ကော်လိုရာဒိုသွား ‌တောလား - ၁

စက်တင်ဘာ ၁၃ သောကြာနေ့ ညနေ ၃ နာရီ ရုံးကနေ ဂျက်ဆင်ဟိုက်ကို မိနစ် ၅၀ လောက် ရထားစီးရတယ်။ ဂျက်ဆင်ဟိုက်ကနေ လာဂွာရီရာလေဆိပ်ဆီ ဘတ်စ်ကားစီးဖို့ ဘတ်စ်ကားလက်မှတ်ဝယ်နေတုန်း တယောက်က လက်မှတ်လာပေးသွားလို့ ဝိုင်း မင်းယူလိုက်။ ကိုယ့်ရထားလက်မှတ်က unlimited ဆိုတော့ ရထားခမပေးရဘူး။ ၂၀၁၈ ဇှုလှိုင် အလာစကာ၊ ၂၀၁၉ ဇှုလှိုင် ချီကာဂိုသွားတုန်းက ဘတ်စ်ကားလက်မှတ် ဝယ်စရာမလိုဘူး အလကားစီးခွင့်ပေးထားတယ်။ စေ◌ျးပေါတဲ့လေယာဥ◌်လက်မှတ်ဆိုတော့ ခုံနံပါတ်ချက်ချင်း မပေးဘူး။ ဘုတ်ဒင်းလုပ်တဲ့အခါ ဂိတ်ကပေးလိမ့်မယ်တဲ့။ ဟမ်မလေး … အဆန်းတော့ ထိုင်ခုံတနေရာတော့ရမှာပဲ ဘယ်နေရာပဲရရ စေ◌ျးသက်သာရင်ပြီးရော။ ဂိတ်ပေါက်တွေ့တာနဲ့ ညနေစာစားဖို့ ပြင်ဆင်ကြတယ်။ ကိုယ့်ရုံးနားက ဝယ်လာတဲ့ဆူရှီက နှစ်ယောက်စာမဟုတ်ဘူး တယောက်စာဖြစ်နေတယ်။ ကိုယ်လည်း နေ့လည်ဝယ်တုန်းက မစစ်လိုက်မိဘူး။ အရင်တခါကလိုမဟုတ်ဘဲ တခြားဟာကိုမှာတာ ဆူရှီ ၈ ခုနဲ့ Salad ။ တယောက်စာကို နှစ်ယောက်မျှစားကြတော့ မဝဘူး။ ချီကာဂိုသွားတုန်းက တာမင်နယ်မှာတွေ့ဖူးတဲ့ ဂျပန်ဆိုင်မှာ စားမလားလို့ သွားရှာကြည့်တာ အရင်တခေါက်တုန်းကနဲ့ မတူဘူး။ renovation လုပ်လိုက်တာလား တလခွဲနဲ့ မဖြစ်နိုင်ဘူး။ ပြန်စစ်လိုက်တော့ ဇှုလှိုင်လ ချီကာဂိုသွားတုန်းက တာမင်နယ်စီ ခုတာမင်နယ်ဘီ ‌ေ‌ြသာ် ဒါကြောင့်ကိုး။ ဘိုစာတွေပဲရှိတော့ မစားတော့ဘူး ဒန်ဗာရောက်ရင် အေးရှန်းစာ ရှာကြည့်မယ်။ ကိုယ်တို့ကခရီးသွားရင် ကျောပိုးအိတ်နဲ့သွားတော့ လက်ကေ့အိတ်စောင့်ထုတ်စရာ မလိုတော့မြန်တယ်။ ကျောပိုးအိတ်ကို ထိုင်ခုံအောက်မှာ ထားလို့ရတော့ ခေါင်းပေါ်ကကယ်ဘင်မှာ နေရာမရှိလည်း ကိစ္စမရှိဘူး။ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ကို လေယာဥ◌် ၄ နာရီစီးရတယ်။ Mountain Time Zone မှာရှိပြီး နယူးယောက်ထက် နှစ်နာရီနောက်ကျတယ်။ ဒန်ဗာကို ည ၁၀ နာရီရောက်တယ်။ လေဆိပ်ကနေ မြို့ထဲကယူနီယမ်ဘူတာစီ သွားမဲ့ရထားကို ရှာမတွေ့လို့ ကောင်တာကဝန်ထမ်းအန်တီကြီးကို မေးကြည့်တယ်။ တည့်တည့်လျှောက် အလံတွေ့ရင် အောက်ကိုဆင်းတဲ့ စက်လှေကားစီး။ အတော်နက်နက်စီးပြီးတဲ့အခါမှာ ရထားတွေ့လိမ့်မယ်။ ဝိုင်းက နေရာမေးမြန်းရင် အမျိုးသမီးတွေက ပိုစိတ်ရှည်တယ်တဲ့။ ဟုတ်ပါ့ စက်လှေကားက အတော်မြင့်တယ်။ ယူနီယမ်ဘူတာကို တနာရီလောက်စီးရတယ် ၁၀ ပဲကျတယ်။ ဘူတာကနေ ဟိုစတယ်ကို လမ်းလျှောက်ရင် မိနစ် ၃၀ အူဘာငှားစီးရင် ၅ မိနစ်ပဲ။ လမ်းလျှောက်နိုင်သေးတာရော၊ အေးရှန်းစာရှာချင်တာရော၊ တိုးအားလုံးက ယူနီယမ်ဘူတာကနေ စတင်မှာမို့ လမ်းကြောင်းသိချင်တာရော၊ လူမပြတ်တာရောကြောင့် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

၁၆ လမ်းမကြီးက စည်ကားတယ် စားသောက်ဆိုင်တွေမှ အများကြီး။ အများစုက ဘားတွေ အေးရှန်းဆိုင်တွေက ည ၉ နာရီဆိုပိတ်ပြီ။ နယူးယောက်မှာပဲ ညဥ◌့်နက်တဲ့အထိဖွင့်တာ နယ်မြို့တွေက ည ၉ နာရီဆိုပိတ်ပြီ။ ဘားတွေကတော့ ညဥ◌့်နက်တဲ့အထိဖွင့်တယ်။ နောက်ဆုံးမှာတော့ အေးရှန်းဆိုင်ရှာမတွေ့တာနဲ့ ၇၁၁ ဆိုင်ဝင်ပြီး ခေါက်ဆွဲခြောက်ဗူးတွေ ဝယ်လိုက်တယ်။ ဟိုစတဂယ်ရောက်တော့ ရေထည့် မိုက်ခရိုဝေ့စ်ထဲ့ထည့် စားကြတယ်။ အေးရှန်းတွေဆိုတော့ ဘိုစာစားမလား ခေါက်ဆွဲခြောက်စားမလားမေးရင် ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုတာ သိပေမဲ့ ခေါက်ဆွဲခြောက်ပဲစားမယ်။ ဟိုတယ်ဘေးနားမှာ လူတန်းရှည်ကြီးတွေ့လို့ ဟိုစတယ်မှာမေးကြည့်တော့ နာမည်ကြီးဒစ်စကိုကလပ်တဲ့။ ဆူနမ်က ကလပ်မှာသွားကရတာ ကြိုက်တယ်။ ကိုယ်တို့က အင်တာနက်၊ စာအုပ်၊ တောတောင်ရေမြေ ပိုကြိုက်တယ်။ မနက်အိပ်ယာကနိုးတာနဲ့ရေချိုး ဟိုစတယ်က မနက်စာမကျွှေးဘူး။ ကိုယ်ယူလာတဲ့ အစေ့အနှံ၊ အုတ်တွေလည်း မစားချင်ဘူး။ မနက် ၇ နာရီခွဲ ကားလမ်းမပေါ် လူတွေကားတွေရှင်းလို့ နည်းနည်းအေးတယ်။ စတိတ်ကယ်ပီတယ်ရှေ့ဖြတ်တော့ မနက်ဖြန်ဆိုရင် ဓာတ်ပုံဝင်ရိုက်ဖို့ အချိန်ရှိတယ်။ မနက် ၈ နာရီထိုးတော့မယ် ဆိုင်တွေမဖွင့်သေးဘူး။ ယူနီယမ်နားက ဘီဂယ်ဆိုင်မှာ ဘီဂယ်ဝယ်စားတယ်။ ကိုယ်စားဖူးတဲ့ဘီဂယ်ထဲမှာ အနူးညံ့ဆုံး အလတ်ဆတ်ဆုံး အကောင်းဆုံးဘီဂယ်ပဲ။ နောက်နေ့တွေ ဝယ်စားဥ◌ီးမယ်။ တိုးစုရပ်က ယူနီယမ်ဘူတာရှေ့က အလံတိုင်။ အလံတိုင်နားမှာ ရပ်နေတဲ့လူတွေကို မေးကြည့်တော့ ကိုယ်တို့နဲ့တိုးတူတဲ့သူတွေပါတယ်။ အချိန်တိကျတယ် မီနီဘတ်စ်အပြည့်ပဲ နာမည်၊ ဘယ်မှာနေတာ၊ အလုပ်အကိုင်၊ ဒီတိုးမှာ ဘာတွေမြင်ချင်ကြည့်ချင်တယ်ဆိုတာ ပြောပြီးမိတ်ဆက်ရတယ်။ တနာရီလောက်ကြာပြီးတဲ့အခါ ရော့ကီးတောင်တန်းထဲ ဝင်လာပါပြီ။ တနေရာမှာရပ်ပြီး ၁၅ မိနစ်လောက် ဟိုက်ကင်းပြီးတဲ့အခါ ရေတံခွန်လေးတွေ့တယ်။ နာရီဝက်အချိန်ပေးတယ် ထင်းရှူးပင်တွေနဲ့ တကယ့်ကိုအလာစကာ အသေးစားလေးပဲ။ ကိုယ်တို့သွားဖူးတဲ့ ပြည်နယ်ထဲမှာတော့ အလာစကာဟာအလှဆုံးပဲ။ တောင်ဖက်ကိုမျက်နှာမူနေတဲ့ တောင်စောင်းတွေမှာ ထင်ရှူးပင်တွေနည်းပြီး မြောက်ဖက်ကို မျက်နှာမူနေတဲ့တောင်စောင်းတွေမှာ ထင်းရှူးပိုများတယ်။ North Face effect မြောက်ဖက်ကိုမျက်နှာမူနေတဲ့အခြမ်းက နေရောင်တိုက်ရိုက်ထိတွေ့မှုနည်း ရေဓာတ်ပိုရလို့တဲ့။ နေ့လည်ထမင်းစားချိန်ရောက်တော့ စမ်းချောင်းလေးဘေးမှာ ရပ်နားပြီး နေ့လည်စာစားကြတယ်။ ဆန်းဒွတ်၊ ပန်းသီး၊ chips၊ ရေဘူးပေးတယ်။ ရေထပ်လိုချင်ရင် ရေဘူးအသစ်ထပ်မပေးဘဲ ဘူးအဟောင်းကို ရေဖြည့်ပေးတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အသုံးပြုတာကို လျှော့ချတဲ့အနေနဲ့ပေါ့။

‌ရော့ကီး‌တောင်တန်းဟာ အလာစကာ အငယ်စားလေးပဲ
အမြင်င့်‌ပေ ၁၂၀၀၀ high altitude sickness ကို စခံစားရတယ် ခေါင်းငြီးစီစီ အသက်ရှူမဝ နားထဲကလေထွက်
အိပ်ငိုက် သန်း‌ဝေတယ်..သုံးလှမ်းလှမ်းပြီးတိုင်း တခါနားရတယ် ၁၀ မိနစ်ခရီးကို ၂၀ မိနစ်‌လောက် ‌လျှောက်ခဲ့ရတယ်...
မျက်နှာကဖြူ‌လျော်သွားလို့ ဝိုင်းက စိတ်ပူပြီးပြန်လှည်ည့်မလား‌မေးတယ်...
စကားမ‌ပြောနိုင် အသံမထွက်နိုင်လို့ ‌ခေါင်းခါပြ လိုက်တယ်...ရောက်‌အောင် သွားမယ်...
‌လေထန်လွန်းလို့ လွှင့်ထွက်မသွားအောင်  ဥ◌ီးထုပ်ကို ကိုင်ထားရတယ်...‌အေးလို့ ‌ ဒေါင်းဂျက် ထုတ်ဝတ်ရတယ်...
သိပ်လှတဲ့ Reservoir  ‌ရေလှောင်ကန်

ရော့ကီးတောင်တန်းတွေပေါ်တက်တာနဲ့ high altitude sickness ကို စတင်ခံစားရပြီ။ ခေါင်းကငြီးစီစီ၊ သန်းဝေ၊ အိပ်ငိုက်လာတယ်။ အိပ်ငိုက်လာလို့ ဝိုင်းကနိုးတယ် သာယာလှပတဲ့ ပတ်ဝန်းကျင်အလှကို ကြည့်ရှူဖို့။ အမြင့်ဆုံးနေရာဆီသွားတဲ့အခါ နားထဲကလေထွက် အသက်ရှူမဝဘူး။ ကိုယ့်မျက်နှာက ဖြူလျော်သွားလို့ ဝိုင်းကစိတ်ပူပြီး ပြန်လှည့်မလားမေးတယ်။ ဇွဲကောင်းတဲ့ကိုယ်က စကားမပြောနိုင် အသံကိုမထွက်နိုင်တော့ဘူး။ ခေါင်းခါပြီး သုံးလှမ်းလောက်ရောက်ရင် တခါနားပြီး ၁၀ မိနစ်လောက်လျှောက်ရတဲ့ခရီးကို မိနစ် ၂၀ လောက် လျှောက်ခဲ့ရတယ်။ လေတိုက်ရင် အတော်အေးလို့ ဒေါင်းဂျက်ကက် ထုတ်ဝတ်ရတယ်။ ရော့ကီးတောင်တန်းတလျှောက် ဗျူးပွိုင့်တိုင်းကို ရပ်ပေးတယ် ဘယ်နေရာတွေလဲလို့ မမှတ်မိတော့ဘူး။ နှစ်ပေါင်းသန်းချီနေတဲ့ ကျောက်လွှာတွေမို့ လမ်းပေါ်မှာပဲလမ်းလျှောက်ဖို့ သတိပေးဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတယ်။ လမ်းပေါ်မှာလမ်းမလျှောက်တဲ့ ကောင်မလေးကို လူငယ်လေးတယောက်က သတိပေးတဲ့အခါ ရှင်က ငါ့အဖေလားလို့ ပြန်ပြောတဲ့ကောင်မလေးကို အံ့ြသလို့။ ကျေးဇူးတင်ပါတယ် ဆောရီးလို့ ပြန်ပြောရမှာကို ရန်တွေ့နေသေးတယ်။ ဟိုလူက အမြင်မတော်တာတွေ့ရင် ပြောရမဲ့တာဝန်ရှိလို့ အသိစိတ်ရှိရှိနဲ့ လုပ်တာမှန်တယ်။ ရေလှောင်ကန်တခုက အတော်လေးလှတယ်။ Estes Park မြို့ထဲက စမ်းချောင်းလေးတလျှောက် လမ်းလျှောက်ကြတယ်။ ပြီးတော့ နာမည်ကြီး Stanley Hotel သွားလည်ကြတယ်။ ရှူခင်းက အတော်လှတယ် The Shinning ဝတ္ထု၊ ရုပ်ရှင်၊ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ Room 217 အကြောင်းတွေ ပြောကြတယ်။ ၁၀ နာရီတိုးမို့ ည ၆ နာရီခွဲလောက်မှာ ယူနီယမ်ဘူတာဆီ ပြန်ရောက်တယ်။ တိုးဂိုက်က ဝန်ဆောင်မှုအတော်ကောင်းလို့ တစ်ဖ်ကောင်းကောင်း ပေးလိုက်တယ်။ ညနေစာကို အေးရှန်းဆိုင်မှာ စားကြတယ်။ မိနစ် ၄၀ လောက် လမ်းလျှောက်နိုင်သေးတာနဲ့ အူဘာငှားမစီးဘဲ ဟိုစတယ်ဆီ လမ်းလျှောက်ပြန်ကြတယ်။ ပင်ပန်းလို့ ည ၁၀ နာရီဆိုတာနဲ့ အိပ်တော့တယ်။ နောက်နေ့ ဘယ်ကိုသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
နိုဝင်ဘာ ၂၀၊ ၂၀၁၉။

ေရာ့ကီးတောင်တန်း
‌ကော်လိုရာဒို စတိတ် ကယ်ပီတယ် 
Estes Park ထဲက ပန်း
သမိုင်းဝင် Stanley Hotel ...The Shinning ဝထ္ထု၊ ရုပ်ရှင်၊ သရဲ‌ခြောက်တဲ့ room 217 

No comments: