Cold Spring သွား တောလား...

ြသဂုတ် ၃ စနေနေ့ နယူးယောက် အပ်စတိတ်ဖက် ကိုးစပရင်းဖက်ကို ဟိုက်ကင်းထွက်ဖြစ်တယ်။ နယူးယောက်ရောက်ပြီး မကြာခင်ဟိုက်ကင်းအဖွဲ့မှာ ဝိုင်းနဲ့စခင်ပြီး ပထမဆုံးသွားဖြစ်တဲ့ခရီးက ကိုးစပရင်း။ ၂၀၁၄ ြသဂုတ်လမှာ သွားခဲ့တာဆိုတော့ ငါးနှစ်တိတိပဲ။ ငါးနှစ်ဆိုတာ မြန်လိုက်တာ ခဏလေးလိုပဲ။ ဒီတခေါက်တော့ Boscobel အိမ်နဲ့ပန်းခြံတိုးကို မတ်ထရိုနော့ရထားမှာ ဝယ်လိုက်တယ်။ ထုံးစံအတိုင်း ဂရမ်းစင်ထရယ်ကနေ မနက် ၈ နာရီ ၄၀ ထွက်တဲ့ရထားကို တနာရီလောက်စီးလိုက်ရင် ရောက်ပြီ။ ဘူတာကနေ ဘော့စ်ကိုဘယ်ကို ထရော်လီရှိတယ်ဆိုပေမဲ့ ထရော်လီမတွေ့တော့ အူဘာငှားလို့ရပေမဲ့ လမ်းလျှောက်ချင်တာနဲ့ပဲ လမ်းလျှောက်ကြတယ်။ လမ်းဘေးမှာပေါက်နေတဲ့ ပန်းလေးတွေ အတော်လှတယ်။ ကိုးစပရင်းမြို့လယ်ကောင်ရောက်တော့မှ အရင်တခေါက်တုန်းက သွားဖူးတဲ့လမ်းတွေကို မှတ်မိတယ်။ မြို့ငယ်လေးဆိုတော့ လူရှင်းကားရှင်းတယ်။ အတော်လေးကြာတော့ လူသွားလမ်း မရှိတော့ဘူး။ ဟိုင်းဝေးလမ်းမကြီးဘေးမှာ လမ်းလျှောက်ရတာ ကားတွေက နောက်ကနေဝင်တိုက်မလား ဘေးကနေ တဝှီးဝှီးဖြတ်နေတာ အသည်းတယားယားပဲ။ အန္တရာယ်မရှိဘူး ဝင်မတိုက်ပါဘူးလို့ ဝိုင်းကိုအားပေးစကားပြောတဲ့အခါ မင်းမောင်လေး လမ်းမကြီးပေါ်မှာ မောင်းနေပေမဲ့ လမ်းမကြီးပေါ် တက်ရပ်ထားပြီး ရောင်ပြန်တပ်မထားတဲ့ကားကို ဝင်တိုက်လို့ မသေသင့်ဘဲ သေခဲ့ရတာပဲမလား။ သူကမှန်ပေမဲ့ သူများကမှားတဲ့အခါ ခံရတာပဲမလား။ မှန်တဲ့စကားဆိုပေမဲ့ ရင်ထဲနင့်နေတာပဲ။ ‌ေ‌ြသာ် … သေခြင်းတရား အတော်ကြောက်စရာ ကောင်းတာပဲ။ ချစ်တဲ့သူတယောက် သေဆုံးသွားတာ အတော်ဝမ်းနည်းစရာကြီး။ တွေးမိတိုင်း နာကျင်ကြေကွဲ ခံစားရတုန်း ရင်ကွဲနာဆိုတာ ဒါမျိုးနေမှာ။ အပြန်ကျရင် ကိုယ်ကလမ်းလျှောက်ချင်ပေမဲ့ ဝိုင်းကြောင့် ထရော်လီစီးမယ်လို့ ရွေးချယ်လိုက်တယ်။ ဘော့စ်ကိုဘယ်အိမ်တိုးက နာရီဝက်ဆိုစမှာတဲ့ မစခင်လေး ဓာတ်ပုံပြေးရိုက်။ အိမ်ကိုဘယ်သူတွေပိုင်တယ်၊ ဘယ်လိုထိန်းသိမ်းခဲ့တယ်ဆိုတာတွေ ရှင်းပြတယ်။ စန္ဒရားက နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ မြေအောက်ထပ်မှာ ဘယ်လိုချက်ပြုတ်သလဲဆိုတာတွေ ရှင်းပြတယ်။ လီမွန်နိတ်နဲ့ ကွတ်ကီးကျွှေးတယ်။ ဝိုင်းက အယ်မလေး ဥရောပက ရှေးဟောင်းအဆောက်အဥ◌ီးတွေက အများကြီးသာတယ်။

အိမ်ရှေ့ကနေ ဟက်ဆန်မြစ်၊ West Point စစ်သင်တန်းကျောင်းကို မြင်ရတဲ့မြင်ကွင်းက အတော်လေးလှတယ်။ West Point ကျောင်းက အတော်နာမည်ကြီးတယ် တနေ့သွားလည်ဥ◌ီးမယ်။ အဝင်ဝမှာစောင့်နေတဲ့ ယောကျာ်းနှစ်ယောက်ကို မေးကြည့်တော့ သူတို့လည်း ထရော်လီစောင့်နေတာတဲ့။ Farmer Market ကိုသွားပြီး တပတ်ပတ်ကြည့် ဝိုင်းက ရွှေဖရုံသီး pie cake ကိုယ်က ဘလူးဘယ်ရီ pie ccake ဝယ်တယ်။ အဝင်ဝရောက်တော့ ထရော်လီအကြောင်း မေးမြန်းထားဖူးတဲ့ မြက်ရိတ်သမားက လာပြောတယ် ထရော်လီခုပဲ ပြန်ထွက်သွားတယ်တဲ့။ မှီလိုမှီငြား လမ်းမဖက်ထွက်ကြည့်တော့ ထရော်လီအရိပ်အယောင် မတွေ့ဘူး။ ထရော်လီက အချိန်မမှန်ဘူး ဒီတော့ အူဘာခေါ်လိုက်တယ် အူဘာက မိနစ် ၂၀ လောက် စောင့်ရတယ်။ စောနေသေးတာနဲ့ ကိုးစပရင်းမြို့လယ်ကောင်က antique ဆိုင်တိုင်းကို ဝင်ကြည့်တယ်။ အဟောင်းဆိုင်ဆိုပေမဲ့ ဒီဇိုင်းလက်ရာလေးတွေ မဆိုးဘူး။ မြစ်ကမ်းဘေးနားတလျှောက် လမ်းလျှောက်ကြတယ်။ အရင်လာတုန်းက ဟိုင်းဝေးလမ်းမကြီးကိုဖြတ်ပြီး ဟိုက်ကင်းထရေးလမ်းဆီ သွားတာ။ အမေ၊ မကြီးလာတုန်းက အဲ့ဒီကိုသွားခဲ့ပေမဲ့ ဟိုက်ကင်းထရေးတွေဆီ မသွားခဲ့ဘူး။ အမေ၊ မကြီးတို့နဲ့ ပါလာတဲ့မုန့်တွေစား မြစ်ကမ်းဘေးက သဲသောင်စပ်မှာ ဖျာခင်းပြီး အိပ်ကြတယ်။ ဟက်ဆန်မြစ်ကမ်းဘေးက ပန်းခြံဘေးမှာ ခဏထိုင်နားကြတယ်။ ကိုယ်က အဲ့လိုမြစ်ကမ်းဘေးမှာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်တွေ့ရင် ဖျာလေးခင်းပြီး အိပ်ချင်မိတော့တာပဲ။ စာအုပ်ဖတ်လိုက် အိပ်လိုက် စကားပြောလိုက် စားလိုက် ပစ်ကနစ်ထွက်ချင်တာ။ မြစ်ကမ်းဘေးနားက နာမည်ကြီးမိုမိုရေခဲမုန့်စားတယ်။ ဘော့စ်ကိုဘယ်အိမ်ထက် ဟိုက်ကင်းထွက်ရတာ ပိုကြိုက်တယ်။ အပြန်လမ်းမှာတော့ ပင်ပန်းလို့ ရထားပေါ်မှာ အိပ်ပျော်သွားတယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၆၊ ၂၀၁၉။

Boscobel အိမ်‌ရှေ့ကနေမြင်ရတဲ့ ဟက်ဆန်မြစ် ညာဖက်ခြမ်းက နာမည်ကြီး West Point စစ်သင်တန်း‌ကျောင်း
ကိုးစပရင်း မြို့လယ်‌ကောင်က အိမ်ကလေး
ကိုးစပရင်းလမ်ဘေးမှာ အလေ့ကျပေါက်နေတဲ့ ပန်း‌လေးတွ အင်မတန်လှတယ်
Bascobel အိမ်

No comments: