ရပ်ကွက်ထဲမှာ‌တော့ဗျာ - ၄

ကျောင်းက ကြီးလေးကြီးကတော့ နီပေါ၊ တရုတ်၊ ဂျော်ဒန်၊ အီသီယိုးပီးယား။ နီပေါနဲ့ တရုတ်အကြောင်းကတော့ ဖွပြီးသွားပါပြီ။ အာဖရိက အီသီယိုးပီးယားနိုင်ငံကနေ ခွဲထွက်ပြီး နိုင်ငံထူထောင်ထားတဲ့  Eritrea နိုင်ငံလေးက ဒီဗွီပေါက်လို့ စတိတ်ကို ရောက်နေတဲ့ အာရိယန်ရဲ့ စရိုက်ကို မကြိုက်လို့ မပေါင်းဖြစ်တော့ အာဖရိကတွေအကြာင်း ဖွချင်သော်ငြားလည်း မဖွနိုင်ပါ။ မိန်းကလေးဆို အပေါင်းအသင်းလုပ်ဖို့ မပြောနဲ့ နှုတ်လည်းမဆက်၊ အသိအမှတ်တောင် မပြုတဲ့ အရှေ့အလယ်ပိုင်းက အာရပ်တွေအကြောင်းလည်း ဖွချင်သော်ငြားလည်း ဖွခွင့်မကြုံပါ။ သို့ပါသော်ငြား သိသလောက်လေး ဖွပါမည်။

ကားမောင်းလေ့ကျင့်ရင် လိုင်စင်ရှိပြီးသားတယောက် ပါရမှာမို့ဆူနမ်နဲ့ ရာမားက အကူအညီတောင်းတိုင်း အာရိယန်က Tomorrow လို့ ပြောလေ့ရှိပါတယ်။ Tomorrow မှာ သွားမေးရင် နောက်ထပ် Tomorrow လို့ ဆိုလေ့ရှိပါတယ်။ အာရိယန် အကူအညီတောင်းလို့ ဆူနမ်တို့က HyBee ကို ကားမောင်းပို့ပေးပါတယ်။ အာရိယန်ရှိနေတုန်း ကားမောင်း နာရီဝက်လောက် ကျင့်ချင်တယ်ဆိုတော့ သူမအားဘူးတဲ့။ ဆီဖြည့်တဲ့အချိန် ဆူနမ်က ရာမားကို ဘယ်လောက်ထည့်မှာလဲ နီပါလီစကားနဲ့ မေးပါတယ်။ အာရိယန်က သူ့ရှေ့မှာ နီပေါစကား မပြောပါနဲ့တဲ့။ အကူအညီလဲ ပေးရသေး အတော် လူပါးဝတဲ့ ဟာမလေး။

စိတ်ရင်းကောင်းတဲ့ ဆူနမ်ကတော့ အမှတ်မရှိ ခေါ်ပြောပေမဲ့ ရာမား၊ မိုင်း၊ စန်းထွန်းကတော့ မဖြစ်မနေမှသာ စကားပြောလေ့ရှိပြီး ခွာခွာလေး  နေတာပါ။ အုပ်စုထဲမှာ တခုခု အကူအညီတောင်းရင် Tomorrow လို့ ဟားလေ့ရှိပြီး ဆူနမ်နဲ့ ရာမား နီပါလီလို တွတ်ထိုးနေလို့ "If you speak Nepali in front of me, I will kill you." လို့စရင် အာရိယန်ရှေ့မှာတော့ ဘာမှမပြော ငြိမ်ကုပ်နေတဲ့ ဆူနမ်က "Get Out. Go to အာရိယန်." လို့ ပြန်ပက်လေ့ ရှိပါတယ်။ ဒီကတည်းက အာဖရိကမတွေဆို ဝှောင်ဝှောင်ရှေး။

MBA က အာဖရိကမတွေကတော့ ပဲကအပြည့်။ ရေလည်း အလွန်ချိုးပါတယ်။ နွေရာသီ တနင်္ဂနွေနေ့အပြင်ထွက်တဲ့နေ့မျိုးဆို ၃ခါလောက် ရေချိုးပါတယ်။ ခုလို အေးတဲ့ ဆောင်းမှာ ၃ရက်နေမှ ရေတခါချိုးဖြစ်ပေမဲ့ သူတို့ကတော့ နေ့တိုင်း ရေချိုးတာဗျား။ သူတို့တွေနားက ရေချိုးခန်းဆို အဲဗားဘီးစီးနေလို့ တခြားရေချိုးခန်းမှာ သွားချိုးရတယ်။ "ညစ်ပတ်တဲ့သူတွေသာ နေ့တိုင်း ရေချိုးဖို့လိုတာ။ သန့်တဲ့သူများဆို တပတ်နေမှ တခါပဲ ချိုးဖို့ လိုတယ်။ ဒီလောက် ရေချိုးတာတောင် အသားက ဖြူမလာဘူး"လို့ တပတ်မှတခါ ရေချိုးတဲ့ မိုင်းနဲ့ ရာမားက အတင်းဆိုပါတယ်။

