15 January 2020

ပီရူးသွား တောလား - ၃

၂၀၁၉ နိုဝင်ဘာ ၁ သောကြာနေ့ မနက် ၄ နာရီခွဲထ မနက် ၅ နာရီ ၁၀ မိနစ် လက်ကေ့အိတ်တွေကို ချက်ကောက်လုပ်။ ၅ မိနစ်လောက် လမ်းလျှောက်ပြီးတဲ့အခါ မနက် ၅ နာရီတောင် မခွဲသေးဘူး ကားဂိတ်မှာ လူတန်းကြီးက အရှည်ကြီး။ အမ်မလေး … တိုးဂိုက်ပြောတာမှန်တယ် မက်ချူးပီချူးကို တနေ့လူ ၅၆၀၀ တက်ခွင့်ပြုတယ်။ လူ ၅၀၀၀ လောက်က ဘတ်စ်ကားနဲ့တက်မှာ အစောကြီးသွားတန်းစီဖို့ လိုတယ်တဲ့။ မက်ချူးပီချူးကို ဘတ်စ်ကားနဲ့သွားလို့ရသလို Inca Trail အင်ကာတောင်တက်လမ်းကနေ သွားလို့ရတယ်။ ဘတ်စ်ကားနဲ့ဆိုရင် နာရီဝက်ကြာပြီး တောင်တက်မယ်ဆိုရင် တနာရီခွဲကြာမယ်။ မနက် ၄ နာရီခွဲ တောင်စတက်မှ မက်ချူးပီချူးမှာ နေထွက်တာကို မြင်ရမယ်တဲ့။ သူများတွေ တောင်တနာရီခွဲတက်ရမယ်ဆိုရင် ကိုယ်တို့က သုံးနာရီလောက်တက်ရမှာမို့ တောင်တက်ဖို့ လုံးဝစိတ်မကူးဘူး။ ပြီးတော့ high altitude sickness ကြောင့် မောပန်းနွမ်းနယ် လမ်းတောင်ဖြေးဖြေး လျှောက်နေရတာ။ ကားဂိတ်မှာ တိုးဂိုက်က လာနှုတ်ဆက်တယ်။ တောင်တက်လမ်းက အကွေ့အကောက်များတယ်။ မက်ချူးပီချူးဂိတ်ဝမှာ တိုးဂိုက်တယောက်က စောင့်နေတယ်။ အဝင်ကအိမ်သာကို ဝင်ကြတယ် ဘယ်အချိန်ကျမှ အိမ်သာရှိမယ်မှန်း မသိဘူး။ အိမ်သာတွေ့တုန်း မပေါက်ချင်လည်း ဖြစ်ညှစ်ပေါက်ထားမှ။ တောင်အမေရိကထုံးစံအတိုင်း အဝင်ဝမှာ ပိုက်ဆံပေးရင် တစ်ရှူးပေးတယ်။ ကျူးဘားခရီးတုန်းက ဆူနမ်က အိမ်သာတစ်ရှူးလိပ် သယ်လာတယ်။ ခုတောင်အမေရိကခရီးစဥ◌်မှာ ကိုယ်က တစ်ရှူးလိပ် သယ်လာတယ်။ မနေ့က Sacred Valley တိုးမှာပါတဲ့ အိန္ဒိယမိသားစု၊ ဘရာဇီးကောင်လေးနဲ့ ပြန်ဆုံတယ်။ အင်ကာလူမျိုးတွေအကြောင်း ဓာတ်ပုံနဲ့တကွ ရှင်းပြတယ်။ ဓာတ်ပုံရိုက်လို့ ကောင်းမဲ့နေရာတွေကို ရှာဖွေဓာတ်ပုံရိုက်ဖို့ပဲ အာရုံရောက်နေတော့ ရှင်းပြတာတွေကို အကုန်မမှတ်မိဘူး။ ဓာတ်ပုံရိုက်ဖို့ အချိန်ပေးလိုက်ရင် အပြေးအလွှား အလုအယက် ဓာတ်ပုံရိုက်ရတယ်။ ၂ နာရီပြီးတဲ့အခါ ကိုယ့်ဘာသာ လည်ပတ်လို့ရတယ်။ မက်ချူးပီချူးက လည်လို့ရတဲ့နေရာ အကုန်လည်ပြီး ဓာတ်ပုံပတ်ရိုက်တယ်။ ဟိုတောင်ပေါ်တွေကို တက်လို့ရတယ် မတက်နိုင်တော့ပါဘူး။ မက်ချူးပီချူးတောင်က လူတယောက်ရဲ့ မျက်နှာဘေးတစောင်းကို မြင်ရတဲ့အတိုင်းပဲ။ မတ်စောက်တဲ့တောင်တန်းတွေ။ တိမ်တွေလွင့်မျောနေတာ အိမ်မက်ထဲရောက်နေသလိုပဲ။ တကယ့်ကို ထူးခြားလှပတဲ့နေရာ ဒါကြောင့်လည်း မက်ချူးပီချူးဟာ ကမ္ဘာ့ထူးခြားဆန်းပြား ၇ ခုထဲမှာ ပါဝင်တာပဲ။ မက်ချူးပီချူးတောင် ဓာတ်ပုံတွေ့တုန်းက မက်ချူးပီချူးမှန်းမသိဘူး အဲ့ဒီနေရာကို သွားလည်ချင်လိုက်တာလို့ တွေးမိတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အခါ အဲ့ဒီနေရာကို ရောက်တော့တာပဲ။ စိတ်ကူးယာဥ◌်ပါ တနေ့မဖြစ်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ ဗိုက်ဆာတဲ့အခါ ပါလာတဲ့ အစေ့အနှံလေးတွေ စားကြတယ်။

ကိုယ်က အနီရောင်ဝတ်ထားတော့ ဓာတ်ပုံထဲမှာ အရမ်းပေါ်လွင်တယ်။ အပြင်မှာတော့ အတော်ကြောင်တောင်တောင် နိုင်တာပေါ့လေ။ ဘိုတွေဆိုရင် အဲ့ဒီလိုအနီရောင်ဝတ်ဖို့ ဘယ်တော့မှ စိတ်ကူးမှာမဟုတ်ဘူး။ အပြင်မှာ ကြောင်တောင်တောင်နိုင်ပေမဲ့ ဓာတ်ပုံထဲမှာပေါ်ဖို့ အဓိက။ ဓာတ်ပုံတွေ မပြီးနိုင်မစီးနိုင် ရိုက်နေသူတွေ ကြည့်လိုက်ရင် အေးရှန်းနဲ့လက်တီနိုတွေ။ ဘိုတွေက ရှုခင်းတွေခံစား သမိုင်းကြောင်းတွေဖတ် ဓာတ်ပုံနည်းနည်းပဲရိုက်တယ်။ ရိုက်ရင်လည်း သူတို့ပါတာနည်းတယ် ရှုခင်းပုံကများများ။ ကိုယ်တွေက‌‌‌တော့ ရှုခင်းပုံကနည်းနည်း ကိုယ့်ပုံကများများ။ ရောက်တုန်းလေး ဓာတ်ပုံရိုက်ရတာ ဓာတ်ပုံရိုက်ဖို့အဓိက ရှုခင်းကနောက်မှ ခံစားတယ်ဆိုတာမျိုး။ တိုးဂိုက်က ရှင်းပြနေတုန်း ကိုယ့်ကိုရှေ့ထွက်ခိုင်းတော့ အူကြောင်ကြောင်ဖြစ်သွားတယ်။ ကိုယ့်ဆွယ်တာအင်္ကီျမှာပါတဲ့ အရုပ်လေးတွေက အင်ကာလူမျိုးတွေရဲ့ အမှတ်အသားနဲ့ ဆင်တယ်လို့ရှင်းပြတယ်။ တိုးဂိုက်ကို တစ်ဖ်များများပေးလိုက်တယ်။ တောင်ထိပ်ရောက်တဲ့သူက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်တဲ့အခါ လူတချို့က အော်ဟစ်ကောင်းချီးပေးကြတယ်။ တယောက်တည်းလာတဲ့ ဘရာဇီးကောင်လေးက ဓာတ်ပုံရိုက်ခိုင်းတော့ ကိုယ်တို့တွေ ရိုက်ပေးကြတယ်။ မက်ချူးပီချူးဂိတ်ပေါက်ကနေ ထွက်လိုက်ရင် ပြန်ဝင်ဖို့ လက်မှတ်ထပ်ဝယ်ရမှာဆိုတော့ မထွက်ခင်တဝလည်ကြတယ်။ အထွက်မှာ အိမ်သာထပ်ဝင်ကြတယ်။ အင်ကာထရေးလမ်းကိုရှာတော့ လူတွေအများကြီး ဆင်းသွားတာ အင်ကာထရေးလမ်းဖြစ်မယ်။ အင်ကာထရေးက ၄ ရက်သွားရတယ် အင်မတန်ခက်ခဲပင်ပန်းတယ်။ ၆ လလောက် ကြိုတင်ဘွတ်ကင်းလုပ်ရတယ် အထမ်းသမားတွေက ပစ္စည်းသယ်ပေးတယ်။ ကိုယ်ကတောင်တက်ရုံပဲ ဒီတသက်တော့ အင်ကာထရေးလမ်းကနေ တောင်တက်နိုင်မယ်မထင်ဘူး။ လမ်းတဝက်လောက်ရောက်တော့မှ မက်ချူးပီချူးဂိတ်ဝမှာ ပတ်စ်ပို့ပေါ် တံဆိပ်တုံးထုဖို့ သတိရတယ်။ အမှတ်တရ souvenir အဖြစ်ပေါ့ လမ်းတဝက်ရောက်နေပြီဆိုတော့ ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး။ ဝိုင်းက သတိရတယ် သူ့ပတ်စ်ပို့စာအုပ်မှာ စာရွက်တရွက် အကုန်မခံချင်လို့တဲ့။ သူကတော့ ဟုတ်တာပေါ့လေ ခရီးအများကြီးသွား ကမ္ဘာပတ်နေတဲ့သူဆိုတော့ ပတ်စ်ပို့စာရွက်တရွက် ဘယ်အကုန်ခံချင်ပါ့မလဲ။ ကိုယ့်ပတ်စ်ပို့စာအုပ်မှာက စာရွက်လွတ်တွေ အများကြီး အမှတ်တရလိုချင်တာပေါ့။ မက်ချူးပီချူးရောက်ရင် အထွက်မှာ ပတ်စ်ပို့စ်ကို တံဆိပ်တုံးထုဖို့ မမေ့ပါနဲ့ လိုချင်ရင်ပေါ့လေ။ တောင်ဆင်းလမ်းက တကယ့်ကို မတ်မတ်ကြီး တက်လာတဲ့သူတွေကို မေးကြည့်တော့ တနာရီလောက်တက်ရတယ် အဆင်းဆိုရင် မိနစ် ၄၀ လောက်ပဲတဲ့။ ဟမ်မလေး … ဘယ်ကမိနစ် ၄၀ ကမလဲ တနာရီ ၄၅ မိနစ် ၂ နာရီနီးပါး ဆင်းယူရတယ်။ ရောက်ပြီထင်လို့ကြည့်လိုက် ထပ်ဆင်းရပြန်ပြီ ဆင်း…ဆင်း။ မြေပုံနဲ့ အမှတ်တရ ဓာတ်ပုံရိုက််တော့ ဖိလစ်ပိုင်လင်မယားနဲ့ဆုံတယ်။

