တူတော်မောင် - ၁၃

ပုံဆွဲတော်တဲ့ တူတော်မောင် ဆွဲထားတဲ့ လက်ရာလေးတွေပါ။ ရောင်းမယ်တဲ့ တပုံ ၅ ကျပ်..တပုံ တကျပ်ပေးမယ်ပြောတော့ ဘိုးဘိုးတို့ နောက်ထပ်စတိတ်ထပ်သွားရင် ထည့်ပေးလိုက်မယ်တဲ့။ အဖေတို့လာတုန်းက ထည့်ပေးလိုက်တဲ့ပုံ ၂ ချပ် တပုံ ၅ ကျပ်နဲ့ ဘဘဝယ်ထားတာ ပိုက်ဆံမရသေးလို့ တောင်းနေတယ်။ ကြီးတော်ခင်စန်းကတော့ သူ့တူတော်မောင်လုပ်စာ စားရမယ်လို့ မျှော်လင့်နေတယ်။ Jordan Air shoe ၊ iPhone 15၊ ဝက်မောင်း၊ ကိုရီးယား၊ စတိတ်သွားလည်ဖို့ လေယာဥ်ခတောင်းနေတယ်။ သူတောင်းတာတွေ ပေးနိုင်ဖို့ မီလီယံနာဖြစ်အောင် လုပ်ကြပါစို့ဆိုပြီး ရယ်နေရသေးတယ်။ New Year၊ Grandpa's  Birthday cards တွေဆွဲပေးမှာဆိုတော့ ဆွဲပေးတယ်။ ဘိုးဘိုးမွေးနေ့ကဒ်မှာ ဆွဲထားတာ ဘာအဓိပ္ပာယ်လဲဆိုတာ မေးနေတာ ခုထိမဖြေသေးဘူး။

စန်းထွန်း

မတ် ၂၀၊ ၂၀၂၄။

No comments: