The day after NDP is ...



The day after Singapore National Day(NDP) is Magyi's birthday !
သြဂုတ် ၉ ရက်ကတော့ မလေးရှားကနေ ခွဲထွက်ပြီး စင်္ကာပူနိုင်ငံ စတင်ထူထောင်တဲ့နေ့၊ စင်္ကာပူနိုင်ငံရဲ့ မွေးနေ့ဖြစ်ပါတယ်။ ရုံးပိတ်ရက်ဖြစ်ပြီး အမျိုးသားနေ့ကို တခမ်းတနား ဆင်နွှဲကြပါတယ်။ သြဂုတ် ၁၀ ကတော့ မကြီးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မကြီးမွေးနေ့ကိုတော့ ဘလော့ကနေပဲ တခမ်းတနား ဆင်နွှဲလိုက်ပါတယ်။

ငယ်ငယ်တုန်းကအကြောင်း ပထမဆုံး မှတ်မိတဲ့အချိန်မှာ မကြီးဘေးနား ရောက်နေပြီ။ အဲဒီအချိန်မှာ မောင်မောင်က ဖေ၊မေ ကြားထဲမှာ အခန့်သား နှပ်နေတာပေါ့။ အိပ်တာကြမ်းလို့ ကုတင်ပေါ်ကနေ ပြုတ်ကြကတည်းက စန်းထွန်း နံရံနဲ့ မကြီးကြား အိပ်ရတော့တာပဲ။ ဘယ်သွားသွား မကြီးနောက် လိုက်ချင်ကြတဲ့ မောင်မောင်နဲ့ စန်းထွန်းကြောင့် မကြီးခမျာ အငယ်တွေတန်းလန်းနဲ့ ကောင်းကောင်း မဆော့ရဘူး။ မောင်မောင့်ကို ခါးထစ်ခွင်ချီ စန်းထွန်းကို လက်တွဲရလို့ ခါးမှာ ခုထိ မဲနေသေးတယ်။

ဇီးခြံသောင်ဖက် လမ်းလျှောက်သွားတဲ့ မကြီးနဲ့ မမာမာမင်းကို မြင်တော့ စန်းထွန်းက အသံပြဲနဲ့ ငိုယိုပြီး လိုက်ဖို့တောင်းတာ။ ချော့လို့မရတဲ့အဆုံး စန်းထွန်းကို ခေါ်သွား။ အလာတုန်းက ဒူးလောက်ရောက်တဲ့ ချောင်းက အပြန်မှာတော့ ကလေးအရပ်နဲ့ ရင်ခေါင်းရောက်နေပြီ။ အရပ်ရှည်တဲ့ မမာမာမင်းက စန်းထွန်းကို ပုခုံးပေါ်တင်ပြီး ချောင်းကို ဖြတ်ရတာ။ မေက ရေကတက်နေပြီ၊ ကလေးတွေလည်း မတွေ့တော့ စိတ်ပူလို့ ရှာတာ တရွာလုံး နှံ့နေပြီ။

နေမကောင်းတဲ့ မောင်မောင်က စန်းထွန်းတို့တွေ ကောက်ညှင်းပေါင်းစားလို့ စားချင်ပါသတဲ့။ မေ့ကို မပြောရင် ကျွေးမယ်ဆိုတော့ မောင်မောင်က ခေါင်းညိတ်ပါတယ်။ သူကတိတည်ပြီး မေ့ကိုမပြောပေမဲ့ အီးအီးပါတဲ့အခါ ကောက်ညှင်းမဲမဲတွေက ညာလို့မရတော့ အတီးခံရပါရောလား။ မကြီးနဲ့မေက ဒီလို ဆုတောင်းလေ့ရှိတယ်။ နောင်ဘဝဆက်တိုင်း အကြီးဆုံးမဖြစ်ရပါလို၏တဲ့။

ပုသိမ် အမှတ်၂ကျောင်းမှာလည်း စာတော်တဲ့ မကြီးညီမဆိုတော့ ဆရာမတွေက အားလုံးက ဂရုစိုက်ပါတယ်။ ရန်ကုန်မှာ ကျောင်းတက်ချင်တဲ့ မကြီးကြောင့်ပဲ စန်းထွန်းတို့တွေ ရန်ကုန်ရောက်ရတာပါ။ ရန်ကုန်ရောက်တော့လည်း ငယ်ငယ်တုန်းကလို နံရံနဲ့ မကြီးကြားမှာ အိပ်ရတာပါပဲ။ ဖေ၊မေက နယ်မှာ နေပြီး တလတခါ၊ စာမေးပွဲတွေရှိရင် ရန်ကုန်တက်လာပါတယ်။ ပိုက်ဆံကို ဖေ၊မေ ပေးပေမဲ့ မောင်နှမတွေအတွက် အစစအရာရာ မကြီးပဲ စီစဉ်ပေးတာပါ။