Three Musketeers


တောင်အမေရိကခရီးမှာ အေးရှန်းတွေ့ရနည်းတယ်။ ကိုရီးယားနဲ့ဂျပန် တိုးရစ်များတယ် ဗီယက်နမ်ကတော့ သိကြတယ်။ မြန်မာဆိုတာမသိ ကြားတောင်မကြားဘူးလို့ပြောတော့ စိတ်မကောင်းလိုက်တာ။ ကိုယ့်နိုင်ငံကို လူတိုင်းသိလေးစားအထင်ကြီး အားကျရတဲ့နိုင်ငံ ဖြစ်စေချင်တယ်။ တံတားကိုရောက်တဲ့အခါ ရောက်ပြီလို့ထင်တာ မရောက်သေးဘူး ခြေကုန်လက်ပန်း ကျနေပြီ။ ကိုယ်နဲ့အတူ ဆင်းတဲ့သူတွေက မြန်လိုက်တာ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။ ဝိုင်းက လမ်းမှားနေပြီထင်နေလို့ ကြည့် … တောင်တက်ကားတွေက ဒီလမ်းကနေ သွားနေတာ မမှားပါဘူးကွ။ ဘေးနားက ဖြတ်သွားတဲ့ကောင်မလေးကို မေးကြည့်တော့ လမ်းမှန်တယ်တဲ့။ သူက မက္ကဆီကန် ဗီယက်နမ်ကို ရောက်ဖူးတယ်တဲ့။ သူလည်း ကိုယ်တို့ကို ကျော်တက်သွားတာပဲ။ ကိုယ့်ကိုကိုယ် သာမန်လူတွေထက် ကြံ့ခိုင်တယ်ထင်နေတာ ဘယ်ကသာ ကိုယ်တွေက အတော်နှေးကွေးနောက်ကျ ကျန်းမာကြံ့ခိုင်မှု မရှိဘူးဆိုတာ သဘောပေါက်သွားတယ်။ လမ်းမှာတွေ့တဲ့သူတွေကို မေးကြည့်တော့ ဟိုမှာရွာလေတဲ့။ ကိုယ်ထင်တာမှန်တယ် ဒီလိုရွာသေးသေးလေးမှာ လမ်းတလမ်းပဲ ရှိမယ်ဆိုတာ။ ရွာရောက်တော့ နေ့လည် ၂ နာရီ ထိုင်နား ထမင်းဆိုင်ရှာကြတုန်း ကိုယ့်ကင်မရာအဖုံးက မြောင်းထဲကျသွားတယ်။ ကင်မရာအဖုံးကို မြင်ရပေမဲ့ မြောင်းပေါ်မှာ သံဇကာရှိလို့  မလို့မရ ကောက်လို့မရဘူး။ ရှိပါစေတော့ အသစ်ဝယ်လိုက်မယ်လို့ တွေးနေတာ ဘေးနားကအန်တီကြီးက လာကူပေးတယ်။ မလို့မရဘူးဆိုတာသိတော့ ဝန်ထမ်းကို သွားပြောပေးတယ်။ ဝန်ထမ်းက လာကူပေးလို့ ပြန်ရတယ်။ စိတ်ကောင်းစေတနာကောင်း ကူညီတတ်တဲ့လူတွေကြောင့် စိတ်ချမ်းမြေ့ရပါတယ်။ ဝိုင်းက ဘလော့ဂါတွေညွှန်းတဲ့ ငါးဟင်းချိုစားချင်လို့ ဝန်ထမ်းကိုမေးကြည့်တာ မသိဘူး။ ကောင်းတဲ့ဆိုင်ညွှန်ပါဆိုတော့ အကုန်ကောင်းတယ်တဲ့။ ပတ်ကြည့်နေကြတုန်း ဆိုင်တဆိုင်ရှေ့ရောက်တော့ ဟန်က လမ်းဆက်မလျှောက်နိုင်တော့ဘူးဆိုတာနဲ့ ဝင်စားကြတယ်။ ကိုယ်နဲ့ဝိုင်းက ငါး ဟန်က အမဲသား ရှယ်စားကြတယ်။ နေ့လည်စာနဲ့ညစာ ပေါင်းစားကြတယ်။ ရွာလေးက သေးသေးလေး မက်ချူးပီချူးတောင်ခြေဆိုတော့ အစစအရာရာ စေ◌ျးကြီးတယ်။ ဆွယ်တာအင်္ကီျဝယ်မလားလို့ ကြည့်တာ အရောင်မကြိုက်၊ အဆင်မကြိုက်၊ ကြိုက်ပြန်တော့လည်း ဆိုဒ်မရှိနဲ့ ဘာမှမဝယ်ဖြစ်ဘူး။ တရွာလုံးအနှံ့ပတ်တယ်လို့ ပြောလို့ရတယ်။ ည ၇ နာရီကျတော့ ဟိုစတယ်ကနေ ချက်ကောက်လုပ်ပြီး ရထားဘူတာရုံရှာတာ မြေပုံကျွှမ်းတဲ့ကိုယ်တောင် လည်ထွက်တယ်။ မေးမြန်းတော့ မက်ချူးပီချူးဘတ်စ်ကားဂိတ်နားက တောင်ကုန်းပေါ်တက်။ လှေကားထစ်တွေဆိုတော့ ဟိုက်နေအောင် တက်ရတယ်။ အပေါ်ရောက်‌ောတ့ စေ◌ျးတန်းကိုမေးလိုက် လက်ညှိုးညွှန်ရာလျှောက် ထပ်မေးလိုက် လျှောက်လိုက် မေးလိုက် လျှောက်လိုက် အယ်မလေး …. နောက်ဆုံးမှာ ဘူတာရောက်တယ်။ ဘူတာရောက်တော့ စောနေသေးတော့ တနာရီလောက် ထိုင်စောင့်ရတယ်။ ဘူတာဆိုင်းဘုတ်မှာ ရထားခရီးစဥ◌်၊ အချိန်တွေ ကြေငြာတော့ အဆင်ပြေတယ်။

ကိုယ်တို့က ဂိတ်ဝနားမှာကို စောင့်နေတာ ဘရာဇီးကောင်လေးနဲ့ဆုံတယ်။ တောင်ဆင်းတာ ဘယ်လောက်ကြာလဲလို့ မေးကြည့်တော့ နှစ်နာရီကြာတယ်တဲ့။ ဘေးပတ်ပတ်လည်ကြည့် အောက်ဆင်းဆိုတော့ဆင်း ဘေးကြည့်လိုက် အောက်ဆင်း ဆုံးကိုမဆုံးတော့ဘူးလို့ပြောလို့ ရယ်လိုက်ရတာ။ ဟန်က ဘရာဇီးကောင်လေးက အသက် ၂၀ ကျော် ငယ်ငယ်လေး သူတောင် နှစ်နာရီတက်ရတယ်။ ကိုယ်တို့တွေက အသက် ၄၀ နီးပါးနဲ့ အသက် ၄၀ ကျော် မိန်ကလေးတွေက ဘရာဇီးကောင်လေးနဲ့ တန်းတူဆိုတော့ ဟန်က သူ့ကိုယ်သူ ဂုဏ်ယူတယ်တဲ့။ ဝိုင်းက ဘဝမှာ ပျော်ရွှင်ချင်ရင် နည်းနှစ်ခု လိုက်နာကျင့်သုံးရမယ်။ နံပါတ်တစ် ဘယ်တော့မှ ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့တဲ့။ နံပါတ်နှစ် ကိုယ်နဲ့တန်းတူ ကိုယ့်ထက်နိမ့်တဲ့သူကိုကြည့် ကိုယ့်အထက်ကသူတွေကို မကြည့်နဲ့။ ကိုယ်တို့ ခုနံပါတ်နှစ်ကို ကျင့်သုံးနေတယ် ဘရာဇီးကောင်လေးနဲ့ယှဥ◌်ပြီး စိတ်ချမ်းသာနေကြတယ် ဂုဏ်ယူနေကြတယ်လေ။ ဘာပဲလုပ်လုပ် We always make the right choice ဆိုပြီး ကိုယ့်ကိုကိုယ် ချီးကျူးလေ့ရှိတယ်။ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း ဖတ်ဖူးတဲ့စာအုပ်က ဆရာထင်လင်း ဘာသာပြန်တဲ့ ပေါ်လီယာနာစာအုပ်။ ပေါ်လီယာနာကောင်မလေးက ဘယ်အရာပဲဖြစ်ဖြစ် စိတ်ချမ်းသာတာကိုရှာဖွေတဲ့ ဂိမ်ဆော့တဲ့အကြောင်း ရေးထားတဲ့စာအုပ်။ မကြာသေးခင်က အင်္ဂလိပ်မူရင်းဝထ္ထုစာအုပ် ဖတ်ပြီးတယ်။ ဖတ်ပြီးတိုင်း စိတ်ချမ်းသာစေတဲ့စာအုပ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ကိုယ်တို့က နောက်နေ့ပူနို puno အဲ့ဒီကနေ ဘိုလီးဘီးယားနိုင်ငံ လာပါ့ဇ် la paz ၊ Sala de Urini ယူရီနီဆားကွင်း၊ ချီလီနိုင်ငံ San Pedro de Atacama ဆန်ပတ်ထရိုဒီအာတာကမာ၊ ချီလီနိုင်ငံမြို့တော် ဆန်တီရာဂို Santiago သွားမှာ။ သူလည်း ကိုယ်တို့နဲ့ လမ်းကြောင်းတူတယ် ကံမကုန်ရင် ပြန်ဆုံကြတာပေါ့။ ဒီတခေါက် ရထားပေါ်ကို ချောချောမောမောရောက်တယ်။ တတွဲလုံး နိုင်ငံခြားသားချည်းပဲ မက်ချူးပီချူးကို ရထားနဲ့ပဲ လာလို့ရတယ်။ ရထားတနာရီမိနစ် ၄၀ စီးပြီးတဲ့အခါ အိုလန်တေတန်ဘိုရွာ ရောက်တယ်။ ဒီတခါတော့ ရထားက ရောက်ပါပြီလို့ ကြေငြာတယ်။ ဘူတာမှာ ကိုယ်တို့နာမည်ရေးထားမဲ့ ဆိုင်းဘုတ်ကိုလိုက်ရှာတော့ တွေ့တယ်။ ကိုယ့်နာမည်ကို အော်ခေါ်နေတာ ဟွမ်စမ်တဲ့။ တနာရီလောက်စီးပြီးတဲ့အခါ ကူစကိုမြို့ကို ည ၁၀ နာရီကျော်မှာ ရောက်တယ်။ ကားနှစ်စီး ကိုယ်တို့ကားက မြို့လယ်ကောင် ပလာဇာဒီအာမန့်မှာ ဆုံးတယ်။ ဟိုတယ်ကို လမ်းလျှောက်သွားလို့ရလား၊ ဘယ်လိုသွားရမလဲလို့ မေးကြည့်တော့ ဝေးတယ် ၅ ဆိုး တက္ကစီငှားပေးတယ်။ ဟိုတယ်ရှေ့ရောက်တာ သေချာပြီဆိုတော့မှ ပိုက်ဆံပေးတော့ တက္ကစီသမားက ဟေ့ … ဒါ ပြား ၅၀ အကြွေစေ့ ၅ ဆိုး ပေးရမှာ။ ဝိုင်းက ပိုက်ဆံတွေကို မှတ်မိတယ် ကိုယ့်အိတ်ထဲကနေ ရှာပေးတယ်။ စားသောက်ကျသင့်သမျှကို ဝိုင်းကရှင်းတယ် ကိုယ်က ညကျမှ ပြန်ပေးတယ် တနေ့ဘယ်လောက်ကျလဲဆိုတာ မှတ်တယ်။ သနားစရာ ကားသမားခမျာ စစ်ကြည့်လိုက်လို့ မကြည့်များမကြည့်လိုက်လို့ကတော့လား။ စန်းစန်းရယ် … ၅ ဆိုးနဲ့ ပြား ၅၀ မှားရတယ်လို့ မှားတဲ့အခါလည်း မှားပေမပေါ့။ တော်သေးတယ် ကားသမားက တမင်ညစ်တာမဟုတ်မှန်းသိလို့။ ဟိုစတယ်ဆိုပေမဲ့ ရေချိုးခန်း၊ အိမ်သာတွဲလျက် သန့်တယ်။ ဝိုင်းက အိမ်သာနံ့ရတယ်တဲ့ ဒီမြို့ရဲ့ မိလ္လာစနစ်ကြောင့် ဖြစ်ရမယ်တဲ့။ အတော်လေး ပင်ပန်းနေကြပြီဆိုတော့ ခဏလေးနဲ့ အိပ်ပျော်သွားကြတာ မနက် ၅ နာရီအထိ တရေးပဲ။ နောက်နေ့ ဘယ်ကိုသွားလည်ကြသလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ ဆက်ပါဥ◌ီးမယ်။ 

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၁၅၊ ၂၀၁၉။

ကိုယ်တို့ဘွတ်တဲ့တိုး




11 January 2020

ပီရူးသွား ‌တောလား - ၂

၂၀၁၉ အောက်တိုဘာ ၃၁ ကြသပတေးနေ့ မနက် ၈ နာရီ တိုးကားလာခေါ်တယ်။ ကား တနာရီမိနစ် ၂၀ လောက်စီးပြီးတဲ့အခါ Pisac ပိဆက်ရွာလေးကို ရောက်ပါတယ်။ ရှေးဟောင်းအဆောက်အဥ◌ီးဝင်းတွေထဲ ဝင်လည်ဖို့ လက်မှတ်ဝယ်ရတယ်။ အင်ကာလူမျိုးတွေရဲ့ လှေကားထစ်စိုက်ပျိုးနည်း၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အဥ◌ီးပျက်တွေ၊ တောင်တန်းတွေနဲ့ အင်မတန်လှတယ်။ ဟိုးအမြင့်အထိ တက်လို့ရပေမဲ့ မတက်နိုင်တော့ဘူး high altitude sickness ကြောင့် မောတယ် လမ်းမြန်မြန်‌‌‌လျှောက်လို့မရဘူး နှလုံးခုန်မြန်တယ်။ ကားပေါ်မှာ အိန္ဒိယမျိုးနွယ်မိသားစု၊ ရိုမေးနီးယားကောင်လေး၊ မနေ့က tour briefing မှာဆုံခဲ့တဲ့ ဘရာဇီးကောင်လေးကိုတော့ မျက်မှန်းတန်းမိတယ်။ ပိဆက်ကနေ တနာရီလောက်စီးပြီးတဲ့အခါ Urubamba အူရူဘန်ဘာရွာလေးမှာ နေ့လည်စာစားဖို့ ခဏနားတယ်။ ဒီဆိုင်ကတော့ တိုးရစ်ဆိုင် ဘူဖေးရတယ် ဟိုဖက်ဆိုင်က ဒေသခံဆိုင်။ ဒေသခံဆိုင်မှာစားဖို့ ရွေးလိုက်တယ်။ ဝိုင်းက မီနူးမေးတော့ မီနူးမရှိဘူးတဲ့ ရနိုင်တဲ့သုံးမျိုးကို ရွတ်ပြတယ်။ ဘေးမှာစားနေတဲ့လူတွေကို အကဲခတ်ကြည့်တော့လိုက်တော့ ဟင်းအမယ်တွေက အတူတူပဲ။  ပထမဆုံး အာလူးဟင်းချို၊ နောက်ထမင်းကြော် လာချပေးတယ်။ ကိုယ်တို့စားပွဲကိုလည်း အဲ့ဒီအတိုင်းလာချပေးတယ်။ မဆိုးပါဘူး စားလို့ရတယ် အကောင်းကြီးတော့ မဟုတ်ဘူး။ ဟန်က မစားနိုင်ဘူး ဝိုင်းကို ဂျီကျတယ် ဝိုင်းက အဲ့ဒါဆိုဘူဖေးဆိုင်မှာ ထပ်စားမလားဆိုတော့ မဟုတ်ပြန်ဘူး။ ဝိုင်းနဲ့ကိုယ်က ဘာမဆိုစားနိုင်တယ်။ ပြီးတော့ အချိုရည်၊ ယောဂ လာချပေးတယ်။ ပီရူးဆိုး ၈ ကျပ် ဒေါ်လာ ၃ ကျပ်တောင် မကျဘူး တန်လိုက်တာ။ အိပ်သာသိပ်မသန့်ဘူး တစ်ရှူးဆောင် hand sanitizer ဆောင်ရတယ်။ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်တွေကို လက်နဲ့လုပ်တဲ့ဆိုင်မှာ မက်ချူးပီချူးက ကျောက်တွေမှာ positive energy အများဆုံးဆိုတာ စက်ကလေးနဲ့ပြတယ်။ စေ◌ျးဆစ်လို့ရတယ် အမှတ်တရဝယ်ချင်ပေမဲ့ ဘာမှမကြိုက်ဘူး။ ဟန် ဝယ်သလို မက်ဂနက်နဲ့ ပို့စကဒ် လိုက်ဝယ်တယ်။ မိနစ် ၄၀ လောက် ကားစီးပြီးတဲ့အခါ Ollantaytambo အိုလန်တေတန်ဘိုရွာလေးကို ရောက်တယ်။ အမြင့်ဆုံးနေရာဖြစ်တဲ့ Temple of the Sun ကို လှေကားထစ်တရာကျော် တက်ရတယ်။ မောလိုက်တာ ဟိုက်နေအောင် နားလိုက်တက်လိုက်။ ဟန်က မတက်နိုင်လို့ တောင်အောက်ခြေနားမှာ ကျန်ခဲ့တယ်။ ကိုယ်ဆိုမောလွန်းလို့ စကားတောင် မပြောနိုင်ဘူး။ ပြီးတော့ Temple of water နဲ့ Temple of wind ဆီ သွားလည်တယ်။ Sacred Valley တိုးခရီးစဥ◌်က ည ၄ နာရီခွဲမှာပြီးတယ်။ မက်ချူးပီချူးကို ဆက်သွားမဲ့သူတွေက ည ၇ နာရီထွက်မဲ့ ရထားစီးရမှာ။ ကူစကိုမြို့ကို ပြန်မဲ့သူတွေက တိုးကားနဲ့ပါသွားတယ်။ လက်ကေ့အိတ်တွေကို ကော်ဖီဆိုင်မှာ အပ်ထားပြီး ရွာလေးတခွင် အနှံ့လည်ကြတယ်။ လမ်းဘေးမှာ တူးမြောင်းတွေနဲ့ လမ်းကကျောက်စရစ်တွေနဲ့။ တိုးအဖွဲ့နောက် မယောင်မလည် ကပ်လိုက်ကြတယ်။ တိုးအဖွဲ့က တောင်ပေါ်တက်သွားတော့ မလိုက်နိုင်တော့ဘူး။ တို့အဖွဲ့ထဲက ရိုမေးနီးယားကောင်လေးနဲ့ဆုံတယ် ဟိုင်းလို့မနှုတ်ဆက်ဘူး။

စေ◌ျးဆိုင်တွေဝင်ကြည့် ဘုရားရှိခိုးကျောင်းထဲဝင်ကြည့်။ လမ်းဘေးမှာရောင်းတဲ့ အကင်ဝယ်စားတယ် တခု ၃ ကျပ်။ မနက်ဖက်ဆို ကိုကာတီးသောက်သင့်တယ် ကိုကာတီးကပြင်းလို့ ညဖက်ဆို မူညာတီးသောက်သင့်တယ်တဲ့။ ကော်ဖီဆိုင်က ဝန်ထမ်းကောင်မလေးကညွှန်းလို့ မူညာတီးသောက်ကြတယ်။ ကိုယ်က မူညာတီးကြိုက်တယ် အနံ့လေးက မွှေးမွှေးလေး။ ည ၆ နာရီထိုးတာနဲ့ ရထားဘူတာဆီ သွားကြတယ်။ သူတို့ပြောတော့ နီးနီးလေးတဲ့ လျှောက်လိုက်ရတာ နာရီဝက်လောက် လျှောက်ရတယ်။ ဘူတာနဲ့တူတာမတွေ့လို့ မေးကြည့်တော့ ရှေ့မှာတဲ့ ဟမ်မလေး သူတို့တပြကလည်း ဆယ်ဘလောက်,လောက် လျှောက်ရတယ်။ ဘူတာရုံမှာတန်းစီ မေးကြည့်တော့ လက်မှတ်ဝယ်တဲ့နေရာတဲ့။ တိုးရစ်တွေ ရုံလေးထဲကို ဝင်မေးကြည့်တော့ မဟုတ်သေးဘူး ဟိုးဘူတာဖက်ကိုသွားတဲ့။ ဘူတာမှာ တိုးရစ်တွေအများကြီး လာရပ်တဲ့ရထားပေါ်က ဝန်ထမ်းတွေကို မေးကြည့်တော့ အချိန်မရောက်သေးဘူး ခေါင်းခါပြတယ်။ ဆိုင်းဘုတ်လည်းမရှိ ကြေလည်းမကြေငြာ လာရပ်သမျှရထားပေါ်က ဝန်ထမ်းတွေကို လက်မှတ်ပြပြီး မေးကြည့်တော့ ခေါင်းခါပြတယ်။ ခေါင်းကိုလည်ထွက်နေတာပဲ ညာဖက်ကြည့်လိုက် ဘယ်ဖက်ကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်။ ကျွှပ်ကျွှပ်ညံနေတယ် ကိုယ်နဲ့ခရီးအတူသွားမဲ့ တိုးကားပေါ်က ဘရာဇီး၊ ရိုမေးနီးယား၊ အိန္ဒိယမိသားစုကို ကြည့်နေရတယ်။ ဘရာဇီး၊ ရိုမေးနီးယား ကောင်လေးတွေနဲ့  စကားပြောကြတယ်။ ရိုမေးနီးယားကောင်လေးက မက်ချူးပီချူးရောက်ရင် ဘတ်စ်ကားမစီးဘူး တောင်တက်မှာ မနက် ၄ နာရီလောက်ကတည်းက တောင်တက်ရမှာ။ ဘရာဇီးကောင်လေးက ဘတ်စ်ကားနဲ့တက်မှာ သူလည်း ပီရူး၊ ဘိုလီးဘီးယား၊ ချီလီသွားမှာ။ ဘိုလီးဘီးယားတိုးခရီးစဥ◌်တွေအကြောင်း မေးနေလို့ ပြောပြရသေးတယ်။ သူက ဘာမှမစီစဥ◌်ရသေးဘူး ရောက်တဲ့နေရာမှာ ကြည့်စီစဥ◌်မှာ။ ကိုယ်တို့က အချိန်မရှိဘူး သေချာစီစဥ◌်ပြီးမှလာတာ။ ကြေငြာသံကြားလို့ နားထောင်လိုက်တော့ ကိုယ်တို့ရှေ့က တခြားပလက်ဖောင်းမှာ ရပ်ထားတာ မက်ချူးပီချူးရထားတဲ့။ လက်ကေ့အိတ်ဆွဲပြီးပြေးတော့ အိန္ဒိယမိသားစုထဲက ကောင်လေးကလာမေးတယ် ဘာဖြစ်တာလဲတဲ့။ ဟဲ့ … အဲ့ဒီရထားက မက်ချူးပီချူးရထား ကိုယ်တို့စီးမဲ့ရထား ကိုယ်စီးရမဲ့တွဲကိုရှာ ငါတို့ဘီအတွဲ ဟိုးဖက်မှာတဲ့။ ရထားပေါ်မတက်ခင် ပတ်စ်ပို့ပြရတယ်။ တောင်အမေရိကခရီးစဥ◌်တခုလုံး ဘာပဲဘွတ်ဘွတ် ပတ်စ်ပို့နံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ နိုင်ငံဖြည့်ရတယ်။ ကိုယ်တို့နဲ့ထိုင်ရသူက မက္ကဆီကိုကတဲ့။ ရထားပေါ်မှာလည်း ဝယ်စားလို့ရတယ်။ ကိုယ်တို့က ရိက္ခာအပြည့်နဲ့လာတာ။ ပါလာတဲ့ ဆီးသီး၊ စပျစ်သီး၊ ပဲမုန့်၊ သီဟို၌သီးခြောက်စားပြီး အိပ်ပျော်သွားလိုက်တာ ဝိုင်းနှိုးမှပဲနှိုးတော့တယ်။

Pisac - Sacred Valley, Peru


မျက်လုံးဖွင့်ကြည့်လိုက်တော့ အားလုံးကအထုပ်ပြင်ပြီး ဆင်းဖို့ပြင်နေကြပြီ။ ရောက်ပါပြီလို့လည်း မကြေငြာဘူး။ အိုလန်တေတန်ဘိုကနေ မက်ချူးပီချူးတောင်ခြေက Aguas Calientes ရွာလေးကို တနာရီ မိနစ် ၄၀ စီးရပြီး ည ၈ နာရီ ၄၀ မိနစ်မှာ ရောက်ပါတယ်။ လက်ကေ့အိတ်ဆွဲ ဆိုင်းဘုတ်ကိုင်ပြီး စောင့်နေတဲ့သူတွေထဲမှာ ကိုယ့်နာမည်ပါလားလို့ ပြူးပြဲရှာ။ တိုးဂိုက်က ဟိုစတယ်ကို ခေါ်သွားတယ် လမ်းမှာ မနက်ဖြန်မနက် စီးရမဲ့ဘတ်စ်ကားနေရာကို ပြပေးတယ်။ ကိုယ်တို့နေရမဲ့အခန်းမှာ လူ ၆ ယောက် ဝိုင်းတို့ညီအစ်မက အပေါ်အောက်ထပ်စင်၊ ဘရာဇီးကောင်လေးက ကိုယ့်အပေါ်ထပ်စင်မှာ၊ ဘေးကထပ်စင်မှာ စုံတွဲတတွဲက အိပ်နှင့်နေပြီ။ ညဖက်ဗိုက်သိပ်မဆာတာနဲ့ ညစာမစားတော့ဘူး ရေသွားဝယ်ကြတယ်။ သွားတိုက်တဲ့အခါ ရေသန့်နဲ့ပလုတ်ကျင်းရမယ်လို့ ဝိုင်းကမှာထားတယ်။ ဝိုင်းက အာဖရိကကို အမြဲသွားရတဲ့သူဆိုတော့ အတွေ့အကြုံများတယ်။ အင်တာနက်က အခန်းထဲမှာဆို မရဘူး။ ဧည့်ခန်းမှာပဲ အင်တာနက်ရလို့ Sacred Valley ဓာတ်ပုံကို အပြေးအလွား ဖေ့ဘွတ်မှာချက်ကင်ရသေးတယ် မကြီးမှာထားလို့။ ဘရာဇီးကောင်လေးက နောက်ကျပြီးမှ ရောက်လာတယ်။ ဘရာဇီးကောင်လေး၊ ဝိုင်းနဲ့ကိုယ်တို့ အိပ်မပျော်ဘူး။ ဟိုစတယ်မှာ လူအများကြီးနဲ့ ရှယ်အိပ်ရတာ ပထမဆုံးပဲ။ ဝိုင်းက လန်ဒန်ကဟိုစတယ်မှာ လူ ၁၆ ယောက်နဲ့ ရှယ်အိပ်ဖူးတယ်။ မနက် ၄ နာရီထိုးတာနဲ့ စုံတွဲက မျက်နှာသစ် အဝတ်လဲပြီး ထွက်သွားတယ်။ ၄ နာရီခွဲတော့ ထရတယ် ဘတ်စ်ကားဂိတ်ကို မနက် ၅ နာရီခွဲ အရောက်သွားရမယ်လို့ တိုးဂိုက်က မှာထားတယ်။ လက်ကေ့အိတ်တွေကို ချက်ကောက်လုပ်ပြီး သိမ်းထားခိုင်း ဘတ်စ်ကားဂိတ်ရောက်တော့ အမလေး … လူတန်းကြီးက အရှည်ကြီးပါလား ဘတ်စ်ကားပေါ် တက်လို့မှရပါ့မလား။ မက်ချူးပီချူးကို ဘယ်လိုသွားခဲ့ရတယ် ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၁၁၊ ၂၀၂၀။

တောင်ထိပ်‌ပေါ်က က Temple of the Sun ဆီ တက်ရမှာ ဟမ်မလေး...
Temple of the Sun လမ်းတဝက်... မောလို့ စကားတောင် မပြောနိုင်...
ဒါ Temple of the Sun တဲ့
Temple of Water
Ollamtaytambo ရွာလေးတခွင် အနှံ့လည်
Temple of the Sun ကို Ollantaytambo ရွာကလေးကနေ မြင်ရစဥ်
lama လား alpacha လား မသိဘူး အေးအေးလူလူပဲ
‌တောင်အလယ်ကဟာတွေကို storage လို့ခေါ်တယ် လူတွေနဲ့ ပစ္စည်းတွေကို မြုပ်ထားတာ
သူတို့‌လေး‌တွေနဲ့ ဓာတ်ပုံတွဲရိုက်လို့ရတယ်...ပိုက်ဆံ‌ပေးရတယ်...ပိုက်ဆံမပေးရအောင် အဝေးကနေပဲ ရိုက်လိုက်တယ်
ပဒိုင်းပန်းတဲ့ ပဒိုင်းသီးစားရင် ရူးတတ်တယ်လို့ ကြားဖူးတယ်
အူရူဘန်ဘာရွာ ဒေသခံကဆိုင် ‌နေ့လည်စာ အာလူး၊ ပီလောပီနန် ဟင်းရည် အရင်လာချပေးတယ်
ထမင်း‌ကြော်
ပျားရည်ရေ‌နွေး
‌ကော်ဖီဆိုင်မှာ လက်‌ကေ့အိတ်အပ်ခ မူညာတီးသောက်ကြတယ်...အနံ့‌လေးက ‌မွှေးမွေးလေး...
high altitude sickness  သက်သာအောင် မနက်ဖက်ဆိုရင် ကိုကာတီး‌သောက်သင့်ပြီး
ညဖက်ဆိုရင် မူညာတီး‌သောက်သင့်တယ်တဲ့                          

08 January 2020

ပီရူးသွား ‌တောလား - ၁

ဝိုင်းက ဗီယက်နမ်ခရီးသွားအေဂျင်စီတခုရဲ့ တောင်အမေရိကတိုက် သုံးနိုင်ငံ ၁၄ ရက်ခရီးကို သဘောကျလို့ အဲ့ဒီလိုသွားချင်တယ်။ သွားမဲ့အချိန်က ၂၀၁၉ နိုဝင်ဘာလဆန်း စတိတ်မှာဆောင်းဥ◌ီးရွက်ကြွေချိန်။ ဝိုင်းအစ်မဟန်က ဆောင်းဥ◌ီးရွက်ကြွေချိန် နယူးယောက်ကို မရောက်ဘူးသေးတော့ နယူးယောက်ကိုလာရင်း ဆောင်းဥ◌ီးရွက်ကြွေချိန် အလှကိုကြည့်ရင်း တချက်ခုတ်နှစ်ချက်ပြတ်။ ကိုယ်က ပီအေမှာအလုပ်ဝင်တာ သုံးလပဲရှိသေူတော့ လိုက်ဖို့မဖြစ်နိုင်ဘူး။ တနေ့လစာပြေစာဖြတ်ပိုင်းကို ကြည့်လိုက်တော့ ဟမ် … ခွင့် ၁၀ ရက်ရနေတယ် မှားနေတာများလား။ ဝိုင်းက မင်းအလုပ်က သဘောကောင်းတယ်ကွ ခွင့်ကိုနှစ်ဝက်စာ ကြိုထုတ်ပေးထားတယ်။ မင်း တောင်အမေရိကခရီး လိုက်လို့ရပြီ။ ကိုယ်လိုက်မယ်ဆိုတာနဲ့ ဝိုင်းနဲ့ဟန် အတော်ဝမ်းသာကြတယ်။ ၂၀၁၈ ဇှုလှိုင်မှာ သူတို့နဲ့ အလာစကာပြည်နယ်ကို နှစ်ပတ်ခရီးထွက်ဖူးတယ်။ အစားအသောက်၊ အနေအထိုင်၊ အကြိုက်ချင်းတူတော့ ခရီးသွားရတာ အရမ်းအဆင်ပြေတယ်။ ဘာပြသနာ၊ ဘာစိတ်အနှောင့်အယှက်မှကို မဖြစ်တာ။ ကိုယ်ကမြေပုံကျွှမ်းကျင်၊ အစားအသောက်ဂျီးမများ၊ အိပ်တာလည်း ပြသနာမရှိ၊ သွားဖို့တက်ကြွတဲ့သူ၊ ကိစ္စရှင်းတဲ့သူ၊ အချိန်တိကျတဲ့ ခရီးသွားဖော်ကောင်း။ အရင်အလုပ်တုန်းကဆိုရင် ၆ လအထိ ခွင့်ယူလို့မရဘူး။ တလမှ ခွင့်တရက်ကျော်ရတော့ ၃ လမှ ခွင့် ၄ ရက်လောက်ပဲရတာ။ လိုက်ဖို့သေချာသွားပြီဆိုတော့ ခရီးစဥ◌်စဆွဲပြီ ပီရူး၊ ဘိုလီးဘီးယား၊ ချီလီ သုံးနိုင်ငံ ၁၄ ရက်။ ဘလော့တွေ၊ တိုးခရီးစဥ◌်တွေကို လိုက်ဖတ်တော့ ပီရူး ၆ ရက်ကို ဒေါ်လာ ၈၀၀၊ ဘိုလီးဘီးယား ၅ ရက်ကို ဒေါ်လာ ၉၀၀ တိုးခရီးစဥ◌်တွေ တွေ့တယ်။ တိုးအေဂျင်စီတွေ ဆက်သွယ်စုံစမ်း နောက်ဆုံးတော့ အဲ့ဒီတိုးခရီးစဥ◌်အတိုင်း ကိုယ့်ဘာသာဘွတ်ရင် တဝက်သက်သာတယ်ဆိုတာ သိသွားတယ်။ အလာစကာခရီးတုန်းကလည်း အဲ့လိုပဲ တိုးအေဂျင်စီတွေနဲ့ဆက်သွယ် နောက်ဆုံးတော့လည်း ကိုယ့်ဘာသာစီစဥ◌်လိုက်ကြတာပဲ။ တိုးနဲ့သွားရင် လူသက်သာတယ် ကိုယ့်ဘာသာစီစဥ◌်တော့ နေရာ၊ အချိန်၊ ပိုက်ဆံ အကုန်တွက်ချက်ရတော့ စိတ်ပင်ပန်းလူပင်ပန်းတယ်။ ဘရိုင်ယန်ပန်းခြံမှာ ဝိုင်းနဲ့တရက်ချိန်းပြီး ခရီးအစီအစဥ◌်တွေ ဆွဲကြတယ်။ စက်တင်ဘာလကုန် ဝိုင်း အာဖရိကမသွားခင်မှာ လေယာဥ◌်၊ ဟိုတယ်၊ တိုးတွေ ဘွတ်ကြတယ်။ ဗုဒ္ဓဟူး၊ ကြသပတေး နှစ်ရက် ကြသပတေးနေ့ကတော့ ည ၉ နာရီကနေ မနက် ၂ နာရီအထိ။ သောကြာနေ့ညနေစောင်းမှာ ဝိုင်းက အာဖရိကကိုသွားမှာဆိုတော့ အပြီးဘွတ်ရတယ်။ ဝိုင်းက အာဖရိကမှာ သုံးပတ်ကြာမှာ သူပြန်လာပြီး တပတ်ကြာရင် ခရီးသွားမှာဆိုတော့ အဲ့ဒီတော့မှဘွတ်ရင် မမှီတော့ဘူး ဒီတော့ ကြသပတေးနေ့ အပြီးဘွတ်ရတယ်။

