၂၀၂၃ ဒီဇင်ဘာ ၂ စနေနေ့ မက်ဟက်တန် ၃၄ လမ်းကနေ ၅၂ လမ်းအထိ Fifth Avenue လမ်းတလျှောက် ခရစ်စမတ်အလှဆင်ထားတာတွေ လိုက်ကြည့်တယ။ ၃၆ လမ်းက နယူးယောက်မှာ ပထမဆုံးအလုပ်ရုံး၊ ၄၂ လမ်း Bryant Park မှာ စကိတ်စီးတာ၊ ခရစ်စမတ်စျေးတန်း။ လမ်း ၅၀ Rockefeller XMas tree ၊ Saks Fifth Avenue ဆိုင်က lighting show ကြည့်ဖို့ လူတွေကြိတ်ကြိတ်တိုး မနည်းတိုး၊ အမေပျောက်သွားမှာစိုးလို့ လက်တွဲထားရတယ်။ ဒီနှစ် lighting show ကအတော်လှတယ် ကြည့်ဖူးသမျှထဲမှာ အလှဆုံးပဲ။ လမ်းလျှောက်တာ မမောဘဲ လူတိုးရတာ အတော်မောသွားတယ်။ အဖေ့အတွက် iPhone 15 Pro ဝယ်တာ sim card ထည့်စရာမလိုတဲ့ e-sim card ဖြစ်နေလို့ iPhone 13 ပြန်လဲရတယ်။ iPhone 14 ကနေစပြီး e-sim card တွေဖြစ်ကုန်ပြီတဲ့။ e-sim card နဲ့က မြန်မာပြည်မှာ သုံးလို့ရမှာမဟုတ်ဘူး။
Happy Traveling!
စန်းထွန်း
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၄။
 |
Rockerfeller XMas tree |
 |
Saks Fifth Avenue |
 |
Macy Store 34th Street |
 |
Bryant Park 42th Street |
 |
Queens Mall |
No comments:
Post a Comment