မကာအိုသွား တောလား...

မကာအိုသွား တောလား ဆိုတော့ စန်းထွန်းတယောက် စတိတ်ကနေ မကာအိုသွားပြီး ကာများသွားစီနိုတယ်လို့တော့ ထင်တော် မမူလိုက်ပါနဲ့နော်။ တနှစ်ရထားတဲ့ ကျောင်းသားဗီဇာကလည်း ကုန်သွားပြီ။ တကယ်လို့များ မြန်မာပြည်ကို အလည်ပြန်လို့ စတိတ်ကို ပြန်ဝင်ချင်ရင် ဗီဇာထပ်လျှောက်ရမှာ။ မြန်မာပြည်ကနေ အမေရိကန်ဗီဇာလျှောက်ရတာ အတော့်ကို ကံကောင်းမှ ရတာပါ။ ကွန်ပျူတာတက္ကသိုလ်က ဂျူနီယာလေးတွေ စန်းထွန်းအခုတက်နေတဲ့ကျောင်းက offer ရလို့ဗီဇာ၂ကြိမ်လျှောက်တာ ၂ကြိမ်စလုံး အပယ်ခံရပါတယ်။ စန်းထွန်းတောင် စင်ကြားပူကနေလျှောက်လို့ ကံကောင်းထောက်မစွာ တကြိမ်တည်းနဲ့ ရတာ။ အမေရိကန်ဗီဇာတခါလျှောက်ဖို့ စင်းဒေါ်လာ ၅၀၀လောက်ကုန်ပါတယ်။ Reject ဆို အဲဒီ ၅၀၀ ပလုံ။ မြန်မာပြည် အလည်ပြန်ပြီး ဗီဇာထပ်လျှောက်လို့ ဗီဇာမပေးရင် မခက်သလော။ သဟာများကြောင့် စတိတ်ကနေ ၃၊ ၄ နှစ် ဘယ်မှ ခွာမှာ မဟုတ်။ လေယာဉ်ခ မတတ်နိုင်တာလည်း ပါတယ်..အဟီး။

မကာအိုသွားခဲ့တာက ၂၀၁၀ မတ်လမှာပါ။ ဒီခရီးကို အကြောင်းပြုပြီး ဒီဘလော့ကို မွေးဖွားကာ မကာအိုသို့ အလည်တခေါက် နဲ့ မကာအို ပြတိုက် ပို့စ်တွေကို ရေးဖြစ်ပါတယ်။ ပြီးအောင်ရေးမယ်လို့ ဇွဲနပန်းခပ်သော်ငြား မြန်မာစာဖောင့် မရိုက်တတ်လို့ burglish သုံးပြီး ရိုက်တာကြောင့် ဇတ်ကြောတက်လို့နားလိုက်ပါတယ်။ ရေးစရာတွေ ရှားပါးနေလို့ မပြီးသေးတဲ့ ခရီးသွားမှတ်တမ်းကို အဆုံးသတ်ချင်တာနဲ့ပဲ ခရီးသွားပြီး တနှစ်ကျော်အကြာမှာမှ ဓာတ်ပုံတွေပြန်ကြည့်ကာ မှတ်မိသလောက် ဆားချက် အဲလေ ခရီးသွားလိုက်ပါတယ်။ သည်းခံတော်မူကြပါကုန်။

Shiwu ရဲ့ သူငယ်ချင်းမလေးက တိုးရစ်ဂိုက်အဖြစ် ကူညီပေးပါတယ်။ သူပါပေလို့သာပဲ။ ကိုယ့်ဘာသာဆို ခရီးတွင်မှာ မဟုတ်။

မကာအိုပြတိုက်က ကြည့်လိုက်ရင် နီးသလိုနဲ့ လမ်းလျှောက်တော့ ဝေးသား။ နာရီဝက်ကျော်ကျော် လျှောက်ယူရပါတယ်။ HardRock Hotel မှာ ၃နာရီ 3D cartoon ပွဲကြည့်ဖို့ လက်မှတ်တန်းစီယူထားပေမဲ့ ပြတိုက်ကအပြန် တက္ကစီလည်း ငှားလို့မရတာနဲ့ လွတ်သွားပါတယ်။ Winarto နောက်တခေါက် မကာအိုသွားတော့ အဲဒီ ကာတွန်းကားကို ကြည့်ရတော့ အရမ်းကောင်းတယ်။ တို့တွေ လွတ်သွားတာ နာတယ်လို့ ပြောပါတယ်။ လတ်မှတ်က ဖရီးပါ။