စန်းထွန်းဆို ငပျင်း။ မကြီးကြောင့်သာ သင်တန်းတွေ တက်ဖြစ်တာပါ။ ကိုယ့်ဘာသာဆို ဘာသင်တန်းမှ တက်ဖြစ်မှာ မဟုတ်။ အဝတ်အစားဆိုလည်း သင့်လျော်ရာ မကြီးက ဝယ်လာတာပဲ။ ဘာလိုချင်လဲတာ ပြောလိုက်။ အမကြီး အမိရာ။ ဖေ၊မေတို့က အလေးထားတဲ့၊ အမျိုးတွေအားလုံးက လေးစားရတဲ့၊ မောင်နှမတွေအားလုံးက လေးစားရတဲ့ မကြီးက ဘာမှာပြောစရာမရှိအောင် တော်ပါတယ်။

မကြီးဆို ချွေးမတော်ချင်သူတွေ အများသား။ မိဘအဝေးမှာပေမဲ့ မောင်နှမတွေကို ကောင်းကောင်းထိန်းကြောင်းနိုင်ပြီး အနေအထိုင် ဖြောင့်မတ်မှန်ကန်လို့တဲ့။ စန်းထွန်းဆို အမြင်ကတ်ရင် နှပ်တတ်သေးတယ်။ မကြီးကတော့ ဘယ်သူ့ကိုမှ မနှပ်၊ စကားကိုလည်း လေအေးအေးလေးနဲ့ ညင်ညင်သာသာလေး ပြောတာပါ။ အိမ်မှာဘယ်သူ့စကားမှ လက်မခံတဲ့ မောင်မောင်ကိုတော့ မကြီးပြောရင် ရတယ်။

စင်္ကာပူကိုလည်း မကြီးကြောင့်သာ ရောက်လာတာပါ။ ကိုယ့်ဘာသာဆို ရောက်ဖို့ ဝေး။ မေက စန်းထွန်း စင်္ကာပူကို လာတော့ အတော်ဝမ်းသာတာ မကြီးအဖော်ရပြီဆိုပြီး။ တကယ်လည်း အဖော်ရရုံမကပဲ တတွဲတွဲဖြစ်လွန်းလို့ သူငယ်ချင်းတွေနဲ့တောင် သိပ်မသွားဖြစ်ပါဘူး။ shopping သွားမယ်ဆိုရင်လည်း တခြားသူမလို၊ စောင့်စရာမလို၊ ညှိစရာမလို ကောက်သွားလိုက်ရုံပဲလေ။ စန်းထွန်းမလာခင်တုန်းက ညနေစာဆို အသီးအနှံ၊ နွားနို့သောက်ပြီး ပြီးတတ်ပေမဲ့ စန်းထွန်းရောက်လာတာနဲ့ အစားကြီးတဲ့ သူ့ညီမအတွက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးရင်း သူလည်း တီးဖြစ်ရော။

မော်ဒယ်ကိုယ်လုံးပိုင်ရှင် မကြီးက အဝတ်အစား စမတ်ကြသလို အမြဲတမ်း လှပနေတာပါ။ အိပ်နေပုံကအစ မော်ဒယ်ပုံလို့ ပြောကြတယ်။ စင်ဒီကရောဖို့နဲ့ တူတယ်လို့ ဆိုကြတယ်။ သူငယ်ချင်း ကောင်းကောင်း၊ ကိုစိုင်း၊ အောင်ကြီးတို့ဆို စန်းထွန်းကိုတွေ့ရင် မကြီးနေကောင်းလား မေးရတာ အမော။ ငါ့နှယ်နော် ငါက မစွံဘဲ မကြီးကတော့ စန်းထွန်းသူငယ်ချင်းတွေကြားထဲလည်း စန်းပွင့်နေတာ။

စန်းထွန်းတို့နှစ်ယောက်ကို ရွယ်တူလို့ ထင်ကြတယ်။ ကိုယ်ကပဲ ရင့်နေတာလား သူကပဲ နုနေတာလား။ စန်းထွန်းကတော့ ရုပ်ရှင်ကြည့်ရင် မင်းသားမင်းသမီး မငိုရသေးဘူး စန်းထွန်းက ငိုနေပြီ။ ထစ်ခနဲရှိ မျက်ရည်ကအရင်။ မကြီးကတော့ မျက်ရည်ကျခဲတာပါ။ မျက်ရည်ကျခဲတဲ့ မကြီး စန်းထွန်း အမေရိကားလာတော့ ငိုတယ်ဆိုတော့ သိရတော့ ကျေနပ်မိသေးတယ် း) ။

စိတ်ဓာတ်တွေ ကျတိုင်း၊ ဝမ်းနည်းအားငယ်မိတိုင်း မကြီးဆီက စိတ်ဓာတ်ခွန်အားတွေ ရတာပါ။ အဝေးကြီးမှာ ရောက်နေပေမဲ့ ကိုယ့်ကို ချစ်တဲ့ ဖေ၊မေ၊မကြီး၊မောင်မောင်၊ သူငယ်ချင်းတွေ ရှိတယ်ဆိုရုံနဲ့တင် စိတ်ထဲပျော်ရွှင်ကျေနပ်ရပါတယ်။ မိဘအပေါ် သိတတ်လိမ္မာတဲ့၊ မောင်နှမတွေကို ချစ်ပြီး စောင့်ရှောက်တဲ့ မကြီးကို သတိရမိသလို ဘာမှ မလုပ်တတ်၊ ဟင်းညာညာချက်ခိုင်း၊ တခါတလေ စိတ်ကောက်တတ်ပြီး ရန်ထောင်၊ အနိုင်ကျင့်တတ်တဲ့ သူ့ညီမလေးကိုလည်း မကြီး သတိရနေမှာပါ။

ခြိုးခြံချွှေတာနေရတဲ့ ကျောင်းသူမို့လို့ မွေးနေ့လက်ဆောင်ကို နောင်နှစ်မှပဲ ပေါင်းပေးတော့မယ်နော် း) ။ ချစ်ရပါသော မကြီးတယောက် မွေးနေ့မှသည် ပျော်ရွှင်ကြည်နှုးစရာကောင်းသော ဘဝလေးကို ပိုင်ဆိုင်ပါစေ။ ဆန္ဒတွေလည်း တလုံးတဝတည်း ပြည့်ပါစေလို့။ ချစ်စရာကောင်းတဲ့ တူလေး၊ တူမလေးတွေ အမြန်ဆုံး မွေးပေးပါစေ း) ။



မွေးနေ့လက်ဆောင်။ ဈေးအကြီးဆုံးကို ပေးလိုက်စမ်းမယ်။ ဒီတခါတော့ ပိုက်ဆံကို သိပ်မစဉ်းစားတာ့ဘူး။ ကြိုက်တဲ့ဒီဇိုင်းကို ဆွဲယူလိုက်ပြီး ပေးလိုက်တယ် းP ။
မကြီးနဲ့ နှစ်ယောက်တွဲ ပုံလေးတွေကို အမှတ်တရ တင်လိုက်ပါတယ်။ သိနေတယ်နော် သိနေတယ် ပြောကြတော့မှာ မကြီးက ပိုလှတယ်လို့။






ဒီပုံကတော့ အမေရိကားကို လာတဲ့နေ့က လေဆိပ်မှာ ရိုက်ထားတဲ့ပုံ။ နောင် ဘယ်တော့များမှ မကြီးနဲ့ဓာတ်ပုံ အတူတူ တွဲရိုက်ခွင့် ကြုံမှာပါလိမ့်။

စန်းထွန်း
သြဂုတ် ၉၊ ၂၀၁၁။

8 comments:

Ma Nyein said...

အခုမွ ေတြ႕မိတယ္။ စန္းထြန္းက FB တင္မကေတာ့ပဲ blog ေတြေတာင္ေရးေနပီ။ လာဖတ္သြားတယ္ေနာ္ :)

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

စန္းထြန္းမွာ ဒီလိုအစ္မတစ္ေယာက္ရွိတာ ဂုဏ္ယူစရာဘဲေနာ္
ညီမရဲ႕ မၾကီး ေမြးေန႕မွာ ေပ်ာ္ရႊင္ပါေစ
စိတ္ခ်မ္းသာကိုယ္ခ်မ္းသာနဲ႔ ဆႏၵအားလံုးျပည္႕ပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္

Baby taster said...

စန္းထြန္း ခ်စ္တဲ့ အမၾကီးေရ ....
ဒီေမြးေန႔ကစျပီး ထာ၀ရေပ်ာ္ရႊင္ႏိုင္ပါေစ
မၾကီးကို အရမ္းခ်စ္တတ္တဲ့ ညီမေလးရထားတာလည္း
ဂုဏ္ယူစရာေကာင္းပါတယ္ း) ဒါနဲ႔ မၾကီးကိုပဲ ၾကိဳက္မဲ့လူမ်ားတယ္ဆိုျပီး အားမငယ္နဲ႔သိလား
ကိုယ္ သားေလးေမြးရင္ ေပးစားမယ္ း) ျမင့္မုိရ္ေတာင္ေလးသာ ရြက္ေနလိုက္ ဟဟ း)
ေနာက္တာ အတည္ း)

စံပယ္ခ်ိဳ said...

jasmine လဲအမလုိခ်င္လုိက္တာေနာ္....
သူမ်ားေမာင္ႏွမေတြေတြကုိအားက်လုိက္တာ
၂ေယာက္လုံးခ်စ္ဖုိ႔ေကာင္းတယ္.....
တစ္မ်ဳိးစီေပါ႔။အမတစ္ေယာက္ရဲ့
ေမြးေန႕မွာ ေပ်ာ္ရႊင္ပါေစရွင္။ ။

rose said...

မိသားစု၊ ညီအစ္မ အႀကားမွာ ရွိတ့ဲ ခ်စ္ျခင္းေမတၱာဘြဲ႔ ပို႔စ္ေလး ဖတ္ျပီး ႀကည္ႏူးမိပါတယ္။ စန္းထြန္းက တီရွပ္ အကႌ်ေလးနဲ႔ တစ္ေယာက္လား။ ညီအစ္မ ႏွစ္ေယာက္စလုံး ေခ်ာပါတယ္။ မ်က္ႏွာလည္း ေတာ္ေတာ္ဆင္တယ္ေနာ္။

Iora said...

ညီမေလးေရာ မမေရာ ေခ်ာပါတယ္။ ဒုုိ ့လည္းမမကိုုသတိရသြားျပီ။
စန္းထြန္းရဲ ့မၾကီးေမြးေန ့မွာေပ်ာ္ရႊင္ပါေစလိုု ့....
အိုုင္အိုုရာ

San San Htun said...

မၿငိမ္းတေယာက္ စန္းထြန္းကို ရွာေဖြေတြ ့ရိွသြားၿပီ စာလာဖတ္မဲ့သူတေယာက္ တိုးၿပီ း)။ ေခ်ာရဲ ့ဆုေတာင္း တလံုးတဝတည္း ၿပည့္ေစသတည္း းD ။ မေဘဘီ သားေလးေမြးရင္ ေယာကၡမေတာ္မွာေနာ္။ UCSY တက္တုန္းက သူ ့အတန္းမတက္ေပမဲ့ roll call လက္္မွတ္ထိုးဖို ့ လက္္ယပ္ၿပီးေခၚေပးတဲ့ ဆရာ သားေလးေမြးၿပီးကတည္းက စန္းထြန္းတို ့ေတြ ဆရာ့ကို ေတြ ့တိုင္း ေယာကၡမၾကီးလို ့ ေအာ္ေတာ့တာပဲ။ သားရွင္မ်ား သတိထားေတာ္မူပါ။ ကိုညီလင္းသစ္ သားေလးက ခ်စ္စရာေလး အဟမ္း အဟမ္း။ အတည္ ေနာက္တာေနာ္ း)။ jasmine အမလိုခ်င္ေနတာလား ကိုယ့္အလွည့္မွာ မရခဲ့သမွ် ကိုယ့္သားသမီးအလွည့္က်မွ ေမြးပစ္လိုက္ အၿမႊာပူးေလးေတြ း)။ မရိုစ္ ့ ခန္ ့မွန္းတာမွန္ရင္ မုန္ ့ေကႊ်းမယ္ း)။ အိုင္အိုရာ ေခ်ာတယ္လို ့ ေၿပာတဲ့အတြက္ မ်ားမ်ားစားသြားေနာ္ တို ့ေက်ာင္းရဲ ့ နာမည္ေက်ာ္ ေအာ္ဂင္းနစ္ အစားအစာေတြကို းP ။

San San Htun said...

Ma Nyein said...
အခုမှ တွေ့မိတယ်။ စန်းထွန်းက FB တင်မကတော့ပဲ blog တွေတောင်ရေးနေပီ။ လာဖတ်သွားတယ်နော် :)
August 10, 2011 at 4:39 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းမှာ ဒီလိုအစ်မတစ်ယောက်ရှိတာ ဂုဏ်ယူစရာဘဲနော်
ညီမရဲ့ မကြီး မွေးနေ့မှာ ပျော်ရွှင်ပါစေ
စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဆန္ဒအားလုံးပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
August 10, 2011 at 4:58 AM
Baby taster said...
စန်းထွန်း ချစ်တဲ့ အမကြီးရေ ....
ဒီမွေးနေ့ကစပြီး ထာဝရပျော်ရွှင်နိုင်ပါစေ
မကြီးကို အရမ်းချစ်တတ်တဲ့ ညီမလေးရထားတာလည်း
ဂုဏ်ယူစရာကောင်းပါတယ် း) ဒါနဲ့ မကြီးကိုပဲ ကြိုက်မဲ့လူများတယ်ဆိုပြီး အားမငယ်နဲ့သိလား
ကိုယ် သားလေးမွေးရင် ပေးစားမယ် း) မြင့်မိုရ်တောင်လေးသာ ရွက်နေလိုက် ဟဟ း)
နောက်တာ အတည် း)
August 10, 2011 at 5:15 AM
စံပယ်ချို said...
jasmine လဲအမလိုချင်လိုက်တာနော်....
သူများမောင်နှမတွေတွေကိုအားကျလိုက်တာ
၂ယောက်လုံးချစ်ဖို့ကောင်းတယ်.....
တစ်မျိုးစီပေါ့။အမတစ်ယောက်ရဲ့
မွေးနေ့မှာ ပျော်ရွှင်ပါစေရှင်။ ။
August 10, 2011 at 5:16 AM
rose said...
မိသားစု၊ ညီအစ်မ အကြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာဘွဲ့ ပို့စ်လေး ဖတ်ပြီး ကြည်နူးမိပါတယ်။ စန်းထွန်းက တီရှပ် အင်္ကျီလေးနဲ့ တစ်ယောက်လား။ ညီအစ်မ နှစ်ယောက်စလုံး ချောပါတယ်။ မျက်နှာလည်း တော်တော်ဆင်တယ်နော်။
August 10, 2011 at 8:28 AM
Iora said...
ညီမလေးရော မမရော ချောပါတယ်။ ဒို့လည်းမမကိုသတိရသွားပြီ။
စန်းထွန်းရဲ့မကြီးမွေးနေ့မှာပျော်ရွှင်ပါစေလို့....
အိုင်အိုရာ
August 11, 2011 at 2:50 AM
San San Htun said...
မငြိမ်းတယောက် စန်းထွန်းကို ရှာဖွေတွေ့ရှိသွားပြီ စာလာဖတ်မဲ့သူတယောက် တိုးပြီ း)။ ချောရဲ့ဆုတောင်း တလုံးတဝတည်း ပြည့်စေသတည်း းD ။ မဘေဘီ သားလေးမွေးရင် ယောက္ခမတော်မှာနော်။ UCSY တက်တုန်းက သူ့အတန်းမတက်ပေမဲ့ roll call လက်မှတ်ထိုးဖို့ လက်ယပ်ပြီးခေါ်ပေးတဲ့ ဆရာ သားလေးမွေးပြီးကတည်းက စန်းထွန်းတို့တွေ ဆရာ့ကို တွေ့တိုင်း ယောက္ခမကြီးလို့ အော်တော့တာပဲ။ သားရှင်များ သတိထားတော်မူပါ။ ကိုညီလင်းသစ် သားလေးက ချစ်စရာလေး အဟမ်း အဟမ်း။ အတည် နောက်တာနော် း)။ jasmine အမလိုချင်နေတာလား ကိုယ့်အလှည့်မှာ မရခဲ့သမျှ ကိုယ့်သားသမီးအလှည့်ကျမှ မွေးပစ်လိုက် အမြွှာပူးလေးတွေ း)။ မရိုစ့် ခန့်မှန်းတာမှန်ရင် မုန့်ကွျှေးမယ် း)။ အိုင်အိုရာ ချောတယ်လို့ ပြောတဲ့အတွက် များများစားသွားနော် တို့ကျောင်းရဲ့ နာမည်ကျော် အော်ဂင်းနစ် အစားအစာတွေကို းP ။
August 11, 2011 at 7:53 PM