အာဖရိကတွေက ဖော်ရွေပါတယ်။ တွေ့ရင် ပွေ့ဖက်ပြီး ပါးချင်းအပ်၊ ယောကျ်ားလေးဆိုရင် လက်သီးချင်းတိုက်၊ လက်ကမ်းပြီး နှုတ်ဆက်ကြတာပါ။ တခါက လက်ကမ်းပြီးနှုတ်ဆက်တဲ့ တန်ဇနီးယားက အစ်ဒီလက်ကို ဆွဲကိုင်နှုတ်ဆက်လိုက်ပါတယ်။ သူ့အရိုးပိန်ပိန်လေးတွေနဲ့ စန်းထွန်းလက်ကို ဖြစ်ညှစ်လိုက်တဲ့ သကာလ...

အား..လား..လား

နောင်များဆို အစ်ဒီနဲ့ တွေ့ရင် သူကလည်း လက်မကမ်းတော့သလို စန်းထွန်းကလည်း လက်ကလေးဝေ့ယမ်းပြီးပဲ နှုတ်ဆက်တော့ပါတယ်။ အာဖရိကတွေက အကဝါသနာပါကြပါတယ်။ ကတာများ တကိုယ်လုံး ကွေးနေအောင် ကကြသလို သူတို့ကတာလည်း  ကြည့်လို့ ကောင်းပါတယ်။

အရှေ့အလယ်ပိုင်း ဂျော်ဒန်၊ ကူဝိတ်၊ ဘာရိန်း၊ ယီမင်၊ အီရတ်၊ အီရန်၊ အီဂျစ်၊ ပါလက်စတိုင်းက ကောင်လေးတွေက အသားဝါဝါ၊ မျက်လုံး နက်နက်၊ မျက်ခုံး ကောင်းကောင်းနဲ့ ချောကြပါတယ်။ တချို့များဆို မျက်လုံးက စိမ်းဖန့်ဖန့်။ မေးခွန်းလည်း အရမ်းမေးကြသလို အငြင်းလည်း သန်ပါတယ်။ မှားတာကို ထောက်ပြရင် မကြိုက်တဲ့ မျက်နှာပေးနဲ့။ ယောကျ်ား၊ မိန်းမ ခွဲခြားမှု ပြင်းထန်တာမို့ မိန်းကလေးဆို အပေါင်းအသင်းလည်း မလုပ်၊ နှုတ်လည်းမဆက်၊ အသိအမှတ်လည်း မပြု၊ ကိုယ်တွေ ဖြတ်သွားရင်တောင် ပြောနေစ စကားကို လက်စသတ်ပြီး ကျောက်ရုပ်တွေလို သတိအနေအထား နေတာပါ။ ရာမန်ဒါဥပုဒ်လက မနက်ဆို ၅ နာရီမတိုင်ခင်ကတည်းက နေထွက်နေပြီး ည၉နာရီလောက်မှ နေဝင်တော့ နေထွက်ကနေ နေဝင်အထိ မစားရ၊ တံတွေးတောင် မျိုလို့မရတော့...

Algorithms သင်တဲ့ ပရက်ဖော်ဆာ ဒေါက်တာရူဘီက အရမ်းတော်ပါတယ်။ Algorithms ကောင်းမှ  Performance ကောင်းတာပါ။ A ကို ကျော်ပြီး AH (Honour) ရတဲ့  ယုလျံကျိုးကို ကျောင်းက Amazon နဲ့ ချိတ်ပေးပါတယ်။  WhiteBoard မှာ Algorithms ရေးပြီး တနေကုန် ရှင်းပြ၊ အင်တာဗျူး ၆ ခါတိတိ ဖြေပြီးချိန်မှာတော့ Amazon က အလုပ်ရသွားလို့ Seatle ကို သွားရတာပါ။  စန်းထွန်းကတော့ P=NP ဆိုတာ ခုထိ နားမလည်နိုင်သေးတာပါ။ ကိုယ့်ရှေ့မှာ ချထားတဲ့ နာမည်ဘုတ်လေးတွေကို ကျောင်းသားတွေက ကာတွန်းလက်စွမ်းပြလေ့ ရှိပါတယ်။

ကမ္ဘောဒီးယားက ဆမ်နမ်ချန်ကတော့ Water the root, Enjoy the fruits. တဲ့
အီရတ်က ဖီရက်ကတော့ Algorithms ဆိုတာ နံရံပေါ်ကို မရမက ကုတ်ဖက်တက်နေရသလိုပါပဲတဲ့။ ထောင့်စွန်းနားက ကာတွန်းတွေကတော့ စန်းထွန်းလက်ရာပါ။
TM စတင်တည်ထောင်တဲ့ မဟာရီချီယောဂီပုံကို လက်စွမ်းပြထားတဲ့ ရာမား။


Distributed Computing (Web Application Architecture) သင်တာ ပရော်ဖက်ဆာ နာဂျစ်နာဂျစ် အီရတ်ကပါ။ လွန်ခဲ့သော ၃နှစ်လောက်က နာဂျစ်လည်း စန်းထွန်းတို့လို ကျောင်းသားပါ။ ဘာသာတိုင်းမှာ A ရလို့ ကျောင်းက Offer ပေးပြီး ဆရာခန့်ထားတာပါ။ Course မစခင် Welcome အီးမေးလ်နဲ့ Course အကြောင်း အသိပေးတတ်ပါတယ်။ ကျောင်းသားတယောက်ချင်းစီရဲ့ နာမည်ကို သိတာမို့ နာဂျစ်အတန်းမှာတော့ နာမည်ဘုတ်ကလေးတွေ မရှိပါဘူး။ အိပ်ချင်စိတ်များဟာ သူ့အသံကျယ်ကြီးကို ကြားလိုက်ရရင် ပျောက်ချင်းမလှပျောက်။ သူစာသင်ချိန်နေချိန်မှာ ကြိုက်တာလုပ်လို့ရပေမဲ့ ကြွက်နဲ့ မတည့်တဲ့ ဆရာက မောက်ကလစ်သံကိုတော့ လုံးဝခွင့်မပြုတာပါ။ မောက်ကလစ်နေတဲ့ ကျောင်းသားရဲ့ မောက်ကို ဆွဲဖြ ုတ်တာပါ။

မေးခွန်းမေးတိုင်း ကန်ဒီတွေ ပစ်ပေးတတ်ပါတယ်။ မေးခွန်းမမေးရ မနေနိုင်တဲ့ ပါကစ္စတန်အီဂျက်၊ အာနက် ၊ ဂျော်ဒန်ရမ်မီတို့ကတော့ တနေ့ကို ကန်ဒီ ၅ ခုလောက် ရတာပါ။ ဘေးမှာ ထိုင်တဲ့အီဂျက် က Course သာ ပြီးသွားရော မေးခွန်းမမေးလို့ကန်ဒီတခါမှ မရဖူးတဲ့ စန်းထွန်းကို ကန်ဒီတွေ ဝေလေ့ရှိပါတယ်။

မနက်တိုင်း Quizz တွေ ဖြေရပြီး အဖြေတွေကို ရှင်းပြတတ်ပါတယ်။ နားလည်သွားအောင် တကယ်သင်တာပါ။ တတ်ပြီးသားကျောင်းသားတွေက ပညာစမ်းလေ့ရှိသလို ဆရာနဲ့ ကျောင်းသား ပညာပြိုင်ကြတာလည်း ရှိပါတယ်။ တခါတလေများ အတန်းပြီးသွားရင် ဆရာ့အခန်းမှာ သွားငြင်းကြပါသေးတယ်။ ကျောင်းသားတွေကို တကယ်တတ်စေချင်တာပါ။ မေးခွန်းချင်းတူပေမဲ့ အတွေ့အကြုံ၊ ညဏ်ပညာပေါ် မူတည်ပြီး Grade လည်း ကွာပါတယ်။ အမှတ်ပေးပုံက Labs 10 ၊ Quizz 5 ၊ Etiquette (attendance & dress) 5 ၊ Midterm Programming 20 ၊ Midterm paper 20 ၊ Final Programming 20 ၊ Final paper 20 ။ ကျောင်းသားဆီက သင်ယူနေသလို တခုခု သိရရင်လည်း ဘယ်ကျောင်းသားဆီက သိရတာလို့ ရှယ်တတ်ပါသေးတယ်။

တော်တဲ့ ကျောင်းသား၂ယောက်ကို TA (Teaching Assistant) ခန့်ထားပြီး Homework တွေ၊ ကျောင်းသားတွေရဲ့ ပြသနာတွေ၊ နားမလည်တာတွေကို TA တွေက ဖြေရှင်းပေးရပါတယ်။ အတန်းတက်နောက်ကျတဲ့ ကျောင်းသား၊ Formal မဝတ်တဲ့ ကျောင်းသားဆို စာမေးပွဲမှာ A ရပေမဲ့ A မပေးပါဘူး။ Final exam တုန်းက မနက် ၉ ၄၅ ကတည်းက ဖြေလိုက်တာ ၁ နာရီသာ ထိုးရော မမှန်သေးပါဘူး။ ဆရာကို ပြလို့ ဆရာက ကျေနပ်ရင် သွားတော့လို့ ပြောပါတယ်။ စန်းထွန်းတို့ကိုတော့ သွားလို့ ခွင့်မပြုပါဘူး။ ရအောင်လုပ်တဲ့။ ညနေ၄ နာရီ ထိုးချိန်မှာတော့ ပြီးသမျှ ပြ၊ မပြီးသေးတဲ့ အပိုင်းကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ အိုင်ဒီယာ ပြောရပါတယ်။ ညကျရင် အီးမေးလ် ပို့လိုက်မယ်။ အီးမေးလ်ပေါ် မူတည်ပြီး မနက်ဖြန် ရေးဖြေစာမေးပွဲ လာဖြေရမယ်တဲ့။

နေ့လည်စာလည်းလွတ်ရုံမက B- ရနေလို့ မနက်ဖြန် ရေးဖြေစာမေးပွဲဖြေရမှာ သေချာသလောက်ပါပဲ။ ပင်ပန်းလွန်းလို့ ကျောင်းကိုမုန်း၊ အမေရိကားဆိုတာကြီးကိုလည်း မုန်းမိပါတယ်။ စလုံးမှာ နေတာအကောင်းသား။ ဘာလို့များ ဒီမှာ ဒုက္ခလာရှာတာပါလိမ့်။ သူငယ်ချင်းမရှိ၊ ရာသီဥတုက အေး၊ အစားအသောက်က မကောင်း။ မုန်းတယ်၊ မုန်းတယ်၊ အားလုံးကို မုန်းတယ်။

ည ၁၁နာရီမှာ နာဂျစ်ဆီက အီးမေးလ် လာပါတယ်။ ဘီရတယ်။ နက်ဖြန် စာမေးပွဲ လာဖြေစရာမလိုပါ။ အမှတ်ထပ်လိုချင်ရင်တော့ လာဖြေလို့ရပါတယ်တဲ့။ ရေးဖြေစာမေးပွဲပြီး နေ့လည်မှာတော့ Pizza Ranch မှာ မိတ်ဆုံစားပွဲ ရှိပါတယ်။ ဆရာ၊ တပည့်ကျောင်းသားတွေ တပျော်တပါး ဆင်နွှဲကြပါတယ်။ ကျောင်းသားတွေက ဆရာ့ကို ကျေးဇူးတင်သလို ဆရာကလည်း ဒီလိုမျိုး ကျောင်းသားတွေကို အမှတ်ရမှာပါ။ ပင်ပန်းသလောက် ပညာတွေ တိုးသလို ဒီလိုဆရာမျိုးနဲ့ဆို နောက်ထပ် ဘာသာတွေ သင်ချင်ပါသေးတယ်။

ကောလင်းကို ဝိုင်းသမနေကြစဉ်
Question Machine အာနက်ကို Teaching Machine နာဂျစ်က အချိုပွဲ ကျွှေးနေစဉ်



ပထမဆုံးအကြိမ် ကားမောင်းလိုင်စင်သွားဖြေတဲ့ စန်းထွန်းတယောက် အမြင်စစ်တော့ ဝါးနေပါတယ်။ ကဏ္ဏန်းတွေကို ပြူးပြဲကြည့် ဘေးမှာ လင်းတဲ့ Flash တွေကို မှန်အောင်ဖြေ။ လိုင်စင်ပလိတ်ပြားက ရှေ့နောက်မှားတပ်ထားလို့ ဖြုတ်ပြီး ပြန်တပ်၊ ကားအာမခံစာရွက်တောင်းလို့ အံဆွဲထဲကနေ ထွက်လာတာက ဂင်္ဂါ့စီဗွီ၊ ဆူနမ်တို့ အရင်အာမခံစာရွက်၊ အတင်းဖြဲရှာလို့ နောက်ဆုံးမှ ထွက်လာတာက အာမခံစာရွက်။ လိုင်စင်စစ်တဲ့ အန်တီကြီးက အံဆွဲရှင်းသင့်တယ်၊ မဆိုင်တာတွေ မထားသင့်ဘူးတဲ့။ စထွက်တော့ ညာကို ဆုတ်ချင်ရင် ဘယ်ကို စစ်ကနယ်ပြပြီး ဘယ်ကို စတီရင်ယာတိုင် ကွေ့ရမဲ့အစား ညာကို စစ်ကနယ်ပြပြီး ညာဖက်ကို စတီရင်ယာတိုင်ကွေ့တော့ အန်တီကြီးခမျာ လန့်ပြီး စတီရင်ယာတိုင်ကို ကူကွေ့ပေးပါတယ်။

လမ်းသွယ်ကနေ လမ်းမကြီးကို အတက် လုံးဝဘရိတ်အုပ်ပြီး လမ်းမကြီးက ကားကို စောင့်ပါတယ်။ ကားလုံးဝဘရိတ်မအုပ်ဘဲ အရှိန်လျှော့ပြီး လမ်းမကြီးက ကားတွေကို စောင့်တဲ့ အမ်းထရူး အဘမ်းခံရတယ်လို့ ဂင်္ဂါသင်တုန်းက ပြောထားတာကိုး။ အန်တီကြီးက Emergency Brake On နေလို့တဲ့။ Jefferson Building ကြီးကို တပတ်ပတ်ပြီး ပြန်လာချိန်မှာတော့ ၃ ပတ် ဘမ်းလိုက်ပါတယ်။ လိုင်စင်ဖြေဖို့ အဆင့်သင့် မဖြစ်သေးဘူး ၃ ပတ် ကျင့်ပြီးမှ ပြန်လာခဲ့တဲ့။

Rui ကတော့ ၃၀ စက္ကန့်အတွင်းမှာ တလ ဘမ်းခံလိုက်ရပါတယ်။ ကားစက်နှိုးပြီး နောက်ဆုတ်ချင်ရင် Reverse ဂီယာထိုးရမဲ့ အစား Drive ဂီယာထိုးလိုက်လို့ပါ။ Building တပတ်လေးတောင် မမောင်းလိုက်ရဘူး။  ၃ပတ် ဘမ်းခံရတဲ့သူ၊ ၁လ ဘမ်းခံရတဲ့သူ၊ ၂လ ဘမ်းခံရသူ၊ လိုင်စင်စစ်သူက ညာကွေ့လို့ ပြောပေမဲ့ ဘယ်ကွေ့လိုက်ပေမဲ့ တခါတည်းနဲ့ လိုင်စင်ရသွားတဲ့သူတွေနဲ့လိုင်စင်လောကရဲ့ သောင်းပြောင်းထွေလာတွေကတော့ ပြောလို့မကုန်နိုင်အောင်ပါပဲ။

၃ပတ် အဘမ်းခံရတဲ့ စန်းထွန်းကို နောက်နေ့မနက်စောစော SMS ပို့ပြီး ကွန်ဂရက်ကျူလေးရှင်းလုပ်လာတာက မိုင်း။ "Congratulations San San for banning 3 weeks." တဲ့။ Credit Card Reject ဖြစ်တဲ့ ဆူနမ်ကို စန်းထွန်းကလည်း "Congratulations Sunam for being rejected ur credit card." ဆိုတော့ ဆူနမ်က "San San, are u my true friend?" လို့ မေးပါတယ်။

ဟုတ်ကဲ့ ခင်ည ဂုဏ်ပြုထိုက်သည်များကို ဂုဏ်ပြုပါမှ သူငယ်ချင်းစစ်စစ် မည်ပါသည်...

စန်းထွန်း
နိုဝင်ဘာ ၅၊ ၂၀၁၁။

15 comments:

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

စန္းထြန္းရဲ႕စာေတြဖတ္ျပီး စန္းထြန္းသူငယ္ခ်င္းေတြအေၾကာင္းေတာင္ ေတာ္ေတာ္ေလး တီးမိေခါက္မိရွိလာျပီ...
ဘာဘဲျဖစ္ျဖစ္ ေက်ာင္းသားဘဝက ေပ်ာ္ဖို႕ေကာင္းတယ္ေနာ္... စန္းထြန္းတို႕ကိုၾကည္႔ျပီး ေက်ာင္းျပန္တက္ခ်င္စိတ္ေပါက္လာတယ္။ း)

Anonymous said...

ေတာင့္ထားစန္းထြန္းေရ။
က်န္းမာေရးေတာ့ဂရုုစိုုက္ တေယာက္ထဲျဖစ္ေနခ်ိန္မွာ။
သူမ်ားေတြကိုု ေပ်ာ္ရႊင္ေစတဲ့စန္းထြန္းလည္း ေပ်ာ္ရႊင္ရမွာပါ။
အိုုင္အိိုုရာ

စံပယ္ခ်ိဳ said...

စန္းထြန္းလက္ရာေတာ႔ မသိဘူးေနာ္ ရာမားရဲ႕
ပန္းခ်ီလက္ရာေတာ႔ၾကိဳက္သြားျပီလုိ႔
ေပ်ာ္စရာေကာင္းတဲ႔ဘ၀ေလး အျမဲပုိင္ဆုိင္ပါေစ
ခ်စ္တဲ႔ မၾကီးဂ်က္

ဟန္ၾကည္ said...

စန္းထြန္းရဲ႕စာေတြကိုဖတ္ရင္း ႏိုင္ငံတကာဗဟုသုတ ရပါေပ့ဗ်ား...အဖရိုေတြမွာ လိင္ခြဲျခားမႈ ျပင္းထန္တာေတာ့ အခုမွသိရတယ္...သူရို႕တေတြက ေပ်ာ္ေပ်ာ္ေနတတ္လြန္းလို႔ အင္မတန္သေဘာက်တာ...နီပါလီလို မေျပာရဘူးဆိုတာက်ျပန္ေတာ့ ေဒါကန္စရာ ေကာင္းသြားျပန္ေရာ...

ဦးဟန္ၾကည္လည္း ေက်ာင္းသားဘ၀ကို ျပန္ျပန္လြမ္းမိေနတာနဲ႔ပဲ စန္းထြန္းတို႔လို အေမရိကားလာၿပီး ေက်ာင္းဆက္တက္ရ ေကာင္းမလား စဥ္းစားေနမိတယ္...ေက်ာင္းသားဘ၀က စာၾကည့္ရတာ ပ်င္းေပမယ့္ ေက်ာင္းၿပီးျပန္ေတာ့လည္း စာမၾကည့္ဘဲေနရတာ အရသာပ်က္လြန္းတယ္...

ဆရာ Najeeb ရဲ႕ သင္ၾကားမႈ နည္းစံနစ္ေတြကိုေတာ့ သေဘာေတာ္ေတာ္က်သြားပါတယ္...စန္းထြန္းရဲ႕ပို႔စ္ေတြထဲမွာ ေတြ႕ရသမွ် ဆရာေတြမွာ ေလးစားစရာေကာင္းတဲ့ ႀကဳိးစားအားထုတ္မႈေတြ အျပည့္နဲ႔မို႔ ကံေကာင္းလြန္းၾကတဲ့ ေက်ာင္းသားေတြအတြက္ မုဒိတာ ပြားမိပါရဲ႕....etiquette ကိုပါ အမွတ္ေပးစနစ္ထဲမွာ ထည့္ေပးထားတာကိုက တစ္မ်ဳိးတစ္ဘာသာ အတုယူစရာ ေကာင္းေနျပန္ေရာ...

mstint said...

စာအေရးအသားေလးေတြ ေကာင္းတယ္စန္းစန္းေရ။
ဗဟုသုတေတြအတြက္လည္း ေက်းဇူးပါေနာ္။
ျပန္မေရာက္ႏိုင္ေတာ့တဲ့ ေက်ာင္းသားဘဝကို သတိရမိတယ္။ ဝယ္ယူလို႔မရတဲ့ ေပ်ာ္ရႊင္မႈေလးေတြေပါ့။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

Anonymous said...

စန္းထြန္းေရ..
မေန ့က ကိုုယ္ ေခ်ာေအာက္မွာ မန္ ့ခဲ့တယ္။ ဒီေန ့ျပန္လာၾကည့္ေတာ့ မေတြ ့ျပန္ဘူး။
....ေတာင့္ထားစန္းထြန္းေရ...လိုု ့မေန ့ကေရးခဲ့တာ။
အိုုင္အိုုရာ

San San Htun said...

ဟုတ္တယ္ အိုင္အိုရာေရ..မေန ့က စန္းထြန္း ေမးလ္မွာ ေတြ ့လိုက္တယ္..ဒါေပမဲ့ ဘေလာ့မွာ မေတြ ့ဘူး...ေနာက္ထပ္လာၿပီး မန္ ့ေပးတာ သိုင္းက်ဴးဗ်ား..

Rita said...

စန္းထြန္းအေရးအသားက တမ်ိဳးေလးပဲ။ အစက နာမည္ေရာ အေရးေရာေၾကာင့္ ေယာက္်ားေလး ထင္ေနတာ။

ေက်ာင္းတက္တုန္း စိတ္ဖိစီးလို႔ ဘယ္ေလာက္ေတာင္ စိတ္ညစ္ရတယ္ဆုိလည္း ၿပီးသြားေတာ့ ျပန္လြမ္းေနရမယ့္ အျဖစ္ေတြပါ။

ပို႔စ္ေတြ စိတ္ဝင္စားစရာေကာင္းတယ္။

rose said...

Come and read your post, sis. By the way, about fasting in Ramadan month, we can fast at least 12 hour a day if the countries's sunrise and sunset time is very long and quite abnormal. I fast in Sweden shorter hour. But we do not have that problem in Burma because of sunrise hours are in good times. Besides, people shouldn't not intend to swallow a lot of spit by relieving their thirst, this is the main purpose. Other than that, it's OK to swallow spit. Just sharing the knowledge. You can read about fasting if you are interested http://www.islam101.com/ramadan/

San San Htun said...

ပါကစၥတန္က Ijaz နဲ ့ Anas က သူတို ့ ေနထြက္ကေန ေနဝင္အထိ ဥပုသ္ေစာင့္တယ္ ၁၄ နာရီၾကာတယ္၊ တံေတြးေတာင္မ်ိဳလို ့ မရဘူးလို ့ ေၿပာလို ့...ရွင္းၿပေပးတာ သိုင္းက်ဴး ရို ့စ္...

Angelhlaing(May everybody be happy and healthy! said...

အၿဖဴစင္ဆံုးေသာ ေက်ာင္းသားဘဝေတြက ေပ်ာ္စရာေတြ အၿပည့္နဲ႕ေနာ္....အားက်စရာ....

ညိမ္းႏိုင္ said...

အဲ တေလာကအရႈပ္ေတြလုပ္ေနလို႔ ဒီပို႔စ္ေလးခုမွဖတ္ရ...
စန္းထြန္းထံုးစံ အလြဲေလးေတြ၊လြမ္းစရာေလးေတြနဲ႔
ရီေမာစရာပို႕စ္ေလး...၊ဆရာေတြကအေတာ္ ေတာ္ၾကတာ
ပဲေနာ့...၊

ညီလင္းသစ္ said...

ေက်ာင္းသားဘဝေတြက အၿမဲတမ္း ေပ်ာ္စရာ၊ စိတ္ညစ္စရာေတြ ဒြန္တြဲေနမွာပဲ ထင္တယ္ေနာ္..၊ စန္းထြန္းရဲ႕ သူငယ္ခ်င္းေတြ အေၾကာင္း၊ အတန္းေဖာ္ ေတြအေၾကာင္း ဖတ္ရတာ စိတ္ဝင္စားဖို႔ ေကာင္းတယ္၊ ေပါ့ေပါ့ပါးပါး ေရးဟန္နဲ႔ အလြဲေတြကလည္း ၿပံဳးခ်င္စရာ..။ း)

ျမေသြးနီ said...

သူငယ္ခ်င္းေတြနဲ႔ ေက်ာ္ျဖတ္ရတဲ့ အခ်ိန္ေတြကို ေရးထားတာ ဖတ္ရင္းနဲ႔ စြဲလာရတယ္။ စန္းထြန္းသူငယ္ခ်င္းေတြနဲ႔ေတာင္ ဖတ္ရင္း ရင္းႏွီးလာရၿပီ...။

San San Htun said...

ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းရဲ့စာတွေဖတ်ပြီး စန်းထွန်းသူငယ်ချင်းတွေအကြောင်းတောင် တော်တော်လေး တီးမိခေါက်မိရှိလာပြီ...
ဘာဘဲဖြစ်ဖြစ် ကျောင်းသားဘဝက ပျော်ဖို့ကောင်းတယ်နော်... စန်းထွန်းတို့ကိုကြည့်ပြီး ကျောင်းပြန်တက်ချင်စိတ်ပေါက်လာတယ်။ း)
November 6, 2011 at 12:56 AM
Anonymous said...
တောင့်ထားစန်းထွန်းရေ။
ကျန်းမာရေးတော့ဂရုစိုက် တယောက်ထဲဖြစ်နေချိန်မှာ။
သူများတွေကို ပျော်ရွှင်စေတဲ့စန်းထွန်းလည်း ပျော်ရွှင်ရမှာပါ။
အိုင်အိုရာ
November 6, 2011 at 12:58 AM
စံပယ်ချို said...
စန်းထွန်းလက်ရာတော့ မသိဘူးနော် ရာမားရဲ့
ပန်းချီလက်ရာတော့ကြိုက်သွားပြီလို့
ပျော်စရာကောင်းတဲ့ဘဝလေး အမြဲပိုင်ဆိုင်ပါစေ
ချစ်တဲ့ မကြီးဂျက်
November 6, 2011 at 2:02 AM
ဟန်ကြည် said...
စန်းထွန်းရဲ့စာတွေကိုဖတ်ရင်း နိုင်ငံတကာဗဟုသုတ ရပါပေ့ဗျား...အဖရိုတွေမှာ လိင်ခွဲခြားမှု ပြင်းထန်တာတော့ အခုမှသိရတယ်...သူရို့တတွေက ပျော်ပျော်နေတတ်လွန်းလို့ အင်မတန်သဘောကျတာ...နီပါလီလို မပြောရဘူးဆိုတာကျပြန်တော့ ဒေါကန်စရာ ကောင်းသွားပြန်ရော...

ဦးဟန်ကြည်လည်း ကျောင်းသားဘဝကို ပြန်ပြန်လွမ်းမိနေတာနဲ့ပဲ စန်းထွန်းတို့လို အမေရိကားလာပြီး ကျောင်းဆက်တက်ရ ကောင်းမလား စဉ်းစားနေမိတယ်...ကျောင်းသားဘဝက စာကြည့်ရတာ ပျင်းပေမယ့် ကျောင်းပြီးပြန်တော့လည်း စာမကြည့်ဘဲနေရတာ အရသာပျက်လွန်းတယ်...

