ကိုစကာရီကာ၊ ပနားမား ခရီးစဉ်ကို စတင်တဲ့သူက ဗီယက်နမ်မလေးဝိုင်းပါ။ ၂၀၁၇ စက်တင်ဘာလကုန် မန်မိုရီယမ်ဒေးပိတ်ရက် ကိုစကာရီကာ၊ ပနားမားကို သွားမလို့စီစဉ်ထားတာ ဝိုင်းရဲ့ယူအက်စ်ဗီဇာက ၆ လသက်တမ်းမရှိတော့လို့ မသွားဖြစ်လိုက်ဘူး။ ဝိုင်းက ယူအန်မှာ လုပ်နေတာ အလုပ်ဗီဇာက တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရတယ်။ ခရီးမသွားခင် ဗီဇာသက်တမ်း ၆ လ ရှိသေးရဲ့လားဆိုတာ မစစ်လိုက်ဘူးထင်တယ်။ ရာမားပြောသလို smart people make stupid mistakes ဆိုပါတော့။ ဘွတ်ကင်လုပ်ထားတဲ့ တိုးခရီး ၂ ခုက ပိုက်ဆံပြန်ပေးတယ် လေယာဉ်လတ်မှတ်ကလည်း ပိုက်ဆံပြန်ပေးတော့ တော်သေးတာပေါ့။ ကိုယ်က အဲဒီတုန်းက ဆူနမ်၊ ရာမားတို့ဆီ သွားလည်နေတာ။ ဝိုင်း နောက်တကြိမ်သွားလည်မလို့ စီစဉ်တော့ ကိုယ့်ကိုလိုက်မလားလို့ ခေါ်တယ်။ ကိုယ်က လိုက်မယ် ဆူနမ်၊ ရာမားတို့ကိုလည်း ခေါ်လို့ရလားဆိုတော့ ရတယ်တဲ့။ ရာမားက ဒီဇင်ဘာမှာ ဟာဝိုင်အီကို သွားထားလို့ မလိုက်တော့ဘူး။ ဆူနမ်က ဒီဇင်ဘာမှာ လန်ဒန်ကို သွားထားပေမယ့် စိတ်ဝင်စားတယ်တဲ့။ ဝိုင်းစီစဉ်ထားတာက ၄ ရက်ခရီး ကြသပတေးနေ့ ညဉ့်နက်သန်းခေါင်း လေယာဉ်စီး။ နောက်နေ့မနက်ရောက် မြိ ု့လည်ခေါင်က ဟိုတယ်မှာတည်း ဟိုဒီလျှောက်ကြည့်။ တိုး ၂ ခု ဘွတ် တိုးတွေက မြို့လည်ခေါင်က ဟိုတယ်တွေဆို လိုက်ခေါ်ပေးတယ်။ နောက်ဆုံးနေ့ မနက်စောစော ၁ နာရီဝေးတဲ့ ပနားမားကိုသွား ၁၀ နာရီ ထရန်စစ်ထိုင်နေတဲ့အချိန်အတွင်းမှာ ပနားမားတူးမြောင်းကိုသွားလည်။ ကိုစကာရီကာနဲ့ ပနားမားက ယူအက်စ်ဂရင်းကဒ်၊ စီတီဇင်တွေဆို ဗီဇာမလိုဘူး။ ဝိုင်းက နှစ်သစ်ကူးချိန် ဖေဖေါ်ဝါရီလမှာ ဗီယက်နမ်ကို ပြန်လေ့ရှိတယ်။ ဒီလိုနဲ့ ၃ ယောက် အဆင်ပြေတယ့်အချိန်ကို ရွေးလိုက်တော့ မတ် ၁၆ ကနေ ၁၉ အထိ သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သောကြာ၊ တနင်္လာနေ့ခွင့်ယူ၊ တနင်္လာနေ့ ညဉ့်သန်းခေါင်မှ ပြန်ရောက်မှာမို့အင်္ဂါနေ့ကို နေ့တဝက် ဒါမှမဟုတ် တနေ့လုံးခွင့်ယူပြီး အနားယူ။
နယူးယောက်ကနေ ကိုစကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးကို လေယာဉ်တိုက်ရိုက်ရှိပေမယ့် ပနားမားကို ဝင်လည်ချင်လို့ ပနားမားမှာ ထရန်စစ်ထိုင်တယ်။ ၄ ရက် ၂ နိုင်ငံ လေယာဉ်လတ်မှတ် ၅၀၀၊ တိုး ၂ ခုက ၃၀၀၊ ဟိုတယ်၊ ပနားမားတိုး ၂၀၀၊ ဘာဘာညာညာ ၁၃၀၀ - ၁၅၀၀ ကုန်မယ်လို့ ခန့်မှန်းထားတယ်။ ဝိုင်းက မတ်လဆန်းမှာ မတ်ဒါကာစကာကို အရေးပေါ်သွားရဖို့ ဖြစ်လာတယ်။ ဝိုင်းပါအောင် ရက်ကို ရှေ့တိုးနောက်ဆုတ် ကြိုးစားကြသေးတယ်။ ရက်ပြောင်းရင် လေယာဉ်လတ်မှတ် ပြောင်းခ ၂၅၀၊ ပေါက်ဈေးခ၊ ဘာခညာခနဲ့ ၂ ဆနီးပါးလောက် ကျသွားတယ်။ ရက်ကလည်း ဘယ်လိုမှညှိလို့မရတာနဲ့ ဝိုင်းမပါဘဲ သတ်မှတ်ထားတဲ့ ရက်အတိုင်း သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဆူနမ်က ပရိုက်ဗိုက်တိုးတွေ စုံစမ်းပြီး ပရိုက်ဗိုက်တိုးနဲ့ သွားချင်တယ်။ ကိုစကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးမြို့လယ်ခေါင်က လုံခြုံစိတ်ချမှုမရှိဘူး မြို့လည်ခေါင်က ဟိုတယ်တွေဆီမှာ မတည်းနဲ့လို့ ဘလော့တွေကပြောတယ်တဲ့။ ညဖက်တယောက်တည်း လုံခြုံစိတ်ချမှုမရှိတဲ့နေရာသွားရင် ဘယ်နိုင်ငံရဲ့မြို့လယ်ခေါင်မှ လုံခြုံမှုမရှိဘူး။ ဝိုင်းက စပိန်စကားပြောတတ်တယ် ကိုယ်တို့က စပိန်စကားမတတ်ဘူး ပရိုက်ဗိုက်တိုးနဲ့မှ ကောင်းမှာ။ ကိုစကာရီကာနိုင်ငံကို လာလည်တဲ့လူတိုင်း စပိန်စကားမပြောတတ်ဘူး နိုင်ငံတကာက လာနေတာပဲဟာကို။ ပရိုက်ဗိုက်တိုးက ဈေးကြီးလိုက်တာ ၃ ရက်တည်းကို ၆၀၀ ကျော် ဈေးကြီးတယ်။ ဝိုင်းစီစဉ်သလိုပဲ သွားချင်တယ်။ viator တိုးတွေက ဆန်ဟိုဆေးမြို့ကနေ စထွက်တာ tourist attraction တွေက ဆန်ဟိုဆေးမြို့ကနေ ၃ ၊ ၄ နာရီဝေးတဲ့ မြို့တွေမှာ။ ဘာနဲ့တူသလဲဆိုတော့ မေရီလန်းကနေ ၄ နာရီဝေးတဲ့ နယူးယောက်ကိုသွားလည် မေရီလန်းကိုပြန်လာ ကားပေါ်မှာ အချိန်ကုန်တယ်။ ကိစ္စမရှိဘူး ကယ်လီဖိုးနီးယားဖက်ကို သွားလည်တုန်းကဆို တနေ့ ၅ နာရီ ဘတ်စ်ကားပေါ်မှာ တနေရာနဲ့တနေရာ ဝေးတာကိုး။
ဆူနမ်က ကြိုးတံတားကိုသွားတဲ့ viator တိုးရှိရင် ကိုယ်စီစဉ်တာကို လက်ခံမယ်တဲ့။ viator tour မှာ ဆန်ဟိုဆေးမြို့ကနေ ကြိုးတံတားသွားတဲ့တိုးမရှိ ဆန်ဟိုဆေးမြို့ကနေ ၄ နာရီလောက်ဝေးတဲ့မြို့ကနေတော့ တိုးရှိတယ်။ ဆန်ဟိုဆေးမြို့ကနေ အဲ့ဒီမြို့ကိုသွားဖို့ ကိုယ်မစီစဉ်နိုင်ဘူး။ ကြည့် ပရိုက်ဗိုက်တိုးက စီစဉ်ပေးနိုင်တယ်။ သူ သွားချင်တဲ့နေရာတွေကို အချိန်တိုတိုနဲ့ သွားနိုင်တယ်၊ လူမပင်ပန်းဘူး၊ လုံခြုံစိတ်ချရတယ်၊ တည်းမယ့်ဟိုတယ်တွေကလည်း အကောင်းစား၊ ဟိုတယ်တွေမှာ ရေပူစမ်းပါတယ်။ ဆူနမ်က သူ့တိုးထက် သာတယ်ဆိုတာ လက်ခံလောက်အောင် ရှင်းပြနိုင်ရင် ကိုယ့်တိုးကို သူလိုက်မယ်တဲ့။ ဆူနမ့်ကို viator တိုးဆီပါလာအောင် ကိုယ်မဆွဲဆောင်နိုင်၊ ဆူနမ့်ကို နိုင်အောင်မပြောနိုင်။ ဆူနမ်က သူ့တိုးဒီလောက်ကောင်းတာ၊ သူ တလခွဲလောက် ပြင်ဆင်ထားရတဲ့တိုးကို ကိုယ်ဘာလို့လက်မခံနိုင်မှန်း နားမလည်နိုင်ဘူး။ ကိုယ်ကလည်း ဆူနမ် ဘာလို့ဈေးကြီးတဲ့ ပရိုက်ဗိုက်တိုးနဲ့ သွားချင်ရတာလည်း နားမလည်နိုင်ဘူး။ ဝိုင်းပါရင် အကောင်းသား ဒီမိုကရေစီနည်းနဲ့ ၂ မဲ ၁ မဲ နိုင်တယ်ဆိုပြီး ကိုယ့်တိုးကို ရွေးလိုက်လို့ရတယ်။ ဆူနမ်ဟာ အတော့်ကို ခေါင်းမာတာပဲ ကြိုးတံတားကို မသွားရရင် သေမှာကျနေတာပဲ။ လုံခြုံစိတ်ချမှုမရှိရင် ဝိုင်း တယောက်တည်းသွားဖို့ ဘယ်လိုလုပ် စီစဉ်မှာလဲ။ ဆူနမ်နဲ့ကိုယ် ငြင်းခုန်ရန်ဖြစ်အော်ဟစ် နောက်ဆုံးတော့ ဆူနမ့်တိုးကို လက်ခံလိုက်ရတော့တယ်။ စိတ်ထဲမှာတော့ မကျေမနပ်နဲ့ပေါ့ နောက်နောင် ဒင်းနဲ့ ဘယ်တော့မှ ခရီးမသွားဘူး။ ခုမှပဲ ဝိုင်းတန်ဖိုးကို နားလည်သဘောပေါက်တော့တယ်။ မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်ကို သွားလည်တော့ ဘားဟာဘားမြို့ ကမ်းနားက စားသောက်ဆိုင်မှာ နေ့လည်စာစားဖို့ တိုးဂိုက်ကညွှန်းလို့ သွားမေးတော့ ၂ နာရီ စောင့်ရမယ်တဲ့။ ဝိုင်းက တို့ဒီကိုလာတာ စားသောက်ဖို့မဟုတ်ဘူး ငါးဈေးက လော်စတာရိုးဝယ် နေ့လည်စာကို ခပ်သုတ်သုတ်စားပြီး လျှောက်ကြည့်ရအောင်တဲ့။
ဝိုင်း မက်ဆီကိုသွားလည်တုန်းကလည်း viator တိုး အဆင်ပြေတယ်တဲ့။ ဝိုင်းက ကိုစကာရီကာက ဘာဖြစ်လို့လည်းမသိဘူး ၂ ခေါက်ရှိပြီ စီစဉ်တာပျက်တယ်။ မလျှော့သေးဘူး ဧပြီလလယ်ပြန်ရောက်ရင် ကိုစကာရီကာကို တတိယအခေါက် စီစဉ်ပြီးသွားလည်မလို့တဲ့။ good luck ! never give up ! လို့ ချီးယားလိုက်ကြသေးတယ်။ ကြာသပတေးနေ့ည ၁၀ နာရီခွဲ ဆူနမ်က ဂရင်းကဒ်ပေမယ့် မြန်မာနိုင်ငံသားဆိုရင် ကိုစကာရီကာဗီဇာလိုတယ်လို့ ဖိုရမ်မှာပြောနေတယ်။ ကိုစကာရီကာဆိုဒ်က update မလုပ်တာကြာပြီ ဖိုရမ်က မနှစ်က update လုပ်ထားတယ်။ ဗီဇာလိုတယ်ဆိုရင် တနင်္လာနေ့ ရုံးကနေခွင့်ယူပြီး ဗီဇာသွားလုပ်မယ်။ ကြသပတေးနေ့ညဉ့်နက်သန်းခေါင်သွားမှာ ၄ ရက်နဲ့ ဗီဇာရပါ့မလားနဲ့ စိတ်ပူရပြန်ပြီ။ သောကြာနေ့မနက် ရုံးမှာအလုပ်မလုပ်နိုင်ဘူး ဒီစီနဲ့နယူးယောက် ကိုစကာရီကာသံရုံးတွေကို ဖုန်းအဆက်မပြတ်ခေါ်ပေမယ့် မကိုင်ဘူး။ ချီကာဂိုသံရုံးကတော့ ကိုင်တယ် ပတ်စ်ပို့စ်နဲ့ဂရင်းကဒ်ကို ဓာတ်ပုံပို့ပေးပါတယ့်။ အကြံရပြီ စတိတ်မှာရှိတဲ့ ကိုစကာသံရုံးအကုန်လုံးကို အီးမေးလ်ပို့လိုက်တယ်။ နေ့လည်ကျတော့ မီယာမီသံရုံးက အီးမေးလ်ပြန်လာတယ် ဂရင်းကဒ် ၆ လသက်တမ်းရှိနေရင် ဗီဇာမလို တိုးရစ်အလည်ဗီဇာ B1 B2 နဲ့တောင် အလည်လာလို့ရတယ်။ နောက်ချီကာဂိုသံရုံး၊ လော့အိန်ဂျယ်လစ်သံရုံးတွေက အီးမေးလ်ပြန်လာတယ် ဗီဇာမလိုပါတဲ့။ ဒီစီနဲ့နယူးယောက်ကတော့ အတော်လေးကြာမှ ပြန်လာတယ်။ ကိုစကာရီကာကို ခရီးသွားမယ်လို့ အဖေ့ကိုပြောတော့ ခရီးတွေသိပ်မသွားနဲ့ ပိုက်ဆံစုဦးတဲ့။ အဖေ သမီး အရက်မသောက်၊ ဆေးလိပ်မသောက်၊ ဘားလည်မသွား၊ ပိုက်ဆံအပိုမသုံး၊ ခရီးမှမသွားရင် ဘာမှအပန်းဖြေစရာမရှိဘူးလို့ ပြန်ပြောတော့ ဘာမှမပြောတော့ဘူး။
ကိုယ့်ကျတော့ ခရီးမသွားနဲ့ ပိုက်ဆံစု သူကျတော့ ဥရောပကို သွားချင်လို့တဲ့။ နောက်ကြုံမှ ဥရောပကိုမသွားနဲ့ အဖေရေ ပိုက်ဆံစုလို့ ပြောလိုက်ဦးမယ်။ မောင်မောင်ကလည်း စန်းထွန်း ခရီးသိပ်မသွားနဲ့ ပိုက်ဆံစုနဲ့။ နောက်မှမေးလိုက်ဦးမယ် နင့်မှာ ပိုက်ဆံစုပြီးသား ဘယ်နှစ်ပြားရှိလဲလို့။ အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး ရှာထားတာတွေ ဘာမှမသုံးမစား ခြစ်ကုတ်ပြီး မစုနိုင်ပါဘူးတော်။ ဘဝဆိုတာ တိုတိုလေး ကိုယ်လုပ်ချင်တာတွေ မလုပ်လိုက်ရဘဲ သေသွားခဲ့ရင် ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံတွေကို နောက်ဘဝဆီလည်း သယ်သွားလို့မရဘူး။ ယောကျာ်းမယူသေးဘူးလား၊ ခရီးတွေသိပ်မသွားနဲ့ ပိုက်ဆံစုလို့ပြောလို့သူတွေကို သိပ်အမြင်ကပ်တာပဲ။ ခရီးသွားတယ်ဆိုတာ ကျန်းမာရေးလည်းကောင်းမှ၊ ခရီးသွားဖို့ ပိုက်ဆံလည်းရှိဦးမှ၊ ခွင့်ကလည်း ရဦးမှ၊ ခရီးသွားမယ့်အဖော်လည်း ရှိဦးမှ။ ခရီးသွားရင် ရတဲ့အတွေ့အကြုံ၊ အတွေးအမြင်သစ်တွေက ဘာနဲ့မှ မလဲနိုင်ဘူး။ စတိတ်မှာ ၇ နှစ်နေပြီးမှ စတိတ်ပြင်ပထွက်တဲ့ ကိုယ့်ရဲ့ ရေခြားမြေခြား ပထမဆုံး နိုင်ငံရပ်ခြားခရီးဆိုပါတော့။ ခု ပို့စ်တင်တယ့်အချိန်ဆို ကိုစကာရီကာရဲ့ အထင်ကရဖြစ်တဲ့ မီးတောင်တက်တဲ့လမ်း၊ ကြိုးတံတား၊ ကော်ဖီစိုက်ခင်း၊ ပနားမားတူးမြောင်း ဘယ်နေရာများ ဆူနမ်နဲ့ကိုယ် နောင်ဂျိန်ချနေကြမလဲမသိ။ ပြန်လာမှပဲ ကိုစကာရီကာ၊ ပနားမားသွား တောလားပို့စ်တွေ တင်ပါဦးမယ်။
Happy Traveling !
စန်းထွန်း
မတ် ၁၈၊ ၂၀၁၈။
18 March 2018
15 March 2018
ဘောလုံးပွဲကြည့်ခြင်း အနုပညာ ...
ဟိုင်းကြီးသားတွေက ဘောလုံးဝါသနာပါကြတယ် ဟိုင်းကြီးဘောလုံးအသင်းကလည်း ခြေကခပ်စွာစွာ။ ရွာနဲ့ရေတပ်ပြိုင်ပွဲနေ့ဆို ကျောင်းဘေးဘောလုံးကွင်းအပြည့် အားပေးကြတယ်။ ကိုယ်တို့ကလေးတွေက ဘောလုံးအကြောင်းလည်း ဘာမှနားမလည် တဟေးဟေးနဲ့ ကိုယ့်ရွာဆိုတော့ ကိုယ်အားမပေးရင် ဘယ်သူအားပေးမလဲနော့။ အဖေက ဘောလုံးပွဲကြည့်တာ အရမ်းဝါသနာပါပေမဲ့ ဘောလုံးကန်တာတော့ မတွေ့ဖူးဘူး ခြင်းခတ်တာတော့ တွေ့ဖူးတယ်။ 1996 အရှေ့တောင်အာရှဖလားဗိုလ်လုပွဲ မြန်မာနဲ့ထိုင်း သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ အောင်ကျော်ကျော်တို့ကိုတော့ မှတ်မိတယ်။ ဘောလုံးပွဲကြည့်ဖို့ ရန်ကုန်နဲ့ဟိုင်းကြီးအိမ်တွေမှာ စလောင်းတပ်တယ်။ ရန်ကုန်ကိုအဖေလာရင် ဘောလုံးပွဲကြည့်တယ် ကြည့်ပါစေ ကိုရီးယားကားလည်းမကြည့်။ သူ့မှာဖျော်ဖြေစရာဆိုလို့ ဘောလုံးပွဲပဲရှိတာ။ အဖေနဲ့ လုံးဝမတူတဲ့မောင်မောင်က ဘောလုံးမှာတော့ အဖေနဲ့သွားတူတယ်။ ဘောလုံးပွဲတွေအကြောင်း၊ ဘောလုံးသမားတွေအကြောင်း၊ ဘယ်အသင်းကနေ ဘယ်လောက်ကြေးနဲ့ ပြောင်းတာအကုန်သိတယ်။ ဘောလုံးလိုများ ကျောင်းစာမှာ ထူးချွှန်ရင်ကောင်းမယ်လို့ တွေးမိတယ်။ အိမ်မှာအပတ်စဉ်ထုတ် အားကစားစာစောင်၊ ဂျာနယ်တွေဝယ်တယ်။ မောင်မောင်က ဘောလုံးပွဲလောင်းပေမဲ့ အဖေက လုံးဝမလောင်းဘူး။ ကမ္ဘာ့ဖလားပွဲ ကွာတားဖိုင်နယ်လောက်ဆို ကိုယ်တို့ညီအစ်မတွေ လိုက်ကြည့်တယ်။ အဖေက သူဘောလုံးပွဲကြည့်ရင် သမီးတွေကိုနှိုးတတ်တယ်။ အမေက အဖေ့ကိုဆူတယ် သမီးတွေက စာကြည့်ပြီး ပင်ပန်းလို့အိပ်နေတာကို ဘောလုံးပွဲကြည့်ဖို့နှိုးတယ် အိပ်ရေးပျက်တော့မယ်။ ဘောလုံးပွဲကလည်း အဖော်လေးနဲ့ကြည့်မှ ပိုမြိုင်တာကိုး။ တက္ကသိုလ်တုန်းက သူငယ်ချင်းမော်လမြိုင်သူရဲ့ အဖေလည်း သူ့ကို ဘောလုံးပွဲအတူကြည့်ဖို့ နှိုးတယ်တဲ့။ ကိုယ်တို့လိုက်ကြည့်ရင် အဖေက ဘောလုံးစည်းကမ်းတွေ သင်ပြပေးတယ်။ အဖေက မန်ချက်စတာယူနိုက်တက်ပရိတ်သတ်။ သူ့အိမ်မက်က အို့ထရန်ဖို့ကွင်းထဲမှာ ဘောလုံးပွဲကြည့်ချင်တာ။ တနေ့ လိုက်ပို့ပေးမယ်လို့ ပြောထားတယ် ဘယ်တော့ဖြစ်လာမလဲတော့မသိ။ တနေ့မြို့ထဲကအပြန် ဘူတာရုံနားမှာ အားကစားဂျာစီတွေဝတ်လို့၊ မာဖလာ၊ အလံတွေထောင်၊ ကားတွေကလည်း ဟွန်းတွေတီး၊ သီချင်းတွေအော်ဆို၊ လတ်မှတ်မှောင်ခိုရောင်းတဲ့သူတွေနဲ့ ကြိတ်ကြိတ်တိုး။ အိမ်နားက red bull ကွင်းမှာ ဘာပွဲရှိလဲလို့ကြည့်လိုက်တော့ ဟူထူရပ်နဲ့ကိုစကာရီကာ ကိုပါဘောလုံးပွဲ။
မကြီးက အဖေ့ကိုလိုက်ပို့လိုက်ဆိုတော့ နောက်တပတ် အဲ့ဒီကွင်းမှာ ဘာစီလိုနာနဲ့ နာမည်မမှတ်မိတော့တဲ့ အသင်းတွေရှိတော့ လတ်မှတ်ဝယ်လိုက်တယ်။ ဈေးအပေါဆုံးက ၂၀ ဘာဘာညာညာနဲ့ ၃၀ လောက်ကျတယ်။ ဆူနမ့်ကိုပြောပြတော့ သူတို့လည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘာစီလိုနာကန်တဲ့ပွဲ သွားကြည့်မှာ လတ်မှတ်က ၂၀၀ ကျော်ပေးရတာ လွန်ခဲ့တဲ့ ၄လက ကြိုဝယ်ထားတာတဲ့။ နင့်ဟာ ၃၀ ပဲကျတော့ သက်သာလှချည်လား ပေးစမ်း နင့်ဘောလုံးပွဲသတင်းအချက်အလက်။ နင့်ပွဲက ဘောလုံးပွဲမှမဟုတ်ဘဲ ဘောလုံးလေ့ကျင့်တာကြီးကို။ ဘောလုံးကွင်းနားမှာ ဘာစီလိုနာအင်္ကီျဂျာစီတွေ ရောင်းနေလို့ မေးကြည့်တော့ ၁၀တဲ့။ ဘောလုံးကွင်းထဲဝင်ဖို့ စစ်ဆေးရေးဂိတ်ဖြတ်တော့ ရေဘူးသယ်လို့မရဘူး။ ဘေးကတယောက်ကတော့ ရေသန့်ဗူးအဖုံးကို လွှင့်ပစ်ပြီးဝင်ခိုင်းတယ် ဘယ့်နှယ့်ငါ့ကျတော့ ပစ်ခိုင်းပါလိမ့်။ ဆူနမ်ပြောတာ ဟုတ်တာပဲ ဘောလုံးပွဲမဟုတ်ဘူး ဘောလုံးလေ့ကျင့်တာ။ ဘာစီလိုနာအသင်းက မက်ဆီ၊ နေမာ၊ အနားရောက်လာရင် အော်ဟစ်အားပေးကြတာ ဝက်ဝက်ကွဲ။ နောက်တပတ် တော့တင်ဟမ်စပါးနဲ့ရိုးမားတဲ့ ကြည့်မလားအဖေ ကြည့်ရအောင် ဒီကွင်းမှာပဲလား ဟုတ်တယ်။ တော့တင်ဟမ်စပါးက ပရီးမီးယားလိခ်မှာ ဒုတိယ ရိုးမားကလည်း အီတလီစီးရီးအေမှာ ဒုတိယ ကြည့်ကောင်းမှာ။ လတ်မှတ်က ၄၀ ကျော်ကျပြီး နေရာထိုင်ခုံတွေ ရွေးခိုင်းတော့ မသိတာနဲ့ အကောင်းဆုံးလို့ညွှန်ပေးတဲ့ နေရာကို ရွေးလိုက်တယ်။ အဖေက ရေဆာလို့ ရေဘူးသွားဝယ်တော့ တဘူးကို ၅ ကျပ်ပေးရတယ်။ ဈေးကြီးလိုက်တာ အဖုံးကိုလွှင့်ပစ်ပြီးမှ ရေဘူးကိုပေးတယ်။ ရေဘူးအဖုံးပိတ်ပြီး ကွင်းထဲပစ်ပေါက်ရင် လူထိနိုင်တယ် အဖုံးဖွင့်ထားတဲ့ရေဘူးကို ကွင်းထဲပစ်ရင် အဝေးကြီးမရောက်နိုင်ဘူး အဲ့ဒါကြောင့်ဖြစ်မယ်လို့ အဖေက တွေးမိတယ်။ အဖေနဲ့အမေ ဗိုက်ဆာလို့ အာလူးကျော်ချိစ်ဖြန်းထားတာ ဝယ်ကျွှေးလိုက်တယ်။ ဘိုစာမကြိ ုက်တဲ့သူတွေ ဗိုက်ဆာတော့လည်း စားကြတာပဲ ဒါမှမစားရင် ဘာမှစားစရာမရှိဘူးကိုး။ လေ့ကျင့်ပြီးလို့ ကွင်းတပတ်ပတ်ပြေးတော့ အားလုံးကမတ်တပ်ရပ်ပြီး လက်ခုပ်တီးကြတယ်။ ကောင်မလေး ၃ ယောက်၊ ကလေးတယောက် တယောက်ပြီးတယောက် ကွင်းထဲဆင်းပြေးလို့ လုံခြုံရေးတွေကလိုက်ဖမ်း ကွင်းပေါ်ကလူတွေက တဟားဟားနဲ့ရယ်။
အမေက သမီးသူငယ်ချင်းနီပေါမတွေ အနီရောင်အင်္ကီျဆင်တူ ဝတ်ထားတဲ့ဓာတ်ပုံ ဖေ့ဘွတ်မှာတက်လာတယ် ဘောလုံးပွဲသွားကြည့်နေပြီထင်တယ်။ ဆူနမ်က မန်ယူဂျာစီဝတ်ပြီး မန်ယူကိုအားပေးမလို့ဆိုပြီး ဘာစီလိုနာကစားတာကိုကြည့်ပြီး ဘာစီလိုနာကိုကြိုက်သွားလို့တဲ့ သစ္စာဖောက်မ …။ ဘောလုံးကွင်းမှာလွှင့်ပစ်ခဲ့ရတဲ့ အိုင်ခီရာကရေဘူးကို အဖေကနှမြောလို့တဲ့။ အဖေက စည်းကမ်းရှိတယ်၊ ပစ္စည်းပျောက်ခဲတယ်။ ဘတ်စ်ကားစီးနေတုန်း အိုင်ဖုန်းကို အင်္ကီျအိတ်ထဲထည့်တာ အိတ်ထဲမရောက်ဘဲ အပြင်ကိုကျသွားတာမသိလိုက်လို့ ပျောက်သွားတာ တော်တော့ကိုနှမြေတသ ယူကျုံးမရဖြစ်လို့ ကိုယ်တို့က ပြန်ဖျောင်းဖြရတယ်။ ဒီတခါတော့ နပ်သွားပြီ ဆိုင်ကရေဘူးဝယ်သွားတယ်။ စစ်ဆေးရေးဂိတ်ဖြတ်တော့ လုံခြုံရေးစောင့်က ရေဘူးကိုလွှင့်ပစ်လိုက်လို့ အမူအယာနဲ့ပြတယ်။ အဖေက ဒီမှာအဖုံးမပါဘူးလို့ အမူအယာနဲ့ပြတော့ အိုကေတဲ့။ အဖေ ရေဘူးအဖုံးကို လွှင့်ပစ်လိုက်တာလား ဘယ်ကသာ အိတ်ထဲထည့်ထားတာ မင်းတို့လည်သလောက်တော့ ငါကအပျော့ဆိုလို့ ရယ်လိုက်ရတာ အဖေကလူလည်။ ထိုင်ခုံနေရာကိုရှာတာ ကွင်းတပတ် ပတ်ဖြစ်သွားတယ်။ ကွင်းကတော်တော်ကျယ်တာနော် လူ ၆၀၀၀ ထောင်လောက်ဆန့်မယ် ဆောင်းဘောက်တွေကလည်း ကောင်းလိုက်တာ။ မီးကလည်း ထိန်ထိန်ညီး သုဝဏ္ဏကွင်းမှာဆို မီးဆိုင်းတိုင်ကြီးတွေရှိတယ် ဒီကွင်းကအသစ်ဆိုတော့ အဲ့ဒီလိုတိုင်တွေမရှိဘူး။ တီဗွီဖန်သားပြင်ကလည်း အကြီးကြီး ဒီ red bull ကွင်းဟာ အားကစားဂျာနယ်မှာ ခဏခဏပါတယ် နာမည်ကြီးပဲ။ တပတ်ကို ၂ ခါလောက်ပွဲရှိတယ် ကိုယ်က အမေရိကန်ဘေ့စ်ဘောကစားကြတယ် ထင်နေတာ။ အမေရိကန်တွေ ဘောလုံးပွဲမကြိုက်ဘူး အဖေ အမေရိကန်မှာ ဆူပါဘော၊ ဘေ့စ်ဘော၊ ဘတ်စ်ကတ်ဘောက နာမည်ပိုကြီးတယ်။ ထိုင်ခုံက ဒုတိယထပ် တော်တော်မြင့်တဲ့နေရာ အမေဆို တက်နေတုန်း မူးလာသလိုဖြစ်လို့တဲ့။ ဥရောပကနာမည်ကြီးအသင်းတွေ ချန်ပီယံလိခ်၊ ယူအီးဖက်အေ၊ ပြည်တွင်းပွဲတွေ ပြီးသွားတော့ အမေရိကန်မှာခြေစမ်းနေကြတာ။ အဲ့ဒီလိုခြေစမ်းကန်နေမှ စွမ်းရည်တွေလျော့မသွားမှာပေါ့။ ဖလားပွဲမဟုတ်တော့ အားသွန်ခွန်စိုက်ကန်ကြမယ် မထင်ဘူး ဟန်ပြလောက်ပဲ ကန်မယ်ထင်တယ်။
မထင်နဲ့သမီးရေ နာမည်ကြီးအသင်းတွေဆိုတော့ ဖလားမဟုတ်လည်း ဂုဏ်သိက္ခာအတွက် အကြိတ်အနယ်ကန်ကြလိမ့်မယ်။ အဖေ ဘယ်အသင်းအားပေးမလဲ အင်္ဂလန်လေ အင်္ဂလန်က တော့တင်ဟမ်စပါး အားပေးမှာပေါ့။ ကိုယ်တို့တွေ ကမ္ဘာ့ဖလားပွဲကြည့်ရင် ၁၆ သင်းကနေ မတက်နိုင်မှန်းသိရက်သားနဲ့ အင်္ဂလန်မှ အင်္ဂလန်။ အင်္ဂလန်တသင်းလုံးက ပရီးမီယားလိခ်မှာ ကစားနေတဲ့သူတွေဆိုတော့ ဘော်ဒါတွေလိုပဲ အင်္ဂလန်တသင်းလုံးကို သိတယ်။ ကွာတားဖိုင်နယ်ကို အင်္ဂလန်ကို မတက်နိုင်တော့ဘူးဆိုမှ တခြားအသင်းရွေးတယ်။ မကြီးက အီတလီ ဘောလုံးဘယ်လို အကန်ကောင်းတယ်ဆိုတာ သိလို့မဟုတ်ဘူး တသင်းလုံးချောလို့။ ပထမပိုင်းမှာ ရိုးမားက တရိုးသွင်းပြီး ဦးဆောင်တယ် ပွဲကအကြိတ်အနိတ်ရှိတယ်။ ပထမပိုင်းပြီးတော့ ကွင်းအပြည့် အဖေက သမီးပြောတော့ အမေရိကန်တွေ ဘောလုံးပွဲမကြိုက်ဘူးဆို ခုတော့ဘယ်နှယ့်ရှိစ။ ဒုတိယပိုင်းမစခင် ၁၅ မိနစ်နားတော့ ကိုသက်ထွေးအဖေက အိမ်သာသွားတယ်။ အမေလိုက်မလားမေးတော့ ဟင့်အင်းတဲ့ အမြင့်တက်ဆင်းရတာကို ကြောက်နေတာနေမှာ လူကလည်းအရမ်းများတယ်။ ဒုတိယပိုင်းပွဲစချိန်အထိ အဖေရောက်မလာသေးလို့ ဖုန်းဆက်မေးလိုက်တော့ အိမ်သာမှတန်းစီနေတုန်း လာတော့မယ် လူအရမ်းများတယ်တဲ့။ အမေက အဖေ့ကိုစိတ်ပူနေတာ ခုံနေရာတွေ့ပါ့မလားလို့ အမေ အဖေက အမေ့လိုမဟုတ်ဘူး သူ့ဘာသာရောက်လာလိမ့်မယ်။ ဒုတိယပိုင်းမှာ စပါးကတဂိုးပြန်သွင်းတယ်။ သရေနဲ့ပြီးသွားမယ်ထင်နေတာ ပွဲပြီးခါနီး ၁၅ မိနစ်လောက်အလို တချို့လူတွေပြန်ကြတယ် ကားပိတ်တာကိုရှောင်ဖို့အတွက်။ ရိုးမားက ပြန်သွင်းတယ် စပါးက ခြေပဂိုးသွင်းတယ် ပွဲပြီးခါနီး တစ်မိနစ်အလိုမှာ ရိုးမားက တစ်ဂိုးထပ်သွင်းတယ်။ နောက်ဆုံး ၁၅ မိနစ်ဟာ ဟာခနဲ ဟင်ခနဲ ဟယ်ခနဲဖြစ်ရတဲ့အချိန်တွေပဲ။ ေစောစောပြန်တဲ့လူတွေတော့ တကယ့်ပွဲကောင်းကို လွတ်သွားတယ်။ နောက်နေ့ ယူကျူမှာ highlight တွေလာတော့ အဖေက စပါးပင်နယ်တီရသင့်ရဲ့သားနဲ့ မရတာ ဒိုင်ပေးသင့်တယ်လို့ ရှင်းပြတယ်။ ကိုယ့်မှာလည်း တီဗွီဝယ်ထားတာ အဖေတို့လာတော့မှပဲ တန်တော့တယ်။ ဒီတခေါက်စတိတ်ကိုလာရတာ အကောင်းဆုံးပဲ ဘောလုံးပွဲကြည့်ရလို့တဲ့။ နောက်တခေါက်လာရင် ဘောလုံးပွဲများများ လိုက်ပို့ဦးမှ။
စန်းထွန်း
မတ် ၁၅၊ ၂၀၁၈။

11 March 2018
ဒီစီသွား တောလား ...
၂၀၁၇ ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ပိတ်ရက် တန်နက်စီပြည်နယ်ဖက် ၄ ရက်ခရီးသွားပြီးတော့ ၂ ပတ်အကြာမှာ ကယ်ပီတယ်ကို လိုက်ပို့မယ်လို့ပြောတော့ အဖေက ရောက်ပြီးသားလေတဲ့။ ကယ်ပီတယ်ကို အဝေးကနေ ဓာတ်ပုံရိုက်ခဲ့တာ ခုက အတွင်းဖက်ကို သွားလည်မှာ။ ကယ်ပီတယ်အတွင်းဖက်ကို သွားလည်တဲ့ တရုတ်တိုးတွေမရှိဘူး ကိုယ့်ဘာသာစီစဉ်ပြီး သွားရမှာ။ Capitol Visitor Center က တနင်္ဂနွေနေ့ပိတ်တော့ စနေနေ့သွားလည်မယ်။ အွန်လိုင်းကနေ reserve လုပ်လို့ရတယ် အနည်းဆုံး ၂ ပတ်၊ ၃ ပတ်လောက် ကြို reserve လုပ်ရတယ်။ reserve မလုပ်ဘဲ ဒီအတိုင်းဝင်သွားလို့လည်း ရပါတယ် နာရီဝက်၊ ၄၅ မိနစ်လောက်တော့ စောင့်ရတယ်။ ၂၀၁၂ ခရစ်စမတ် မေရီလန်းမှာနေတဲ့ ဆူနမ်၊ ရာမားတို့ဆီ လာလည်တ ရာမား မနက်ရုံးသွားရင် ကိုယ့်ကိုဘူတာရုံမှာ ချပေးခဲ့တယ်။ ရထားစီးပြီး ဒီစီမြို့ထဲကို သွားလည် Library of Congress ကိုသွားလည်ပြီးတော့ ကယ်ပီတယ်ကိုသွားတာ လူတွေတန်းစီနေတာနဲ့ ဘာမှန်းမသိ ယောင်တောင်ပေါင်တောင် တန်းလိုက်စီပြီး ကယ်ပီတယ်အတွင်းကို ရောက်သွားတယ်။ reserve မလုပ်ထားတော့ ၄၅ မိနစ်လောက် စောင့်လိုက်ရတယ်။ ၂၀၁၇ ဧပြီ မကြီး၊ မခိုင်တို့နဲ့ သွားလည်တော့ နပ်သွားပြီ reserve လုပ်ပြီးမှသွားတယ်။ ရုံးအသစ်မှာ အလုပ်ဝင်တာ ၆လမပြည့်သေးတော့ ခွင့်ယူလို့မရသေးတော့ သောကြာနေ့ညဖက် ဝါရှင်တန်ဒီစီကို သွားရမယ်။ ကိုယ့်ဘာသာဆို ဈေးသက်သာတဲ့ ဘတ်စ်ကားနဲ့သွား ဘတ်စ်ကားက ၄ နာရီကျော်စီးရပြီး ည ၁၁ ခွဲ ၁၂ နာရီလောက်မှ ဒီစီရောက်တယ်။ အဖေ၊ အမေပါတော့ ဘတ်စ်ကားထက်ဈေးကြီးပေမယ့် လူသက်သာတဲ့ Amtrak ရထားစီးဖို့ ဆုံးဖြတ်လိုက်တယ်။ အမြန် Acela ရထားက ဒီစီကို ၂ နာရီခွဲလောက်ပဲ မောင်းတယ် ဈေးလည်းကြီးတယ်။ ဈေးနည်းနည်းသက်သာတဲ့ Amtrak က ၃ နာရီခွဲလောက် မောင်းရတယ်။ အဖေနဲ့အမေကို အိမ်နားကဘူတာရုံမှာ ၅ နာရီ ၄၅ မိနစ်ဆုံမယ်လို့ ချိန်းထားရင် နောက်ကျမှာစိတ်ပူတတ်တဲ့ အဖေကြောင့် စောစောရောက်နှင့်နေကြတယ်။ နယူးဂျာစီပြည်နယ် Newark ကနေ ည ၆ နာရီခွဲထွက်မဲ့ ရထားဟာ delay ဖြစ်လို့ တနာရီနောက်ကျပြီးမှ ရောက်လာတယ်။ စတိတ်ရောက်ပြီး ၇ နှစ်အကြာမှ ခရီးဝေးရထားစီးဖူးခြင်းပဲ။ ပုံမှန်က ဈေးသက်သာတဲ့ဘတ်စ်ကားနဲ့ သွားနေကြ။ ရထားက ကျယ်ကျယ်ဝန်းဝန်း သက်တော့သက်သာရှိတယ်။ အမေ့စကားအရအဆိုရင် ရထားနဲ့က ခန္ဓာကိုယ်လှုပ်တောင် မလှုပ်ဘူး။
ကိုသက်ထွေးအဖေက အိမ်သာဘယ်မှာဆိုတာ ရှာဖွေပြီးပြီ၊ တနာရီအတွင်း အိမ်သာသွားပြီးပြီ။ ပြီးတော့ ကိုယ့်ကိုပြောပြနေတယ် အိမ်သာမှာ မီးလင်းနေရင် အဲ့ဒါလူရှိတာ အတော်သန့်တယ်ဆိုပဲ။ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမြို့ရပ်တယ်။ ညသန်းခေါင်မှာ ဝါရှင်တန်ဒီစီမြို့လယ်ကောင်က ယူနီယမ်စတေရှင်ကိုရောက်တယ်။ ဘူတာရုံကနေ ကယ်ပီတယ်ဘေးနား Hilton ဟိုတယ်ကို ၁၅ မိနစ်လောက်ပဲ လျှောက်ရတယ်။ late check in ပြောထားတော့ အဆင်ပြေတယ် ဟိုတယ်က ကြီးလိုက်တာ။ ဟိုတယ်မှာ မနက်စာမပါပေမဲ့ အမေ့မှာ သယ်လာတဲ့ရိက္ခာတွေကအပြည့်။ အဖေ၊ အမေရှိရင် ဗိုက်အမြဲပြည့်နေတယ် အမေက စားကောင်းသောက်ဖွယ်လေးတွေ ဖွယ်ဖွယ်ရာရာချက်ကျွှေး။ အဖေက သမီး စားဆိုပြီး အတင်းထည့်ကျွှေး သူ့သမီး များများစားမှ ဝမ်းသာအားရဖြစ်တော့ ပိန်ဖို့လမ်းမမြင်။ ကယ်ပီတယ်အဝင် လုံခြုံရေး အင်မတန်တင်းကြပ်တယ်။ ဆီးနိတ်၊ ဟောက်စ်လွှတ်တော်တွေရှိတဲ့နေရာ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဆွေးနွှေးဆုံးဖြတ်တဲ့ နေရာဆိုတော့လည်း လုံခြုံရေးတင်းကျပ်ရမှာပေါ့။ reserved လုပ်ထားတဲ့အချိန်ထက် ၁၅ မိနစ်လောက် နောက်ကျသွားပေးမဲ့လည်း အမြန်ဆုံးစီစဉ်ပေးပါတယ်။ ကွန်ကရက်မှာ ဆီးနိတ်၊ ဟောက်စ်တို့ရှိပြီး ဆီးနိတ်မှာတော့ ပြည်နယ်ဘယ်လောက်ပဲသေးသေးကြီးကြီး လွှတ်တော်အမတ် ၂ ယောက်ရှိပြီး ၆ နှစ်သက်တမ်းရှိပါတယ်။ ဟောက်စ်မှာတော့ ပြည်နယ်ရဲ့လူဦးရေအချိုးအစားအတိုင်း လူဦးရေများရင် house representative များမယ် ၂ နှစ်သက်တမ်း ရှိအါတယ်။ ဒီကယ်ပီတယ်ကနေ တိုင်းပြည်အတွက် အရေးပါတဲ့ဥပဒေတွေ ပြဌာန်းခဲ့ကြပါတယ်။ အမေရိကန်ပြည် တနေ့ပြန်လည်စည်းလုံးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်တွင်းစစ်ဖြစ်နေတုန်းတောင် ကယ်ပီတယ်တည်ဆောက်မှုကို သမ္မတအေဗရာဟမ်လင်ကွန်းက မရပ်ခဲ့ပါဘူး။ ကယ်ပီတယ်အကြောင်း ရှင်းပြတယ့် ၁၀ မိနစ်စာ ဗွီဒီယိုလေးက သိပ်အဓိပ္ဗာယ်ရှိပြီး ကြည့်လို့ကောင်းတယ်။ ပြီးတော့ နားကြပ်လေးတွေ လှမ်းယူပြီး တိုးဂိုက်တွေနောက်မှာတန်းစီ။ အဲဒီနေ့က လေ့လာရေးလာကြတဲ့ ကျောင်းသားတွေ အရမ်းများတယ်။
ပထမဆုံးရောက်တဲ့နေရာက ကယ်ပီတယ်အုတ်မြစ်ချတဲ့နေရာ။ နယူးယောက်ကို မြို့တော်တည်ချင်ပေမဲ့ အင်္ဂလိပ်ရေတပ်က ဝင်တိုက်မှာစိုးလို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလားဒဲဖီးယားမြို့ကို မြို့တော်တည်ခဲ့ပါတယ်။ ဒီစီကို မေရီလန်း၊ ဗာဂျီးနီးယားပြည်နယ်တွေကနေ မြေတွေနည်းနည်းဖဲ့ပေးပြီး မြို့တော်ကို အသေအချာတည်ခဲ့ပါတယ်။ ကျွှန်တွေရဲ့လုပ်အားနဲ့ သဲကျောက်တွေသယ်ပြီး ကယ်ပီတယ်ကို တည်ဆောက်ခဲ့ပါတယ်။ လွတ်လပ်ရေးအဆောက်အဦးအတွက် ကျွှန်တွေကို အားတမခိုင်းစေတည်ဆောက်ခဲ့တယ်ဆိုတဲ့အချက်က အမည်းစွန်းစေတယ့်အချက်။ ဒီအခန်းထဲမှ ပန်းချီကားတွေက အင်မတန်လက်ရောက်မြောက်သလို အမေရိကန်သမိုင်းကြောင်းကို ဖော်ကျူးထားတယ်။ အဝိုင်းမိုးခုံးက ပန်းချီးလက်ရာတွေက ရောမလက်ရာဆန်တယ် ထုလုပ်သူက အီတလီကနေ အမေရိကန်ကိုပြောင်းရွှေ့အခြေချသူ။ အိန်ဂျယ်၃ယောက်ကြားက အမေရိကန်လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်။ Roundana ပတ်ပတ်လည် ပန်းချီကားတွေ ရေးဆွဲပြီးလို့ လွတ်နေတဲ့ ၁၆ ပေကို ဆက်ဆွဲဖို့ ခွင့်ပြုမိန့်ကို ၁၆ နှစ်စောင့်ခဲ့ရတယ်။ ပန်းချီပန်းပုလက်ရာတွေက အင်မတန်လက်ရာမြောက်ပါပေတယ်။ သမ္မတသေဆုံးရင်၊ စစ်ဖက်ဆိုင်ရာရာထူး အကြီးအကဲတွေကျဆုံးရင် ဒီခန်းမမှာ ဈာပနကျင်းပခွင့်ရှိပါတယ် ခုထိ ၃၃ ဦး ကျင်းပပြီးပြီ။ ဟိုဖက်ခန်းက ပန်းပုလက်ရာတွေကတော့ ပြည်နယ်တခုစီရဲ့ ထင်ရှားတဲ့သူတွေရဲ့ ပန်းပုလက်ရာတွေ။ ပန်းပုတခုချင်းစီမှာ ရာဇဝင်တခုစီရှိပါတယ်။ မသိတာရှိရင် လက်ထောင်မေးနိုင်ပါတယ်။ ကင်မရာသမားတွေတွေ့တော့ ဒီနေ့ကယ်ပီတယ်မှာ လူပိုစည်တယ် လွှတ်တော်မှာ အရေးကြီးတဲ့ဥပဒေတခုကို မဲခွဲဆုံးဖြတ်စရာရှိလို့တဲ့။ လူအရမ်းများတာမို့ ကိုယ့်အုပ်စုနဲ့ မခွဲမခွာနေဖို့၊ အိမ်သာသွားမယ်ဆိုရင် တိုးဂိုက်ကို အကြောင်းကြားပြီးမှာ သွားဖို့မှာကြားပါတယ်။ ကယ်ပီတယ်ကို ၃ ခေါက် ရောက်ပြီးတဲ့အချိန်မှာ သိလိုက်ရတာက တိုးဂိုက်တွေပြောတာ အတူတူပဲဆိုတာ။ တိုးပြီးတော့ နားကြပ်လေးတွေပြန်ပေး တိုးဂိုက်က ဒီနေ့ဗာမွန်ပြည်နယ်ကအမတ်တွေကို တွေ့ဆုံလို့ရတယ့် လတ်မှတ်ရှိတယ် အိုင်ဒီပြပြီး ယူနိုင်ပါတယ်လို့ အကြောင်းကြားတယ်။ ဗိုက်ဆာနေပြီမို့လို့ ကယ်ပီတယ်အောက်ဖက်က စားသောက်ဆိုင်ဆီ ပြေးကြတယ်။ အဲဒီများလည်း ကြိတ်ကြိတ်တိုး တနေ့တနေ့ အလည်လာတဲ့သူ ၈၀၀ ကျော်ရှိပါတယ်တဲ့။ အလည်လာတဲ့သူတွေထဲမှာ အာရှသားနည်းတယ်။
ကယ်ပီတယ်ကနေ ကွန်ဂရက်စာကြည့်တိုက်ကို မြေအောက်လှိုက်ခေါင်းကနေ သွားလို့ရပါတယ်။ ကမ္ဘာပေါ်မှာ စာအုပ်စာတမ်းတွေ အများဆုံးစုဆောင်းထားတဲ့နေရာ။ အတွင်းဖက်မှာ ပြင်ဆင်ထားတာတွေက အင်မတန်လှတယ်။ ပြခန်းတွေ အကုန်လိုက်ကြည့်ဖို့ဆို တနေ့လောက်အချိန်ပေးရမယ်။ စာကြည့်ခန်းကို အပေါ်ခန်းကနေကြည့်ဖို့ တန်းစီကြတယ်။ စာကြည့်ခန်းမှာ မဟော်ဂနီရောင်ပရိဘောတွေက တဖိတ်ဖိတ်တောက်နေပြီး စာအုပ်အဖုံးတွေကလေည်း ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ အင်မတန်လှပခန့်ညားတယ်။ စာအုပ်တွေကို သုတေသနပြုနေတဲ့သူတွေကိုပဲ ငှားပါတယ်။ ကွန်ဂရက်စာကြည့်တိုက်ကနေ ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောလ်ကို မျက်နှာပြုနေတဲ့ ကယ်ပီတယ်နဲ့ ဓာတ်ပုံရိုက်တယ်။ အဲ့ဒီဖက်အခြမ်းက ပိုလှတယ် သမ္မတကျမ်းသစ္စာကျိမ်ဆိုတဲ့နေရာပေါ့။ ကယ်ပီတယ်ကနေ ပတ်တိုးမတ်မြစ်အထိကို ကယ်ပီတယ်မောလ်လို့ခေါ်ပြီး ဘေးတဖက်တချက်မှာ ပြတိုက်တွေ တစုတဝေးတည်း ရှိပါတယ်။ ပြတိုက်တွေက ဝင်ကြေးအခမဲ့ဖြစ်ပြီး ပြတိုက်တခု အနှံ့လည်ဖို့ဆိုရင် ၅ နာရီလောက် အချိန်ပေးရမယ်။ အာကာသသိပ္ဗံပြတိုက်ကို ဝင်လည်တော့ လကမ္ဘာကို ပထမဆုံးခြေချတဲ့ပြခန်း၊ အာကာသယာဉ်မှုးတွေ ဝတ်တဲ့ဝတ်စုံ၊ အသုံးပြုခဲ့တဲ့ယာဉ်၊ ဘယ်လိုလုပ်ဆောင်ခဲ့ကြတာတွေကို ပြသထားတာ အင်မတန်ကြည့်လို့ကောင်းတယ်။ ဝိုက်ညီနောင်ကနေ လေယာဉ်တွေတဆင့်ဆင့် တိုးတက်ပြောင်းလဲလာတွေ၊ အာကာသအကြောင်းအစုံအလင်ပြသထားလို့ အမြဲကြိတ်ကြိတ်တိုး။ တူတော်မောင်အတွက် အာကာသယာဉ်မှုးဝတ်စုံ၊ အာကာသယာဉ် ဝယ်ပေးရင်ကောင်းမလားလို့ အမေ့ကိုတိုင်ပင်ကြည့်တော့ မပေးနဲ့တဲ့။ ရထားစီးဖို့အဆင်မပြေဘူး လမ်းဘဲလျှောက်ရအောင်နော် ဝါရှင်တန်ကျောက်တိုင်၊ အိမ်ဖြူတော်ကိုသွားမှာ။ စမစ်ဆိုးနီးယန်းပြတိုက်နားမှာ ခဏနားကြပြီး ဝါရှင်တန်မိုးနူးမတ်ကျောက်တိုင်နားကနေဖြတ်ပြီး ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ရေပန်းနားကို သွားမလို့ဟာ မသွားနိုင်တော့ဘူး အဝေးကနေပဲကြည့်မယ်တဲ့။ ဟိုမှာ တိုင်ဒယ်ဘေဆင်ရေကန် ချယ်ရီပွဲတော်က အဲ့ဒီမှာကျင်းပတာ။ ရေကန်ပတ်ပတ်လည် ဂျပန်ပြည်က ချစ်ကြည်ရေးလက်ဆောင်ပေးထားတဲ့ ချယ်ရီပင်တွေ စိုက်ထားတယ်။ ချယ်ရီပွဲတော်က ကိုယ့်ဓာတ်ပုံတွေကြည့်ပြီး အဖေက ချယ်ရီပွဲတော်ချိန် လာလည်ချင်တယ်။ ဟိုးမှာ လင်ကွန်းမန်မိုရီယမ် အဖေတို့ တိုးနဲ့လာတုန်းက ရောက်ဖူးတယ် မှတ်မိလား။ ဝါရှင်တန်မိုးနှုးမတ်နားမှာ ခဏနား သမ္မတအိမ်ဖြူတော်ရှေ့ ဓာတ်ပုံရိုက်။
သမ္မတအိမ်ဖြူတော်နဲ့ မလှမ်းမကမ်းက ပန်းခြံလေးမှာ ထိုင်နားတော့မှ စာကြည့်မျက်မှန် မရှိတော့မှန်း သတိထားမိတယ်။ စမတ်ဆိုးနီးယန်းပြတိုက်နား နားတုန်းက ကျကျန်ခဲ့တာဖြစ်ရမယ်။ နမော်နမဲ့နိုင်လေခြင်း ကိုယ်ဟာ ပစ္စည်းအမြဲမေ့ကျန်တတ်တဲ့သူမဟုတ်ဘူ ။ မျက်မှန်က ၂၀၁၂ ကန်တက်ကီမှာ လုပ်ခဲ့တာဆိုတော့ ၅ နှစ်ရှိပြီ ကိုယ်ကြိုက်တဲ့ တစ်ဖနီမျက်မှန်လေး။ ညနေစာ တရုတ်တန်းမှာ သွားစားမယ် မိနစ် ၂၀ လောက် လျှောက်နိုင်သေးတယ်မလား။ နားနားပြီး လျှောက်ကြတာပေါ့ တရုတ်တန်းရောက်တော့ ဒီစီမှာအလုပ်လုပ်တုန်းက ကိုယ်သွားစားနေကြဆိုင်ကို ခေါ်သွားတယ်။ ကန်စွန်းရွက်ကြော် အင်မတန်ကောင်းတာတော့ မှတ်မိတယ်။ ဟိုတယ်ကို ၁၅ မိနစ်လောက်ပြန်လျှောက် ရေမိုးချိုးပြီးတာနဲ့ ပစ်လဲတော့တာပဲ။ အဖေက ဒီနေ့လမ်းလျှောက်တာ ၆ မိုင်မကဘူးတဲ့ အဖေတို့ လျှောက်နိုင်သားပဲ ဘယ်လိုလဲအဖေ ကယ်ပီတယ်လှလား အယ်မလေး ကြီးကျယ်ခမ်းနားပါပေတယ် အပြင်ကနေကြည့်တော့ ဒီလောက်သားနားမယ်မထင်ဘူး အတွင်းမှာ တကယ်လှတာပဲ။ ဒီနေ့တော့ အတော်ပင်ပန်းသွားပြီ။ မနက်ဖြန်မနက် ၈ နာရီခွဲလောက် ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောကိုသွား အမျိုးသားအနုပညာပြတိုက်ရှေ့သွားတော့ ဘယ်သူမှမရှိဘူ။ ဖွင့်ချိန်က ၁၀ နာရီတဲ့ ဘေးက အမျိုးသာသမိုင်းပြတိုက်ဆီသွားတော့ လူတန်းကြီးက အရှည်ကြီး။ တကမ္ဘာလုံးမှာရှိတဲ့ သတ္တဝါကောင်တွေကို ရုပ်ကြွတွေနဲ့ ပြထားတာ အင်မတန်အသက်ဝင်သွားတာပဲ။ ကလေးတွေကို လိုက်ပြတာများတယ်။ အဖေက သူ့မြေးကို သတိရနေတယ် ဘုန်းသန့်ခေါင်သာဆိုရင် ဘယ်လောက်အားပါလိုက်မလဲ။ အဖေ တိရစ္ဆာန်ရုံလိုက်ပြပေးလို့ မြေးဖြစ်သူက ဘိုးဘိုး တိရစ္ဆာန်ရုံလိုက်ပို့ပေးဖို့ ပူစာတော့တာပဲ။ ၁၁ နာရီခွဲလောက်ကျတော့ ဟိုတယ်ဆီပြန်ပြီး check out လုပ် ဆယ်မိနစ်လောက်ဝေးတဲ့ ယူနီယမ်ဘူတာရုံက Roti mediterarian ဆိုင်မှာ နေ့လည်စာစားတော့ အဖေတို့ ကြိုက်ကြတယ်။ Chipolet မက်ဆီကန်အစားအစာကျတော့ သိပ်မကြိုက်ကြဘူး။ နေ့လည် ၂ နာရီ ဘတ်စ်ကားက ၁၅ မိနစ်လောက် နောက်ကျပြီးမှထွက်တယ်။ နယူးဂျာစီကို ၄ နာရီကျော်လောက် မောင်းရတယ်။ ကယ်ပီတယ်နဲ့ အဝေးကနေပဲ ဓာတ်ပုံရိုက်ကြပေမဲ့ ခုတော့ အတွင်းထိ ရောက်ဖူးသွားကြပြီ။ သဘောကျတယ်ဆိုတော့လည်း လိုက်ပို့ရကျိုးနပ်တာပေါ့လေ။ အခွင့်ကြံကြိုက်ရင် ကယ်ပီတယ်အတွင်းဖက်ဆီ ဝင်လည်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
စန်းထွန်း
မတ် ၁၁၊ ၂၀၁၈။
![]() |
| ကယ်ပီတယ်အဆောက်အဦး အမိုးထိပ်က Statue of Freeman |
ကိုသက်ထွေးအဖေက အိမ်သာဘယ်မှာဆိုတာ ရှာဖွေပြီးပြီ၊ တနာရီအတွင်း အိမ်သာသွားပြီးပြီ။ ပြီးတော့ ကိုယ့်ကိုပြောပြနေတယ် အိမ်သာမှာ မီးလင်းနေရင် အဲ့ဒါလူရှိတာ အတော်သန့်တယ်ဆိုပဲ။ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမြို့ရပ်တယ်။ ညသန်းခေါင်မှာ ဝါရှင်တန်ဒီစီမြို့လယ်ကောင်က ယူနီယမ်စတေရှင်ကိုရောက်တယ်။ ဘူတာရုံကနေ ကယ်ပီတယ်ဘေးနား Hilton ဟိုတယ်ကို ၁၅ မိနစ်လောက်ပဲ လျှောက်ရတယ်။ late check in ပြောထားတော့ အဆင်ပြေတယ် ဟိုတယ်က ကြီးလိုက်တာ။ ဟိုတယ်မှာ မနက်စာမပါပေမဲ့ အမေ့မှာ သယ်လာတဲ့ရိက္ခာတွေကအပြည့်။ အဖေ၊ အမေရှိရင် ဗိုက်အမြဲပြည့်နေတယ် အမေက စားကောင်းသောက်ဖွယ်လေးတွေ ဖွယ်ဖွယ်ရာရာချက်ကျွှေး။ အဖေက သမီး စားဆိုပြီး အတင်းထည့်ကျွှေး သူ့သမီး များများစားမှ ဝမ်းသာအားရဖြစ်တော့ ပိန်ဖို့လမ်းမမြင်။ ကယ်ပီတယ်အဝင် လုံခြုံရေး အင်မတန်တင်းကြပ်တယ်။ ဆီးနိတ်၊ ဟောက်စ်လွှတ်တော်တွေရှိတဲ့နေရာ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဆွေးနွှေးဆုံးဖြတ်တဲ့ နေရာဆိုတော့လည်း လုံခြုံရေးတင်းကျပ်ရမှာပေါ့။ reserved လုပ်ထားတဲ့အချိန်ထက် ၁၅ မိနစ်လောက် နောက်ကျသွားပေးမဲ့လည်း အမြန်ဆုံးစီစဉ်ပေးပါတယ်။ ကွန်ကရက်မှာ ဆီးနိတ်၊ ဟောက်စ်တို့ရှိပြီး ဆီးနိတ်မှာတော့ ပြည်နယ်ဘယ်လောက်ပဲသေးသေးကြီးကြီး လွှတ်တော်အမတ် ၂ ယောက်ရှိပြီး ၆ နှစ်သက်တမ်းရှိပါတယ်။ ဟောက်စ်မှာတော့ ပြည်နယ်ရဲ့လူဦးရေအချိုးအစားအတိုင်း လူဦးရေများရင် house representative များမယ် ၂ နှစ်သက်တမ်း ရှိအါတယ်။ ဒီကယ်ပီတယ်ကနေ တိုင်းပြည်အတွက် အရေးပါတဲ့ဥပဒေတွေ ပြဌာန်းခဲ့ကြပါတယ်။ အမေရိကန်ပြည် တနေ့ပြန်လည်စည်းလုံးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်တွင်းစစ်ဖြစ်နေတုန်းတောင် ကယ်ပီတယ်တည်ဆောက်မှုကို သမ္မတအေဗရာဟမ်လင်ကွန်းက မရပ်ခဲ့ပါဘူး။ ကယ်ပီတယ်အကြောင်း ရှင်းပြတယ့် ၁၀ မိနစ်စာ ဗွီဒီယိုလေးက သိပ်အဓိပ္ဗာယ်ရှိပြီး ကြည့်လို့ကောင်းတယ်။ ပြီးတော့ နားကြပ်လေးတွေ လှမ်းယူပြီး တိုးဂိုက်တွေနောက်မှာတန်းစီ။ အဲဒီနေ့က လေ့လာရေးလာကြတဲ့ ကျောင်းသားတွေ အရမ်းများတယ်။
![]() |
| House Speaker Paul Ryan ရဲ့အခန်းရှေ့ |
![]() |
| ပန်းချီပန်းပုတွေ အရမ်းခမ်းနားလှပတဲ့ Roundana |
![]() |
| ကယ်ပီတယ်မောလ်၊ ပတ်တိုးမတ်မြစ်ကို မျက်နှာမူထားတဲ့ဖက် သမ္မတကျမ်းသစ္စာကျိမ်ဆိုပွဲကို အဲ့ဒီမှာ ကျင်းပတယ် |
![]() |
| Library of Congress |
![]() |
| National Air &Space Museum |
![]() |
| Washington Monument |
ကယ်ပီတယ်ကနေ ကွန်ဂရက်စာကြည့်တိုက်ကို မြေအောက်လှိုက်ခေါင်းကနေ သွားလို့ရပါတယ်။ ကမ္ဘာပေါ်မှာ စာအုပ်စာတမ်းတွေ အများဆုံးစုဆောင်းထားတဲ့နေရာ။ အတွင်းဖက်မှာ ပြင်ဆင်ထားတာတွေက အင်မတန်လှတယ်။ ပြခန်းတွေ အကုန်လိုက်ကြည့်ဖို့ဆို တနေ့လောက်အချိန်ပေးရမယ်။ စာကြည့်ခန်းကို အပေါ်ခန်းကနေကြည့်ဖို့ တန်းစီကြတယ်။ စာကြည့်ခန်းမှာ မဟော်ဂနီရောင်ပရိဘောတွေက တဖိတ်ဖိတ်တောက်နေပြီး စာအုပ်အဖုံးတွေကလေည်း ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ အင်မတန်လှပခန့်ညားတယ်။ စာအုပ်တွေကို သုတေသနပြုနေတဲ့သူတွေကိုပဲ ငှားပါတယ်။ ကွန်ဂရက်စာကြည့်တိုက်ကနေ ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောလ်ကို မျက်နှာပြုနေတဲ့ ကယ်ပီတယ်နဲ့ ဓာတ်ပုံရိုက်တယ်။ အဲ့ဒီဖက်အခြမ်းက ပိုလှတယ် သမ္မတကျမ်းသစ္စာကျိမ်ဆိုတဲ့နေရာပေါ့။ ကယ်ပီတယ်ကနေ ပတ်တိုးမတ်မြစ်အထိကို ကယ်ပီတယ်မောလ်လို့ခေါ်ပြီး ဘေးတဖက်တချက်မှာ ပြတိုက်တွေ တစုတဝေးတည်း ရှိပါတယ်။ ပြတိုက်တွေက ဝင်ကြေးအခမဲ့ဖြစ်ပြီး ပြတိုက်တခု အနှံ့လည်ဖို့ဆိုရင် ၅ နာရီလောက် အချိန်ပေးရမယ်။ အာကာသသိပ္ဗံပြတိုက်ကို ဝင်လည်တော့ လကမ္ဘာကို ပထမဆုံးခြေချတဲ့ပြခန်း၊ အာကာသယာဉ်မှုးတွေ ဝတ်တဲ့ဝတ်စုံ၊ အသုံးပြုခဲ့တဲ့ယာဉ်၊ ဘယ်လိုလုပ်ဆောင်ခဲ့ကြတာတွေကို ပြသထားတာ အင်မတန်ကြည့်လို့ကောင်းတယ်။ ဝိုက်ညီနောင်ကနေ လေယာဉ်တွေတဆင့်ဆင့် တိုးတက်ပြောင်းလဲလာတွေ၊ အာကာသအကြောင်းအစုံအလင်ပြသထားလို့ အမြဲကြိတ်ကြိတ်တိုး။ တူတော်မောင်အတွက် အာကာသယာဉ်မှုးဝတ်စုံ၊ အာကာသယာဉ် ဝယ်ပေးရင်ကောင်းမလားလို့ အမေ့ကိုတိုင်ပင်ကြည့်တော့ မပေးနဲ့တဲ့။ ရထားစီးဖို့အဆင်မပြေဘူး လမ်းဘဲလျှောက်ရအောင်နော် ဝါရှင်တန်ကျောက်တိုင်၊ အိမ်ဖြူတော်ကိုသွားမှာ။ စမစ်ဆိုးနီးယန်းပြတိုက်နားမှာ ခဏနားကြပြီး ဝါရှင်တန်မိုးနူးမတ်ကျောက်တိုင်နားကနေဖြတ်ပြီး ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ရေပန်းနားကို သွားမလို့ဟာ မသွားနိုင်တော့ဘူး အဝေးကနေပဲကြည့်မယ်တဲ့။ ဟိုမှာ တိုင်ဒယ်ဘေဆင်ရေကန် ချယ်ရီပွဲတော်က အဲ့ဒီမှာကျင်းပတာ။ ရေကန်ပတ်ပတ်လည် ဂျပန်ပြည်က ချစ်ကြည်ရေးလက်ဆောင်ပေးထားတဲ့ ချယ်ရီပင်တွေ စိုက်ထားတယ်။ ချယ်ရီပွဲတော်က ကိုယ့်ဓာတ်ပုံတွေကြည့်ပြီး အဖေက ချယ်ရီပွဲတော်ချိန် လာလည်ချင်တယ်။ ဟိုးမှာ လင်ကွန်းမန်မိုရီယမ် အဖေတို့ တိုးနဲ့လာတုန်းက ရောက်ဖူးတယ် မှတ်မိလား။ ဝါရှင်တန်မိုးနှုးမတ်နားမှာ ခဏနား သမ္မတအိမ်ဖြူတော်ရှေ့ ဓာတ်ပုံရိုက်။
![]() |
| အိမ်ဖြူတော်ရှေ့ |
![]() |
| National Museum of Natural History |
![]() |
| National Museum of National History |
သမ္မတအိမ်ဖြူတော်နဲ့ မလှမ်းမကမ်းက ပန်းခြံလေးမှာ ထိုင်နားတော့မှ စာကြည့်မျက်မှန် မရှိတော့မှန်း သတိထားမိတယ်။ စမတ်ဆိုးနီးယန်းပြတိုက်နား နားတုန်းက ကျကျန်ခဲ့တာဖြစ်ရမယ်။ နမော်နမဲ့နိုင်လေခြင်း ကိုယ်ဟာ ပစ္စည်းအမြဲမေ့ကျန်တတ်တဲ့သူမဟုတ်ဘူ ။ မျက်မှန်က ၂၀၁၂ ကန်တက်ကီမှာ လုပ်ခဲ့တာဆိုတော့ ၅ နှစ်ရှိပြီ ကိုယ်ကြိုက်တဲ့ တစ်ဖနီမျက်မှန်လေး။ ညနေစာ တရုတ်တန်းမှာ သွားစားမယ် မိနစ် ၂၀ လောက် လျှောက်နိုင်သေးတယ်မလား။ နားနားပြီး လျှောက်ကြတာပေါ့ တရုတ်တန်းရောက်တော့ ဒီစီမှာအလုပ်လုပ်တုန်းက ကိုယ်သွားစားနေကြဆိုင်ကို ခေါ်သွားတယ်။ ကန်စွန်းရွက်ကြော် အင်မတန်ကောင်းတာတော့ မှတ်မိတယ်။ ဟိုတယ်ကို ၁၅ မိနစ်လောက်ပြန်လျှောက် ရေမိုးချိုးပြီးတာနဲ့ ပစ်လဲတော့တာပဲ။ အဖေက ဒီနေ့လမ်းလျှောက်တာ ၆ မိုင်မကဘူးတဲ့ အဖေတို့ လျှောက်နိုင်သားပဲ ဘယ်လိုလဲအဖေ ကယ်ပီတယ်လှလား အယ်မလေး ကြီးကျယ်ခမ်းနားပါပေတယ် အပြင်ကနေကြည့်တော့ ဒီလောက်သားနားမယ်မထင်ဘူး အတွင်းမှာ တကယ်လှတာပဲ။ ဒီနေ့တော့ အတော်ပင်ပန်းသွားပြီ။ မနက်ဖြန်မနက် ၈ နာရီခွဲလောက် ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောကိုသွား အမျိုးသားအနုပညာပြတိုက်ရှေ့သွားတော့ ဘယ်သူမှမရှိဘူ။ ဖွင့်ချိန်က ၁၀ နာရီတဲ့ ဘေးက အမျိုးသာသမိုင်းပြတိုက်ဆီသွားတော့ လူတန်းကြီးက အရှည်ကြီး။ တကမ္ဘာလုံးမှာရှိတဲ့ သတ္တဝါကောင်တွေကို ရုပ်ကြွတွေနဲ့ ပြထားတာ အင်မတန်အသက်ဝင်သွားတာပဲ။ ကလေးတွေကို လိုက်ပြတာများတယ်။ အဖေက သူ့မြေးကို သတိရနေတယ် ဘုန်းသန့်ခေါင်သာဆိုရင် ဘယ်လောက်အားပါလိုက်မလဲ။ အဖေ တိရစ္ဆာန်ရုံလိုက်ပြပေးလို့ မြေးဖြစ်သူက ဘိုးဘိုး တိရစ္ဆာန်ရုံလိုက်ပို့ပေးဖို့ ပူစာတော့တာပဲ။ ၁၁ နာရီခွဲလောက်ကျတော့ ဟိုတယ်ဆီပြန်ပြီး check out လုပ် ဆယ်မိနစ်လောက်ဝေးတဲ့ ယူနီယမ်ဘူတာရုံက Roti mediterarian ဆိုင်မှာ နေ့လည်စာစားတော့ အဖေတို့ ကြိုက်ကြတယ်။ Chipolet မက်ဆီကန်အစားအစာကျတော့ သိပ်မကြိုက်ကြဘူး။ နေ့လည် ၂ နာရီ ဘတ်စ်ကားက ၁၅ မိနစ်လောက် နောက်ကျပြီးမှထွက်တယ်။ နယူးဂျာစီကို ၄ နာရီကျော်လောက် မောင်းရတယ်။ ကယ်ပီတယ်နဲ့ အဝေးကနေပဲ ဓာတ်ပုံရိုက်ကြပေမဲ့ ခုတော့ အတွင်းထိ ရောက်ဖူးသွားကြပြီ။ သဘောကျတယ်ဆိုတော့လည်း လိုက်ပို့ရကျိုးနပ်တာပေါ့လေ။ အခွင့်ကြံကြိုက်ရင် ကယ်ပီတယ်အတွင်းဖက်ဆီ ဝင်လည်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
စန်းထွန်း
မတ် ၁၁၊ ၂၀၁၈။
08 March 2018
အိမ်ပြောင်းခြင်း အနုပညာ ...
၂၀၁၄ ဖေဖေါ်ဝါရီ နယူးယောက်ကိုရောက်ပြီး ၂ လအကြာ မြန်မာအိမ်ကနေ ဂျပန်အိမ်ကိုပြောင်းတော့ လက်ကေ့ ၂ အိတ်၊ အထုပ်ကြီး ၁ ထုပ်၊ အထုပ်လေး ၁ ထုပ်၊ ဂီတာတလက်။ ပြောင်းတဲ့နေရာကလည်း တမြို့နယ်တည်း တဘူတာပဲဝေးတယ်။ အိမ်ကူပြောင်းပေးတဲ့ အစ်ကိုကြီးကလည်း သဘောကောင်းတယ်။ နေမကောင်းလို့၂၀၁၅ ဧပြီ ဂျပန်အိမ်ကနေ မြန်မာအိမ်ပြောင်းတော့ အထုပ်ကြီး ၆ ထုပ်ဖြစ်လာပြီ။ ကျန်းမာရေး သိပ်မကောင်းတော့ အိမ်ပြောင်းပြီးတာနဲ့ လူကလှုပ်တောင် မလှုပ်နိုင်တော့ဘူး။ တမြို့နယ်တည်း တဘူတာပဲ ဝေးတာကို အိမ်ကူပြောင်းပေးတဲ့ဦးလေးက ၁၀၀ တောင်းလို့ မခံချိမခံသာနဲ့ ပေးလိုက်ရတယ်။ ကောင်မလေးတယောက်ကို ပြောင်းပေးတုန်းကဆို ၂၀ ပဲတောင်းလို့ အဲ့ဒီကောင်မလေးကတောင် အံ့အားသင့်လို့ဆိုတဲ့ သတင်းကြားတော့ ပိုအမြင်ကပ် အတော်ရိတ်တဲ့ ဦးလေးကြီ။ ၂၀၁၆ သြဂုတ် နယူးဂျာစီကိုပြောင်းတော့ အမေနဲ့မကြီးရှိနေတော့ သိပ်မပင်ပန်းဘူး။ ဒါတောင် ကားကနည်းနည်းသေးနေလို့ ပစ္စည်းနည်းနည်းကျန်ခဲ့တယ်။ အိမ်ကူပြောင်းပေးတဲ့ အစ်ကိုကြီးက သဘောကောင်းတယ် အမေပြန်တော့ သူ့ကိုတက်စ်စီခေါ်လိုက်သေးတယ်။ ၂၀၁၈ ဖေဖေါ်ဝါရီ နယူးဂျာစီကနေ နယူးယောက်ကိုပြောင်းတော့ အတော်ရိတ်တဲ့ ဦးလေးကြီးကားကို ပြန်ခေါ်ရတယ်။ သူ့ကားမှ ဆန့်မှာကိုး ပစ္စည်းတွေကလည်းများပါ့။ တရုတ်မယန်းဆီက ၂၅၀ ပုတ်ပြတ်နဲ့ ဝယ်ထားတဲ့ ၂ ယောက်အိပ်မွေ့ယာ၊ ထိုင်ခုံ၊ ဆိုဖာ၊ slow cooker ၊ မိုက်ခရိုဝေ့စ်၊ toaster ၊ အဝတ်လျှော်စက်၊ ဖိနပ်စင်။ ကိုယ့်ဘာသာဝယ်ထားတဲ့ ၅၄ လက်မတီဗွီ၊ တယောက်အိပ်မွေ့ယာ၊ အိုင်ခီရာက ပက်လက်ထိုင်ခုံ။ ဒါတောင် စာအုပ်စင်၊ မှန်တင်ခုံအကြီး ထားပစ်ခဲ့တယ်။ ဦးလေးရိတ်ကြီးက မြန်မာပြည်ပြန်မှာမို့လို့ သူ့သူငယ်ချင်းကိုမေးကြည့်တော့ ကူပြောင်းပေးမယ် တိုးခအပြီးအစီး ၁၈၀ တဲ့။ အားရင်အားသလို ပစ္စည်းသိမ်းထားပြီး သောကြာနေ့မှာပစ္စည်းကိုအပြီးသိမ်း။ စနေနေ့မနက်မှာ တအိမ်လုံး သန့်ရှင်းရေးလုပ် နေ့လည် ၂ နာရီလောက အိမ်ကူပြောင်းပေးတဲ့ဦးလေးကြီးလာတော့ ပစ္စည်းတွေက များလိုက်တာ တယောက်စာမှ ဟုတ်ရဲ့လား။ ဟုတ်တယ် အရင်တုန်းက အစ်မနေပြီး ပြန်သွားလို့။ ဦးလေးရိတ်တူမအိမ်မှာ နေခဲ့တာ ဦးလေးရိတ်ပဲ ပြောင်းပေးတာ။
ကားမှာနေရာမရှိတော့ဘူး ပစ္စည်းတွေက ကျန်သေးတယ် အရေးကြီးတာတွေယူ အပင်တွေကလည်း ပါသေးတယ်။ မဆန့်တော့ရင် ဒါတွေထားခဲ့မယ် ဦးလေး မနက်ဖြန်အားလား မအားဘူး။ ကားရှိတဲ့သူငယ်ချင်း ၂ ယောက်ရှိတယ် သူတို့ကို အကူအညီတောင်းပြီး လာသယ်ရမယ်။ သူငယ်ချင်းတွေက ဘယ်မှာနေကြတာလဲ တယောက်မှာ နယူးယောက်ကွင်းမှာ တယောက်က နယူးဂျာစီပြည်နယ် အက်ဒီဆင်မှာ။ နေရာနည်းနည်းပြန်စီပြီး အကုန်ပါအောင် ကြိုးစားပေးမယ်။ အပင်တွေထည့်ထားတဲ့ဗန်းကို ပေါင်မှာတင်လို့ရတယ် လေးနေမှာပေါ့။ မိုးကစရွာလာပြီ ဒီအိမ်ခန်းငှားခ ဘယ်လောက်လဲ၊ ဘယ်လိုရှာသလဲ။ ဦးလေးရိတ်နဲ့ ညီအစ်ကိုလိုခင်နေတော့ ကူညီတာ။ တိုးခက ၁၅ ကျပ် တိုးခနဲ့တင် မကိုက်ပါဘူးဗျာ။ ဟင် … ဦးလေးရိတ်ပဲ ဈေးဖြတ်တာ အိမ်လိမ်စာတွေ သိနေတာပဲ။ တိုးခပေးရမယ်ဆိုတာ မသိဘူးလား မကိုက်ရင် မလိုက်နဲ့ပေါ့။ မနက် ၄ နာရီ လေဆိပ်မှာသွားကြိုပို့၊ ဦးလေးသမီးဝင်ခေါ်၊ ခုအိမ်ပြောင်း၊ ညနေလေဆိပ်ကို သွားကြိုပို့လုပ်ရဦးမှာ။ အယ်မလေး ... ညည်းလိုက်တာ ခိုကျနေတာပဲ။ ဦးလေးက အိမ်ဝယ်ထားတယ် ခုဆိုသူအိမ်က ၇ သိန်းလောက် တန်နေပြီ။ မြေအောက်ထပ်ကို ငှားထားတယ် ၇၅၀ ရတယ်တဲ့။ mover လို့သာပြောတာ ကိုယ့်ထက်ချမ်းသာတယ်။ ညည်း ဒီအိမ်ဘယ်လိုတွေ့တာလဲ ဒေါက်တာမပြောလို့သိတာ၊ ဈေးကိုလည်း သူပဲလျှော့ပေးထားတာ၊ နယူးဂျာစီအိမ်ထက် ကျဉ်းတယ်။ အဲ့ဒီနေရာကိုသိတယ် အဲ့ဒီနားမှာနေဖူးတယ်။ ရောက်တာကြာပြီလား မကြာသေးဘူး ၈ နှစ်။ ကျောင်းတက်တာလား ကျောင်းပြီးလို့ အလုပ်လုပ်နေပြီ။ မြန်မာပြည်ကို မပြန်ဘူလား အမေရိကားမှာနေရတာကြိုက်တယ်။ ဟာ..ဟိုတက္ကစီသမား ခေါင်းထိုးပြီး နေရာတောင်းနေတယ် အဓိပ္ဗါယ်မရှိလိုက်တာ၊ နယူးယောက်က တက္ကစီတွေ စည်းကမ်းကိုမရှိဘူး မောင်းချင်သလို မောင်းနေတော့တာပဲ။ လူကူးမျဉ်းကျားမှာ ကူးနေတဲ့သူတွေကိုလည်း နှေးတိနှေးတိနဲ့ ကူးနေလိုက်တာ မြန်မြန်ကူးတာမဟုတ်ဘူး။ အယ်မလေး … ကိုယ်ညည်းတယ်ဆိုတာ သူ့ခြေဖျားကိုမမှီဘူး။ ဒီလောက်ညည်းတဲ့သူမျိုး ဒီတခါပဲတွေ့ဖူးပါတယ် စိတ်ညစ်ဖို့ကောင်းလိုက်တာ ၁ နာရီလောက် တော်တော်ညည်းခံလိုက်ရတယ်။
ညည်း ဒီလောက် ပစ္စည်းများတာ ညည်းအခန်းကျဉ်းကျဉ်းလေးမှာ နေရာဆန့်ပါ့မလား ဆန့်သလောက် ထည့်ရမှာပဲ။ မိုးရွာနေပြီ မွေ့ယာတွေကို အရင်ချရမယ် ရေစိုကုန်လည်း ရပါတယ် ကိစ္စမရှိပါဘူး။ သူမှန်းတဲ့အတိုင်း အိမ်ခန်းကျဉ်းကျဉ်းလေးမှာ ပစ္စည်းတွေက နေရာအပြည့် ခြေချစရာနေရာတောင် မရှိဘူး။ ပြောင်းပေးခ ၁၈၀ ၊ ၁၅ ရာခိုင်နှုန်းတဖ်စ် ၁၃၊ ၂၀၃ ကျပ်ပေးရမှာကို တခါတည်းဆန့်အောင်ကြိုးစားပေးလို့ ၂၀၅ ကျပ် ပေးလိုက်တယ်။ ဟိုဖက်မှာ အဝတ်လျှောက်ဆိုင်၊ ဒီဖက်မှာ စားသောက်ဆိုင်၊ ဟိုးဖက်မှာ ဘူတာရုံရှိတယ် အစားအသောက် အိပ်ဖို့ ရုံးတက်ဖို့ အရေးကြီးတာတွေ အရင်ထုတ် တဖြည်းဖြည်း နားနားပြီးရှင်း လိုအပ်ရင် ခေါ်လိုက်နော်။ ဟုတ်ကဲ့ ခေါ်ပါ့မယ် ကျေးဇူးအများကြီးတင်ပါတယ်။ ဟွန့် … နောက်နောင် ဘယ်တော့မှ ဒင်းကိုမခေါ်ဘူး။ သူကလည်း တစ်ယောက်စာပြောပြီး နှစ်ယောက်စာပြောင်းတဲ့ ကောင်မလေး။ နောက်တခါခေါ်ရင် ငြင်းလိုက်မယ်လို့ တွေးလေမလားမသိ။ မလိုတာတွေ စတိုခန်းထည့်၊ ဘယ်ပစ္စည်းက ဘယ်အထုပ်မှာဆိုတာရှာဖွေ၊ သိမ်းသင့်တာတွေသိမ်း ထုတ်သင့်တာတွေထုတ် တနင်္ဂနွေနေ့ညနေမှာမှ ပြီးသွားတော့တယ်။ အိမ်အသစ်က မွေးစားအမေ၊ မကြီးသူငယ်ချင်းတို့နေတဲ့တိုက်နဲ့ လမ်းလျှောက်ရင် ၈ မိနစ်လောက်ပဲဝေးတယ်။ ဂျပန်အိမ်မှာ ကိုယ်နေမကောင်းဖြစ်တုန်းက မကြီးက အကူအညီတောင်းလို့ လာကြည့်ရှုစောင့်ရှောက်တဲ့ နှစ်ယောက်ပေါ့။ နယူးဂျာစီအိမ်ကနေ ဝေါထရိတ်စင်တာကို မိနစ် ၂၀ ပဲ ရထားစီးရတယ်။ အိမ်ကနေ မနက် ၈ နာရီရောက်ရင် ၉ နာရီမတီးခင် ရုံးရောက်နေပြီ။ အိမ်အသစ်ကနေ ဘူတာရုံကို ၁၅ မိနစ်လမ်းလျှောက် local ရထား ၂ ဘူတာစီးပြီး အမြန်ရထားစီးပြီး ဝေါထရိတ်စင်တာမှာဆင်း ရုံးကို ၁၀ မိနစ်လမ်းလျှောက်။ ရုံးရောက်ဖို့ ၁ နာရီ မိနစ် ၂၀ အချိန်ပေးရတယ်။ နယူးဂျာစီအိမ်နားမှာက ပေါ်တူဂီ၊ အိုင်းရစ်များပြီး တရုတ်ကုန်စုံဆိုင်သေးသေးလေးပဲရှိတယ်။ အိမ်အသစ်နားမှာတော့ အစားအသောက်ပေါတယ်။ အိမ်အသစ်က ကျဉ်းပေမဲ့ စနစ်တကျရှိတယ် တံခါး ၃ ခုရှိတယ်။ အရာအားလုံးအဆင်ပြေမဲ့ ညရောက်ရင် အိမ်ခန်းထဲက ဟီတာသံအကျယ်ကြီးမြည်တာ သိပ်ဆိုးတယ်။ ကိုယ်ကလည်း အသံကြားရင်၊ အလင်းမြင်ရင် မအိပ်နိုင်။
အဲ့ဒါအဖေနဲ့သွားတူကြတာ အဖေက ကြွက်ဖြတ်ပြေးရင်တောင် သိတယ် ချွှပ်ချွှပ်ဆိုနိုးနေပြီ။ အမေကျတော့ ဘယ်လိုအခြေအနေမျိုးမှာမဆိုအိပ်နိုင် ဘယ်ဟင်းနဲ့မဆိုစားနိုင်တယ်။ အမေ့လို ကုသိုလ်ကံကောင်းချင်လိုက်တာ။ လုပက်စ်ကြောင့် ရေချိုးခန်းထဲမှာ ရေတစက်စက် ကျနေတာတောင်ကြားတယ်။ နယူးဂျာစီအိမ်မှာတုန်းက တရုတ်မခြေနင်းကြမ်းလွန်းလို့ အိမ်ရှင်ကိုတိုင်တယ်။ ဒီတော့ တရုတ်မက ကိုယ့်အိပ်ခန်းအပေါ်ထပ်က သူ့အိပ်ခန်းကိုမဝင်ခင် ဖိနပ်ချွှတ်ပြီးမှ ဝင်ပေမဲ့လည်း နိုးတာပါပဲ။ သူဝင်လာတာ ဟိုးတောက်လျှောက်ကြားရတယ်။ တရုတ်မခြေနင်းကြမ်းတာကိုဆိုးလှပြီထင်နေတာ ဟီတာသံကပိုဆိုးတယ် တညလုံးတဂွမ်းဂွမ်းနဲ့။ ear pads ဝယ်တပ်တာလည်း ကြားရတယ် ခေါင်းအုံး၊ traveler bag ပတ်ပြီးအိပ်ရတယ်။ ခုတပတ်ပြည့်တော့မယ် ကောင်းကောင်းအိပ်မပျော်သေးဘူး။ ညဖက်အိပ်ရေးသိပ်မဝလို့အီးရထားမှာ ထိုင်ခုံနေရာရတာနဲ့ အိပ်တော့တာပဲ။ အသိအစ်မတယောက်လည်း အရင်နေဖူးတဲ့အိမ်က ဟီတာသံက ကျယ်လွန်းလို့ သူခိုးဝင်တာလို့တောင် ထင်တာနဲ့။ နောက်တော့ အိပ်ခန်းထဲမှာမအိပ်နိုင်တော့ဘဲ ဧည့်ခန်းထဲကိုပြောင်းအိပ်ရတယ်။ စာချုပ်တစ်နှစ်ပြည့်တာနဲ့ ပြောင်းပြေးရတယ်တဲ့။ အမ်မလေး … မမြင်နိုင်တဲ့ဒုက္ခတွေ နောက်ဆိုတညအိပ်ကြည့်ပြီးမှာ အိမ်ငှားရတော့မလိုဖြစ်နေပြီ။ တရုတ်မယန်းက အိမ်ပြောင်းတာ အဆင်ပြေလားလို့မေးတော့ ဖြစ်ကြောင်းကုန်စင်ပြောပြတော့ သူ့တိုက်ခန်းဆိုနေနိုင်မှာမဟုတ်ဘူး ဟိုင်းဝေးလမ်းမဘေးမှာမို့လို့ ဆူညံနေတာတဲ့။ ခုတော့ အကျင့်ဖြစ်သွားပြီတဲ့ ယန်းက ကိုယ့်အမေနဲ့တူတယ် ဘယ်လိုအခြေအနေမျိုးမှာမဆို အိပ်နိုင်တယ်။ အင်း … စောင့်ကြည့်ရတော့မှာပဲ အကျင့်ဖြစ်သွားမလား … ပြောင်းပြေးရမလားဆိုတာ။
စန်းထွန်း
မတ် ၈၊ ၂၀၁၈။

| photo credit - Google |

Labels:
MySelf
04 March 2018
Doctor in the House ...
ကိုယ့်လုပက်စ်ရောဂါဟာ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်း ပြောတဲ့ functional medicine ကို လိုက်နာကျင့်သုံးလို့ သက်သာပျောက်ကင်းလာပါတယ်။ ဆရာမကြီးညွှန်တဲ့ ဒေါက်တာ Natasha Campbell-McBride ရဲ့ Gut and Psychology Syndrome: Natural Treament for Autisum, Dyspraxia ကို ဖတ်ကြည့်တာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဆေးပညာအသုံးအနှုန်းတွေကိုတော့ ကျော်ခွဖတ်ရတယ်။ အစားအသောက်၊ အူလမ်းကြောင်းနဲ့ ဦးနှောက်ဆက်စပ်နေတော့ အစာအိမ်အူကို ကောင်းမွန်အောင် လုပ်နိုင်ရင် ရောဂါတော်တော်များများ သက်သာပျောက်ကင်းသွားတယ်။ ဒေါက်တာနာတာရှာဟာ အာရုံကြောအထူးကုဆရာဝန်၊ အာဟာရပညာရှင် သူ့သား အော်တင်ဇင်ရောဂါဖြစ်တော့ ဆေးကျမ်း၊ သုတေသနစာတမ်းတွေဖတ်ပြီး functional medicine နဲ့ကုတာ သက်သာပျောက်ကင်းသွားလို့ ဆေးခန်းဖွင့်ပြီး ကုသနေတယ်။ ဆရာမကြီးညွှန်တဲ့ Broken Brain documentaries ကြည့်တော့ Doctor in the House ဆိုတယ့် realithy tv show ကို သွားတွေ့တယ်။ ဒေါက်တာရောင်ဂန်ချက်တဂျီဟာ GP အဖြစ် လုပ်သက် ၁၈ နှစ် ရှိပါတယ်။ တနေ့ သူ့သား အသက်ရှုကြပ်သလိုဖြစ်ပြီး ဘာဖြစ်မှန်းမသိလို့ အရေးပေါ်ဆေးရုံ တင်လိုက်ရပါတယ်။ ဆရာဝန်ဖြစ်တယ့်သူက ဘာမှမလုပ်နိုင် မကယ်နိုင် ဆရာဝန်တွေကလည်း ချက်ချင်းရောဂါရှာဖွေလို့မရ။ နောက်တော့ ဗီတာမင်ဒီချို့တဲ့တာ အဖေဖြစ်သူ ဆရာဝန်တစ်ယောက်ဖြစ်ရဲ့သားနဲ့ သားဖြစ်သူက ဗီတာမင်ဒီချို့တဲ့လို့ အရေးပေါ်ဆေးရုံတင်ရတာကို ရင်ကျိုးမရဖြစ်မိတယ်တဲ့။ နောက်တော့ စာတွေလိုက်ဖတ်ပြီး functional medicine ကို လိုက်စားရင်း အင်္ဂလန်ပြည်သူတွေကို ကျန်းမာအောင် နေထိုင်ရေး ဟောပြောနေသူပါ။ လူနာတယောက်ကို ၁၀ မိနစ်ပဲ အချိန်ပေးနိုင်တဲ့ ဆရာဝန်ဘဝကနေ လူနာတွေအိမ်မှာ တနေ့လိုက်နေပြီး လူနာတွေ ဘယ်လိုနေထိုင် စားသောက်တယ်ဆိုတာ လေ့လာ။ ရောဂါဖြစ်စေတယ့် root course ကိုရှာ processed food ၊ wheat ရှောင်၊ ကိုယ်တိုင်ချက်ပြုတ်စား၊ soda အချိုရည်ရှောင်၊ သင့်တော်တယ့် လေ့ကျင့်ခန်းလိုက်ခိုင်း၊ အိပ်ရေးဝဝအိပ်ခိုင်း၊ စိတ်ဖိစီးမှုနည်းအောင် တရားထိုင်ခိုင်း။ နေ့စဉ်ဘာတွေစားသောက်တယ်၊ လေ့ကျင့်ခန်းဘယ်လိုဘယ်လောက်လုပ်တယ်၊ ဘယ်နှစ်နာရီအိပ်တယ်ဆိုတာ follow up လုပ်။ ဘယ်ဆေးမှမပေးဘဲ ၂ လအကြာ ပြန်လာကြည့်တယ့်အခါ ဘာတွေပြောင်းလဲသွားသလဲ။ စိတ်ဝင်စားရင် အောက်ကဗွီဒီယိုဖိုင်တွေကို အချိန်ပေးပြီး ကြည့်လိုက်ပါ။ Youtube မှာ Doctor in The House ဒါမှမဟုတ် Dr Rangan Chatterjee လို့ ရိုက်ထည့်လိုက်ရင် ဗွီဒီယိုတွေ တွေ့ပါလိမ့်မယ်။
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၈။
ဆီးချိုရောဂါရှင် ဒေါ်တီ၊ မီးသတ်သမားဖြစ်ချင်ပေမဲ့ အပြေးစစ်ဆေးတာ မအောင်တဲ့ ဒေါ်တီ့ခင်ပွန်း။
အားကစားလေ့ကျင့်ရုံပိုင်ရှင် ဝိတ်မတဲ့သူ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကြောင့် အကိုက်အခဲပျောက်ဆေး အများကြီးသောက်နေတဲ့သူ၊ သူ့သားမှာက အက်စမာအရေပြားရောဂါ။
တနေ့ကို ကြိမ်ဖန်များစွာ ခေါင်းထိုးကိုက်၊ ခေါင်းကိုက်ရင် သေမတတ် ဝေဒနာခံစားရတဲ့ အမျိုးသမီး၊ ခြေတဖက်မရှိပေမဲ့ ရေခဲပြင်ဟော်ကီလိုမျိုး အားကစားသမား။ လက်တွေကို အရမ်းသုံးရလို့ တနေ့မသန်မစွမ်းဖြစ်မှာကို စိတ်ပူနေတဲ့သူ။
မိဘတွေက အိုဗာဝိတ်လည်းမဟုတ်၊ fast food လည်းမစား၊ ကျန်းမာရေးနဲ့ညီညွှတ်တာတွေ စားနေရဲ့သားနဲ့ အိုဗာဝိတ်ဖြစ်နေတဲ့ ကလေးရဲ့ဗိုက်ထဲမှာ ကောင်းတဲ့ပိုးနည်းနေလို့ ကောင်းတဲ့ပိုး benefitical bacteria တွေ ဘယ်လိုပြန်ထည့်သလဲ။

Subscribe to:
Posts (Atom)