နောက်နေ့မနက်စာကို ကတိုက်ကရိုက်စားပြီး ဖယ်ရီဂိတ်ဆီ ချီတက်ခဲ့ကြပါတယ်။ ဖယ်ရီတွေက အများကြီးပါ။ တနာရီ တစီးနှုန်းမက ရှိပါတယ်။ ဖယ်ရီဆွဲတဲ့ ကုမ္ပဏီတွေရဲ့ website ကနေတဆင့် အွန်လိုင်းကနေလည်း ဝယ်လို့ရပါတယ်။ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ စလုံးတွေ ရှိတဲ့ ရုံးမှာ ရွှေမြန်မာသာလျှင် ဗီဇာလိုပါတယ်။ ဗီဇာဖိုးက စင်းဒေါ်လာ ၇၀ ကျော်လောက် ကုန်ပါတယ်။ pay slip (လခပြေစာ) ၊bank statment ၃ လစာ ၊ ရုံးက recommendation ထောက်ခံစာ လိုပါတယ်။ မခိုင်လုံရင် ဗီဇာပယ်တတ်သေးတာ။
တယောက် ဗီဇာပယ်ခံရတယ် ကြားတော့ အိမ်က စန်းထွန်း နင်ဖြစ်လိမ့်မယ်တဲ့။ ကျောင်းပြီးလို့ အလုပ်ရထားနဲ့ ကျောင်းတောင် မပြီးသေးခင် ပေးထားတဲ့ PR(Permanent Residence) offer ကြီး ကိုင်ပြီး ပီအာ တန်းလျှောက်ရပါတယ်။ ပီအာ processing လုပ်နေတုန်းမှာ Temp EP (Employment Pass) ထုတ်ပေးထားပြီး ၃လ ၁ခါ သက်တမ်း တိုးရပါတယ်။ Temp EP က white card လိုပါပဲ။ Temp EP သက်တမ်းကုန်ခါနီးမှာ ဗီဇာသွားလျှောက်တော့ ပယ်ခံရမှာပေါ့။ သက်တမ်းကလည်း ကြိ ုပြီး တိုးလို့မရ။ သက်တမ်းမကုန်ခင် ၃ရက် အလိုမှ တိုးပေးတာ။
ဘာအရာမဆို လွယ်လွယ်နဲ့ မရ အမြဲတစ် အနှောင့်အယှက်ဖြစ်ရပေမဲ့ အဆုံးကျရင် ကံကောင်းတတ်တဲ့ စန်းထွန်း ထုံးစံအတိုင်း reject တံဆိပ်တုံးကြီးကို စန်းထွန်းပတ်စ်ပို့အစား ဇေ့ပတ်စ်ပို့ကို မှားထုလိုက်ပါတယ်။ ဇေ နောက်တကြိမ် ဗီဇာပြန်လျှောက်ဖို့ကို အေးဂျင့်က ပိုက်ဆံထပ်မယူပါဘူး။ တော်သေးတယ် ဗီဇာ reject ဖြစ်ပြီးမှ ပြန်လျှောက်ရင် ၂ပတ်လောက် ကြာမှာ ခရီးကို လိုက်ရတော့မှာ မဟုတ်ဘူး။
မကာအိုကနေ ဟောင်ကောင်ကို တနာရီလောက် စီးရပါတယ်။ မကာအိုဗီဇာကတော့ တလရပါတယ်။ ကြိုက်သလောက် ဝင်ထွက်။ ဟောင်ကောင်ကတော့ double entry ကို ၃လ ရပါတယ်။ ဖယ်ရီတွေက သန့်ရှင်းပြီး ခုံတိုင်းအောက်မှာ အသက်ကယ်အင်္ကျီတွေ ရှိပါတယ်။ ဖယ်ရီမထွက်ခင် ယူနီဖောင်းလှလှ ဝတ်ထားတဲ့ မိန်းကလေးက အသက်ကယ်အင်္ကျီဝတ်နည်း၊ အသက်ကယ်ဘော လေသွင်းနည်းတွေ သရုပ်ပြပါတယ်။ လေယာဉ်မှာ လေယာဉ်မယ်တွေ လုပ်သလိုမျိုး။
ပင်လယ်ပြာပြာ၊ တောင်တန်းစိမ်းစိမ်းတွေနဲ့ ဟောင်ကောင်က တကယ့်ကို သာယာပါတယ်။ ဟောင်ကောင်ကို ဟိုအဝေးကြီးကနေ လှမ်းမြင်ရကတည်းက အရင်ဆုံးသတိထားမိတာက တိုက်တွေက စင်ကြားပူက တိုက်တွေထက် ပိုမြှင့်ပြီး မီးခြစ်ဘူးလေးတွေ ထောင်ထားတဲ့အတိုင်း။ လည်ပင်းကြီး မော့ပြီး ကြည့်ရတယ်။ မြင့်မားလှတဲ့ တိုက်တွေကြားမှာ ကိုယ်က ပုဝင်သွားသလို ခံစားရတယ်။
ဖယ်ရီဆိပ်ဆိုတော့ သွားတဲ့လူနဲ့ ပြန်တဲ့သူနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ Immigration ဖြတ်ရပါတယ်။ ဘာမှလည်း မမေးဘဲ ပတ်စ်ပို့ကို ဖင်ပြန်ခေါင်းပြန် စကန်ဖတ်ပြီး စစ်နေတာများ ၁၅ မိနစ်လောက် ကြာတယ်။ တခြားနိုင်ငံသား ဘော်ဒါတွေက ၅မိနစ်တောင် မကြာ။ နောက်က တန်းစီနေတဲ့ အန်တီကြီးက ဘာလူမျိုးလဲလို့ ထိန်ထိန့်ကို မေးတယ်။ ရွှေမြန်မာဆိုတာ သိတာနဲ့ တခြားလိုင်းကို ပြောင်းစီတော့တာပဲ။ ရွှေမြန်မာဆိုရင် ကြာလို့တဲ့။ အောင်ညလေး အဲဒီလိုမျိုး ရွှေမြန်မာတို့က နာမည်ကြီးတာ။
ထိန်ထိန်က နင်တို့ ရွှေမြန်မာတွေ ထူးတယ်နော်။ မကာအိုမှာ ဘယ်နိုင်ငံသားမှ ဆိုက်ရောက်ဗီဇာကို ပိုက်ဆံပေးစရာမလို။ ရွှေမြန်မာကတော့ မကာအိုဒေါ်လာ ၁၀၀ပေးမှ ဝင်လို့ရတယ်။ ဟောင်ကောင်ဆိုရင်လည်း တခြားနိုင်ငံသားတွေ ဗီဇာမလို။ ရွှေမြန်မာကတော့ ဗီဇာကြိုလျှောက်ရတယ်။ အခွန်ဆိုရင်လည်း တခြားနိုင်ငံသားတွေက အလုပ်နေတဲ့နိုင်ငံက အခွန်ကို ဆောင်ရုံပဲ။ အလုပ်လုပ်နေတဲ့ နိုင်ငံရော၊ မိခင်နိုင်ငံရော double tax ဆောင်ရတဲ့ ရွှေမြန်မာပါ။ ဘယ်သွားသွား ဗီဇာလိုပါတယ်။ ရွှေမြန်မာတွေ ဗီဇာမလိုဘဲ သွားနိုင်တာကတော့ မြောက်ကိုရီးယားနဲ့ ဖိလစ်ပိုင် ပါတဲ့ ခင်ည :)
ဟောင်ကောင်က လည်ပတ်စရာတွေ များပါတယ်။ ၃ရက်၊ ၅ရက်လောက် အချိန်ပေးပါမှ ဟောင်ကောင်တခွင် ပြဲပြဲစင်မှာပါ။ ပထမဆုံး သွားလည်ပတ်မဲ့ နေရာကတော့ Lantau Island မှာ ရှိတဲ့ Giant Buddha ပါ။ Ferry Terminal နဲ့ အနီးဆုံး MTR က Central နဲ့ Sheung Wang station ရှိတဲ့ Hong Kong Island Line အပြာရင့်ရောင်လိုင်းပါ။ တနေ့စာ ရထားလတ်မှတ် ဖြတ်ပါတယ်။ အကြွေစေ့တွေ ဘယ်လောက်ထည့်ထည့် စက်က လက်မခံဘဲ ပြန်ထွက်လာပါတယ်။ ဝန်ထမ်းကို အကူအညီ တောင်းရပါတယ်။ သွားမဲ့ ခရီးဆုံးကတော့ Tung Chung station Tung Chung Line အဝါရောင်လိုင်းပါ။ ထိန်ထိန်တို့က ဆင်းဆိုရင် ဆင်းလိုက်ပြီး တက်ဆိုရင် တက်လိုက်ပါတယ်။ ၂လိုင်း၊ ၃လိုင်း ပြောင်းရတာကိုတော့ မှတ်မိတယ်။ အင်္ဂလိပ်၊ ကန်တုန်၊ မန်ဒရင်း သုံးဘာသာနဲ့ ဘူတာစဉ် ကြေငြာပါတယ်။ ဟောင်ကောင်မှာ ရထားလိုင်း ၁၁လိုင်း ရှိပါတယ်။
ဟောင်ကောင် DisneyLand သွားမဲ့သူတွေက Sunny Bay ကနေ Disneyland Resort Line ပန်းရောင်လိုင်း ပြောင်းရပါတယ်။
ဒစ်စနေကတော့ အကျယ်ကြီးမို့ တနေ့လောက် အချိန်ပေးမှပါ။ ကလေးတွေကတော့ ပျော်မှာ အသေအချာပါ။ ဒစ်စနေလမ်း အမှတ်တရ ကော်ဖီခွက်ကလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။
ခရီးဆုံးတာနဲ့ ကေဘယ်ကားဆီးဖို့ တန်းစီပါပြီ။ ပိတ်ရက်မို့လို့ Qတန်းကြီးက အရှည်ကြီး။ Ngong Ping 360 ကေဘယ်ကို ၂၅ မိနစ်စီးရင် Ngong Ping Village ရောက်ပါတယ်။ အပေါ်၊ အောက်၊ ဘေးပတ်လည် မြင်နိုင်တဲ့ Crystal Cable က ဈေးကြီးပါတယ်။ ပင်လယ်ကိုဖြတ်ပြီး တောင်ထိပ်တက်မှာ အချိန်မှာ အသည်းတအေးအေး။ အတက်အဆင်းအလုပ်များတဲ့ ဟောင်ကောင်လေဆိပ်ကြီး။ မကာအို၊ ဟောင်ကောင် လေဆိပ်တွေက ကျွှန်းသပ်သပ် ခွဲထားပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်လောက်က ဒီကေဘယ်မရှိသေးပါဘူး။ ထိန်ထိန်တို့ လာလည်တုန်းက သဘောၤစီးပြီး သွားရတာတဲ့။
ငါးဘယ်နှစ်ကောင်ရလဲဝေ့
ဂိတ်ကို ကျော်နေတုန်းမှာ ပြုံးနေပါ။ ဓာတ်ပုံရိုက်ထားတယ်။ အဆင်းကျရင် ကေဘယ်စီးနေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဝယ်လို့ရတယ်။ |
credit to Ira |
credit to Ira |
လမ်းလျှောက်ပြီး သွားတဲ့သူတွေကို ကျော်ဖြတ်ခဲ့ပါတယ် ပင်လယ်ပြာပြာ ရေစိမ်းလဲ့ တောင်အုပ်တောင်တန်းလေးတွေကို တရိပ်ရိပ် ဖြတ်ကျော်နေတာ တကယ့်ကို အမှတ်တရပါပဲ။
Ngong Ping ရွာမှာတော့ ရိုးရာ လက်မှုပစ္စည်းလေးတွေ ရောင်းပါတယ်။ ဆိုင်ကယ်ကြီးကြီးတွေ ပြထားတာ တွေ့ခဲ့သေးတယ်။
ဗုဒ္ဓရုပ်ပွားတော်က အတော့်ကို ကြည်ညိုဖို့ ကောင်းပြီး သပ္ပာယ်ပါတယ်။ တရုတ်ပြည်မှာ ၁၂နှစ်ကြာ ထွင်းထုခဲ့ပြီး ၁၉၉၃မှာ ဖွင့်လှစ်ခဲ့တာပါ။ ဘုရားဆီရောက်အောင် လှေကားထစ် ၂၅၆ထစ် ရှိပါတယ်။ လှေကားထစ်တိုင်း ရှိခိုးပြီး တက်တဲ့ တရုတ်မယ်သီလရင်ကို တွေ့ခဲ့ပါတယ်။
ဘုရားအောက်မှာတော့ ပြတိုက်ရှိပါတယ်။ ဝင်ကြေးပေးရပါတယ်။ ရေခဲမုန့်ပြန်ကျွှေးတယ်။ စွယ်တော်ဖူးချင်လို့ ထိန်ထိန်နဲ့ နှစ်ကောင်သား ဝင်ဖူးကြလေရဲ့။
Po Lin Monastery နဲ့ Monkey Temple ရှိပါတယ်။ ဓာတ်ပုံတော့ ရိုက်ခဲ့တယ် ဒါပေမဲ့ ဘယ်ဟာက Po Lin Monastery ဘယ်ဟာက Monkey Temple မှန်း မသိပါ။ ကိုယ့်ဘာသာ မှန်းယူကြပါကုန်။
credit to Ira |
credit to Ira |
credit to Ira |
credit to Ira |
credit to Ira |
credit to Ira |
credit to Ira |
အပြန်မှာ ကီးချိန်းလေးတွေ၊ သော့ချိတ်လေးတွေ ရောင်းနေတာ တွေ့လို့ ဝယ်ခဲ့သေးတယ်။ ဟောင်ကောင်ဒေါ်လာ ၃၀၊ စင်းဒေါ်လာ ၁၀လောက် ကျပါတယ်။ စန်းထွန်းတောင် အင်္ကျီတွေဝယ်ဖို့ ချွှေတာတဲ့ အနေနဲ့ ဖေ့အတွက် သော့ချိတ်တခု၊ ကိုယ်အတွက် ကီးချိန်းတခုပဲ ဝယ်ဖြစ်တယ်။ Mona ဆို သူ့သူငယ်ချင်းတွေအတွက် ဝယ်သွားပြီး လက်ဆောင်ပေးတာ ကြိုက်ကြလို့။ များများမဝယ်မိတာ နောင်တရတယ်။
credit to San Htun :D |
credit to San Htun :P |
ဟောင်ကောင်ကိုများ သွားလည်ကြမယ်ဆိုရင် Lantau Island က Giant Buddha ကို Nong Ping Cable Car စီးပြီး သွားလည်ပါလို့ အပေးကြံလိုက်ပါတယ်။
စန်းထွန်း
နိုဝင်ဘာ ၂၉၊ ၂၀၁၁။
11 comments:
သြားေတာ့သြားခ်င္သား...၊ဗီဇာေလွ်ာက္ရမွာတစ္ခုတည္းနဲ႕
တင္ စိတ္ကုန္ခ်င္စရာ...၊ေတာ္ပါဘီေလ....ခုစန္းထြန္း
ဘေလာ့မွာပဲ ဒါ့ပံုေတြ အမုန္းၾကည့္သြားေတာ့မယ္...:)))
တယ္လည္းပါရမီထူးတဲ့ ေရႊျပည္သားေတြပါကလား...ဘယ္သြားသြား အလွဴေရစက္ လက္နဲ႔မကြာ လွဴႏိုင္တန္းႏိုင္တဲ့ ကုသိုလ္ထူးေပါ့ေလ...ထူးပါဘူး ခပ္လြယ္လြယ္ပဲ သြားလို႔ရတဲ့ ေျမာက္ကိုရီးယားပဲသြားၿပီး အဏုျမဴပြဲစားသြားလုပ္ေတာ့မယ္...
လမ္းတစ္ေခ်ာင္းကို ဓာတ္ပံုအလည္မွာ ေဒါင္လိုက္ထားၿပီး ရိုက္ထားတဲ့ပံုကို သေဘာက်လိုက္တာ...ေမ်ာက္ႏွစ္ေကာင္ပံုကိုလည္း ၾကည့္ၿပီး ၿပံဳးသြားပါေၾကာင္း...
တုိ႔ကေတာ႔ပုံေတြၾကည္႔ျပီးေရာက္သြားသလုိပါပဲ
ေသေသခ်ာခ်ာ အလြတ္ရေအာင္ကုိၾကည္႔လုိက္တယ္
အဲတာ စန္းထြန္းေက်းဇူးေၾကာင္႔
ခ်စ္တဲ႔ jasmine
ဒိုု ့လည္းပင္လယ္ျဖတ္စီးရတဲ့ေကဘယ္ကိုုသိပ္သေဘာက်တယ္။ ဒိုု ့ေတြ ကအဲဒီကေန တရုုပ္ျပည္မၾကီးကိုု ဘတ္စ္ကားနဲ ့သြားလည္တယ္။ မကာအိုုကိုုသြားခ်င္တာမေရာက္ဖူးဘူး။
အိုုင္အိုုရာ
သြား..သြားနိုင္လြန္းတယ္ေတာ္..:D
တယ္လည္းပါရမီထူးတဲ့ ေရႊျပည္သားေတြပါကလား...ဘယ္သြားသြား အလွဴေရစက္ လက္နဲ႔မကြာ လွဴႏိုင္တန္းႏိုင္တဲ့ ကုသိုလ္ထူးေပါ့ေလ...ထူးပါဘူး ခပ္လြယ္လြယ္ပဲ သြားလို႔ရတဲ့ ေျမာက္ကိုရီးယားပဲသြားၿပီး အဏုျမဴပြဲစားသြားလုပ္ေတာ့မယ္...
လမ္းတစ္ေခ်ာင္းကို ဓာတ္ပံုအလည္မွာ ေဒါင္လိုက္ထားၿပီး ရိုက္ထားတဲ့ပံုကို သေဘာက်လိုက္တာ...ေမ်ာက္ႏွစ္ေကာင္ပံုကိုလည္း ၾကည့္ၿပီး ၿပံဳးသြားပါေၾကာင္း...
ေၾသာ္ သြားေရပဲ က်ႏိုင္ပါတယ္ စန္းရယ္ း)
ေနရာေဟာင္းေလးေတြကို ျပန္လည္လို႔ သတိရမိတယ္ စန္းစန္းေရ။ ေက်းဇူးပါေနာ္။
ထိုက္ရီဆန္း ဗုဒၶရုပ္ပြားေတာ္ျမတ္ႀကီးကို တီတင့္တို႔ ဖူးစဥ္က ရုပ္ပြားေတာ္ရဲ႕ ကိုယ္တစ္ပိုင္းက တိမ္စိုင္ထဲေရာက္ေနလို႔ မႈန္ဝါးဝါးပဲဖူးခဲ့ရတယ္။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။
ေမတၱာျဖင့္
အန္တီတင့္
ဓာတ္ပံုေတြ လွလုိက္တာစန္းထြန္းရယ္
ျပီးေတာ႔လည္း ၾကည္႕ရတာ သန္႔ရွင္း သပ္ရပ္ေနတာဘဲေနာ္.
ျမန္မာေတြဆိုရင္ ဘာေၾကာင္႔မ်ား ဒီေလာက္ရစ္ခံရ စစ္ေဆးခံရတာလဲမသိဘူး..
အဲဒါေတြၾကံဳရ ဖတ္ရတိုင္း ဘယ္သူ႕ကိုစိတ္တိုရမလို စိတ္ဆိုးရမလို ခံစားရတယ္..
ေကဘယ္ၾကီးစီးခ်င္ေသးတယ္.. အသည္းတထိတ္ထိတ္နဲ႔ ခံစားရတာကိုၾကိဳက္တယ္..
အဲဒီ ဘုရားႀကီးဆီေတာ့ သြားခ်င္သား။
ေကဘယ္လ္စီးရတာ အသဲတေအးေအး ေနမွာေနာ့။
စန္းထြန္းတုိ႔ကေတာ့ သြားသလား မေမးနဲ႔။ း)
ညိမ်းနိုင် said...
သွားတော့သွားချင်သား...၊ဗီဇာလျှောက်ရမှာတစ်ခုတည်းနဲ့
တင် စိတ်ကုန်ချင်စရာ...၊တော်ပါဘီလေ....ခုစန်းထွန်း
ဘလော့မှာပဲ ဒါ့ပုံတွေ အမုန်းကြည့်သွားတော့မယ်...:)))
November 30, 2011 at 7:40 AM
ဟန်ကြည် said...
တယ်လည်းပါရမီထူးတဲ့ ရွှေပြည်သားတွေပါကလား...ဘယ်သွားသွား အလှူရေစက် လက်နဲ့မကွာ လှူနိုင်တန်းနိုင်တဲ့ ကုသိုလ်ထူးပေါ့လေ...ထူးပါဘူး ခပ်လွယ်လွယ်ပဲ သွားလို့ရတဲ့ မြောက်ကိုရီးယားပဲသွားပြီး အဏုမြူပွဲစားသွားလုပ်တော့မယ်...
