပ်မယ်၊ ဘယ်လိုပရိုမိုးရှင်း လုပ်ကြမယ်၊ ဘယ်သူက ဘယ်တာဝန်ယူမယ်။ ကိုယ့်အဖွဲ့နဲ့မီတင်း၊ တခြားအဖွဲ့နဲ့မီတင်း အတော်လေး ပင်ပန်းတယ်။ ပင်ပန်းပေမယ့် အောင်မြင်တော့လည်း ပျော်ပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ မကြိုက်တာတွေရှိပေမဲ့ အဆင်ပြေအောင် သည်းခံပြီး ပေါင်းသင်းဆက်ဆံရတာပါပဲ။ မကြိုက်တာတွေ့တဲ့အခါ ကိုယ်လည်းအဲ့လိုမလုပ်မိအောင် သတိထားရမယ်လို့ တွေးမိသလို ကြိုက်တာတွေ့တဲ့အခါ အတုယူရမယ်လို့ တွေးမိပါတယ်။ အားလုံးက တော်လှန်ရေးအတွက် လုပ်နေကြတာပဲလေ။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

မေ ၂၊ ၂၀၂၃။

အရင်ရုံးဟောင်း နယူးဂျာစီ

ရုံရှင်ပြနေတုန်း နေ့လည်ဖက်လစ်ပြီး PRF promotion အတွက် လိုအပ်တဲ့ဓာတ်ပုံတွေ သွားရိုက်ကြတယ်
PDF ကလေးတွေက အသက်စွန့်အငတ်ခံ တိုက်နေချိန်မှာ
တချို့တွေက စားသောက်ပျော်ရွှင် နေနိုင်ရက်တယ်ဆိုတဲ့ theme 
ရုံးအသစ်ကနေ မြင်ရတဲ့မြင်ကွင်း

No comments: