မိုင်ယာမီသွား တောလား - ၃

၂၀၂၃ ဒီဇင်ဘာ ၁၀ တနင်္ဂနွေနေ့ ညနေ ၃ နာရီလောက် ကမ်းခြေကိုသွားတယ်။ သူများတွေ ရေကူးနေတာမြင်တော့ ရေကူးချင်လို့ ရေကူးဝတ်စုံသွားပြန်ဝတ်။ လှိုင်းကပြင်းလွန်းလို့ မတ်တပ်မရပ်နိုင်ဘူး ဂျွှမ်းပြန်ကျတယ်။ ရေကလည်း ငန်တူးနေတာပဲ။ အဖေက ရေခါးတဝက်ဆီသွားပြီး လှိုင်းစီးဖို့ပြောလို့ လုပ်ကြည့်တော့မှ အဆင်ပြေတယ်။ လှိုင်းအကြီးကြီးလာရင် ပြေးခုန်တာ ပျော်စရာ။ နားကွင်းပြုတ်မှာစိုးလို့ အဖေတို့ကိုပြန်ပေး။ ရေစီးတအားကြမ်းလို့ မျောမျောပါ။ နာရီဝက်လောက် ရေကူးပြီးတော့ ချမ်းလာလို့နား။ လူတယောက် floating လုပ်နေတာမြင်ရလို့ ပြေးဆင်းပြီး floating လုပ်တာ ရေနက် ၆ ပေလောက်အထိ ပါသွာလို့ ကြောက်ပြီးပြန်ပြေးတတ်။ ကမ်းခြေမှာ လူများလို့  ဟယ်လီကော်ပတာက ကြေငြာဆိုင်းဘုတ်ကို လွှင့်ပြီး တပတ်ပြီးတပတ် ကြေညာတယ်။ လူတွေက မော့ကြည့်ပြီး ဘာကြောငြာမှန်း ကြည့်ကြရဲ့လား မသိဘူး။ ညနေ ၄ နာရီခွဲလောက် ယိုးဒယားဆိုင်သွားပြီး ညနေစာနဲ့ မနက်စာဝယ်။ နားကရေထွက်တာ ၁၀ ရက်ကြာတဲ့အထိ ရေထွက်နေတုန်းမို့လို့ နားဆရာဝန်နဲ့ ပြနေရတယ်။ ရေကူးတာကြိုက်ပေမဲ့ နားကအဲ့လိုမျိုးဖြစ်နေရင်တော့ ရပ်ရတော့မယ်။ ဒီဇင်ဘာ ၁၁ ရက် တနင်္လာနေ့ မနက် ၆ နာရီခွဲ နေထွက်တာ သွားစောင့်တယ်။ အဲ့ဒီနေ့ကတော့ အဖေတို့ပါတယ် နေက ၆း၅၇ ထွက်တယ်။ တိမ်ထူတဲ့နေ့မို့ နေထွက်လာတာ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ဒါပေမယ့် တိမ်ရောင်စုံတောက်တာ လှတယ်။ မိုင်ယာမီမြို့ထဲ သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၄။

No comments: