16 November 2019

ြသဂုတ်ရက်စွဲများ...

နေ့လည်ထမင်းစားပြီးချိန်ဆို ရုံးနားက တံတားဆိပ်လေးမှာ လမ်းသွားလျှောက်တယ်။ ‌‌ဝေါထရိတ်စင်တာနဲ့ အောက်မက်ဟန်တန် စကိုင်းလိုင်းကို မြင်ရတယ်။ လေပြေလေညှင်းတွေ ပွေ့ဖက်ကျီဆယ် တိုက်ခတ်သွားတာလေးကို သဘောကျတယ်။ ြသဂုတ် ၃၀ နယူးဂျာစီ လောကချမ်းသာဘုရား နိဗ္ဗာန်စေ◌ျးပွဲတော်ရှိတယ်။ မခိုင်၊ မမီးတို့နဲ့ဆုံ စကားတွေပြော မြန်မာအစားအစာတွေဝယ်စား။ စက်တင်ဘာ၂ ရက် တနင်္လာနေ့က မန်မိုရီယမ်ဒေးပိတ်ရက် နယူးဂျာစီဘုန်းကြီးကျောင်းမှာ ၃ ရက် တရားစခန်း ဝင်ဖြစ်တယ်။ စိတ်တွေက ဂယောက်ဂယက် ဘယ်လိုမှစုစည်းလို့ မရဘူး။ စက်တင်ဘာ ၃ ရက် မောင်မောင်ဆုံးတာ ၃ လပြည့် ကွင်းက သုံးပါးကျောင်းမှာ ဆွမ်းသွားကပ်တယ်။ မနက် ၅ နာရီခွဲထ မြန်လွယ်တဲ့ဟင်းတွေချက် ၇ နာရီအိမ်ကနေ ဘုန်းကြီးကျောင်းကို နာရီဝက်လမ်းလျှောက်။ မနက် ၇ နာရီခွဲ ဆွမ်းကပ် ၈ နာရီ ဂျက်ဆင်ဟိုက်ကနေ ရထားစီးပြီးရုံးသွား။ လစဥ◌်လတိုင်းရဲ့ ၃ ရက်နေ့တိုင်း မောင်မောင့်အတွက် ရည်စူးပြီး တစ်နှစ်ဆွမ်းကပ်ဖို့ စိတ်ကူးထားတယ်။ ဟင်းချက်မကျွှမ်းကျင်လို့ ဟင်းဝယ်စား ကိုယ့်မွေးနေ့တောင် ဆွမ်းမကပ်တဲ့သူ။ လက်ရာသိပ်မကောင်းလို့ ဘုန်းဘုန်းကို အားနာမိသား။ မောင်မောင့်အတွက် ကိုယ်လုပ်ပေးနိုင်တာက ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှပေးနိုင်တာပဲရှိလို့ နေ့စဥ◌်နေ့တိုင်း ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှပေးဝေဖြစ်တယ်။ သူရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ ကိုယ်လုပ်ပေးနိုင်တာလေးတော့ လုပ်ပေးချင်တယ်။ ပါချုပ်ဆရာတော်ရဲ့ တမလွန်မှဆွေမျိုးများ တရားထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း အမျှဝေရတယ်။ အမျှဝေတာကို စောင့်မျှော်သာဓုခေါ်ချင်တဲ့ ဆွေမျိုးတွေရှိတယ်တဲ့။ ကိုယ်ကဆွေမျိုးတော်စပ်မှန်း မသိပေမဲ့ သူတို့ကသိတယ်တဲ့။ သံသရာကရှည်လွန်းတော့ သံသရာတကွေ့မှာ ဆွေမျိုးမတော်စပ်ဘူးတဲ့သူ မရှိဘူးတဲ့။ မောင်မောင်လို့ပြောတိုင်း ရင်ထဲနာကျင်ကြေကွဲ ဝမ်းနည်နေတုန်း။ ဗီယက်နမ်ကို နှစ်ပတ်ပြန်တဲ့ ဝိုင်းပြန်ရောက်လာတော့ စက်တင်ဘာလလယ်မှာ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ကို သုံးရက်ခရီး ထွက်ဖြစ်တယ်။ ကော်လိုရာဒိုသွားတောလားကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

စန်းထွန်း
နိုဝင်ဘာ ၁၆၊ ၂၀၁၉။

ရုံးနားက တံတားဆိပ်ကနေ မြင်ရတဲ့ ဝေါထရိတ်စင်တာ
‌အောက်မန်ဟက်တန်စကိုင်းလိုင်း
မခိုင်ရိုက်‌ပေးတာ
မမီး၊ မခိုင်တို့နဲ့  ြသဂုတ် ၃၀ နယူးဂျာစီ လောကလာကချမ်းသာ နိဗ္ဗာန်စေ◌ျးပွဲတော်
စက်တင်ဘာ ၂ မန်မိုရီယမ်‌ဒေးပိတ်ရက် နယူးဂျာစီ မဟာစည်တရားရိပ်သာ သုံးရက်တရားစခန်း
စက်တင်ဘာ ၃ ‌ မောင်‌မောင်သုံးလပြည့်အလှု သုံးပါး‌ကျောင်း

13 November 2019

Assateague Island သွား ‌တောလား - ၂

ဘာဘီကျူးကင်နေတုန်း ဘေးနားကတဲကို မြင်းတွေလာတယ်။ ပစ္စည်းတွေကို ဆွဲချနေလို့ မောင်းလိုက်တော့ ကိုယ်တို့တဲဆီရောက်လာတယ်။ ထိုင်ခုံပေါ်က ပစ္စည်းတွေကိုဆွဲချလို့ အဝေးကိုပြေး အသံပေးပြီး ခြောက်တာလည်းမကြောက် အေးဆေးပဲ။ တော်တော်ကြာတဲ့အထိ မသွားဘူး ဆူနမ်က မြင်းတွေနားမှာ ထိုင်နေလို့ အဝေးမှာနေဖို့ အော်ဟစ် သတိပေးရတယ်။ ဘာဘီကျူးင်တာမှာသုံးတဲ့ တံစို့ဝါးချွှန်တွေကိုယမ်းပြီး ‌ခြောက်လှန့်နေတဲ့ကိုယ့်ဆီ မြင်းတွေက တည့်တည့်ကြီးလာနေလို့ ဝါးချွှန်တွေကိုဘေးချပြီး ပြေးရတော့တယ်။ ဝိုင်းက ဝါးချွှန်တွေမှာ အသားတွေကင်ထားလို့ အနံ့ရလို့ လာတာနဲ့တူတယ်တဲ့။ မဟုတ်ဘူး ဝါးချွှန်ကအသစ် မကင်ရသေးဘူး။ အတော်လေးကြာတော့မှ မြင်းတွေက အဝေးကိုထွက်သွားတယ်။ မြင်းတွေသွားတော့မှ ဒင်းတို့ဆွဲချသွားတဲ့ ပစ္စည်းတွေကိုပြန်ကောက် သိမ်းဆည်းရတယ်။ ဘာဘီကျူးကင် မစားနိုင်ဘူး ကြက်ပေါင်တတုံး၊ ဝက်သားတဖတ်၊ ပြောင်းဖူးတဖူး၊ အာလူးတတုံးစားတယ် ဗိုက်မဝဘူး။ ကိုယ်က အိပ်ချင်နေပြီ ဆူနမ်တို့ ဘာဘီကျူးကင်တာ မပြီးသေးလို့ စောင့်နေရတာနဲ့ ည ၁၂ ခွဲမှ အိပ်ရတယ်။ သူကင်နေတုန်း ကိုယ်အိပ်နေလို့ ဘယ်ဖြစ်ပါ့မလဲနော့။ ကိုယ်တို့နှစ်ယောက်က တဲအိမ်ထဲမှာ မီးထွန်းပြီးအင်္ကီျလဲနေကြလို့ အိမ်သာကနေ အထင်းသားမြင်ရလို့ ဆူနမ်က မက်ဆင်ဂျာကနေ မတ်ဆေ့ပို့နေတာ မသိဘူး။ ဂင်္ဂါရှိနေလို့ လှမ်းအော်လို့လည်းမဖြစ် အပြေးလာပြီး သတိပေးတယ်။ ဆူနမ်ကသာ စိတ်ပူနေတာ ကိုယ်တို့ကအေးဆေးပဲ အမှောင်ထဲမှာ ဘာမြင်ရမှာမို့လို့လဲ မြင်တော့ရော ဘာဖြစ်လဲ။ ဖော့တုံးလေးတွေက ပါးတော့ကျောနာတယ် အိပ်ရတာ အတော်အဆင်မပြေဘူး ချမ်းလို့ကွေးနေရတယ်။ ဆူနမ်က အိပ်မပျော်ရင် အိမ်သာခဏခဏ သွားတတ်တယ်။ ကိုယ်တို့နိုးတဲ့အခါ ဆူနမ်နဲ့ အိမ်သာသွားကြတယ်။ ကြယ်ရောင်စုံကောင်းကင်ကြီးကို မြင်ရတယ် လှလိုက်တာ။ ဒီလိုကြယ်တွေစုံတဲ့ညကို မတွေ့ရတာ အတော်ကြာပြီ။ အိမ်သာမှဆုံတဲ့ ကောင်လေးတယောက်က မနေ့ညက မြင်းတွေရန်ဖြစ်ကြလို့ တညလုံးမအိပ်ရဘူးဆိုပဲ။ သူတို့အုပ်စုက ဘာဘီကျူးမကင်ဘူး အိပ်ခါနီးမှရောက်လာကြတယ်။ မနက်မိုးလင်းခါနီး နှာမှုတ်သံကြားလို့ နိုးလာပြီး အပြင်ကိုချောင်းကြည့်လိုက်တော့ ဘုရားရေ … မြင်းတွေက တဲဘေးနားမှာပါလား။ ချောင်းကြည့်ပေါက်ကနေ ကြည့်တော့လည် ဘာမှမတွေ့တော့ဘူး။ အပြင်ထွက်ကြည့်မလို့ကို ဝိုင်းကမကြည့်နဲ့ အထဲမှာနေတဲ့။ ကြောက်လို့ ကိုယ့်နားလာကပ်နေတယ်။ ဆူနမ့်ဗလကိုများ အားကိုးမယ်မှတ်တယ် ဆူနမ်မရှိဘူး ဘယ်ရောက်နေပါလိမ့် အိမ်သာသွားနေတယ်နဲ့တူတယ်။ မနက် ၆ နာရီခွဲပြီမို့ အိပ်ယာထ မျက်နှာသစ် နေထွက်တာ သွားကြည့်ကြတယ်။ ကိုယ့်ထက် ဝီရိယကောင်းတဲ့သူတွေက ရောက်နှင့်နေပြီ။ ပင်လယ်ရေအောက်ကနေ နေလုံးကြီးထွက်လာတာ အတော်လှတယ်။