အသက်သာဆုံးလေယာဥ◌်က နယူးယောက်ကနေ မနက်ဖက်ထွက်ပြီး ပီရူးနိုင်ငံမြို့တော် လင်မာ lima မှာ ထရန်စစ် အဲ့ဒီကနေ ကူစကိုမြို့ကို cusco ည ၁၁ နာရီရောက်တယ် ဒေါ်လာ ၄၀၀။ နောက်တော့ နယူးယောက်ကနေ ညသန်းခေါင်ထွက် ကိုလံဘီယာနိုင်ငံမြို့တော် ဘိုကိုတာ Bogota မှာ ထရန်စစ် ပီရူးနိုင်ငံ ကူစကိုမြို့ကို မနက် ၁၀ နာရီရောက်တဲ့လေယာဥ◌်က ဒေါ်လာ ၇၀၀။ ဒေါ်လာ ၃၀၀ ပိုစေ◌ျးကြီးပေမဲ့ အချိန်တရက်ပိုထွက်လာတယ် အဲ့ဒီလို အချိန်ကို ပိုက်ဆံနဲ့ဝယ်ရတယ်။ ဝိုင်းက frequent traveller ခရီးမကြာခဏထွက်တဲ့သူမို့လို့ ဝိုင်းဘွတ်ရင် လေယာဥ◌်မှာ ထိုင်ခုံနေရာကောင်းကောင်း၊ ဇုန်ကောင်းကောင်း၊ ဟိုတယ်ဆိုရင်လည်း ဒစ်စကောင့်တွေရတယ်။ ဒီတော့ လေယာဥ◌်၊ ဟိုတယ်ဆိုရင် ဝိုင်းဘွတ်ပြီး ကိုယ်က တိုးတွေကိုဘွတ်တယ်။ ကုန်ကျစရိတ်တွေကို နေ့စဥ◌်မှတ်သားထားတဲ့ ကိုယ့်မှတ်တမ်းအရ ခရီးစဥ◌်တခုလုံး ဒေါ်လာသုံးထောင်ပဲ ကုန်ပါတယ်။ ဗီယက်နမ်တိုးအေဂျင်စီမှာ သုံးနိုင်ငံ ၁၄ ရက်ခရီးကို ဒေါ်လာ ၁၂,၀၀၀ ပေးရတော့ ဝိုင်းက ဟန်ကို ဒေါ်လာ ၈၀၀၀ သက်သာအောင် လုပ်ပေးထားတယ်နော်တဲ့။ တခြားဘလော့ဂါတွေရဲ့ တောင်အမေရိကခရီးစဥ◌်တွေဖတ်ပြီး ဝိုင်းက ကိုယ်တို့ခရီးစဥ◌်က အကောင်းဆုံးပဲတဲ့။ အရင်တုန်းက ကိုယ်သွားဖူးသမျှခရီးထဲမှာ အလာစကာခရီးကို အကြိုက်ဆုံးလို့ ဝိုင်းနဲ့ကိုယ်နဲ့ ပြောလေ့ရှိကြတယ်။ ခုတော့ တောင်အမေရိကို အကြိုက်ဆုံး ပီရူး၊ ဘိုလီးဘီးယား၊ ချီလီထဲမှာ ဘိုလီးဘီးယားက အလှဆုံးလို့ တညီတညွှတ်တည်း ထောက်ခံကြတယ်။ တောင်အမေရိကခရီးစဥ◌်ဟာ အလာစကာ၊ အင်္ဂလန်ခရီးစဥ◌်လို လွယ်ကူတဲ့ခရီးတော့ မဟုတ်ဘူး။ တကယ့်ကိုစွန့်စားခန်းပဲ နေ့စဥ◌်ကြုံတွေ့ရတဲ့ အခက်အခဲတွေက မနည်းမနော။ ခုအသက်အရွယ်မှာတောင် အတော်ပင်ပန်းတော့ အသက်ကြီးသွားမှ တောင်အမေရိကသွားဖို့ဆိုတာ အတော်မလွယ်ဘူး။ ဥရောပက အသက်ကြီးမှ သွားလို့ရတယ် တောင်အမေရိက,ကတော့ ငယ်ရွယ်တုန်း သွားထားမှ။ ဒါတောင် ကိုယ့်သူငယ်ချင်းတွေထဲမှာ ကိုယ်က ကျန်းမာရေးလိုက်စား တက်ကြွတဲ့သူ။ ဆူနမ်နဲ့ရာမားဆို ဒီခရီးကို သွားနိုင်မယ် မထင်ဘူး။ ဗီယက်နမ်တွေ ချီလီကို ဆိုက်ရောက်ဗီဇာရပေမဲ့ ရွှေမြန်မာကတော့ ဗီဇာလိုတယ်။ အွန်လိုင်းမှာဖောင်ဖြည့် လိုအပ်တဲ့စာရွက်စာတမ်းတွေတင်။ ဗီဇာဝင်ဖို့ရုံးမှာ employment letter အလုပ်ခန့်စာတောင်းတာ ခရီးကပြန်ရောက်ပြီး ခုထိမရသေးဘူး။ အလုပ်ခန့်စာအစား အလုပ်အော်ဖာစာ offer letter နဲ့ တင်လိုက်တယ်။

ပီရူးနိုင်ငံ ကူစကိုမြို့‌ရောက်ရာက်ခါနီး Avianca ‌လေယာဥ◌်‌ပေါ်ကနေ မြင်ရတဲ့ရှုခင်း
ကူစကိုမြို့ရာက်ရင် မဖြစ်မနေသွားလည်ရမဲ့ Plaza de Armas
  ဘုရား‌ကျောင်းထဲ မဝင်ခင်တုန်းက ရယ်နေနိုင်တာ ပြန်ထွက်လာတော့ မျက်နှာဖြူပပ်ဖြူ‌လျော်
‌ချွှေးတွေထွက် ခေါင်း‌တွေမူး အန် လူကပစ်လဲတော့မတတ်ပဲ
high altitude sickness အင်မတန်ခံရဆိုးတယ် ‌ ကော်လိုရာဒိုသွားတုန်းက ခံရပေမဲ့
ကူစကိုမှာ တော်တော်ခံရတယ်

ချီလီသံရုံးက background check သို့မဟုတ် certificate of conduct ပြစ်မှုကင်းရှင်းကြောင်း ရဲဌာနထောက်ခံချက် လိုတယ်တဲ့။ ရဲဌာနကိုသွားပြီး တောင်းလို့ရတယ် ဒေါ်လာ ၅၀ ပေးရတယ် ၁၀ ရက်ကြာမယ်။ ပီအေအလုပ်က အစိုးရအလုပ်ဆိုတော့ အလုပ်မဝင်ခင် နောက်ကြောင်းရာဇဝင် စစ်ရတယ်။ နောက်ကြောင်းရာဇဝင် ကင်းရှင်းမှ အလုပ်ဝင်လို့ရတယ်။ ဒီတော့ နောက်ကြောင်းရာဇဝင် စစ်တဲ့ကုမ္ပဏီကို စာရွက်စာတမ်းပို့ပေးပါလို့ပြောတော့ စာတိုက်ကနေ ပို့ပေးမယ် တပတ်ကြာမယ်တဲ့။ ဂျမားကို ပြောပြတော့ SWAC (Secure Worker Access Consortium Indentification) မရှိဘူးလား အဲ့ဒါလည်း နောက်ကြောင်းစစ်ပြီးမှ ထုတ်ပေးတာလေ။ အရင်ပီအေမှာ ကွန်ထရပ်တာလုပ်တုန်းက SWAC ကဒ် လုပ်ဖူးတယ် ၂၀၁၇ မှာ သက်တမ်းကုန်သွားပြီ။ ချီလီသံရုံးကို SWAC ကဒ်အကြောင်းပြောပြီး ပို့လိုက်တယ် နောက်ကြောင်းစစ်ဆေးတာလဲ နောက် ၇ ရက်ဆိုရပြီ ပို့လိုက်မယ်။ ချီလီသံရုံးက SWAC ကဒ်ကို လက်ခံတယ် ပတ်စ်ပို့ယူလာပြီး သံရုံးမှာ ဗီဇာတုံးလာထုပါ ဒေါ်လာ ၃၀ တန် money order (စာတိုက်မှာ ဝယ်လို့ရတယ်) ယူလာပါတဲ့။ စက်အခက်အခဲဖြစ်နေလို့ ချီလီသံရုံးမှာ ၂ နာရီလောက် စောင့်လိုက်ရတယ်။ ဂျမားက သူ့ကြောင့် ဒေါ်လာ ၅၀ သက်သာသွားတယ်မလား ဒီတော့ ၁၀ ရာခိုင်နှုန်း မုန့်ဝယ်ကျွှေးတဲ့ အဲ့ဒီလိုမိုက်ကြေးခွဲသေးတယ် :) ။ အမေရိကန်နိုင်ငံသားတွေအတွက် တောင်အမေရိကတိုက်မှာ ဗီဇာလိုတဲ့တခုတည်းသောနိုင်ငံက ဘိုလီးဘီးယာနိုင်ငံပါပဲ။ ဒေါ်လာ ၁၂၀ ပေးရတယ် ဒါကြောင့်လည်း ဘိုလီးဘီးယားနိုင်ငံဟာ တိုးရစ်တွေကြားထဲမှာ ပေါ်ပြူလာမဖြစ်တာ။ ရွှေမြန်မာတွေကတော့ ထုံးစံအတိုင်း ဘယ်သွားသွား ဗီဇာလိုပါတယ်။ နယူးယောက်မှာ ဘိုလီးဘီးယားသံရုံးရှိတယ် အွန်လိုင်းကနေလျှောက် စာရွက်စာတမ်းတွေကို စာတိုက်ကနေပို့။ ဗီဇာခပေးစရာမလိုဘူး တပတ်ကြာတယ် ပတ်စ်ပို့ပြန်ပို့ဖို့ prepaid return postage ပို့ပေးရတယ်။ ဟန်က ဗီယက်နမ်မှာ ဘိုလီးဘီးယားသံရုံးမရှိလို့ လျှောက်လို့မရဘူး။ ပီရူးသံရုံးမှာ လျှောက်ပြီးပြီ ဗီဇာရတယ်။ ဗီယက်နမ်အများစုက ဘိုလီးဘီးယားဗီဇာကို ပီရူးနိုင်ငံမှာ လျှောက်ကြတယ်။ ဒီတော့ ဝိုင်းက ဟန်နဲ့အတူ ဘိုလီးဘီးယားဗီဇာကို ပီရူးမှာလျှောက်မယ်။ ကိုယ်က ဘိုလီးဘီးယားဗီဇာကို နယူးယောက်မှာ လျှောက်သွားချင်တယ် ဒေါ်လာ ၁၂၀ သက်သာရာသက်သာငြားပေါ့။ ပီရူးဗီဇာကို အွန်လိုင်းမှာလျှောက် သံရုံးမှာလူကိုယ်တိုင် စာရွက်စာတမ်း သွားတင်ရတယ်။ ဒေါ်လာ ၃၀ ပေးရတယ် ၃ ရက်အကြာမှာလာထုတ်တဲ့ ကိုယ့်အစား ဝိုင်းသွားထုတ်လို့ရတယ်။

