 |
နာမည်ကျော် Graffiti ရပ်ကွက် Wynwood Walls |
၂၀၂၃ ဒီဇင်ဘာ ၁၁ တနင်္လာနေ့ မနက် ၇ နာရီ ၄၅ လောက် တိုးကားလာခေါ်တယ်။ စုံတွဲတတွဲနဲ့ ကိုယ်တို့မိသားစုပဲ။ မိုင်ယာမီကမ်းခြေက ထင်ရှားတဲ့ နေရာ၊ ဟိုတယ်၊ အဆောက်အဦးတွေကို ကားနဲ့ပတ်ပြတယ်။ Versace ကသူ့အိမ်ရှေ့မှာ အသတ်ခံရတာ။ Versace ကိုသတ်တဲ့ လူသတ်သမားအကြောင်း NetFlix ရုပ်ရှင်ကြည့်ဖူးတယ်။ မင်းသားက သရုပ်ဆောင်အတော်ကောင်းတယ်။ နာမည်ကျော် Graffiti ရပ်ကွက် Wynwood Walls ကိုသွားကြည့်တယ်။ တချို့ဟာတွေ လက်ရာမြောက်ပေမဲ့ အရောင်ကြောင်ကြားကြား ပြူးတူးပြဲတဲ။ ပေးချင်တဲ့မတ်ဆေ့တွေလည်း နားမလည်။ ကိုယ်က ပန်းချီဆိုရင် ရှေးဟောင်းပန်းချီကား၊ သီချင်းဆိုရင်လည်း classical မှကြိုက်တယ်။ ဆူညံသံတွေ နားမခံနိုင်တော့တဲ့ အဘွားကြီး။ ဒီစီက National History of Art ပြတိုက်က ပန်းချီကားတွေ အင်မတန်ကြိုက်တာ။ အဲ့ပြတိုက်ထဲ တနေကုန်နေခဲ့တယ်။ Little Havana မှာ ဆေးပြင်းလိပ်တာ ကြည့်တယ်။ ဆေးရွက်ကြီးသီးသန့်ကိုပဲ လိပ်တာ။ ကျူးဘားဆေးပြင်းလိပ်က နာမည်ကျော်တယ်။ ဖော်ရွေမှုကို ပြသတဲ့အနေနဲ့ ဆေးပြင်းလိပ် လက်ဆောင်ပေးတယ်။ အပန်းဖြေတဲ့အနေနဲ့ ဆေးပြင်းလိပ်သောက်တယ်။ ကိုယ့်အဘိုးရဲ့ ဆေးပြင်းလိပ်ကို အင်မတန်မုန်းတဲ့သူ၊ ဆေးပြင်းလိပ်အနံ့မခံနိုင်တဲ့သူဆိုတော့ လက်ဆောင်၊ အမှတ်တရပေးဖို့လည်း မဝယ်ဘူး။ ကျူးဘားချည်သား အင်္ကီျတွေ စျေးကြီးတဲ့။ အကင်္ီျမှာပါတဲ့ သုံးမြောင်းက အလံက အစင်း၃စင်းကို ကိုယ်စားပြုတာ။ အင်္ကီျမှာ အိတ်တွေအများကြီးပဲ ဆေးပြင်းလိပ်ထည့်ဖို့၊ မာလကာသီးထည့်ဖို့၊ ဓားကောက်ချိတ်ဖို့။ နာမည်ကျော်ကျူးဘားကော်ဖီကို မြည်းကြတယ် ခါးတူးပြီး ပြင်းလိုက်တာ။ ကိုယ်က magnet ဝယ်နေတုန်း အဖေနဲ့ ဟိုစုံတွဲစကားပြောတယ်။ သူတို့က ဖီလာဒဲဖီးယားက အိန္ဒိယမွန်ဘိုင်းအဆက်အနွယ်တွေ။ စကားပြောသံ၊ အမူအယာတွေက ဒီမှာကြီးတဲ့သူတွေထင်တယ် အသက်က ကိုယ်နဲ့မတိမ်းမယိမ်းလောက်ပဲ။ သူ့ဝမ်းကွဲတယောက် မြန်မာမနဲ့ ရန်ကုန်မှာလက်ထပ်တယ်။ မင်္ဂလာဆောင်ဝတ်ရုံလေးက အရမ်းလှတာပဲ။ သူတို့က အသားနည်းနည်းပိုညိုတယ်တဲ့။
Domino Park မှာ အသက် ၅၅ နှစ်အထက်လူတွေ ဒိုးဇက်ဆော့ကြတယ်။ အရက်မသောက်ရ၊ မလောင်းရဘူးတဲ့။ Chicken Puff ၃ ခုဝယ်။ Alfaro ဆိုင်မှာ best mojito (မိုဟီတို) ကို အရက်မပါဘဲသောက်တယ်။ ချည်တူးလန် သံပုရာရည် ၁၅ ကျပ်ပေးရတယ်။ ၄၅ မိနစ် ဘုတ်စီးပြီး မီလန်နာအိမ်တွေကို တပတ်ပတ်ကြည့်တယ်။ သင်္ဘောပေါ်တက်တာနဲ့ ဓာတ်ပုံရိုက်တယ်။ ဂျေလို၊ ရှက်ခီးယား၊ ရက်ကီမာတင်၊ ဒေးဗစ်ဘက်ခမ်း၊ ဂျက်ကီဂျန်းအိမ်တွေ။ တိုးဂိုက်က သူ့အိမ်က ဆောက်တော့ဆောက်နေတယ်။ ဘယ်နေရာမှန်း မသိဘူး ဘယ်တော့ပြီးမယ်မှန်းလည်း မသိဘူး။ ခရူသင်္ဘောတွေအများကြီးပဲ ၈စီးတောင်။ ကုန်တင်ကုန်ချနေတဲ့ ကရိန်းတွေက ဂျာမဏီကတဲ့။ တနာရီကို ကုန်တင်နာအလုံး ၈၀၀ လောက်တင်နိုင်တယ်ဆိုပဲ။ ညနေ ၂ နာရီလောက်မှ chicken puff စားတာ အတော်ကောင်းတာပဲ။ အမေစားက spinach & cheese ပါတဲ့ဟာ အတော်ကောင်းတယ်။ ကြည့်ရတာ Key West မှာကိုယ်တို့စားတဲ့ ကျူးဘားဆိုင်က မကောင်းတာနေမှာ။ အမေက Everglades တိုးက မတန်ဘူး ဒီဘုတ်တိုးကတန်တယ်တဲ့။ ဓာတ်ပုံ ၂၀ နဲ့ ဝယ်လို့ရပေမဲ့ မဝယ်တော့ဘူး။ ဟိုစုံတွဲကတော့ လည်ဦးမယ်တဲ့ ကျန်ခဲ့တယ်။ တိုးဂိုက်က ကိုယ်တို့ကို ကမ်းခြေပြန်လိုက်ပို့ပေးတယ်။ ညနေစောင်း ပင်လယ်ကမ်းခြေသွားတဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling!
စန်းထွန်း
မတ် ၂၊ ၂၀၂၄။
https://www.viator.com/tours/Miami/The-Real-Miami-City-Tour-and-Cruise-in-a-small-group/d662-316403P1
 |
Versace အိမ်ရှေ့ |
 |
ပေါ်တူဂီ သို့ စပိန်က နာမည်ကျော် ပန်းချီဆရာလက်ရာ |
 |
တို့တွေငယ်ငယ်တုန်းက နားထောင်တဲ့ ကက်ဆက်.. |
 |
ဘယ်ဖက်က Key West ညာဖက်က ကျူးဘား မိုင် ၉၀ ကို ဖြတ်သန်းပြီး ပြေးလာရတဲ့ ကျူးဘားလူမျိုးတွေ |
 |
ကမ္ဘာကျော် ကျူးဘားဆေးပြင်းလိပ် |
 |
Domino Park |
 |
The best mojito at Alfaro |
No comments:
Post a Comment