နွှေဦးချယ်ရီ - ၁

ဒီနှစ်ဆောင်းရှည်ပြီး အအေးပိုလို့ ချယ်ရီတွေပွင့်တာ နောက်ကျပါတယ်။ ဝါရှင်တန်ဒီစီက ချယ်ရီပင်တွေက ဧပြီ ၁၆ ကနေ ၁၉  အတွင်းမှာ အစွမ်းကုန်ပွင့်ပါတယ်။ နယူးယောက်က မြောက်ပိုင်းပိုကျပြီး ပိုအေးလို့ ဒီစီထက် ချယ်ရီပွင့်တာ နောက်ကျတယ်။ အရင်တုန်းက ဘရွှတ်ကလင်း ဘော်တစ်နယ်ကယ်ဂါးဒင်းက စနေနေ့ မနက် ၁၀ နာရီအထိ ဝင်ကြေးအခမဲ့။ အခုမရတော့ဘူး အင်္ဂါနေ့မနက် ၁၀ နာရီအထိ အခမဲ့။ နယူးယောက် ဘော်တစ်နစ်ကယ်ဂါးဒင်းမှာ ချယ်ရီတွေက ၆၀ ရာခိုင်နှုန်း ပွင့်နေတယ်။ မနက် ၁၀ နာရီအထိ ဝင်ကြေးအခမဲ့။ နယူးယောက် ဂရမ်းစင်ထရယ်ကနေ မနက် ၈ နာရီ ၄၂ မိနစ် ဝှိုက်ပလိန်းကိုသွားတဲ့ ရထားစီးပြီး နာရီဝက်အဝေးက ဘော်တစ်နစ်ကယ်ဂါးဒင်းမှတ်တိုင်မှာ ဆင်းလိုက်ရင် ပန်းခြံရှေ့တည့်တည့်ပဲ။ နေခြည်ဖြာတဲ့ သာယာလှတဲ့နေ့လေး ဖြစ်သလို နယူးယောက် ဘော်တစ်နစ်ကယ်ဂါးဒင်း ပန်းခြံကလည်း အင်မတန်လှပပါတယ်။

စန်းထွန်း
မေ ၅၊ ၂၀၁၈။

ပန်းခြံအဝင်ဝက Magnolia အပင် … ပနားမားက ဝယ်လာတဲ့ ပနားမားဥ◌ီးထုပ်...

No comments: