နွှေဦးချယ်ရီ - ၂
ဧပရယ် ၂၉  တနင်္ဂနွေနေ့ ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ နယူးဂျာဆီပြည်နယ် Branch Brook ပန်းခြံက ချယ်ရီပွဲတော်ကို သွားဖြစ်ပါတယ်။ ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ မလိုက်ဖြစ်တာ ၂ နှစ်ကျော်ပြီ။  ဝိုင်းတယောက်ထဲဆိုရင် ကိုယ်မပါဘူးလားလို့ ဂျွှန်၊ ဒေးဗစ်တို့က သတင်းမေးကြတယ်။ မနက် ၉  နာရီခွဲ ၃၃ လမ်းကနေ PATH ရထားစီး  ဂိတ်ဆုံးဂျာနယ်စကွဲရောက်ရင်ဆင်း။ ဝေါထရိတ်စင်တာကနေ Newark သွားမဲ့ ရထားကိုပြောင်းစီး ဂိတ်ဆုံးရောက်ရင်ဆင်း။ နယူးဂျာဆီအရင်အိမ်နဲ့ဆို နီးနီးလေးပဲ။ waiting room မှာ ဂျွှန်ကိုတွေ့တယ် စီစဉ်ခက ၃ ကျပ်ပေး။ NJ Transit ကောင်တာမှာ Light Rail လက်မှတ်ဝယ်။ ပိတ်ရက်ဆိုရင် ရထားတွေက နှေးလို့ နောက်မိနစ် ၂၀ မှာဆိုက်မဲ့ ရထားပေါ်ပါလာမဲ့သူတွေစောင့်။ Light Rail က ရထားလက်မှတ်ကို booth လေးမှာ punch ဖေါက်။ လက်မှတ်ကို booth ထဲထည့်လိုက်ရင် နောက်ထပ်တနာရီအချိန် ရိုက်ပေးလိုက်တယ် အဲ့ဒီအချိန်အထိ valid ဖြစ်တယ်တဲ့။ Branch Brook ပန်းခြံအထိ ရထားရောက်ပေမဲ့ မရောက်ခင် တဘူတာမှာဆင်းပြီး လှပတဲ့ရပ်ကွက်လေး Forest Hills ထဲက အိမ်တွေ၊ ချယ်ရီပန်းတွေကို လမ်းလျှောက်ကြည့်ကြတယ်။ ကြွယ်ဝချမ်းသာတဲ့ ရပ်ကွက်ဖြစ်လို့ အိမ်တွေက အင်မတန်လှပတယ်။ ဂျွှန်  Columbus Day ရုံးပိတ်ရက်ဖြစ်အောင် အားထုတ်ခဲ့သူတွေအကြောင်း၊ အမှတ်ငါးလမ်းမကြီးက တစ်ဖနီရတနာဆိုင်ပိုင်ရှင် လူးဝစ်တစ်ဖနီရဲ့အိမ်အကြောင်း ရှင်းပြတယ်။ လမ်းလျှောက်အဖွဲ့မှာ လိုက်ပါတဲ့သူတွေက အငြိမ်းစားတွေများတယ်။ ဒီပန်းခြံကချယ်ရီတွေက ဒီစီကချယ်ရီထက် များတယ်တဲ့။ ဧပြီ ၈ ရက် ချယ်ရီပွဲတော်ကို ချယ်ရီမပါဘဲ ကျင်းပရတယ်။ လွန်ခဲ့တဲ့အပတ်က ချယ်ရီတွေ တော်တော်များများပွင့်တယ်။ ဒီတပတ်ကနောက်ဆုံးပဲ။ ဒါပေမဲ့ တချို့ချယ်ရီတွေ ပွင့်ဖို့ကျန်သေးတယ်။ ချယ်ရီပင်တော်တော်များများက အပွင့်တွေကြွေကုန်ပြီမို့လို့ ပွင့်နေတဲ့ချယ်ရီပင်တွေထဲက ဓာတ်ပုံထဲမှာလှမယ့် အပင်တွေရှာပြီးရိုက်။ နေ့လည်စာစားဖို့ ပေးထားတဲ့ ၄၅ မိနစ်အချိန်အတွင်းမှာ ဓာတ်ပုံလိုက်ရိုက်တယ်။ ဂျွှန် အဖွဲ့က လူတွေက ဓာတ်ပုံသိပ်မရိုက်ကြဘူး။ လမ်းလျှောက်တာလည်း အင်မတန်မြန်တယ် ခု ၆ မိုင်လျှောက်ရမှာ။ ဒီတော့ ဝိုင်းနဲ့ကိုယ် တယောက်တလှည့်  ခပ်မြန်မြန်ဓာတ်ပုံရိုက်ရတယ်။ ရာသီဥတုက မိုးအုံ့မယ်လို့ ခန့်မှန်းထားပေမဲ့ နေပွင့်လာလို့ အင်မတန်သာယာလှပတဲ့ နေ့လေးပါပဲ။ ချယ်ရီပန်းတွေဟာ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် အင်မတန်လှပနေတာပါပဲ။
စန်းထွန်း
မေ ၁၀၊ ၂၀၁၈။
2 comments:
Lorem Ipsum said...
San San Htun said...
ဆုမြတ်မိုး said...
ချယ်ရီတွေနဲ့အပြိုင်လှနေပါလား...
အမစန်းထွန်းနဲ့ ဒီစတိုင်နဲ့လိုက်တယ်...။ stocking နဲ့ tunic top နဲ့ ။ ညီမလည်း အဲဒါမျိူးဝတ်ရတာကြိုက်တယ်. .အမြဲလိုလိုဝတ်ဖြစ်တယ်....။ ဗိုက်ခေါက်မမြင်ရအောင်လို့ ဟီးးးးး။
May 10, 2018 at 10:58 PM