၂၀၁၄ ဖေဖေါ်ဝါရီ နယူးယောက်ကိုရောက်ပြီး ၂ လအကြာ မြန်မာအိမ်ကနေ ဂျပန်အိမ်ကိုပြောင်းတော့ လက်ကေ့ ၂ အိတ်၊ အထုပ်ကြီး ၁ ထုပ်၊ အထုပ်လေး ၁ ထုပ်၊ ဂီတာတလက်။ ပြောင်းတဲ့နေရာကလည်း တမြို့နယ်တည်း တဘူတာပဲဝေးတယ်။ အိမ်ကူပြောင်းပေးတဲ့ အစ်ကိုကြီးကလည်း သဘောကောင်းတယ်။ နေမကောင်းလို့၂၀၁၅ ဧပြီ ဂျပန်အိမ်ကနေ မြန်မာအိမ်ပြောင်းတော့ အထုပ်ကြီး ၆ ထုပ်ဖြစ်လာပြီ။ ကျန်းမာရေး သိပ်မကောင်းတော့ အိမ်ပြောင်းပြီးတာနဲ့ လူကလှုပ်တောင် မလှုပ်နိုင်တော့ဘူး။ တမြို့နယ်တည်း တဘူတာပဲ ဝေးတာကို အိမ်ကူပြောင်းပေးတဲ့ဦးလေးက ၁၀၀ တောင်းလို့ မခံချိမခံသာနဲ့ ပေးလိုက်ရတယ်။ ကောင်မလေးတယောက်ကို ပြောင်းပေးတုန်းကဆို ၂၀ ပဲတောင်းလို့ အဲ့ဒီကောင်မလေးကတောင် အံ့အားသင့်လို့ဆိုတဲ့ သတင်းကြားတော့ ပိုအမြင်ကပ် အတော်ရိတ်တဲ့ ဦးလေးကြီ။ ၂၀၁၆ သြဂုတ် နယူးဂျာစီကိုပြောင်းတော့ အမေနဲ့မကြီးရှိနေတော့ သိပ်မပင်ပန်းဘူး။ ဒါတောင် ကားကနည်းနည်းသေးနေလို့ ပစ္စည်းနည်းနည်းကျန်ခဲ့တယ်။ အိမ်ကူပြောင်းပေးတဲ့ အစ်ကိုကြီးက သဘောကောင်းတယ် အမေပြန်တော့ သူ့ကိုတက်စ်စီခေါ်လိုက်သေးတယ်။ ၂၀၁၈ ဖေဖေါ်ဝါရီ နယူးဂျာစီကနေ နယူးယောက်ကိုပြောင်းတော့ အတော်ရိတ်တဲ့ ဦးလေးကြီးကားကို ပြန်ခေါ်ရတယ်။ သူ့ကားမှ ဆန့်မှာကိုး ပစ္စည်းတွေကလည်းများပါ့။ တရုတ်မယန်းဆီက ၂၅၀ ပုတ်ပြတ်နဲ့ ဝယ်ထားတဲ့ ၂ ယောက်အိပ်မွေ့ယာ၊ ထိုင်ခုံ၊ ဆိုဖာ၊ slow cooker ၊ မိုက်ခရိုဝေ့စ်၊ toaster ၊ အဝတ်လျှော်စက်၊ ဖိနပ်စင်။ ကိုယ့်ဘာသာဝယ်ထားတဲ့ ၅၄ လက်မတီဗွီ၊ တယောက်အိပ်မွေ့ယာ၊ အိုင်ခီရာက ပက်လက်ထိုင်ခုံ။ ဒါတောင် စာအုပ်စင်၊ မှန်တင်ခုံအကြီး ထားပစ်ခဲ့တယ်။ ဦးလေးရိတ်ကြီးက မြန်မာပြည်ပြန်မှာမို့လို့ သူ့သူငယ်ချင်းကိုမေးကြည့်တော့ ကူပြောင်းပေးမယ် တိုးခအပြီးအစီး ၁၈၀ တဲ့။ အားရင်အားသလို ပစ္စည်းသိမ်းထားပြီး သောကြာနေ့မှာပစ္စည်းကိုအပြီးသိမ်း။ စနေနေ့မနက်မှာ တအိမ်လုံး သန့်ရှင်းရေးလုပ် နေ့လည် ၂ နာရီလောက အိမ်ကူပြောင်းပေးတဲ့ဦးလေးကြီးလာတော့ ပစ္စည်းတွေက များလိုက်တာ တယောက်စာမှ ဟုတ်ရဲ့လား။ ဟုတ်တယ် အရင်တုန်းက အစ်မနေပြီး ပြန်သွားလို့။ ဦးလေးရိတ်တူမအိမ်မှာ နေခဲ့တာ ဦးလေးရိတ်ပဲ ပြောင်းပေးတာ။
ကားမှာနေရာမရှိတော့ဘူး ပစ္စည်းတွေက ကျန်သေးတယ် အရေးကြီးတာတွေယူ အပင်တွေကလည်း ပါသေးတယ်။ မဆန့်တော့ရင် ဒါတွေထားခဲ့မယ် ဦးလေး မနက်ဖြန်အားလား မအားဘူး။ ကားရှိတဲ့သူငယ်ချင်း ၂ ယောက်ရှိတယ် သူတို့ကို အကူအညီတောင်းပြီး လာသယ်ရမယ်။ သူငယ်ချင်းတွေက ဘယ်မှာနေကြတာလဲ တယောက်မှာ နယူးယောက်ကွင်းမှာ တယောက်က နယူးဂျာစီပြည်နယ် အက်ဒီဆင်မှာ။ နေရာနည်းနည်းပြန်စီပြီး အကုန်ပါအောင် ကြိုးစားပေးမယ်။ အပင်တွေထည့်ထားတဲ့ဗန်းကို ပေါင်မှာတင်လို့ရတယ် လေးနေမှာပေါ့။ မိုးကစရွာလာပြီ ဒီအိမ်ခန်းငှားခ ဘယ်လောက်လဲ၊ ဘယ်လိုရှာသလဲ။ ဦးလေးရိတ်နဲ့ ညီအစ်ကိုလိုခင်နေတော့ ကူညီတာ။ တိုးခက ၁၅ ကျပ် တိုးခနဲ့တင် မကိုက်ပါဘူးဗျာ။ ဟင် … ဦးလေးရိတ်ပဲ ဈေးဖြတ်တာ အိမ်လိမ်စာတွေ သိနေတာပဲ။ တိုးခပေးရမယ်ဆိုတာ မသိဘူးလား မကိုက်ရင် မလိုက်နဲ့ပေါ့။ မနက် ၄ နာရီ လေဆိပ်မှာသွားကြိုပို့၊ ဦးလေးသမီးဝင်ခေါ်၊ ခုအိမ်ပြောင်း၊ ညနေလေဆိပ်ကို သွားကြိုပို့လုပ်ရဦးမှာ။ အယ်မလေး ... ညည်းလိုက်တာ ခိုကျနေတာပဲ။ ဦးလေးက အိမ်ဝယ်ထားတယ် ခုဆိုသူအိမ်က ၇ သိန်းလောက် တန်နေပြီ။ မြေအောက်ထပ်ကို ငှားထားတယ် ၇၅၀ ရတယ်တဲ့။ mover လို့သာပြောတာ ကိုယ့်ထက်ချမ်းသာတယ်။ ညည်း ဒီအိမ်ဘယ်လိုတွေ့တာလဲ ဒေါက်တာမပြောလို့သိတာ၊ ဈေးကိုလည်း သူပဲလျှော့ပေးထားတာ၊ နယူးဂျာစီအိမ်ထက် ကျဉ်းတယ်။ အဲ့ဒီနေရာကိုသိတယ် အဲ့ဒီနားမှာနေဖူးတယ်။ ရောက်တာကြာပြီလား မကြာသေးဘူး ၈ နှစ်။ ကျောင်းတက်တာလား ကျောင်းပြီးလို့ အလုပ်လုပ်နေပြီ။ မြန်မာပြည်ကို မပြန်ဘူလား အမေရိကားမှာနေရတာကြိုက်တယ်။ ဟာ..ဟိုတက္ကစီသမား ခေါင်းထိုးပြီး နေရာတောင်းနေတယ် အဓိပ္ဗါယ်မရှိလိုက်တာ၊ နယူးယောက်က တက္ကစီတွေ စည်းကမ်းကိုမရှိဘူး မောင်းချင်သလို မောင်းနေတော့တာပဲ။ လူကူးမျဉ်းကျားမှာ ကူးနေတဲ့သူတွေကိုလည်း နှေးတိနှေးတိနဲ့ ကူးနေလိုက်တာ မြန်မြန်ကူးတာမဟုတ်ဘူး။ အယ်မလေး … ကိုယ်ညည်းတယ်ဆိုတာ သူ့ခြေဖျားကိုမမှီဘူး။ ဒီလောက်ညည်းတဲ့သူမျိုး ဒီတခါပဲတွေ့ဖူးပါတယ် စိတ်ညစ်ဖို့ကောင်းလိုက်တာ ၁ နာရီလောက် တော်တော်ညည်းခံလိုက်ရတယ်။
ညည်း ဒီလောက် ပစ္စည်းများတာ ညည်းအခန်းကျဉ်းကျဉ်းလေးမှာ နေရာဆန့်ပါ့မလား ဆန့်သလောက် ထည့်ရမှာပဲ။ မိုးရွာနေပြီ မွေ့ယာတွေကို အရင်ချရမယ် ရေစိုကုန်လည်း ရပါတယ် ကိစ္စမရှိပါဘူး။ သူမှန်းတဲ့အတိုင်း အိမ်ခန်းကျဉ်းကျဉ်းလေးမှာ ပစ္စည်းတွေက နေရာအပြည့် ခြေချစရာနေရာတောင် မရှိဘူး။ ပြောင်းပေးခ ၁၈၀ ၊ ၁၅ ရာခိုင်နှုန်းတဖ်စ် ၁၃၊ ၂၀၃ ကျပ်ပေးရမှာကို တခါတည်းဆန့်အောင်ကြိုးစားပေးလို့ ၂၀၅ ကျပ် ပေးလိုက်တယ်။ ဟိုဖက်မှာ အဝတ်လျှောက်ဆိုင်၊ ဒီဖက်မှာ စားသောက်ဆိုင်၊ ဟိုးဖက်မှာ ဘူတာရုံရှိတယ် အစားအသောက် အိပ်ဖို့ ရုံးတက်ဖို့ အရေးကြီးတာတွေ အရင်ထုတ် တဖြည်းဖြည်း နားနားပြီးရှင်း လိုအပ်ရင် ခေါ်လိုက်နော်။ ဟုတ်ကဲ့ ခေါ်ပါ့မယ် ကျေးဇူးအများကြီးတင်ပါတယ်။ ဟွန့် … နောက်နောင် ဘယ်တော့မှ ဒင်းကိုမခေါ်ဘူး။ သူကလည်း တစ်ယောက်စာပြောပြီး နှစ်ယောက်စာပြောင်းတဲ့ ကောင်မလေး။ နောက်တခါခေါ်ရင် ငြင်းလိုက်မယ်လို့ တွေးလေမလားမသိ။ မလိုတာတွေ စတိုခန်းထည့်၊ ဘယ်ပစ္စည်းက ဘယ်အထုပ်မှာဆိုတာရှာဖွေ၊ သိမ်းသင့်တာတွေသိမ်း ထုတ်သင့်တာတွေထုတ် တနင်္ဂနွေနေ့ညနေမှာမှ ပြီးသွားတော့တယ်။ အိမ်အသစ်က မွေးစားအမေ၊ မကြီးသူငယ်ချင်းတို့နေတဲ့တိုက်နဲ့ လမ်းလျှောက်ရင် ၈ မိနစ်လောက်ပဲဝေးတယ်။ ဂျပန်အိမ်မှာ ကိုယ်နေမကောင်းဖြစ်တုန်းက မကြီးက အကူအညီတောင်းလို့ လာကြည့်ရှုစောင့်ရှောက်တဲ့ နှစ်ယောက်ပေါ့။ နယူးဂျာစီအိမ်ကနေ ဝေါထရိတ်စင်တာကို မိနစ် ၂၀ ပဲ ရထားစီးရတယ်။ အိမ်ကနေ မနက် ၈ နာရီရောက်ရင် ၉ နာရီမတီးခင် ရုံးရောက်နေပြီ။ အိမ်အသစ်ကနေ ဘူတာရုံကို ၁၅ မိနစ်လမ်းလျှောက် local ရထား ၂ ဘူတာစီးပြီး အမြန်ရထားစီးပြီး ဝေါထရိတ်စင်တာမှာဆင်း ရုံးကို ၁၀ မိနစ်လမ်းလျှောက်။ ရုံးရောက်ဖို့ ၁ နာရီ မိနစ် ၂၀ အချိန်ပေးရတယ်။ နယူးဂျာစီအိမ်နားမှာက ပေါ်တူဂီ၊ အိုင်းရစ်များပြီး တရုတ်ကုန်စုံဆိုင်သေးသေးလေးပဲရှိတယ်။ အိမ်အသစ်နားမှာတော့ အစားအသောက်ပေါတယ်။ အိမ်အသစ်က ကျဉ်းပေမဲ့ စနစ်တကျရှိတယ် တံခါး ၃ ခုရှိတယ်။ အရာအားလုံးအဆင်ပြေမဲ့ ညရောက်ရင် အိမ်ခန်းထဲက ဟီတာသံအကျယ်ကြီးမြည်တာ သိပ်ဆိုးတယ်။ ကိုယ်ကလည်း အသံကြားရင်၊ အလင်းမြင်ရင် မအိပ်နိုင်။
အဲ့ဒါအဖေနဲ့သွားတူကြတာ အဖေက ကြွက်ဖြတ်ပြေးရင်တောင် သိတယ် ချွှပ်ချွှပ်ဆိုနိုးနေပြီ။ အမေကျတော့ ဘယ်လိုအခြေအနေမျိုးမှာမဆိုအိပ်နိုင် ဘယ်ဟင်းနဲ့မဆိုစားနိုင်တယ်။ အမေ့လို ကုသိုလ်ကံကောင်းချင်လိုက်တာ။ လုပက်စ်ကြောင့် ရေချိုးခန်းထဲမှာ ရေတစက်စက် ကျနေတာတောင်ကြားတယ်။ နယူးဂျာစီအိမ်မှာတုန်းက တရုတ်မခြေနင်းကြမ်းလွန်းလို့ အိမ်ရှင်ကိုတိုင်တယ်။ ဒီတော့ တရုတ်မက ကိုယ့်အိပ်ခန်းအပေါ်ထပ်က သူ့အိပ်ခန်းကိုမဝင်ခင် ဖိနပ်ချွှတ်ပြီးမှ ဝင်ပေမဲ့လည်း နိုးတာပါပဲ။ သူဝင်လာတာ ဟိုးတောက်လျှောက်ကြားရတယ်။ တရုတ်မခြေနင်းကြမ်းတာကိုဆိုးလှပြီထင်နေတာ ဟီတာသံကပိုဆိုးတယ် တညလုံးတဂွမ်းဂွမ်းနဲ့။ ear pads ဝယ်တပ်တာလည်း ကြားရတယ် ခေါင်းအုံး၊ traveler bag ပတ်ပြီးအိပ်ရတယ်။ ခုတပတ်ပြည့်တော့မယ် ကောင်းကောင်းအိပ်မပျော်သေးဘူး။ ညဖက်အိပ်ရေးသိပ်မဝလို့အီးရထားမှာ ထိုင်ခုံနေရာရတာနဲ့ အိပ်တော့တာပဲ။ အသိအစ်မတယောက်လည်း အရင်နေဖူးတဲ့အိမ်က ဟီတာသံက ကျယ်လွန်းလို့ သူခိုးဝင်တာလို့တောင် ထင်တာနဲ့။ နောက်တော့ အိပ်ခန်းထဲမှာမအိပ်နိုင်တော့ဘဲ ဧည့်ခန်းထဲကိုပြောင်းအိပ်ရတယ်။ စာချုပ်တစ်နှစ်ပြည့်တာနဲ့ ပြောင်းပြေးရတယ်တဲ့။ အမ်မလေး … မမြင်နိုင်တဲ့ဒုက္ခတွေ နောက်ဆိုတညအိပ်ကြည့်ပြီးမှာ အိမ်ငှားရတော့မလိုဖြစ်နေပြီ။ တရုတ်မယန်းက အိမ်ပြောင်းတာ အဆင်ပြေလားလို့မေးတော့ ဖြစ်ကြောင်းကုန်စင်ပြောပြတော့ သူ့တိုက်ခန်းဆိုနေနိုင်မှာမဟုတ်ဘူး ဟိုင်းဝေးလမ်းမဘေးမှာမို့လို့ ဆူညံနေတာတဲ့။ ခုတော့ အကျင့်ဖြစ်သွားပြီတဲ့ ယန်းက ကိုယ့်အမေနဲ့တူတယ် ဘယ်လိုအခြေအနေမျိုးမှာမဆို အိပ်နိုင်တယ်။ အင်း … စောင့်ကြည့်ရတော့မှာပဲ အကျင့်ဖြစ်သွားမလား … ပြောင်းပြေးရမလားဆိုတာ။
စန်းထွန်း
မတ် ၈၊ ၂၀၁၈။
photo credit - Google |
4 comments:
love,
HsuMyat
here you go!!
Hsumyat
Anonymous said...
အိပ်ခန်းတံခါးဝတို့ ပြတင်းဝတို့ မှာ sound proof sticker တွေကပ်လိုက်အမ...ဒီမှာဆို home fix ဆိုင်မှာရောင်းတယ်။။ အမေဇုံတို့ဘာတွေမှာရှိတယ် တကယ်အသံသက်သာတယ်။ ညီမအရင်အိမ်မှာဆို တဖက်ခန်းက တံခါးပိတ်တာကြမ်းတယ် .. ညညထထဆူတာတွေရှိတော့ တံခါးဘောင်မှာကပ်ထားတယ် ။ အိပ်ကုတင်းက အဲကွန်း ကွန်ပရက်ဆာနဲ့ ကပ်နေတော့ ပြတင်းတွေမှာပါလိုက်ပက်ထားတာ သက်သာတယ်။
love,
HsuMyat
March 8, 2018 at 10:38 PM
Anonymous said...
https://www.amazon.com/Stripping-Insulation-Weatherstrip-Soundproofing-Adhesive/dp/B076PP3827
here you go!!
Hsumyat
March 8, 2018 at 10:40 PM
San San Htun said...
ဝယ်ပြီး တပ်လိုက်မယ် ... ကျေးဇူးပဲ ဆုမြတ်ရေ...
March 12, 2018 at 10:16 PM
Post a Comment