ပျောက်ဆုံးသွားသော တူနာ ...

ရုံး pantry ထဲက ရေခဲသေတ္တာပေါ်မှာ tacoll ညနေ ၂ နာရီခွဲအထိ ရှိသေးတယ် ပျောက်သွားတယ်။ ဘယ်နေရာ၊ ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး တောင်းပန်လို့ ရေးထားတဲ့ နိုးတစ်စာတွေ့တော့ ပြုံးမိသေးတယ်။ ခိုးစားပါတယ်ဆိုမှ ဘယ်တောင်းပန်ပါ့မလဲ။ တနေ့ ကိုယ့်ထမင်းဘူး အဖုံးပွင့်နေတော့ ထိတ်ခနဲဖြစ်သွားတယ်။ ထမင်းဘူး အဖုံးမပိတ်ဘဲ သယ်လာတာလား မဖြစ်နိုင်ဘူး။ ထမင်းဘူးအဖုံး ဖွှင့်လိုက်တော့ အပေါ်မှာတင်ထားတဲ့ တူနာတွေ လျှော့နေတယ်။ ဟွန်း ကိုယ့်တူနာတွေ ပျောက်နေတယ်။ နို့တစ်စာရေးတာ အမှန်ပဲ ခိုးစားတဲ့သူရှိတယ်။ ဆူပါဗိုက်ဆာ၊ လုပ်ဖော်ကိုင်ဖက်တွေ ပြောပြပြီး သတိထားဖို့ပြောတယ်။ ဆူပါဗိုက်ဆာတစ်ယောက်နားမှာ ရေခဲသေတ္တာလေးရှိတယ် အဲဒီမှာထည့်လို့ရတယ်တဲ့။ pantry ထဲက ရေခဲသေတ္တာမှာ ထမင်းဘူးထားနေတဲ့ ကိုယ့်ကိုတွေ့တော့ လုပ်ဖော်ကိုင်ဖက်က ဟင် ဒီမှာထားနေတုန်းလား။ ဟုတ်တယ် ဒါပေမယ့် အသားတွေကို အောက်မှာဖွှတ်ထားပြီး အပေါ်မှာ ထမင်းနဲ့ ဟင်းသီးဟင်းရွှက်ထားတယ်။ ဟေ ကောင်းလိုက်တဲ့အကြံ။ အင်း အဲဒါကိုမှ ခိုးစားရင်တော့ တနည်းတဖုံ ကြံရတော့မယ်။ ကိုယ့်သူငယ်ချင်းတစ်ယောက် အဆောင်နေတုန်းက အဆောင်သူတစ်ယောက်က လိုရှင်းနည်းနည်း၊ ပိုက်ဆံနည်းနည်း ခိုးတတ်တယ်တဲ့။ ခိုးတတ်တဲ့သူတစ်ယောက်ရှိတာ စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။

စန်းထွန်း
မေ ၁၇၊ ၂၀၁၈။

ဘယ်ဖက်အပေါ်က ထမင်းပေါ်က တူနာနဲ့ ညာဖက်အောက်နားက တူနာ ပျောက်သွားတယ်

3 comments:


ဒီကိစ္စစံစမ်းရမယ်

fredfromnyc said...



San San Htun said...

လွင်ပြင်လှိုင်းငယ် said...
ဒီကိစ္စစံစမ်းရမယ်
May 22, 2018 at 5:42 AM
fredfromnyc said...
အသားတုံးကြားထဲကို ငရုတ်သီးစိတွေ စိတ်ရှည်ရှည်နှင့် မြုပ်ထားလိုက်။ ဒါမှမဟုတ် ဝမ်းနုတ်ဆေး နှင့် နယ်ထားလိုက်လေ။

ငရုတ်သီးဆိုရင်တော့ သူခိုးကို တန်း မိနိုင်တယ်။
May 23, 2018 at 9:42 AM