ဗုဒ္ဓဟူးနေ့နေ့လည် ပီရူးသံရုံးမှာ ပတ်စ်ပို့သွားထုတ်ပြီး ဘိုလီးဘီးယားသံရုံးမှာ ပတ်စ်ပို့သွားတင်တော့ ဗီဇာချက်ချင်းထုပေးလိုက်တယ်။ သံရုံးအများစုက ဝိုင်းတို့ရုံးနားမှာဆိုတော့ အဆင်ပြေတယ်။ သောကြာနေ့ ဟနွိုင်းကနေ ဟန်ရောက်လာတော့ လေဆိပ်ကနေ ဘိုလီးဘီးယားသံရုံးကိုတန်းသွား။ နေ့လည် ၂ နာရီမထိုးသေးဘူး သံရုံးတံခါးက ပိတ်နေပြီ။ ခဏနေတော့ သံရုံးတံခါးဖွင့်လာပြီး ဗီဇာထုပေးလိုက်တယ် ကံကောင်းချက်။ ပီရူးနိုင်ငံ ပူနိုမြို့မှာ တရက်နေပြီး ဘိုလီးဘီးယားဗီဇာလျှောက်ရမှာ ခုတော့ လျှောက်စရာမလိုတော့ဘူး။ ပူနိုမှာ လည်ပတ်နိုင်တဲ့ တိုးတွေရှာဖွေကြည့်တော့ မတွေ့တာနဲ့ ပူနိုကနေ တရက်စောပြီးထွက်ခွာမယ်။ ဒီတော့ ပီရူးနိုင်ငံ ပူနိုမြို့ကနေ ဘိုလီးဘီးယားနိုင်ငံ လာပါ့ဇ်မြို့ကို သွားမဲ့တိုးကားကို တရက်စောသွားမဲ့အကြောင်းဆက်သွယ်၊ ဟိုတယ်တွေကို ရက်ပြန်ချိန်းရတယ်။ အောက်တိုဘာ ၂၉ အင်္ဂါနေ့ ည ၁၂ နာရီ နယူးယောက် ဂျွှန်အက်ဖ်ကနေဒီလေဆိပ် အာဗန်ယန်ကာ Avianca လေကြောင်းလိုင်း။ အစက ဝိုင်းက တယောသင်တန်းရှိလို့ ည ၁၀ နာရီ တာမင်နယ်မှာဆုံဖို့ ချိန်းထားတာ။ ဟန်က စောစောသွားဖို့ တိုက်တွန်းတာနဲ့ ဝိုင်းက တယောသင်တန်းဖျက်ပြီး ည ၉ နာရီဆုံဖို့ ချိန်းတယ်။ ဝိုင်းတို့ညီအစ်မနဲ့ air train မှာဆုံတယ်။ အမလေး … စောစောလာတာ မှန်သွားတယ် လူတန်းကြီးက အရှည်ကြီး။ ကိုလံဘီယာနိုင်ငံမြို့တော် ဘိုကိုတာ Bogota ကို ၆ နာရီစီးရပြီး မနက် ၅ နာရီမှာ ရောက်ပါတယ်။ ကိုလံဘီယာနိုင်ငံကို သွားလည်မယ်လို့ တွေးနေတာ ခုတော့ရောက်သွားပြီ ထရန်စစ် :) တနေ့တော့ သွားလည်ဖြစ်အောင် လည်ဥ◌ီးမယ်။ Avianca လေကြောင်းလိုင်းနဲ့ အီကွေဒေါခရီး မသွားဖြစ်လိုက်တော့ လေယာဥ◌်လက်မှတ်ကို cancel လိုက်တဲ့အခါ ခရက်ဒစ်ရတယ်။ အဲ့ဒီခရက်ဒစ်နဲ့ ကိုလံဘီယာသွားမယ်လို့ ကြံစည်နေတယ်။ ကိုလံဘီယာကော်ဖီက နာမည်ကြီးတယ် ကော်ဖီအထုပ်လေး ၄ ခုပါတဲ့ဟာ ဝယ်လိုက်တယ်။ ဒေါ်လာ ၁၄ ကျပ်ပေးရတယ် ဂျမားနဲ့ဝမ်ကို လက်ဆောင်ပေးလိုက်တယ်။ လေဆိပ်မှာ ဒေါ်လာ ၂၀၀ လဲတယ် တဒေါ်လာကို ပီရူးဆိုး sole ၃ ကျပ်ခွဲ။ ကျူးဘားမှာ ခံခဲ့ရဖူးတော့ ငွေကိုစစ်ယူတယ်။ ဟိုတယ်ကို လာကြိုဖို့ပြောထားတော့ တက္ကစီမှာ ကိုယ့်နာမည်တွေ့တယ်။ အဲ့ဒီလို လာကြိုခိုင်းတဲ့အခါ ဝိုင်းနာမည်က ရှည်လွန်းခေါ်ရခက်လို့ ကိုယ့်နာမည်သုံးတယ်။ ဟိုတယ်က သိပ်မဝေးဘူး ၁၅ မိနစ်လောက်ပဲ။ ကားသမားက ဟိုတယ်အဝကိုသွား သေချာပါတယ်လို့ ပြောတော့မှ ကားပေါ်ကဆင်း လိပ်စာအသေအချာကြည့် မှန်တော့မှ တက္ကစီခပေးတယ်။ ကျူးဘားမှာတုန်းက ကားပေါ်မှဆင်းပြီးမှ လိပ်စာမှားချပေးခဲ့မှန်းသိတယ်။ ခံရဖူးလို့ မှတ်သွားပြီ အမှားထဲက သင်ခန်းစာယူ နောက်ထပ်အဲ့ဒီလို ထပ်မမှားရအောင်လုပ် ဒါ ဘဝသင်ခန်းစာပဲ။

guest house အိမ်အပေါ်ထပ်က အခန်းလေး။ ခဏနေတော့ ဝိုင်းက အိမ်သာအနံ့နံလို့တဲ့ ကိုယ်ကအနံ့မရဘူး။ ဟိုတယ်ပိုင်ရှင်ကိုပြောတော့ လာဖြန်းပေးတယ်။ ပင်ပန်းလို့ အိပ်ယာကမထချင်ဘူး ညစာသွားဝယ်ရမယ် နေ့လည်စာနဲ့ညစာ ပေါင်းစားရမှာ။ ဟန်က ဘယ်လိုမှမထနိုင်ဘူး အိမ်နားကဆိုင်တွေမှာ သွားစားမယ် လမ်းနည်းနည်းလျှောက်ပါဆိုတာ ဘယ်လိုမှပြောလို့မရဘူး။ ဝိုင်းနဲ့ကိုယ်က ရေဘူး၊ ဒိန်ချဥ◌်၊ အသီးအနှံ၊ ကိုကာကန်ဒီ၊ high altitude sickness ပျောက်ဆေး သွားဝယ်ကြတယ်။ ခဏနားပြီး မြို့လယ်ကောင်က Plaza de Armas သွားလည်ကြတယ်။ ကူစကိုမြို့ရောက်ရင် မဖြစ်မနေသွားလည်ရမဲ့နေရာက Plaza de Armas ။ ဘုရားကျောင်းထဲက ရွှေရောင်ထုံမွှန်းနေတဲ့ လက်ရာတွေက အံ့မခန်းဘဲ။ ဓာတ်ပုံရိုက်ခွင့်မရှိဘူး ချွှေးတွေထွက် ခေါင်းမူးလာလို့ ထိုင်နားရတယ်။ တအေ့အေ့နဲ့ လေတက်လာလို့ အိမ်သာပြေးရတယ်။ အထွက်ကျတော့ အန်တော့တာပဲ တော်သေးတယ် ဘုရားကျောင်းအထွက်မှာဖြစ်လို့။ ဘုရားကျောင်းက တာဝန်ရှိသူတယောက်က ရှုရှိုက်ဖို့ အော်ဒီဂလုန်းဆွတ်ထားတဲ့ ဂွမ်းလာပေးတယ်။ ဝိုင်းနဲ့ အဲ့ဒီသူက ကိုယ့်အန်ဖတ်တွေကျုံး။ ဝိုင်းရေ နောက်ထပ်ဘုရားကျောင်းနှစ်ကျောင်း သွားလည်ဖို့ မဖြစ်နိုင်တော့ဘူး ဟိုတယ်ပြန်ရအောင်။ လမ်းမှာတွေ့တဲ့ စားသောက်ဆိုင်မှာ အစားအသောက်မှာရင်း ခေါင်းတွေမူး ချွှေးတွေထွက် အန်ပြန်ရော။ လူက အိပ်ယာပေါ် ဒိုင်ဗင်ထိုးပစ်လိုက်ချင်ပြီ။ အိမ်တွေကဆင်တူတွေ ဟိုတယ်ကိုမမှတ်မိလို့ maps.me ကနေရှာ။ ဟိုတယ်ရောက်တော့ ကုတင်ပေါ် ထိုးပစ်လဲတယ်။ ဟန်က နိုးလာပြီး အန်ပြန်ရော။ ဆေးသောက်ပြီးအိပ် နိုးလာတော့ ဒိန်ချည်၊ ငှက်ပျောသီး၊ ကြက်စွပ်ပြုတ်သောက်၊ ကြက်ဥကြော်စား။ ထမင်း၊ ခေါက်ဆွဲမစားချင်ဘူး ထပ်အန်မှာစိုးလို့။ ဝိုင်းက လန့်နေတယ် ကိုယ်တို့နှစ်ယောက်အန်ပြီး ပစ်လဲနေလို့။ ည ၇ နာရီမှာ tour briefing ရှိတယ် ဝိုင်းက တယောက်တည်းမသွားရဲဘူး တက္ကစီနဲ့သွားဆိုတော့လည်း မသွားချင်ဘူး။ ကိုယ်နည်းနည်းသက်သာလာလို့ နှစ်ယောက်လမ်းလျှောက်သွားကြတယ်။ ကိုယ်က မြေပုံကျွှမ်းကျင်လို့ ချောချောမောမော လမ်းမမှားဘဲရောက်တယ်။ မက်ချူးပီချူး Machu Picchu ဝင်ခွင့်လက်မှတ်၊ ရထားလက်မှတ်၊ တိုးခရီးစဥ◌်အကြောင်း မြေပုံဆွဲပြီး သေသေချာချာရှင်းပြတယ်။ လာလိုက်တာ မှန်သွားတယ် အဲ့ဒီမှာ ကိုယ်တို့တွေ အမြဲအမှတ်ရနေမဲ့ ဘရာဇီးကောင်လေးတယောက်နဲ့ ဆုံတယ်။ ဘာလို့ အမြဲအမှတ်ရနေကြမှာလဲဆိုတာကတော့ နောက်ပို့စ်တွေဖတ်ပြီးရင် သိလာပါလိမ့်မယ်။ နောက်နေ့မနက်ကျတော့ ဝိုင်းက ဗိုက်ဆာလွန်းလို့ လှုပ်တောင်မလှုပ်နိုင်ဘူးတဲ့။ မနေ့ညက ညစာအကုန် အများဆုံးစားတဲ့သူကဝိုင်း။ မနက်စာအဖြစ် ပေါင်မုန့်၊ ဆန်မုန့်၊ ယောဂ၊ ကိုကာတီး သောက်ကြတယ်။ မနက် ၈ နာရီမှာ တိုးကားလာခေါ်တယ် ဘာတွေသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇန်နဝါရီ ၈၊ ၂၀၂၀။

ညဖက် tour briefing ဟိုတယ်ဆီအသွားလမ်းက ဘုရား‌ကျောင်း‌တွေ
ဟိုတယ်အခန်းထဲက ပန်းချီလက်ရာ
မက်ချူးပီချူး တိုးခရီးစဥစဥ◌် ၂ ရက် သွားလည်မဲ့‌နေရာနဲ့ အချိန်‌တွေကို တိုးဂိုက်က ဒီလိုပုံလေးဆွဲပြီး ရှင်းပြတယ်
ကိုလံဘီယာနိုင်ငံမြို့တော်ဘိုကိုတာမှာ ထရန်စစ် ၂ နာရီ စောင့်နေတုန်း နာမည်ကြီး ကိုလံဘီယာ‌ကော်ဖီ ဝယ်လိုက်တယ်
ဂျမားနဲ့ဝမ်ကို နှစ်ထုပ် လက်ဆောင်‌ပေးပြီးလို့ နှစ်ထုပ်ကျန်‌သေးတယ် လိုချင်ရင်‌ပြော ပေးမယ်‌နော်:)

04 January 2020

စကင်ကဲကြမယ်...

အမေက မဟာနဖူးလေးနဲ့ အင်မတန်ချောတယ် အသားအရေလည်းလှတယ်။ ခုချိန်ထိ ချွှေးပေါက်မရှိ၊ ဝက်ခြံမရှိ၊ နေပူထဲထွက် အသက်ကြီးလာလို့ တင်းတိပ်နည်းနည်းပဲရှိတယ်။ ဒီတော့ ကိုယ်တို့ညီအစ်မက အမေနဲ့တူချင်လိုက်တာလို့ပြောရင် အဖေက ဆွေ့ဆွေ့ခုန်တယ်။ ကိုယ့်အသားအရေက မကောင်းဘူး ဝက်ခြံပေါက်တယ်။ စိတ်ဖိစီးမှုများလို့၊ ဟော်မုန်းမညီညွတ်လို့၊ ရာသီလာချိန်နီးလို့နဲ့ ဝက်ခြံက ပြတ်တယ်လို့ကို မရှိဘူး။ ငယ်ငယ်တုန်းက ဝက်ခြံပေါက်ခဲ့လို့ မျက်နှာအသားအရေ မချောမွတ်ဘူး။ နှာခေါင်းအနီးတဝိုက်မှာ ချွှေးပေါက်တွေကျယ်ပြီး မေးစေ့အသားအရေကြမ်းတယ်။ ရာမားနဲ့ မတွေ့တာနှစ်နှစ် ရာမားက စန်းစန်း အသားအရေ အတော်ကောင်းလာတယ် ဘာတွေလိမ်းလဲလို့ မေးတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ ဝိုင်းက ကိုရီးယားစကင်ကဲ ၁၀ ဆင့် အကြောင်းပြောနေလို့ ၁၀ ဆင့်တော့ မလုပ်နိုင်ဘူးဟေ့။ ၃ ဆင့်တောင် များလှပြီထင်နေတာ အဲ့ဒီလောက် စိတ်မရှည်အချိန်မပေးနိုင်ဘူး။ ကိုယ်ကရုံးသွားရင် ဘီဘီကရမ်လိမ်းလို့ ပထမဆုံး DHC deep cleansing oil ကို လက်နဲ့မျက်နှာအနှံ့ပွတ်လိုက်တယ်။ Bioderma ကို ဂွမ်းလေးနဲ့ ဆွတ်ပြီး မျက်လုံးအိုင်းလိုင်နာကို ဖျက်တယ်။ မျက်နှာကို ရေနွေးလေးနဲ့ သစ်လိုက်ပြီး Rosette cleaning paste ကို လက်နှစ်ဖက်နဲ့ အမြုပ်တွေထလာအောင်ပွတ်တိုက် မျက်နှာအနှံ့ပွတ်လိုက်တယ်။ ပြီးတော့ Foreo ဘရှပ်လေးနဲ့ပွတ်တယ် ရေနွေးလေးနဲ့သစ်တယ်။ ဝိုင်းက ဗီယက်နမ်နှစ်ပတ်ပြန်တော့ Foreo မယူသွားဘူး။ မျက်နှာအသားအရေခြောက်တယ်တဲ့ သုံးတဲ့စကင်ကဲက အတူတူပဲ။ Foreo ထူးခြားကြောင်း ဝိုင်းကကိုယ်တွေ့။ Hada Labo lotion (toner)၊ မနက်ဖက်ဆို milk (moisture)၊ ညဖက်ဆို cream နဲ့ serum လိမ်းတယ်။ အရင်တုန်းက Estee Lauder၊ Shesido skin care သုံးဖူးတယ် မကြိုက်ဘူး။ Hada Labo က ဂျပန် drug store brand စေ◌ျးချိုတယ် ကိုယ့်အသားအရေနဲ့တည့်တယ်။ တပတ်နှစ်ခါ  Cure Natural Aqua Gel နဲ့ scrub ချေးချွှတ်တယ်။ တပတ်တခါ Lu Lu mask နဲ့ ပေါင်းတင်တယ်။ ညဖက်ဆို အိုင်းခရမ်လိမ်းတယ် မနက်ဖက်ဆို Biore UV Aqua Rich sunscreen လိမ်းတယ်။ သုံးဖူးသမျှ sunscreen ထဲမှာ Biore ကိုအကြိုက်ဆုံးပဲ ရေလိုကြည်ကြည်လေး တခြားနေလောင်ခံခရမ်တွေလို လိမ်းလိုက်ရင် ဖြူဖြူကြီးဖြစ်မနေဘူး။ မကြီးပေးလိုက်တဲ့ SK II စီစီကရမ် လိမ်းနေတယ် ကြိုက်တယ်။ အရင်တုန်းကတော့ ဘော်ဘီဘရောင်း၊ ဒေါက်တာဂျာ့ ဘီဘီကရမ်လိမ်းတယ်။ မကြီးက too face နဲ့ it  မိတ်ကပ်ကောင်းတယ် ပြောနေတယ်။ သုံးဖူးသမျှ မျက်ခုံးမွှေးဆွဲခဲတံထဲမှာတော့ Mac ကို အကြိုက်ဆုံးတဲ့ မကြီးက။ အိုင်းလိုင်နာကတော့ ဂျပန်တံဆိပ် Monte Liner သုံးတယ်။ မျက်တောင်ကော့ဆေးက Mac မျက်တောင်ကော့ဆေးသုံးရင် မျက်လုံးယားလို့ သိပ်မသုံးဘူး။ ခု it မတ်စ်ကာလာ နာမည်ကြီးနေတယ်။


ပြင်သစ် Bioderma ကို ဂွမ်း‌လေးနဲ့ဆွတ်ပြီး အိုင်းလိုင်နာဖျက်တယ်
ပထမဆံဆုံး DHC cleaning oil ကို မျက်နှာအနှံ့ပွတ် ‌ရေနွေးလေးနဲ့ မျက်နှာသစ်တယ်...
ပြီးတော့ Rosette cleaning paste ကို လက်ထဲထည့်ပြီး အမြုပ်ထွက်အောင်ပွတ်...
မျက်နှာကိုပွတ်...အောက်က Foreo နဲ့ပွတ်တိုက်...မျက်နှာကို ‌ရေနွေးလေးနဲ့သစ် ...
double cleaning အဆင့်ပြီးပါပြီ... တပတ်နှစ်ခါ Cure နဲ့ scrub လုပ်တယ်
Forea brush
Lu Lu Lun sheet mask တပတ်တခါ ‌ပေါင်းတင်တယ် အထုပ်ကြီး ၂၀ ခုပါတယ်... တခုမှ တကျပ်လောက်ပဲကျတယ်
Hada Labo lotion, milk, cream, Biore sunscreen, SKII CC cream, Kiels eye cream, The balm cosmetics betty-lou manizer, serum, Chanel N 5 perfume, Oshimatsubaki hair oil 

ပါးရိုးသွယ်အောင် မကြီးပေးတဲ့ The balm cosmetics က betty-lou manizer  ခြယ်တယ်။ မကြီးက ကိုင်လီကထုတ်တဲ့ hightler ၊ primer နဲ့ ဘာလဲတော့မမှတ်မိတော့ဘူး ပါးရိုးကိုသုံးရောင်ခြယ်ပြတယ်။ ဟမ်မလေး … အဲ့ဒီလောက် စိတ်မရှည် အချိန်မပေးနိုင်ဘူး မလှချင်လည်း နေပါစေတော့။ မြန်မာတွေက မျက်နှာဝိုင်းဝိုင်းလေးမှ လှတယ်ထင်တယ်။ ဘိုတွေက ပါးရိုးသွယ်မှ လှတယ်လို့ထင်တယ်။ အရင်တုန်းက ကိုယ့်မျက်နှာက ဖောင်းဖောင်းကားကား ခု invisible သွားအံကပ်တပ်နေတော့ မေးရိုးတွေ ပြောင်းသွားလားမသိဘူး။ အရင်တုန်းက မျက်နှာက ဇကောလောက်ကြီးတယ် ခုပါးရိုးလေးတွေ သွယ်သွားတယ်။ နှုတ်ခမ်းနီကတော့ mac နဲ့ ချန်နယ်ဆိုးတယ်။ ဆံပင်ကျွှတ်သက်သာအောင်လို့ ခေါင်းမလျှော်ခင် အုန်းဆီလိမ်းပြီး ခေါင်းလျှော်ပြီးရင် Oshimatsubaki hair oil လိမ်းတယ်။ ရေမွှေးကတော့ Chanel N 5 ဆွတ်တယ် ကြိုက်တာက Alexander Mcqueen စေ◌ျးကြီးလို့။ ဝယ်ဖို့စိတ်ကူးနေတာက Gucci Bloom ချန်နယ်ရေမွှေးကုန်ရင် ဂူချီဝယ်မယ်လို့ စိတ်ကူးနေတာ။ ချန်နယ်က နှစ်နှစ်ရှိပြီ ခုထိလေးပုံတပုံပဲ ကုန်သေးတယ်။ ဂျပန်အလှပညာရှင် Chizu Saeki သဘောကျလို့ သူ့စာအုပ်ဝယ်ထားတယ်။ မျက်နှာကို လက်ကလေးနဲ့ ထိတွေ့ပွတ်သပ်ပေးခြင်းဟာ အကောင်းဆုံးနည်းပါတဲ့။ မျက်နှာကို နှိပ်နယ်တဲ့နည်းတွေပြတာ အင်မတန်လွယ်ကူပါတယ်။ ကီမိုဆေးကြောင်း ဆံပင်ကျွှတ်လို့ ခေါင်းမလျှော်ခင် မိနစ် ၂၀ လောက်မှာ အုန်းဆီလိမ်းတယ်။ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးကတော့ ရှီဆေးဒိုးက Tsubaki သုံးပါတယ်။ တပတ်တခါ epsom salt ကို ရေနွေးလေးနဲ့ ခြေထောက်စိမ်ပါတယ်။ တပတ်နှစ်ခါ မနက်ဖက် ခေါင်းလျှော်တဲ့အချိန် ပါးစပ်ထဲအုန်းဆီထည့်ငုံပြီး ခေါင်းလျှော်ပြီးတဲ့အခါ အိမ်သာထဲထွေးထုတ်တယ်။ အုန်းဆီတွေကို ဘေစင်ထဲ ထွေးမထုတ်ရဘူး ရေပေါက်တွေ ပိတ်ကုန်မှာစိုးလို့။ ပါးစပ်ကို ရေနွေးလေးနဲ့ကျင်း Baking Soda  လေးနဲ့ သွားတိုက်တဲ့အခါ သွားတွေဖြူလာတာ ကိုယ်တွေ့ပါ။ Oil pulling လုပ်တာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ခေါင်းလျှော်ပြီး ဆံပင်အခြောက်ခံနေတုန်း ဆားကို ဗန်းထဲထည့်ပြီး နင်းပါတယ်။ မနက်အိပ်ယာနိုးတာနဲ့ မျက်နှာမသစ်ဘဲ ဒူးခေါင်းကနေ ရေနှစ်ခွက်လောင်းချတယ်။ အပူတွေတရှိန်းရှိန်း ထွက်လာတာ ခံစားရတယ်။ ပြီးတော့ ghee ကို ရေနွေးလေးနဲ့ သောက်တယ်။ ညစာမစားခင် apple cide vinegar ကို pink salt လေးနဲ့သောက်ပြီး ဆနွှင်းကို Carlson cod liver oil နဲ့ သောက်တယ်။ မနက်တိုင်း နာရီဝက်၊ တနာရီလောက် တရားထိုင်၊ ညတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ကြိုးစားတယ်။ အိပ်မပျော်ရင် မက်ဂနီဆီယမ်သောက်တယ်။ အိမ်ကနေ ဘူတာရုံ၊ ဘူတာရုံကနေ ရုံး၊ နေ့လည်ဖက် ထမင်းစားပြီးရင် ၁၅ မိနစ်လမ်းလျှောက် တနေ့ကိုသုံးမိုင် တနာရီလမ်းလျှောက်တယ်။ စကင်လည်းကဲ ကျန်းမာအောင် နေထိုင်စားသောက်ပြီး စိတ်ချမ်းသာအောင်နေ စိတ်ကောင်းထားဖို့လည်း လိုသေးတယ်။ နှစ်သစ်မှာ ကျန်းမာပျော်ရွှင် လှပကြပါစေ။

စန်းထွန်း
ဇန်နဝါရီ ၄၊ ၂၀၂၀။

01 January 2020

နှုတ်ခမ်းနီ ရှာပုံတော် ...

အရင်တုန်းက အလှမပြင်ပေမဲ့ ၂၀၁၇ မှာတော့ ဘီဘီကရမ်ပါးပါးလိမ်း၊ မျက်ခုံးမွှေး၊ မျက်လုံးလိုင်နာဆွဲ၊ ပါးရိုးသွယ်အောင် brownzer ခြယ်၊ နှုတ်ခမ်းနီဆိုး အလှနည်းနည်း ပြင်တတ်လာတယ်။ နှုတ်ခမ်းနီဆိုးရတာကြိုက်တယ် ခက်တာက ရုံးရောက်လို့ မနက်စာစားပြီးတာနဲ့ နှုတ်ခမ်းနီပါ စားပစ်လိုက်သလားမသိဘူး နှုတ်ခမ်းနီက မရှိတော့ဘူး :) ။ အိတ်ထဲမှာ နှုတ်ခမ်းနီ၊ lip balm အမြဲဆောင်တယ်။ မကြီးက နှုတ်ခမ်းနီ တနေကုန်မပျက်အောင် နေတတ်စားတတ်တယ်။ မကြီးက Kyile နှုတ်ခမ်းနီကြိုက်တယ် တနေကုန်မပျက်လို့တဲ့။ ကိုယ်ကမကြိုက်ဘူး နှုတ်ခမ်းခြောက်လို့။ lip balm အရင်ဆိုးပြီးမှ ကိုင်လီနှုတ်ခမ်းနီ ထပ်ဆိုးရတယ်တဲ့။ ကိုင်လီကြိက်သူများကတော့ ကိုင်လီမှကိုင်လီတဲ့။ အရင်တုန်းက ရက်ဗလွန်၊ လိုရီရယ် နှုတ်ခမ်းနီဆိုးပေမဲ့ စတိတ်ရောက်တော့ ရှီဆေးဒိုး။ ဘော်ဘီဘရောင်း၊ ခု မတ် Mac ဆိုးတယ်။ ရုံးသွားရင် အရောင်ဖျော့ဖျော့ ဆိုးပေမဲ့ အပြင်သွားရင် နီတာလေးဆိုးတတ်တယ်။ ၂၀၁၈ မှာ ဝိုင်းက မွေးနေ့လက်ဆောင်အဖြစ် Russian Red နှုတ်ခမ်းနီ လက်ဆောင်ပေးတယ်။ တအားနီလွန်းလို့ ဓာတ်ပုံရိုက်တော့မှ ဆိုးတယ်။ ၂၀၁၉ နိုဝင်ဘာ ပီရူး၊ ဘိုလီးဘီးယား၊ ချီလီ တောင်အမေရိကကို ခရီးသွားတော့ အဲ့ဒီနှုတ်ခမ်းနီဆိုးတဲ့အခါ ဝိုင်းက တအားနီတယ်တဲ့။ အံမယ်… သူလက်ဆောင်ပေးပြီးတော့ အင်း … သိတယ် အရောက်တောက်တောက် ဆိုးချင်လို့ ဓာတ်ပုံထဲမှာ ပေါ်ချင်လို့။ ဟန်ရဲ့ချန်နယ်နှုတ်ခမ်းနီကို ကြိုက်လို့ ဝိုင်းက ကိုယ့်မွေးနေ့လက်ဆောင်အဖြစ် ချန်နယ်နှုတ်ခမ်းနီ လက်ဆောင်ပေးမယ်တဲ့။ ရှေ့အပတ်စနေနေ့မှာတော့ ကိုယ်တို့နှုတ်ခမ်းနီ ရှာပုံတော် ထွက်ကြတယ်။ ချန်နယ်က Sephora မှာမရှိဘူး မေစီနဲ့ ဘလွန်းမွန်းဒေး လျော့ပင်းမောလ်မှာပဲရှိတယ်။ မေစီက ချန်နယ်ကောင်တာမှာ နှုတ်ခမ်းနီတွေကို ဆိုးကြည့်ကြတာ နှုတ်ခမ်းနီတွေသာ ကုန်ပါလေရော တခုမှမကြိုက်ဘူး။ ဆိုးကြည့်လိုက် တစ်ရှူးနဲ့ဖျက်လိုက်နဲ့ နှုတ်ခမ်းတွေနာလာတယ်။ ကြိုက်တဲ့နှစ်ခုကလည်း အရောင်က အတူတူလိုပဲ။ ကိုယ်ကတောင် အလှနည်းနည်း ပြင်သေးတယ်။ ဝိုင်းဆို အလှမပြင် ဓာတ်ပုံရိုက်တော့မှ သူ့နှုတ်ခမ်းနီထုတ်ဆိုး၊ ကိုယ့်နှုတ်ခမ်းနီ ကပ်ဆိုးတဲ့သူ။ အလှအပမကျွှမ်းကျင်တဲ့နှစ်ယောက် နှုတ်ခမ်းနီရှာပုံတော် ဖွင့်ကြတာ အတော်ရယ်ရတယ်။ အရောင်ထွက်တာတွေလည်း မခန့်မှန်းတတ်၊ ဘယ်အရောင်က ကိုယ်နဲ့လိုက်မှန်းမသိ၊ ဘာအရောင်လိုချင်မှန်းမသိ။ ဟမ်မလေး … နှုတ်ခမ်းနီရှာရတာ အင်မတန်ခက်တာပဲ တဆိုင်လုံးလည်းကုန်ပြီ တရောင်မှမကြိုက်။ အရောင်တွေ နှုတ်ခမ်းမှာထင်နေတော့ နဂိုအရောင်မထွက်တော့ဘူး။ အပေါ်တက်ပြီး ခဏနား အိမ်သာထဲမှာ နှုတ်ခမ်းနီတွေဖျက်ပြီး နောက်တခေါက် ချီတက်ကြပြန်တယ်။ ဒီတခါတော့ ကိုယ်ကြိုက်တယ်လို့ မှတ်ထားတဲ့ အရောင်တွေကို စမ်းကြည့်တယ်။ အသားဖြူတဲ့ ဝိုင်းက အသားရောင်ဖျော့ဖျော့ အရောင်တွေနဲ့လိုက်ပြီး ကိုယ်က အရောင်တောက်တောက်တွေနဲ့ လိုက်တယ်။ ပိုက်ဆံရှင်းတော့မယ်ဆိုတော့မှ ဝိုင်းရွေးထားတဲ့ matte နှုတ်ခမ်းခပ်စိုစိုဖြစ်စေတဲ့ဟာကိုကြိုက်လို့ ပြောင်းလိုက်တယ်။ ကိုယ်ကြိုက်တဲ့ဟာက ရောင်းကုန်နေတယ် နောက်တခုထပ်ရွေးတော့ ရောင်းကုန်နေပြန်တယ် တတိယတခုကျမှရတယ်။ ဟမ်မလေး … နှုတ်ခမ်းနီရှာရတာ မလွယ်လိုက်တာ။ နောက်နေ့ကျတော့ နှုတ်ခမ်းတွေ အဖတ်တွေကွာ နည်းနည်းတောင် ယောင်နေသလိုပဲ။ နှုတ်ခမ်းနီတွေ အများကြီးရှိပေမဲ့ ကိုယ်ကြိုက်တဲ့နှုတ်ခမ်းနီရဖို့ ရှာဖွေရတာ အင်မတန်ခက်တယ်လို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ။

Happy New Year !!!
စန်းထွန်း
ဇန်နဝါရီ ၁၊ ၂၀၂၀။

ဆိုးထားတဲ့ နှုတ်ခမ်းနီက Mac's Russian Red
၂၀၁၉ နိုဝင်ဘာ၆ ဘိုလီးဗီးယားနိုင်ငံ La Paz မြို့နားက
အမြင့် ၅၄၀၀ မီတာ (၁၇,၇၁၆ ‌ပေ) မြင်င့်တဲ့ Chacaltaya သွားတဲ့လမ်း တနေရာ