လမ်းတစ်ချောင်းကို ဓာတ်ပုံအလည်မှာ ဒေါင်လိုက်ထားပြီး ရိုက်ထားတဲ့ပုံကို သဘောကျလိုက်တာ...မျောက်နှစ်ကောင်ပုံကိုလည်း ကြည့်ပြီး ပြုံးသွားပါကြောင်း...
November 30, 2011 at 9:11 AM
စံပယ်ချို said...
တို့ကတော့ပုံတွေကြည့်ပြီးရောက်သွားသလိုပါပဲ
သေသေချာချာ အလွတ်ရအောင်ကိုကြည့်လိုက်တယ်
အဲတာ စန်းထွန်းကျေးဇူးကြောင့်
ချစ်တဲ့ jasmine
November 30, 2011 at 10:46 AM
Anonymous said...
ဒို့လည်းပင်လယ်ဖြတ်စီးရတဲ့ကေဘယ်ကိုသိပ်သဘောကျတယ်။ ဒို့တွေ ကအဲဒီကနေ တရုပ်ပြည်မကြီးကို ဘတ်စ်ကားနဲ့သွားလည်တယ်။ မကာအိုကိုသွားချင်တာမရောက်ဖူးဘူး။
အိုင်အိုရာ
November 30, 2011 at 2:12 PM
ကိုရင် said...
သွား..သွားနိုင်လွန်းတယ်တော်..:D
November 30, 2011 at 2:15 PM
ဟန်ကြည် said...
တယ်လည်းပါရမီထူးတဲ့ ရွှေပြည်သားတွေပါကလား...ဘယ်သွားသွား အလှူရေစက် လက်နဲ့မကွာ လှူနိုင်တန်းနိုင်တဲ့ ကုသိုလ်ထူးပေါ့လေ...ထူးပါဘူး ခပ်လွယ်လွယ်ပဲ သွားလို့ရတဲ့ မြောက်ကိုရီးယားပဲသွားပြီး အဏုမြူပွဲစားသွားလုပ်တော့မယ်...
လမ်းတစ်ချောင်းကို ဓာတ်ပုံအလည်မှာ ဒေါင်လိုက်ထားပြီး ရိုက်ထားတဲ့ပုံကို သဘောကျလိုက်တာ...မျောက်နှစ်ကောင်ပုံကိုလည်း ကြည့်ပြီး ပြုံးသွားပါကြောင်း...
November 30, 2011 at 6:31 PM
မဒမ်ကိုး said...
သြော် သွားရေပဲ ကျနိုင်ပါတယ် စန်းရယ် း)
November 30, 2011 at 9:31 PM
mstint said...
နေရာဟောင်းလေးတွေကို ပြန်လည်လို့ သတိရမိတယ် စန်းစန်းရေ။ ကျေးဇူးပါနော်။
ထိုက်ရီဆန်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တီတင့်တို့ ဖူးစဉ်က ရုပ်ပွားတော်ရဲ့ ကိုယ်တစ်ပိုင်းက တိမ်စိုင်ထဲရောက်နေလို့ မှုန်ဝါးဝါးပဲဖူးခဲ့ရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
December 1, 2011 at 2:41 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
ဓာတ်ပုံတွေ လှလိုက်တာစန်းထွန်းရယ်
ပြီးတော့လည်း ကြည့်ရတာ သန့်ရှင်း သပ်ရပ်နေတာဘဲနော်.
မြန်မာတွေဆိုရင် ဘာကြောင့်များ ဒီလောက်ရစ်ခံရ စစ်ဆေးခံရတာလဲမသိဘူး..
အဲဒါတွေကြုံရ ဖတ်ရတိုင်း ဘယ်သူ့ကိုစိတ်တိုရမလို စိတ်ဆိုးရမလို ခံစားရတယ်..
ကေဘယ်ကြီးစီးချင်သေးတယ်.. အသည်းတထိတ်ထိတ်နဲ့ ခံစားရတာကိုကြိုက်တယ်..
December 1, 2011 at 12:16 PM
သူကြီးမင်း (တုံးဖလား) said...
အဲဒီ ဘုရားကြီးဆီတော့ သွားချင်သား။
ကေဘယ်လ်စီးရတာ အသဲတအေးအေး နေမှာနော့။
စန်းထွန်းတို့ကတော့ သွားသလား မမေးနဲ့။ း)
December 1, 2011 at 6:31 PM
Post a Comment