မနေ့ကသွားခဲ့တဲ့ ထရေးလမ်းမှာ လမ်းသွားလျှောက်တယ်။ မနက်စာ ဆန်းဒွတ်စားကြတယ်။ ခဏနေတော့ တဲအိမ်တွေဖျက် ပစ္စည်းတွေသိမ်း။ မနက် ၁၀ နာရီမှ ချက်ကောက်လုပ်ရမှာမို့ အချိန်တွေကျန်သေးတယ်။ ဝိုင်းက မပြန်ချင်သေးဘူး ဒီလောက်အဝေးကြီးလာပြီးမှ ရသမျှနေချင်တယ်။ မြေပုံမှာ ထရေးလမ်းကိုရှာကြည့်တော့ ထရေးလမ်းတခု ထပ်တွေ့တယ်။ ဖရဲသီးသယ်လာပြီး စားကြတယ်။ ဖရဲသီးအခွံက မြေ ြသဇာဖြစ်စေတယ်ဆိုပြီး အမှိုက်ပုံးထဲမထည့်ဘဲ မြေကြီးပေါ် လွှင့်ပစ်ကြတယ်။ ရေအိုင်တွေကို ဖြတ်ကျော်နေတဲ့ မြင်းတွေအများကြီး တွေ့ရတယ်။ ဂင်္ဂါက မြင်းတွေရှိနိုင်တဲ့နေရာကို ခန့်မှန်းတွက်ချက်ပြီး သွားကြည့်တာ မြင်းမတွေ့ဘူး။ မြင်းတွေက ကိုယ်တို့ကမ့်ပင်းထွက်တဲ့နေရာကို ရောက်နေလို့ ထပ်သွားကြည့်ကြတယ်။ အေးအေးလူလူ မြက်စားနေကြတဲ့ မြင်းလေးကောင် တွေ့တယ်။ ကမ့်ပင်းအိမ်သာကိုသွားတဲ့ ဂင်္ဂါက ပြန်လာပြီးပြောတယ် ကမ့်ပင်းနေရာမှာ မြင်းတွေမှအများကြီးပဲဆိုပြီး လာခေါ်တယ်။ အမလေး … မြင်းတွေမှ အများကြီးပဲ လူမကြောက်ဘူး။ ပင်လယ်ကမ်းစပ်သွားပြီး လမ်းသွားလျှောက်တယ်။ အိပ်ရေးမဝလို့ ပင်ပန်းနေတဲ့ ရာမားနဲ့ဆူနမ်က ထိုင်နေရစ်နေတယ်။ သူတို့အကြာကြီးစောင့်နေရမှာစိုးလို့ ဆယ့်ငါးမိနစ်လောက်ပဲ လမ်းလျှောက်တယ်။ ချက်ကောက်လုပ်ပြီး ဗိုက်ဆာလာတော့ ဘာဘီကျူးကင်တာတွေရှိပေမဲ့ ရာမားကြောင့် ချစ်ပိုလေးမက်ဆီကန်ဆိုင်မှာ ဝင်စားကြတယ်။ ကိုယ်တို့ဘတ်စ်ကားက ညငါးနာရီမှဆိုတော့ စောနေသေးတယ် အိမ်ပြန်ပြီးမနားချင်ဘူး။ မေရီလန်းပြည်နယ်ရဲ့မြို့တော် အန်နာပိုလစ်မြို့ကို ဝင်လည်ကြတယ်။ ရေတပ်မြို့ တနင်္ဂနွေနေ့ သင်တန်းပွဲရှိတယ်နဲ့ တူပါရဲ့ ယူနီဖောင်းအဖြူရောင် ဝတ်ထားတဲ့ကလေးတွေတွေ့တယ်။ ရေခဲမုန့်စားကြတယ် ရာမားက ဓာတ်ပုံရိုက်ပေးတော့ သူ့ကိုမကြည့်နဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်နေတဲ့။ ညစာအတွက် စတားဘာ့ခါမှာ ဝယ်မလို့ဆိုင်ရှာတာ အတော်ရှာလိုက်ရတယ်။ ဆူနမ်ညွန်းတဲ့ဘာဂါ၊ မစ်ရှိတ်ဝယ်ပြီး ဘတ်စ်ကားဆီပြေး။ အဲ့ဒီဘာဂါမကြိုက်ဘူး နောက်ဆိုဝယ်စားမှာ မဟုတ်ဘူး။ ဆူနမ်နဲ့ကိုယ်တို့က အကြိုက်မတူဘူး။ အိမ်ကို ည ၁၂ နာရီလောက်မှ ပြန်ရောက်တယ်။ ဒီတခေါက်ကမ့်ပင်းက ပင်ပန်းလွန်းလို့ နောက်ကမ့်ပင်းဆိုရင် မလိုက်ချင်တော့ဘူး။ ချီကာဂိုသွားတုန်းက တနေ့ရှစ်မိုင်လျှောက်တာတောင် ဒီကမ့်ပင်းလောက် မပင်ပန်းဘူး။ ချီကာဂိုခရီးတုန်းက ပင်ပန်းပေမဲ့ ကောင်းကောင်းစား ည ၁၀ နာရီကနေ မနက် ၆ ခွဲအထိ တရေးကောင်းကောင်းအိပ်ရတယ်။ ဝိုင်းက တနင်္လာနေ့က အစ်နေ့မို့လို့ နားရတယ်။ ကိုယ်က ပင်ပန်းလွန်းလို့ နောက်စနေ၊ တနင်္ဂနွေ ဘယ်မှမသွားဘဲ အိမ်မှနားရတယ်။ ကော်လိုရာဒိုသွားတဲ့ အကြေင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၁၃၊ ၂၀၁၉။

ကိုယ်က ဘယ်နေရာမှာလဲ ခန့်မှန်းကြည့်
‌မေရီလန်ပြည်နယ်ရဲ့မြို့‌တော် အန်နာပိုလစ်
ရာမားက သူ့ကိုမကြည်ည့်နဲ့ ‌ဘေးပတ်ဝန်းကျင်ကို ကြည့်နေတဲ့