ရာသီဥတုကလည်း အေးအေးလေး၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ မြန်မာပြည်က တောင်ကြီး၊ ပြင်ဦးလွင်၊ ကလောတို့နဲ့ တူပါတယ်။ ပိုက်ဆံပြတ်သွားရင် ဘာမဆို လုပ်ရဲတဲ့ လောင်းကစားသမားတွေ ရှိတဲ့မြို့မို့ safe မဖြစ်တာက လွဲရင် လည်ပတ်ဖို့ကောင်းတဲ့ နေရာလေးပါ။ နေရာတိုင်းမှာ ပေါ်တူဂီလက်ရာ အမွေအနှစ် အဆာက်အဦးတွေကို ထိန်းသိမ်းထားလို့ တရုတ်ပြည်ကို ရောက်နေတယ်လို့ မထင်ရဘဲ ပေါ်တူဂီကို ရောက်နေတယ်လို့ ခံစားရပါတယ်။



ပေါ်တူဂီအနွယ်တွေမို့ ရုပ်တွေကလည်း ပြည်ကြီးတရုတ်တွေထက် ချောပါတယ်။ အစားအသောက်လည်း ကောင်းပါတယ်။ အမှိုက်ပစ်ဖို့ အမှိုက်ပုံးမတွေ့လို့ ပန်းကန်လာသိမ်းတဲ့ အန်တီကြီးကို ကျေးဇူးပြုပြီး အမှိုက်ပစ်ပေးပါလားလို့ ပြောတဲ့ Shiwu ကို အမှိုက်ပုံးကို လက်ညှိုးညွှန်ပြပြီး ကိုယ့်ဘာသာ သွားပစ်တဲ့လေ။ အဲဒီလို ဝန်ဆောင်မှုကောင်းတာ။ အင်္ဂလိပ်စကား နည်းနည်းလေးပဲ ပြောလို့ရတာပါ။ Madarin တရုတ်စကားမသုံးဘဲ Cantonese စကားပြောကြတာပါ။ အုပ်စုထဲ မလေးတရုတ်မ ထိန်ထိန်က ကန်တုန်စကားပြောတတ်လို့ တော်သေးတယ်။




နာမည်ကြီးတဲ့ သရက်သီး၊ ရွှေဖရုံသီးဖျော်ရည်ဝယ်ပြီး အားလုံး ဝိုင်းမြည်းကြတယ်။ ငါးတွေကို ပုံးနဲ့ အရှင်ပြထားပြီး စားတော့မယ်ဆိုမှ စားမယ့်အကောင်ကို လက်ညှိုးထိုး ချက်ချင်းချက်ပြုတ်တဲ့ စားသောက်ဆိုင်တွေ့ခဲ့တယ်။



နေ့လည်က မြို့အိုကြီးအသွင် အိပ်စက်နေတဲ့ မကာအိုမြို့ကြီးက ညဖက်ရောက်လာတာနဲ့ ဒစ်စကိုမီးရောင်တွေနဲ့အတူ ပြိုးပြိုးပျက်ပျက် တောက်ပကာ အသက်ဝင်လာပါပြီ။ အာရှရဲ့ Las Vegas ပါ။

နာမည်ကြီး Grand Libosa


ညနေမှာ ကုမ္ပဏီ နှစ်ပတ်လည် ညစာစားပွဲ ရှိပါတယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။ နာမည်အကြီးဆုံး ပေါ်တူဂီစားသောက်ဆိုင်ဆိုတာပဲ မှတ်မိတယ်။ ဆိုင်ကလေးက ခပ်ကျဉ်းကျဉ်း။ အစားအသာက်ကတော့ တကယ်ကောင်းပါတယ်။ ဟောင်ကောင်ရုံးခွဲက ဝန်ထမ်းတွေက တကယ့်ကို ဂရုတစိုက်ရှိတာပါ။



စားသောက်ပြီးတော့ ည၁၁မှာ Wynn Resort Hotel မှာ ဒစ္စကိုပြပွဲ ရှိပါတယ်။ ဘာမှတော့ မဆန်းပါဘူး။ ဒါပေမဲ့ ဒစ္စကိုမီးရောင်တွေ၊ 3D effect တွေ သုံးထားတော့ ဆန်းပါတယ်။ အမိုးနံရံပေါ်ကနေ မီးဆိုင်းကြီးနဲ့ ကြမ်းပြင်ပေါ်ကနေ တဖြည်းဖြည်း မြှင့်တက်သွားတဲ့ သစ်ပင်တို့ ထိတွေ့တဲ့အခါ တီးလုံးနောက်ခံကောင်းကောင်း၊ မီးရောင်စုံတွေ ပြောင်းဆိုတော့ ဆန်းတာပေါ့။ ကာစီနိုသမားတွေကလည်း အကြွေစေ့တွေကို လည်နေတဲ့ သစ်ပင်ထဲ ပစ်ထည့်ရင်း နက်ဖြန် Jackpot ကြီး ပေါက်ပါစေ ဆုတောင်းကြတာပေါ့။



ပြီးတော့ ကာစီနိုထဲ လျှောက်လည်ကြပါတယ်။ အသက်၁၈အောက် မဝင်ရ။ ကင်မရာ ယူဆောင်ခွင့်မပြု။ ဖဲလည်း မဆော့တတ်။ အကောင်ဂျင်လည်း မသိ။ ကိုယ်ဆော့တတ်တာဆိုလို့ Slot Machine ပဲ ရှိတယ်။ ပိုက်ဆံ ၁၀ ထည့်ပြီး ၄ ချက်ပဲ နှိပ်ရသေးတယ် Game over တဲ့။ Winarto က ဈေးအနည်းဆုံးကို ရွေးရတယ်ဆိုပြီး လာပြပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ ခလုတ်လေးကို နှိပ်နေရုံပဲ။ ကိုယ်နှိပ်တဲ့ အကောင်အတွဲနဲ့ သူ့ပရိုဂရမ်က အကောင်အတွဲညီရင် အမှတ်တက်တယ်။ အစပိုင်းတော့ နိုင်နေသလိုပါပဲ။ အဆုံးကျတော့ ကိုယ့်ဆီက ပိုက်ဆံတွေ ကဲ့ယူသွားပါတာပါပဲ။



လောင်းကစားဆို လာဘ်မရှိ၊ အတန်းထဲမှာ မဲဖောက်ရင် ဘာမှ မပေါက်၊ ဘာဆိုဘာမှ မကောက်ရ၊ အလကားရဖို့ ကံမရှိ၊ ကိုယ်လုပ်မှ ကိုယ်ရတဲ့ စန်းထွန်းပါ။ ကိုယ့်အကြောင်း ကိုယ်သိလို့ Mona ဆော့နေချိန်မှာ ကိုယ်က ငိုက်နေတာပေါ့။ Mona က စန်းစန်း စက်ထဲ ပိုက်ဆံထည့်ပြီး ဆော့။ ကိုယ့်ပိုက်ဆံဝင်သွားရင် မျက်စိကျယ်လာလိမ့်မယ်တဲ့။ ဟင့်အင်း ကိုယ့်အကြောင်း ကိုယ်သိလို့ ဆော့ဘူး။

တခါက မလေးရှား Genting ကာစီနိုအတွက် ပရိုဂရမ်မာအလုပ်ခေါ်ပါတယ်။ Random တွေ သုံးပြီး ရေးရတာ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ့်ပရိုဂရမ်ကြောင့် လူတိုင်း Jackpot ပေါက်ပြီး ကာစီနို ဒေဝါလီခံရရင် သူဋ္ဌေးက လည်ပင်းလာညှစ်မှာ သေချာတယ်။ ဒါကို သိလို့ လျှောက်ဘူး...:D

Jackpot ဘယ်လောက်ရသွားပြီလို့ ရေးထားတာတွေ တွေ့တိုင်း အားကျပြီး မလိုချင်မိပါဘူး။ Jackpot ပေါက်ဖို့ဆိုတာ လွယ်တာမှတ်လို့။ လူတသန်းမှာမှ တယောက်။ ဒီလို့ရဖို့ ဘယ်လောက်ရင်းနှီးရမလဲ။ ၁၀၀ ရင်းပြီး ၁၀၀၀ လိုချင်ပါသလား။ ၁၀၀၀ ရမရတော့ မသိဘူး။ ၁၀၀ကတော့ အရင်စွန့်ရမယ်။ တခါတလေ အပျော်စိတ်ပြေလက်ပျောက် ဆော့မယ်ဆိုတာ လက်ခံနိုင်သေးတယ်။ မရေရာ မသေချာတာကြီးကို မျှော်မှန်းပြီး လုပ်နေရင်တော့ ကံကိုယုံပြီး ဆူးပုံနင်းနေသလားလို့။

ဟောင်ကောင်လေယာဉ်ခက မကာအိုထက် ပိုဈေးကြီးပါတယ်။ Airport Tax ကြောင့်ပါ။ ဟိုတယ်ဆိုရင်လည်း မကာအိုက ဟိုတယ်က ပိုကောင်းတယ်။ ဟောင်ကောင်ကနေ ပြန်တဲ့ ရုံးကလူတချို ကွန်ပလိမ်းပါတယ်။ ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ဖြစ်ပြီး ရေပိုက်ခေါင်းက ရေမလာလို့ ရှေးရိုးအတိုင်း ရေခွက်နဲ့ ခပ်ချိူးခဲ့ရသတဲ့။ နေထိုင်မှုစရိတ်ကြီးမားပြီး နေရာကျဉ်းတဲ့ ဟောင်ကောင်မှာ ဟိုတယ်အခန်းတွေကလည်း ကျဉ်းပြီး အသက်ရူမဝသလို ခံစားရသတဲ့။ မကာအိုက ဟိုတယ်တွေကတော့



ဒင်နာမှာ နင်းကန်စား၊ လမ်းလျှောက်ရတာတွေ များလို့ ပင်ပန်း။ နောက်နေ့ ဟောင်ကောင်ကို ခရီးဆန့်စရာ ရှိသေးတာနဲ့ပဲ Rio ဟိုတယ်ကိုပြန် မွေ့ယာပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားပါတော့တယ်။

စန်းထွန်း
နိုဝင်ဘာ ၂၆၊ ၂၀၁၁။

16 comments:

ေန၀သန္ said...

ေပ်ာ္စရာၾကီး... း)).. စတိတ္ကေန မခြာေလနဲ႕... :D.. ဟိုတစ္ခါေျပာတဲ့ ထုိင္၀မ္ေက်ာင္းသား.. ဒီကဗီဇာျပန္လာတိုးတာ.. စတိတ္ကို ျပန္၀င္ဖို႕ ဗီဇာက်ဖို႕ကို အေတာ္ျပန္ေစာင့္လိုက္ရတာ... ျမန္မာဆို မလြယ္ေရးခ် မလြယ္...

ခင္မင္လ်က္
ေန၀သန္

ညိမ္းႏိုင္ said...

ေနႏိုင္သ၍သာေနဦး စန္းထြန္းေရ...၊ျမန္မာျပည္ကေတာ့
သိတဲ့အတိုင္းပဲ...၊ဒါနဲ႕ ေလာင္းကစားလာဘ္မရွိ၊ဘာဆို
ဘာမွေကာက္မရ၊မဲႏႈိက္ရင္ ကိုယ္ဘာမွမေပါက္၊ကိုယ္လုပ္
မွ ကိုယ္ရ တာ ကၽြန္ေတာ္နဲ႕တူသဗ်...၊အဲ့လိုကုိယ့္အေၾကာင္းကိုယ္သိလို႕
ကၽြန္ေတာ္လည္း ဒီမွာ တိုတုိ၊ဖိုးဒီ ေတာင္ဘယ္ေတာ့မွ
မထိုး....:)။မကာအိုက ညဘက္လည္ခ်င္စရာပဲေနာ္...၊
ေဟာင္ေကာင္လည္းေရာက္ခဲ့တယ္ေပါ့ေလ...၊ကဲဒါျဖင့္
ေဟာင္ေကာင္သြားေတာလား ေမွ်ာ္ရဦးမေပါ့....။

San San Htun said...

မၾကာမွီ လာမည္..:)

စံပယ္ခ်ိဳ said...

စန္းထြန္းရဲ့ေက်းေက်းေၾကာင္႔မကာအုိသုိ႔ေရာက္ခဲ႔ျပန္ျပီေလ..သူငယ္ခ်င္းအားလုံးတစ္ျပဳံးျပဳံးနဲ႔
ၾကည္႔ေကာင္းတယ္
ခ်စ္ခ်စ္ခင္ခင္ jasmine

San San Htun said...

ရံုးက ေဘာ္ဒါေတြက တကယ္ စိတ္ရင္းေကာင္းၿပီး ခင္ဖို ့ေကာင္း၊ ခ်စ္ဖို ့ေကာင္းတယ္...:)

mstint said...

မကၠာအို အလြမ္းေျပေလး ၾကည့္သြားတယ္ စန္းစန္းေရ။ တီတင့္ကုမၸဏီမွာ အလုပ္လုပ္စဥ္က လုပ္ငန္းရွင္က မကၠာအိုကဆိုေတာ့ မၾကာခနေရာက္ခဲ့ဘူးတယ္။
ေက်းဇူးပါေနာ္။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

အလင္းသစ္ said...

အင္းးး.. မကာအိုေတာ့ ပံုေတြထဲကေန
ေရာက္ဖူးသြားျပီ။။ ေက်းဇဴးပါ။။
ကိုယ့္ဘာသာဆိုလို႕ကေတာ့ ျမန္မာမွာေတာင္ ႏွံ႕ေအာင္မေရာက္ဖူးေသးဘူး.. ဟီးးးး။။

မဒမ္ကိုး said...

ကဲ ဘာပဲေျပာေျပာစန္းေက်းဇူးနဲ႕ မကာအိုကိုေရာက္ဖူးသြားပီ း)

Thandar Lwin said...

စန္းထြန္းေရ အမ ခရစ္စမတ္မွာ ေဟာင္ေကာင္ သြားရမွာ အဲဒီက ရာသီဥတု အေၿခအေန သိခ်င္ပါတယ္ ။ အေႏြးထည္ လိုမလို ၾကိဳစီစဥ္ရေအာင္လို႔ေလ ။
စန္းထြန္းေရးတာေလးေတြ ဗဟုသုတ လဲရ ခ်စ္စရာ ေပ်ာ္စရာလဲေကာင္းမို႔ အၿမဲလာဖတ္ေပမဲ့ ကြန္မန္႔ေတာ့မေရးၿဖစ္ဘူးရယ္ ....

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

မကာအိုကို စန္းထြန္းနဲ႔အတူ လိုက္လည္တာ ေနာက္ဆံုးေတာ႕ ေမာလြန္းလို႔ ဟိုတယ္က ကုတင္ၾကီးေပၚ အိပ္ေပ်ာ္သြားေ၇ာ.. း)
ကုတင္က အိပ္ခ်င္စရာျဖစ္ေနတာ႔ စိတ္ထဲဒါေလးဘဲစဥ္းစားေနတာ..
ဝေအာင္စားျပီး အိပ္ပစ္လုိက္လို႕ကေတာ႕ ေကာင္းလိုက္တဲ႔ စည္းစိမ္ဘဲ း)
စကားမစပ္
ခရီးက ေပ်ာ္စရာၾကီးရယ္.. အားက်တယ္

ဟန္ၾကည္ said...

ေလာင္းကစားကံမပါတာေတာ့ တူပါ့ဗ်ား...တစ္ခုခုရမယ့္ ကံစမ္းမဲမ်ားႏိႈက္ရရင္ တစ္ခါမွကို ေပါက္တယ္မရွိဘူး...တစ္ခုခု လုပ္ရမယ့္ ကံဆိုးမဲမ်ားေဖာက္လို႔ကေတာ့ ပထမဆံုးႏႈိက္...ပထမဆံုးေပါက္တာခ်ည္းပဲ...

ကိုင္း မကာအိုေတာ့ ေရာက္ဖူးၿပီဗ်ား...ေနာက္ဆက္တြဲေတြေစာင့္ဖတ္ဦးမွ...

မကာအိုသူေတြေခ်ာတယ္ဆိုတာ ျမင္ဖူးတယ္ရွိေအာင္ ဓာတ္ပံုေလးေတာ့ တင္ေစ့ခ်င္တယ္ကြယ္...း)

San San Htun said...

မေခ်ာ
ပရိုလက္ရာေပါက္တဲ့ ဓာတ္ပံုေတြက ရံုးက အင္ဒိုနီးရွားမေလး Ira ရိုက္ထားကို ေကာ္ပီထားတာ..သူ ့ကင္မရာက Canon EOS ဆိုေတာ့ ၾကည္ၿပီးေတာက္ေနတာပဲ..ၿပီးေတာ့ သူက လူထက္ ရူခင္းပံုေတြ ရိုက္ရတာ ဝါသနာပါတယ္..ေမြ ့ယာၾကီးကိုလည္း သူရိုက္ထားတာ..ခရီးသြားေနတုန္းကေတာ့ ပင္ပန္းလို ့ဆိုၿပီး အိပ္ငိုက္၊ အဲ သူမ်ားရိုက္ရင္ေတာ့ ေၿပးၿပီး အတင္းရိုက္ခိုင္းတာ..ခရီးက ၿပန္ေရာက္ရင္ သူမ်ားရိုက္ထားတဲ့ ဓာတ္ပံုေတြကို ေကာ္ပီကူးတာ..တီတင့္နဲ ့မ်ား ကြာပါ့..

ဆရာဟန္

၇ာဟန္၊ ကိုၿငိမ္းႏိုင္၊ ေနဝသန္၊ ေၾကာင္မ်ိဴး၊ ဓာတ္မီးတလက္ အဲေလ အလင္းတစက္၊ တဂ်င္းမီး ကိုကိုေမာင္၊ ေမာင္ေမာင္(ၿမစ္ဆံု) တို ့ ၾကည့္ခ်င္မွန္းသိလို ့မကာအိုသူေတြပံုကို တမင္တကာ မရိုက္ခဲ့တာ..မကာအိုသားေလးေတြေတာ့ ရိုက္ခဲ့တယ္..ဟဲ ဟဲ..

ျမေသြးနီ said...

မကာအိုၿမိဳ႔ႀကီးက လွလိုက္တာ....
စန္းထြန္းတို႔ အဖြဲ႔ကလည္း ခင္မင္ခ်င္စရာ...
ဟိုတယ္ႀကီးကလည္း သားနားလိုက္ထွာ..

ေမာင္ေမာင္ said...

ကြ်န္ေတာ္ စန္းထြန္း ဆိုလို. အစ္ကို ထင္ေနတာ အစ္မ တစ္ေယာက္ဆုိတာ ခုမွ သိတယ္--- :P
အဲ.လုိဘဲ ေမာင္ေမာင္က လြဲေနရမွကို ---
ႏုိင္ငံေပါင္းစံုကေက်ာင္းသားေတြနဲ. ေက်ာင္းတက္ရတာ ေပ်ာ္ဖို.အရမ္းေကာင္းတယ္ေနာ္။

Anonymous said...

ေက်ာင္းဗီြဇာနဲ ့အလုပ္လုပ္တာလား
ေပ်ာ္စရာျကိးဘဲေနာ္ မကာအုိ မေရာက္ဖူးလို ့ ဓါတ္ပံုတင္ ေပးတာ ေက်းဇူး
ေဆာင္း

San San Htun said...

နေဝသန် said...
ပျော်စရာကြီး... း)).. စတိတ်ကနေ မခွာလေနဲ့... :D.. ဟိုတစ်ခါပြောတဲ့ ထိုင်ဝမ်ကျောင်းသား.. ဒီကဗီဇာပြန်လာတိုးတာ.. စတိတ်ကို ပြန်ဝင်ဖို့ ဗီဇာကျဖို့ကို အတော်ပြန်စောင့်လိုက်ရတာ... မြန်မာဆို မလွယ်ရေးချ မလွယ်...

ခင်မင်လျက်
နေဝသန်
November 26, 2011 at 10:33 PM
ညိမ်းနိုင် said...
နေနိုင်သ၍သာနေဦး စန်းထွန်းရေ...၊မြန်မာပြည်ကတော့
သိတဲ့အတိုင်းပဲ...၊ဒါနဲ့ လောင်းကစားလာဘ်မရှိ၊ဘာဆို
ဘာမှကောက်မရ၊မဲနှိုက်ရင် ကိုယ်ဘာမှမပေါက်၊ကိုယ်လုပ်
မှ ကိုယ်ရ တာ ကျွန်တော်နဲ့တူသဗျ...၊အဲ့လိုကိုယ့်အကြောင်းကိုယ်သိလို့
ကျွန်တော်လည်း ဒီမှာ တိုတို၊ဖိုးဒီ တောင်ဘယ်တော့မှ
မထိုး....:)။မကာအိုက ညဘက်လည်ချင်စရာပဲနော်...၊
ဟောင်ကောင်လည်းရောက်ခဲ့တယ်ပေါ့လေ...၊ကဲဒါဖြင့်
ဟောင်ကောင်သွားတောလား မျှော်ရဦးမပေါ့....။
November 26, 2011 at 10:57 PM
San San Htun said...
မကြာမှီ လာမည်..:)
November 26, 2011 at 11:07 PM
စံပယ်ချို said...
စန်းထွန်းရဲ့ကျေးကျေးကြောင့်မကာအိုသို့ရောက်ခဲ့ပြန်ပြီလေ..သူငယ်ချင်းအားလုံးတစ်ပြုံးပြုံးနဲ့
ကြည့်ကောင်းတယ်
ချစ်ချစ်ခင်ခင် jasmine
November 27, 2011 at 1:55 AM
San San Htun said...
ရုံးက ဘော်ဒါတွေက တကယ် စိတ်ရင်းကောင်းပြီး ခင်ဖို့ကောင်း၊ ချစ်ဖို့ကောင်းတယ်...:)
November 27, 2011 at 2:02 AM
mstint said...
မက္ကာအို အလွမ်းပြေလေး ကြည့်သွားတယ် စန်းစန်းရေ။ တီတင့်ကုမ္ပဏီမှာ အလုပ်လုပ်စဉ်က လုပ်ငန်းရှင်က မက္ကာအိုကဆိုတော့ မကြာခနရောက်ခဲ့ဘူးတယ်။
ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
November 27, 2011 at 11:42 AM
အလင်းသစ် said...
အင်းးး.. မကာအိုတော့ ပုံတွေထဲကနေ
ရောက်ဖူးသွားပြီ။။ ကျေးဇူးပါ။။
ကိုယ့်ဘာသာဆိုလို့ကတော့ မြန်မာမှာတောင် နှံ့အောင်မရောက်ဖူးသေးဘူး.. ဟီးးးး။။
November 27, 2011 at 2:52 PM
မဒမ်ကိုး said...
ကဲ ဘာပဲပြောပြောစန်းကျေးဇူးနဲ့ မကာအိုကိုရောက်ဖူးသွားပီ း)
November 27, 2011 at 7:58 PM
Thandar Lwin said...
စန်းထွန်းရေ အမ ခရစ်စမတ်မှာ ဟောင်ကောင် သွားရမှာ အဲဒီက ရာသီဥတု အခြေအနေ သိချင်ပါတယ် ။ အနွေးထည် လိုမလို ကြိုစီစဉ်ရအောင်လို့လေ ။
စန်းထွန်းရေးတာလေးတွေ ဗဟုသုတ လဲရ ချစ်စရာ ပျော်စရာလဲကောင်းမို့ အမြဲလာဖတ်ပေမဲ့ ကွန်မန့်တော့မရေးဖြစ်ဘူးရယ် ....
November 27, 2011 at 8:57 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
မကာအိုကို စန်းထွန်းနဲ့အတူ လိုက်လည်တာ နောက်ဆုံးတော့ မောလွန်းလို့ ဟိုတယ်က ကုတင်ကြီးပေါ် အိပ်ပျော်သွားရော.. း)
ကုတင်က အိပ်ချင်စရာဖြစ်နေတာ့ စိတ်ထဲဒါလေးဘဲစဉ်းစားနေတာ..
ဝအောင်စားပြီး အိပ်ပစ်လိုက်လို့ကတော့ ကောင်းလိုက်တဲ့ စည်းစိမ်ဘဲ း)
စကားမစပ်
ခရီးက ပျော်စရာကြီးရယ်.. အားကျတယ်
November 28, 2011 at 10:51 AM
ဟန်ကြည် said...
လောင်းကစားကံမပါတာတော့ တူပါ့ဗျား...တစ်ခုခုရမယ့် ကံစမ်းမဲများနှိုက်ရရင် တစ်ခါမှကို ပေါက်တယ်မရှိဘူး...တစ်ခုခု လုပ်ရမယ့် ကံဆိုးမဲများဖောက်လို့ကတော့ ပထမဆုံးနှိုက်...ပထမဆုံးပေါက်တာချည်းပဲ...

ကိုင်း မကာအိုတော့ ရောက်ဖူးပြီဗျား...နောက်ဆက်တွဲတွေစောင့်ဖတ်ဦးမှ...

မကာအိုသူတွေချောတယ်ဆိုတာ မြင်ဖူးတယ်ရှိအောင် ဓာတ်ပုံလေးတော့ တင်စေ့ချင်တယ်ကွယ်...း)
November 29, 2011 at 12:07 AM
San San Htun said...
မချော
ပရိုလက်ရာပေါက်တဲ့ ဓာတ်ပုံတွေက ရုံးက အင်ဒိုနီးရှားမလေး Ira ရိုက်ထားကို ကော်ပီထားတာ..သူ့ကင်မရာက Canon EOS ဆိုတော့ ကြည်ပြီးတောက်နေတာပဲ..ပြီးတော့ သူက လူထက် ရူခင်းပုံတွေ ရိုက်ရတာ ဝါသနာပါတယ်..မွေ့ယာကြီးကိုလည်း သူရိုက်ထားတာ..ခရီးသွားနေတုန်းကတော့ ပင်ပန်းလို့ဆိုပြီး အိပ်ငိုက်၊ အဲ သူများရိုက်ရင်တော့ ပြေးပြီး အတင်းရိုက်ခိုင်းတာ..ခရီးက ပြန်ရောက်ရင် သူများရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကော်ပီကူးတာ..တီတင့်နဲ့များ ကွာပါ့..

ဆရာဟန်

ရာဟန်၊ ကိုငြိမ်းနိုင်၊ နေဝသန်၊ ကြောင်မျိူး၊ ဓာတ်မီးတလက် အဲလေ အလင်းတစက်၊ တဂျင်းမီး ကိုကိုမောင်၊ မောင်မောင်(မြစ်ဆုံ) တို့ ကြည့်ချင်မှန်းသိလို့မကာအိုသူတွေပုံကို တမင်တကာ မရိုက်ခဲ့တာ..မကာအိုသားလေးတွေတော့ ရိုက်ခဲ့တယ်..ဟဲ ဟဲ..
November 29, 2011 at 12:31 AM
မြသွေးနီ said...
မကာအိုမြို့ကြီးက လှလိုက်တာ....
စန်းထွန်းတို့ အဖွဲ့ကလည်း ခင်မင်ချင်စရာ...
ဟိုတယ်ကြီးကလည်း သားနားလိုက်ထှာ..
November 29, 2011 at 2:55 AM
မောင်မောင် said...
ကျွန်တော် စန်းထွန်း ဆိုလို. အစ်ကို ထင်နေတာ အစ်မ တစ်ယောက်ဆိုတာ ခုမှ သိတယ်--- :P
အဲ.လိုဘဲ မောင်မောင်က လွဲနေရမှကို ---
နိုင်ငံပေါင်းစုံကကျောင်းသားတွေနဲ. ကျောင်းတက်ရတာ ပျော်ဖို.အရမ်းကောင်းတယ်နော်။
November 29, 2011 at 2:08 PM
Anonymous said...
ကျောင်းဗွီဇာနဲ့အလုပ်လုပ်တာလား
ပျော်စရာကြိးဘဲနော် မကာအို မရောက်ဖူးလို့ ဓါတ်ပုံတင် ပေးတာ ကျေးဇူး
ဆောင်း
November 30, 2011 at 12:35 AM