ဆရာ Najeeb ရဲ့ သင်ကြားမှု နည်းစံနစ်တွေကိုတော့ သဘောတော်တော်ကျသွားပါတယ်...စန်းထွန်းရဲ့ပို့စ်တွေထဲမှာ တွေ့ရသမျှ ဆရာတွေမှာ လေးစားစရာကောင်းတဲ့ ကြိုးစားအားထုတ်မှုတွေ အပြည့်နဲ့မို့ ကံကောင်းလွန်းကြတဲ့ ကျောင်းသားတွေအတွက် မုဒိတာ ပွားမိပါရဲ့....etiquette ကိုပါ အမှတ်ပေးစနစ်ထဲမှာ ထည့်ပေးထားတာကိုက တစ်မျိုးတစ်ဘာသာ အတုယူစရာ ကောင်းနေပြန်ရော...
November 6, 2011 at 6:51 AM
mstint said...
စာအရေးအသားလေးတွေ ကောင်းတယ်စန်းစန်းရေ။
ဗဟုသုတတွေအတွက်လည်း ကျေးဇူးပါနော်။
ပြန်မရောက်နိုင်တော့တဲ့ ကျောင်းသားဘဝကို သတိရမိတယ်။ ဝယ်ယူလို့မရတဲ့ ပျော်ရွှင်မှုလေးတွေပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
November 6, 2011 at 12:19 PM
Anonymous said...
စန်းထွန်းရေ..
မနေ့က ကိုယ် ချောအောက်မှာ မန့်ခဲ့တယ်။ ဒီနေ့ပြန်လာကြည့်တော့ မတွေ့ပြန်ဘူး။
....တောင့်ထားစန်းထွန်းရေ...လို့မနေ့ကရေးခဲ့တာ။
အိုင်အိုရာ
November 6, 2011 at 1:14 PM
San San Htun said...
ဟုတ်တယ် အိုင်အိုရာရေ..မနေ့က စန်းထွန်း မေးလ်မှာ တွေ့လိုက်တယ်..ဒါပေမဲ့ ဘလော့မှာ မတွေ့ဘူး...နောက်ထပ်လာပြီး မန့်ပေးတာ သိုင်းကျူးဗျား..
November 6, 2011 at 3:05 PM
Rita said...
စန်းထွန်းအရေးအသားက တမျိုးလေးပဲ။ အစက နာမည်ရော အရေးရောကြောင့် ယောက်ျားလေး ထင်နေတာ။

ကျောင်းတက်တုန်း စိတ်ဖိစီးလို့ ဘယ်လောက်တောင် စိတ်ညစ်ရတယ်ဆိုလည်း ပြီးသွားတော့ ပြန်လွမ်းနေရမယ့် အဖြစ်တွေပါ။

ပို့စ်တွေ စိတ်ဝင်စားစရာကောင်းတယ်။
November 6, 2011 at 11:48 PM
rose said...
Come and read your post, sis. By the way, about fasting in Ramadan month, we can fast at least 12 hour a day if the countries's sunrise and sunset time is very long and quite abnormal. I fast in Sweden shorter hour. But we do not have that problem in Burma because of sunrise hours are in good times. Besides, people shouldn't not intend to swallow a lot of spit by relieving their thirst, this is the main purpose. Other than that, it's OK to swallow spit. Just sharing the knowledge. You can read about fasting if you are interested http://www.islam101.com/ramadan/
November 7, 2011 at 8:34 AM
San San Htun said...
ပါကစ္စတန်က Ijaz နဲ့ Anas က သူတို့ နေထွက်ကနေ နေဝင်အထိ ဥပုသ်စောင့်တယ် ၁၄ နာရီကြာတယ်၊ တံတွေးတောင်မျိုလို့ မရဘူးလို့ ပြောလို့...ရှင်းပြပေးတာ သိုင်းကျူး ရို့စ်...
November 7, 2011 at 9:07 AM
Angelhlaing(May everybody be happy and healthy! said...
အဖြူစင်ဆုံးသော ကျောင်းသားဘဝတွေက ပျော်စရာတွေ အပြည့်နဲ့နော်....အားကျစရာ....
November 8, 2011 at 11:02 AM
ညိမ်းနိုင် said...
အဲ တလောကအရှုပ်တွေလုပ်နေလို့ ဒီပို့စ်လေးခုမှဖတ်ရ...
စန်းထွန်းထုံးစံ အလွဲလေးတွေ၊လွမ်းစရာလေးတွေနဲ့
ရီမောစရာပို့စ်လေး...၊ဆရာတွေကအတော် တော်ကြတာ
ပဲနော့...၊
November 9, 2011 at 11:53 PM
ညီလင်းသစ် said...
ကျောင်းသားဘဝတွေက အမြဲတမ်း ပျော်စရာ၊ စိတ်ညစ်စရာတွေ ဒွန်တွဲနေမှာပဲ ထင်တယ်နော်..၊ စန်းထွန်းရဲ့ သူငယ်ချင်းတွေ အကြောင်း၊ အတန်းဖော် တွေအကြောင်း ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ပေါ့ပေါ့ပါးပါး ရေးဟန်နဲ့ အလွဲတွေကလည်း ပြုံးချင်စရာ..။ း)
November 10, 2011 at 7:15 PM
မြသွေးနီ said...
သူငယ်ချင်းတွေနဲ့ ကျော်ဖြတ်ရတဲ့ အချိန်တွေကို ရေးထားတာ ဖတ်ရင်းနဲ့ စွဲလာရတယ်။ စန်းထွန်းသူငယ်ချင်းတွေနဲ့တောင် ဖတ်ရင်း ရင်းနှီးလာရပြီ...။
November 11, 2011 at 5:39 AM