09 November 2019

Assateague Island သွား ‌တောလား - ၁

မေရီလန်းပြည်နယ်ရဲ့ အလှဆုံးအမျိုးသားဥယျာဥ◌်က အစာတီကပ်ကျွှန်း။ ဝိုင်းက သွားလည်ချင်တယ် ဆူနမ်တို့လည်း မရောက်ဖူးဘူး။ ဆူနမ်က ဝိုင်းကိုတအားခင်နေတော့ လတိုင်းသူ့ဆီ လာလည်စေချင်တယ်။ ဝိုင်းက တခါမှကမ့်ပင်း မထွက်ဖူးဘူး။ ကိုယ်က ၂၀၁၃ မှာ တန်နက်ဆီပြည်နယ် ဂရိတ်စမုတ်ကီအမျိုးသားဥယျာဥ◌်ကို ပထမဆုံးအကြိမ် ကမ့်ပင်းထွက်ဖူးတယ်။ ဆူနမ်တို့က ဂရိတ်စမုတ်ကီကမ့်ပင်းပြီးတော့ နယူးယောက်ကိုပြောင်းသွားတဲ့ ကိုယ်မပါဘဲ ဗာဂျီးနီးယားကမ်း‌‌ခြေကို ကမ့်ပင်းထွက်သေးတယ်။ လေတအားတိုက်လို့ ခေါင်းအုံးတွေ၊ စောင်တွေ ပင်လယ်ထဲ မျောပါသွားလို့ လိုက်ဆယ်ရသေးတယ်တဲ့။ အစာတီကပ်ကမ့်ပင်းနေရာက တစ်နှစ်လုံးမှာ ြသဂုတ် ၁၀ ရက် တနေ့ပဲရလို့ အမြန်ဘွတ်ရတယ်။ ရာမားက မေရီလန်းတိုက်ခန်းကနေ ဗာဂျီးနီးယားအိမ်ကို ပြောင်းတဲ့အခါ ကမ့်ပင်းပစ္စည်းတွေကို လွှင့်ပစ်လိုက်တယ်။ ခုကမ့်ပင်းထွက်တော့ လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဝယ်ရတယ်။ ကမ့်ပင်းပစ္စည်းတွေကို စာရင်းနဲ့သေချာမှတ် လိုက်ဝယ်ရတာ အတော်ပင်ပန်းတယ်။ ဘာဘီကျူးကင်ဖို့ အသား၊ အစားအသောက်တွေဝယ်၊ ပြင်ဆင်ရတာ အတော်အချိန်ကုန်တယ်။ ဆူနမ်မို့လို့ လုပ်နိုင်တာ ကိုယ်ဆိုမလုပ်နိုင်ဘူး။ sleeping bag မရှိတော့ ဝေါမတ်ဆိုင်ကနေ ကလေးတွေ ကစားတဲ့အခါ ခင်းတဲ့ဖော့ပါးပါးလေး ဆူနမ်က ဝယ်ထားတယ်။ ရာသီဥတုပူတော့ စောင်ပါးပါးလေးပဲ ယူလာခဲ့တဲ့။ ဝိုင်းမှာ စောင်ပါးမရှိလို့ ကိုယ်ကဝိုင်းအတွက် ယူလာပေးတယ်။ ထုံးစံအတိုင်း နယူးယောက်ကနေ ည ၆ နာရီ ၁၅ ထွက်တဲ့ ဘတ်စ်ကားစီးရင် ဗာဂျီးနီးယားကို ည ၁၀ နာရီခွဲ ရောက်တယ်။ ဆူနမ်က အလုပ်များနေလို့ နာရီဝက်နောက်ကျပြီးမှ ရောက်လာတယ်။ သူတို့အိမ်ကို ၄၅ မိနစ်လောက် ထပ်မောင်းရတော့ ည ၁၂ ခွဲမှ အိပ်ရတယ်။ မနက် ၇ နာရီခွဲမှာ မနက် ၉ နာရီလောက်မှ အိပ်ယာထတတ်တဲ့ ရာမားကိုနိုး။ မနက် ၈ နာရီခွဲမှာ အိမ်ကစထွက်တယ် ကမ့်ပင်းနေရာကို လေးနာရီခွဲလောက် မောင်းရတယ်။ မေရီလန်းပြည်နယ် အိုးရှင်းစီးတီးကို ဝင်လည်ကြတယ် ကားပါကင်ရှာရခက်တယ်။ သဲသောင်မှာဖျာခင်းပြီး ဆူနမ်တို့ယူလာတဲ့ ဆိတ်သားနဲ့ အာလူး စားကြတယ်။ မဆလာနံ့ပြင်းရင် မစားနိုင်တဲ့ ဝိုင်းနဲ့ကိုယ်က စားကောင်းတယ်လို့ပြောပြီး စားကြတယ်။ အမှန်က ဆူနမ်တို့နဲ့မို့လို့ နီပေါစာကိုလိုက်စားတာ ကိုယ့်ဘာသာဆို ဘယ်တော့မှစားမှာ မဟုတ်ဘူး။ ပင်လယ်ကမ်းခြေမှာ ‌‌ခြေဗလာနဲ့ခဏလမ်းလျှောက်ပြီး ကမ်းခြေတပတ် တမိုင်လောက် လမ်းလျှောက်ကြတယ်။

ဆူနမ်က သူတယောက်တည်းဆို တမိုင်တောင် လျှောက်ချင်တာ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ဆို စကားတပြောပြောနဲ့ သုံးမိုင်လည်း လျှောက်နိုင်တယ်။ ၂၀၁၃ တုန်းက ကိုယ်တွေ အိုးရှင်းစီးတီးကို လာလည်ကြသေးတယ်။ Ripley’s Believe it or not ၊ လေဆာတန်းတွေ မထိအောင် သွားရတဲ့ laster tag ဂိမ်း ကစားကြတယ်။ စားသောက်ဆိုင်မှာ fooseball ခုံတွေတွေ့တော့ ဝင်ဆော့ကြတယ်။ ကျောင်းကမြေအောက်ထပ်မှာ နေ့လည်စာ၊ ညစာစားပြီးရင် fooseball ဆော့ကြတယ်။ fooseball မြင်တော့ ကျောင်းကိုသတိရသွားတယ် မတိုင်ပင်ရဘဲ fooseball ဆော့ကြတယ်။ ကိုယ်က နောက်တန်းကနေပဲ ဆော့တတ်တယ်။ အိုးရှင်းစီးတီကမ်းခြေက ဆိုင်တဆိုင်မှာ hell chicken wing စားကြတာ ကိုယ်နဲ့ဆူနမ်က တကိုက်တောင် မစားနိုင်ဘူး။ ကိုယ်ဆို တကိုက်ကိုက်ပြီးတာနဲ့ ဆံပင်တွေ ထောင်သွားသလား မှတ်ရတယ်။ မျက်ရည်တွေကျ နှာရည်တွေကျ အိမ်သာတန်းပြေးရတယ်။ ရာမားက လေးခုတောင် စားနိုင်တယ်။ ကိုယ်တို့သုံးယောက်လုံး အဲ့ဒီအဖြစ်အပျက်ကို မှတ်မိပေမဲ့ ဘယ်ဆိုင်လည်းဆိုတာကတော့ မမှတ်မိကြဘူး။ အိုးရှင်းစီးတီကနေ အစာတီကပ်အိုင်လန်ကို နာရီဝက်လောက် ထပ်မောင်းရတယ်။ လမ်းမှာ မီးမွှေးဖို့ သစ်သားတုံးတွေဝယ်တာ ဆူနမ်၊ ရာမား၊ ဂင်္ဂါ သုံးယောက် ငြင်းခုန်နေကြလို့ ဝိုင်းက ဘာလို့ငြင်းခုန်နေကြတာလဲ မသိဘူး နှစ်ခုဝယ်မယ်ဆိုလည်း ဝယ်လိုက်ကြတာမဟုတ်ဘူးတဲ့။ ဝိုင်းက အင်မတန်စိတ်ရှင်းတယ်။ ကိုယ်နဲ့ဝိုင်းက အကျင့်စရိုက်၊ ကြိုက်တာ တော်တော်များများတူတယ်။ တခါတလေ အယူအဆမတူလို့ ငြင်းခုန်ကြတာကလွဲလို့။ ကမ့်ပင်းနေရာရောက်တော့ ချက်ကင်ဝင်၊ ကမ့်ပင်းနေရာကိုရှာ၊ တဲထိုး။ ဂင်္ဂါနဲ့ရာမားက တဲအသေး၊ ဆူနမ်၊ ဝိုင်းနဲ့ကိုယ်က တဲအကြီး။ ကိုယ်နဲ့ဝိုင်းက ဝိုင်းကူရုံပဲ တကယ်ပင်ပန်းတာက ဆူနမ်။ ဂူဂယ်မတ်မှာ ရှာလိုက်တော့ ကမ်းခြေကသိပ်မဝေးဘူး နေဝင်ဆည်းဆာ သွားကြည့်ကြမယ်။ နေဝင်ချိန်က ည ၈ နာရီဆိုတော့ ည ၇ နာရီခွဲလောက် သွားကြမယ်ဆိုတာ ဆူနမ်မပြီးသေးလို့ စောင့်နေရတာနဲ့ ကမ်းခြေကို နေဝင်ပြီးမှ ရောက်သွားတယ်။ ဆူနမ်စီစဥ◌်တာ ဆူနမ့်နေရာမို့လို့ ဝိုင်းကဘာမှမပြောတာ။ ဝိုင်းက အချိန်နောက်ကျတာ သူ့အချိန်ကိုဖြုန်းတယ်လို့ ခံစားရတာကို လုံးဝသည်းမခံဘူး။

ဆူနမ်နဲ့ရာမားက အချိန်သိပ်ဆွဲတယ် ၈ နာရီဆို ၈ နာရီခွဲ ဘာတွေလုပ်နေမှန်းကို မသိဘူး။ ကိုယ်နဲ့ဝိုင်းက မြန်တယ် ၈ နာရီဆို ၇ နာရီ ၅၀ လောက်ကတည်းက အဆင်သင့်ဖြစ်နေပြီ။ တံတားလေးအတိုင်း လမ်းလျှောက်တော့ လရောင်ဖြာကျနေတဲ့ ရေအိုင်လေးတွေ တွေ့ရတယ်။ ဒီလိုမြင်ကွင်းမျိုးမတွေ့ရတာ အတော်ကြာပြီ နှစ်ပေါင်း ၁၅ နှစ်လောက် ရှိတော့မယ်။ တိမ်တောက်နေတာ အတော်လှတယ်။ ရာမားရဲ့ဆမ်ဆောင်းဖုန်း ကင်မရာက ပုံထွက်အတော်ကောင်းတယ်။ ဂင်္ဂါက ကိုယ်တို့လေးယောက်ပုံတွေ ရိုက်ပေးတယ်။ ဓာတ်ပုံပညာ လေ့လာသင်ယူနေတဲ့သူမို့ အလင်းအမှောင်၊ အယူအဆ အတော်ကောင်းတယ်။ နေဝင်သွားတော့ ဘာမှမမြင်ရတော့ဘူး။ ဆူနမ်က ဓာတ်မီးသေးသေးလေးတွေပေးတယ် အဲ့ဒီလိုဆူနမ်က စေ့စပ်သေချာတဲ့သူ။ ထင်းချောင်းမလောက်လို့ ရာမားနဲဂင်္ဂါ ထပ်သွားတယ်။ ထင်းက မီးသိပ်မစွဲလို့ ကိုယ်ကထင်းအနေအထား ပြင်ပေးပြီးမှုတ်လိုက်တော့မှ မီးတောက်လာတယ်။ ဂရိတ်စမုတ်ကီကမ့်ပင်းတုန်းကလည်း မိုးရွာနေလို့ ထင်းမီးမစွဲတာ ကိုယ်ကထင်းအနေအထားပြင်ပေး မီးကိုအဆက်မပြတ် မရပ်မနားယပ်ခတ် မှုတ်ပေးတော့မှ မီးတောက်လာဖူးတယ်။ ဆူနမ်တို့က ကိုယ့်ကို ဖူးဖူးမာစတာလို့ နာမည်ပြောင်ပေးထားတယ်။ ငယ်ငယ်တုန်းက ဟိုင်းကြီးမှာ ဆောင်းရာသီမနက်ခင်းဆို မီးလှုံရတယ်။ အဲ့ဒီတုန်းက လျှပ်စစ်မီးမရှိသေးဘူး မီးသွေး၊ ထင်းချောင်းနဲ့ ထမင်းချက်ရတယ်။ ကိုယ်က မီးဖိုချောင်မှာ မီးဖို၊ မီးမှုတ်ပေးနေကြ။ ဘာဘီကျူးလေးကင်လိုက် စကားတွေပြောလိုက်နဲ့ ခဏနေတော့ အလန့်တကြား အထိတ်အလန့် အဖြစ်အပျက်လေး ဖြစ်ခဲ့တယ်။ အဲ့ဒီအကြောင်းကိုတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၉၊ ၂၀၁၉။

‌မေရီလန်းပြည်နယ် အိုးရှင်းစီးတီး
‌ရေအိုင်‌လေး‌ပေါ်မှာ လရောင်ဖြာကျနေတာ
‌နေဝင်ချိန် တိမ်တောက်တဲ့အချိန်

06 November 2019

Cold Spring သွား တောလား...

ြသဂုတ် ၃ စနေနေ့ နယူးယောက် အပ်စတိတ်ဖက် ကိုးစပရင်းဖက်ကို ဟိုက်ကင်းထွက်ဖြစ်တယ်။ နယူးယောက်ရောက်ပြီး မကြာခင်ဟိုက်ကင်းအဖွဲ့မှာ ဝိုင်းနဲ့စခင်ပြီး ပထမဆုံးသွားဖြစ်တဲ့ခရီးက ကိုးစပရင်း။ ၂၀၁၄ ြသဂုတ်လမှာ သွားခဲ့တာဆိုတော့ ငါးနှစ်တိတိပဲ။ ငါးနှစ်ဆိုတာ မြန်လိုက်တာ ခဏလေးလိုပဲ။ ဒီတခေါက်တော့ Boscobel အိမ်နဲ့ပန်းခြံတိုးကို မတ်ထရိုနော့ရထားမှာ ဝယ်လိုက်တယ်။ ထုံးစံအတိုင်း ဂရမ်းစင်ထရယ်ကနေ မနက် ၈ နာရီ ၄၀ ထွက်တဲ့ရထားကို တနာရီလောက်စီးလိုက်ရင် ရောက်ပြီ။ ဘူတာကနေ ဘော့စ်ကိုဘယ်ကို ထရော်လီရှိတယ်ဆိုပေမဲ့ ထရော်လီမတွေ့တော့ အူဘာငှားလို့ရပေမဲ့ လမ်းလျှောက်ချင်တာနဲ့ပဲ လမ်းလျှောက်ကြတယ်။ လမ်းဘေးမှာပေါက်နေတဲ့ ပန်းလေးတွေ အတော်လှတယ်။ ကိုးစပရင်းမြို့လယ်ကောင်ရောက်တော့မှ အရင်တခေါက်တုန်းက သွားဖူးတဲ့လမ်းတွေကို မှတ်မိတယ်။ မြို့ငယ်လေးဆိုတော့ လူရှင်းကားရှင်းတယ်။ အတော်လေးကြာတော့ လူသွားလမ်း မရှိတော့ဘူး။ ဟိုင်းဝေးလမ်းမကြီးဘေးမှာ လမ်းလျှောက်ရတာ ကားတွေက နောက်ကနေဝင်တိုက်မလား ဘေးကနေ တဝှီးဝှီးဖြတ်နေတာ အသည်းတယားယားပဲ။ အန္တရာယ်မရှိဘူး ဝင်မတိုက်ပါဘူးလို့ ဝိုင်းကိုအားပေးစကားပြောတဲ့အခါ မင်းမောင်လေး လမ်းမကြီးပေါ်မှာ မောင်းနေပေမဲ့ လမ်းမကြီးပေါ် တက်ရပ်ထားပြီး ရောင်ပြန်တပ်မထားတဲ့ကားကို ဝင်တိုက်လို့ မသေသင့်ဘဲ သေခဲ့ရတာပဲမလား။ သူကမှန်ပေမဲ့ သူများကမှားတဲ့အခါ ခံရတာပဲမလား။ မှန်တဲ့စကားဆိုပေမဲ့ ရင်ထဲနင့်နေတာပဲ။ ‌ေ‌ြသာ် … သေခြင်းတရား အတော်ကြောက်စရာ ကောင်းတာပဲ။ ချစ်တဲ့သူတယောက် သေဆုံးသွားတာ အတော်ဝမ်းနည်းစရာကြီး။ တွေးမိတိုင်း နာကျင်ကြေကွဲ ခံစားရတုန်း ရင်ကွဲနာဆိုတာ ဒါမျိုးနေမှာ။ အပြန်ကျရင် ကိုယ်ကလမ်းလျှောက်ချင်ပေမဲ့ ဝိုင်းကြောင့် ထရော်လီစီးမယ်လို့ ရွေးချယ်လိုက်တယ်။ ဘော့စ်ကိုဘယ်အိမ်တိုးက နာရီဝက်ဆိုစမှာတဲ့ မစခင်လေး ဓာတ်ပုံပြေးရိုက်။ အိမ်ကိုဘယ်သူတွေပိုင်တယ်၊ ဘယ်လိုထိန်းသိမ်းခဲ့တယ်ဆိုတာတွေ ရှင်းပြတယ်။ စန္ဒရားက နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ မြေအောက်ထပ်မှာ ဘယ်လိုချက်ပြုတ်သလဲဆိုတာတွေ ရှင်းပြတယ်။ လီမွန်နိတ်နဲ့ ကွတ်ကီးကျွှေးတယ်။ ဝိုင်းက အယ်မလေး ဥရောပက ရှေးဟောင်းအဆောက်အဥ◌ီးတွေက အများကြီးသာတယ်။

