နေ့လည်ထမင်းစားပြီးချိန် ဝေါစတိလမ်းမှာရှိတဲ့ ထရစ်နစ်တီဘုရားကျောင်းဖက် လမ်းလျှောက်ထွက်လေ့ရှိပါတယ်။ ဆောင်းရာသီတုန်းက ဘုရားကျောင်းထဲ ဝင်ပြီးဆုတောင်းလေ့ရှိပေမဲ့ အခုလုံခြုံရေးတင်းကျပ်လိုက်လို့ အိတ်တွေစစ်ပြီးမှ အထဲဝင်ခိုင်းတယ်။ ဘုရားကျောင်းဘေးက ပန်းခြံထဲမှာ ဖူးပွင့်နေတဲ့ ပန်းရောင်စုံတွေက လှပလွန်းတော့ ဘုရားကျောင်းထဲ မဝင်တော့ဘဲ ပန်းခြံထဲမှာ လမ်းသွားလျှောက်တယ်။ ပန်းရောင်စုံ ဖူးပွင့်ဝေဆာပြီး မကြာခင် မြေပေါ် ကြွေကျသက်ဆင်းကြတယ်။ တနေ့တမျိုး မရိုးရအောင် ဖူးပွင့်နေတဲ့ ပန်းရောင်စုံတောထဲက ပန်းတွေရယ်၊ ဘူတာဆီသွားတဲ့လမ်းတလျှောက်က ပန်းတွေရယ် နွှေဦးဟာ အင်မတန် လှပတယ်။
စန်းထွန်း
မေ ၁၄၊ ၂၀၁၈။
 |
နှင်းတွေကျတဲ့နေ့  ဘူတာဆီသွားတဲ့လမ်းက အပင်လေးတွေ |
 |
ရုံးနားကလမ်းမှာ |
 |
အိမ်ရှေ့ က Daffodils ပန်းး |
 |
ခုတော့ ကြွေကျ မြေခ |
No comments:
Post a Comment