အိမ်ရှေ့ကနေ ဟက်ဆန်မြစ်၊ West Point စစ်သင်တန်းကျောင်းကို မြင်ရတဲ့မြင်ကွင်းက အတော်လေးလှတယ်။ West Point ကျောင်းက အတော်နာမည်ကြီးတယ် တနေ့သွားလည်ဥ◌ီးမယ်။ အဝင်ဝမှာစောင့်နေတဲ့ ယောကျာ်းနှစ်ယောက်ကို မေးကြည့်တော့ သူတို့လည်း ထရော်လီစောင့်နေတာတဲ့။ Farmer Market ကိုသွားပြီး တပတ်ပတ်ကြည့် ဝိုင်းက ရွှေဖရုံသီး pie cake ကိုယ်က ဘလူးဘယ်ရီ pie ccake ဝယ်တယ်။ အဝင်ဝရောက်တော့ ထရော်လီအကြောင်း မေးမြန်းထားဖူးတဲ့ မြက်ရိတ်သမားက လာပြောတယ် ထရော်လီခုပဲ ပြန်ထွက်သွားတယ်တဲ့။ မှီလိုမှီငြား လမ်းမဖက်ထွက်ကြည့်တော့ ထရော်လီအရိပ်အယောင် မတွေ့ဘူး။ ထရော်လီက အချိန်မမှန်ဘူး ဒီတော့ အူဘာခေါ်လိုက်တယ် အူဘာက မိနစ် ၂၀ လောက် စောင့်ရတယ်။ စောနေသေးတာနဲ့ ကိုးစပရင်းမြို့လယ်ကောင်က antique ဆိုင်တိုင်းကို ဝင်ကြည့်တယ်။ အဟောင်းဆိုင်ဆိုပေမဲ့ ဒီဇိုင်းလက်ရာလေးတွေ မဆိုးဘူး။ မြစ်ကမ်းဘေးနားတလျှောက် လမ်းလျှောက်ကြတယ်။ အရင်လာတုန်းက ဟိုင်းဝေးလမ်းမကြီးကိုဖြတ်ပြီး ဟိုက်ကင်းထရေးလမ်းဆီ သွားတာ။ အမေ၊ မကြီးလာတုန်းက အဲ့ဒီကိုသွားခဲ့ပေမဲ့ ဟိုက်ကင်းထရေးတွေဆီ မသွားခဲ့ဘူး။ အမေ၊ မကြီးတို့နဲ့ ပါလာတဲ့မုန့်တွေစား မြစ်ကမ်းဘေးက သဲသောင်စပ်မှာ ဖျာခင်းပြီး အိပ်ကြတယ်။ ဟက်ဆန်မြစ်ကမ်းဘေးက ပန်းခြံဘေးမှာ ခဏထိုင်နားကြတယ်။ ကိုယ်က အဲ့လိုမြစ်ကမ်းဘေးမှာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်တွေ့ရင် ဖျာလေးခင်းပြီး အိပ်ချင်မိတော့တာပဲ။ စာအုပ်ဖတ်လိုက် အိပ်လိုက် စကားပြောလိုက် စားလိုက် ပစ်ကနစ်ထွက်ချင်တာ။ မြစ်ကမ်းဘေးနားက နာမည်ကြီးမိုမိုရေခဲမုန့်စားတယ်။ ဘော့စ်ကိုဘယ်အိမ်ထက် ဟိုက်ကင်းထွက်ရတာ ပိုကြိုက်တယ်။ အပြန်လမ်းမှာတော့ ပင်ပန်းလို့ ရထားပေါ်မှာ အိပ်ပျော်သွားတယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၆၊ ၂၀၁၉။

Boscobel အိမ်‌ရှေ့ကနေမြင်ရတဲ့ ဟက်ဆန်မြစ် ညာဖက်ခြမ်းက နာမည်ကြီး West Point စစ်သင်တန်း‌ကျောင်း
ကိုးစပရင်း မြို့လယ်‌ကောင်က အိမ်ကလေး
ကိုးစပရင်းလမ်ဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်း‌လေးတွ အင်မတန်လှတယ်
Bascobel အိမ်

02 November 2019

ဘလူးဘယ်ရီ၊ မက်မွန်သီးခူးခြင်း...

ဇှုလှိုင် ၂၇ စနေနေ့မှာတော့ နယူးယောက် အပ်စတိတ်ဖက် ပေါကီးစကီး Poughkeepsie က လယ်တောတွေဆီသွားပြီး ဘလူးဘယ်ရီ၊ ဆီးသီး၊ မက်မွန်သီး သွားခူးတယ်။ Dutchess ကောင်တီတိုးရစ်ဇင်၊ မတ်ထရိုနော့ရထား၊ ဒေသခံတိုးကုမ္ပဏီတွေ ပူးပေါင်းစီစဥ◌်တဲ့တိုး။ escape maker ဆိုဒ်မှာ တကျပ်နဲ့ဘွတ်ကင်လုပ်ထားပြီး စနေနေ့ မတ်ထရိုနော့ရထားမှာ tour package ဝယ်ရတယ်။ ထုံးစံအတိုင်း ဂရမ်းစင်ထရယ်ကနေ မနက် ၈ ၄၅ ရထားစီး နှစ်နာရီလောက်စီးပြီးရင် ဟက်ဆန်လိုင်းအဆုံးမှာ ပေါ့ကီးစကီးဘူတာရောက်ပြီ။ ဘူတာမှာ တိုးကားကြီးက စောင့်နှင့်နေတယ်။ လူအယောက် ၆၀ မှာ အေးရှန်းနည်းတယ်။ မနှစ်ကလာပြီးသား လူတွေလည်းပါတယ်။ ပထမဆုံးသွားလည်တဲ့ လယ်တောမှာ ဆိတ်လေးတွေကို အစာကျွှေးလို့ရတယ်။ ကွာတား ၂၅ ပြားစေ့ထည့်လိုက်ရင် ဆိတ်စာလေးတွေ ကျလာတယ်။ အစာကျွှေးတော့ အလုအယက် တိုးဝှေ့စားကြတယ်။ တချို့အကောင်တွေက ချိုနဲ့တိုက်ပြီး ဗိုလ်ကျအနိုင်ကျင့်တယ်။ အတွေ့အကြုံရအောင် တကြိမ်ပဲကျွှေးမယ်လို့ စိတ်ကူးထားပေမဲ့ အစားတောင်းနေကြတဲ့ သနားစရာမျက်လုံးလေးတွေကြောင့် နှစ်ကြိမ်ကျွှေးဖြစ်တယ်။ နေ့လည်စာကို ထရပ်ကားလေးဆီက ဝယ်စားကြတယ်။ ပြီးတော့ လယ်တောတခုမှာ ဘလူးဘယ်ရီ သွားခူးကြတယ်။ ခြင်းတောင်းထဲရောက်တာကနည်းနည်း ပါးစပ်ထဲရောက်တာ ခပ်များများ။ ကိုယ့်အကြောင်းသိတဲ့ဆူနမ်က စန်းစန်းခူးရင် ခြင်းထဲရောက်တာနည်းနည်း ပါးစပ်ထဲရောက်တာများများ ခြင်းထဲထည့်ခိုင်းဖို့ ဝိုင်းကိုသတိပေးတယ်။ တခြားဖက်ခြမ်းမှာ ဆီးသီးသွားခူးကြတယ်။ ဆီးသီးတွေ အင်မတန်စားကောင်းတယ်။ ဆီးသီးကျတော့ ဘလူးဘယ်ရီလောက် မစားနိုင်ဘူး။ ဘလူးဘယ်ရီသီး၊ ဆီးသီးတွေ ချိန်တွယ်တဲ့အချိန်မှာ appricot (မြန်မာလိုဘယ်လိုခေါ်လဲ မသိဘူး) ယိုတွေ့လို့ ဝယ်ခဲ့သေးတယ်။ နောက်လယ်တောတခုမှာ မက်မွန်သီးတွေခူးတယ်။ မာနေသေးတော့ စားမကောင်းဘူး ငါးလုံးပဲဝယ်ခဲ့တယ်။ အိမ်ရောက်ပြီးတော့မှ စားကောင်းလိုက်တာ များများမဝယ်ခဲ့တာ နောင်တရတယ်။ နောက်ဆုံးလယ်တောမှာ ဆိတ်၊ သိုး၊ နွှား၊ ဒေါင်း၊ ဝက်၊ ငှက်၊ ကြက်၊ ဘဲတွေ တွေ့တယ်။ ပြောင်းဖူးခင်းနဲ့ ဓာတ်ပုံရိုက် ပြောင်းဖူးတွေ ဝယ်ခဲ့တယ်။ ကိုယ်က ပြောင်းဖူးသိပ်ကြိုက်တယ် စေ◌ျးဆိုင်ကပြောင်းဖူးတွေနဲ့ တခြားစီပဲ။ တိုးကားက ဘူတာကို လိုက်ပို့ပေးတယ်။ လူတိုင်း လယ်တောဆီက ဝယ်လာကြတာ အိတ်ကြီးအိတ်ငယ်ကိုယ်စီနဲ့။ ပင်ပန်းလို့ ထုံးစံအတိုင်း ရထားပေါ်မှာ အိပ်ပျော်သွားတယ်။

Happy Traveling!
စန်းထွန်း
နိုဝင်ဘာ ၂၊ ၂၀၁၉။

ကွာတား‌စေ့ထည့်ပြီး ဆိတ်စာဝယ်ရတယ်
ခြင်းထဲရောက်တာနည်းနည်း ပါးစပ်ထဲရောက်တာများတဲ့ ဘလူးဘယ်ရီ
သနားစရာ‌ကောင်းတဲ့ မျက်လုံး‌လေး‌တွေ‌ကြောင့် ဒုတိယအကြိမ်ထပ်‌ကျွှေး
ဘလူးဘယ်ရီ
စိမ်းနေ‌သေးတဲ့ဆီးသီး
မက်မွန်သီး
‌ပြောင်းဖူးခင်း
ဘလူးဘယ်ရီ
ဆီးသီး
မက်မွန်သီး
မက်မွန်သီး
ကိုယ်ဝယ်လာတဲ့ ဘလူးဘယ်ရီ၊ ဆီးသီး၊ မက်မွန်သီး၊ ပြောင်းဖူး