ချီလီသွား ‌တောလား - ၃

လာရပ်တဲ့ကားတွေကို တိုးကားလားလို့ အသည်းအသန် ကြည့်ရတာအမော။ သတင်းတွေ ဖတ်လိုက်ရင် ဆန္ဒပြတဲ့သတင်းတွေချည်းပဲ။ တိုးဂိုက်က ကိုယ်တို့ကို သိပါ့မလား သိမှာပါ အေးရှန်းရုပ်တွေဆိုတော့။ တိုးဂိုက်ကို စောင့်နေတုန်း သွားလည်မဲ့နေရာတွေကို viator မှာ ဖတ်ကြည့်လိုက်တော့  စေ◌ျးက ၂၀ နည်းနေတယ်။ ဟုတ်ရဲ့လားဆိုပြီး သေချာအောင်ထပ်ကြည့်တော့ ဟုတ်နေတယ်။ ဝိုင်းက ဒါမတရားဘူးဆိုပြီး customer service ကို ကိုယ့်ဖုန်းကနေ ကိုယ့်အီးမေးလ်လိပ်စာနဲ့ အီးမေးလ်ပိုတော့ လူဆယ်ယောက်ထက်အထက်မို့လို့ စေ◌ျးနည်းသွားတာပါတဲ့။ မဟုတ်ဘူး ကိုယ်တို့ဘွတ်ကြည့်ပြီးပြီ စေ◌ျးက ၂၀ နည်းနေတုန်းပဲ အီးမေးလ်ပြန်မလာဘူး။ ဝိုင်းက ကိုယ်တို့ viator တိုးတွေဘွတ်လာတာ ငါးနှစ်ကျော်ပြီ တခါမှ ဒီလိုမဖြစ်ဖူးဘူး။ တခါမှ ဒီလိုစိတ်မပျက်ရဖူးဘူး ကိုယ်တို့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့လို့ အီးမေးလ်ထပ်ပို့လိုက်တယ်။ တိုးကားက ဟိုတယ်နဲ့နည်းနည်း ဝေးတဲ့နေရာမှာ ရပ်ထားပြီး ကိုယ်တို့ကို လာခေါ်တယ် ကားပါကင်ခက်လို့တဲ့။ စက်ဘီးစီးတဲ့လမ်းရှိပြီး စက်ဘီးစီးတဲ့သူများတယ်။ ကိုယ်တို့နောက်မှာ ထိုင်တာက ဗြိတိသျှစုံတွဲ ကင်မရာအကြီးကြီးတွေနဲ့။ ကိုယ့်ဥ◌ီးထုပ်ကို လှတယ်လို့ပြောပြီး ဘယ်ကလဲလို့မေးတယ်။ မြန်မာကိုသိတယ် ဗီယက်နမ်ကို ရောက်ဖူးတယ် ဟနွိုင်းမြို့က မက်ထရိုပိုလစ်တန်ဟိုတယ်မှာ တည်းခဲ့တယ်တဲ့။ အဲ့ဒီမက်ထရိုပိုလစ်တန်ဟိုတယ် ကြယ်ငါးပွင့် တညကို ဒေါ်လာ ၂၀၀ ကျော်တယ်။ ကမ္ဘာပတ်နေပြီး ကျန်းမာရေးဖက်မှာ လုပ်တယ်တဲ့ သဘောကောင်းပြီး ဖော်ရွေလိုက်တာ။ ဘိုလီးဘီးယားတိုးမှာ တွေ့ခဲ့တဲ့ ဗြိတိသျှတွေနဲ့ တခြားစီပဲ။ ဟိုကလေးတွေက ငယ်ရွယ်ပြီး backpacker ပိုက်ဆံချွှေတာရတဲ့သူတွေ ပညာတတ်ပုံမပေါ်ဘူး။ ဒီလူကြီးတွေကတော့ ပညာတတ် ပိုက်ဆံရှိပုံပေါ်တယ် ပညာတတ်လေ နှိမ့်ချလေပဲ။ ဟန်ဆောင်းထားတဲ့ မန်ချက်စတာဥ◌ီးထုပ်ကိုကြည့်ပြီး မန်ချက်စတာပရိသတ်ပါလား။ ကိုယ့်အဖေက မန်ချက်စတာအမာခံ ပရိသတ် သူ့အိမ်မက်က မန်ချက်စတာကွင်းမှာ ဘောလုံးပွဲကြည့်ချင်တာ။ ၂၀၁၈ အောက်တိုဘာမှာ ယူကေကိုသွားလည်တယ် လန်ဒန်၊ မန်ချက်စတာ၊ အက်ဒင်ဘာ့ခ်၊ bath ကိုလည်တယ်။ အစက ဝိုင်း လန်ဒန်ကို သင်တန်းသွားတက်တာ ကိုယ်ကကပ်လိုက်တာ။ ဗီဇာအချိန်မှီမရတာနဲ့ မသွားဖြစ်လိုက်ဘူး။ နောက်တော့ ယူကေဗီဇာကို မလေလွင့်ရအောင် ယူကေကို တယောက်တည်း သွားလည်မလို့ဟာ။ အဖေက မန်ချက်စတာကို သွားချင်နေမှန်းသိတော့ ခေါ်လိုက်မယ်ဆိုပြီး ခေါ်သွားဖြစ်တာ။ မကြီး အဆင်ပြေရင် လိုက်ပါလားလို့ ခေါ်လိုက်တာနဲ့ မိသားစုလေးယောက် ယူကေသွားလည်ဖြစ်တယ်။

နောက်တန်းမှာ ထိုင်တာက ြသစတေးလျလင်မယား၊ ဘရာဇီးလူငယ်တယောက်။ စန်တီရာဂိုလေဆိပ်နားက ဟိုလီးဒေးအင်းဟိုတယ်မှာ အမေရိကန်အန်တီကြီးနှစ်ယောက်ကို ဝင်ခေါ်တယ်။ မနေ့ကမှ အီစတာကျွှန်းက ပြန်လာတာတဲ့ အာနာတိကကို သွားလည်တာ။ အားကျလိုက်တာ ကိုယ်တို့လည်း အာနာတိကကို သွားလည်ချင်တာ။ နောက်နှစ် ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ အာနာတိက သွားလည်မယ်လို့ စိတ်ကူးထားတယ်။ တိုးဂိုက်က အမေရိကန်နဲ့ ချီလီစပ်ထားတာ ဗာဂျီးနီးယားမှာ ကျောင်းတက်ခဲ့တာတဲ့။ ဝိုင်းက အမေရိကန်လေသံကို ဘယ်ကနေရပါလိမ့်လို့ တွေးနေတာ ဒါကြောင့်ကိုးတဲ့။ တိုးဂိုက်ရဲ့ လေသံပြောဟန်ဆိုဟန်တွေက အရင်ရုံးဟောင်းက လုပ်ဖော်ကိုင်ဖက်ဟောင်းတယောက်နဲ့ အတော်တူတယ်။ ဘရာဇီးကောင်လေးအတွက် စပိန်လိုရှင်းပြတယ်။ ချီလီဟာ တောင်တွေများတော့ လှိုဏ်ခေါင်းအတော်များတယ်။ fire ring ငလျင်ကြောမှာရှိတော့ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ထားတယ်။ ချီလီဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ လမ်း၊ တံတား၊ ဆိုင်းဘုတ်၊ ကားမောင်းတာတွေ စတိတ်နဲ့တူတယ်။ ချီလီမြောက်ပိုင်းက သဲကန္တာရ၊ တောင်ပိုင်းက အာနာတိကနဲ့နီးတယ်။ ဒီတော့ မြေမျက်နှာသွင်ပြင်မျိုးစုံ ရာသီဥတုမျိုးစုံ တွေ့ရတယ်။ တနာရီလောက်ကြာတော့  အိမ်သာအတွက် ကော်ဖီဆိုင်တခုမှာ ရပ်ပေးတယ် ကော်ဖီမြည်းတယ်။ ဆိုင်အနောက်ဖက်မှာ အပါကာတွေရှိတယ်။ ကင်ပွန်သီးနဲ့တူလို့ ကြည့်နေတာ ဝိုင်းက သူတို့ဗီယက်နမ်မှာ ရှိတယ်တဲ့။ ကိုယ်တို့ဆီမှာတော့ ခေါင်းလျှော်ရည်မှာသုံးတယ် ဗီယက်နမ်မှာရောတဲ့။ အမေရိကန်အန်တီကြီး ညီအစ်မနှစ်ယောက်က သူတို့သိတဲ့အပင် ထင်နေတာ တိုးဂိုက်ကို မေးကြည့်တော့ မဟုတ်ဘူး။ တိုးရစ်တွေထဲမှာ အမေရိကန်တိုးရစ်တွေက အဖော်ရွေဆုံးပဲ။ အဲ ဖက်ရှင်မကျဆုံးကလည်း အမေရိကန်တွေပဲ။ တနာရီအဝေးက Valparaiso မြို့လေးက ဆိပ်ကမ်းမြို့လေး ယူနက်စကိုက ထိန်းသိမ်းထားတဲ့မြို့လေး။ ရာသီဥတု အပြောင်းအလဲမြန်ချက် နေရောင်ချက်ခြင်းပျောက်ပြီး မိုးအုံ့လာလို့ အေးလိုက်တာ။ ပါတဲ့မိုးကာအကင်္ီျ ထုတ်ဝတ်ရတယ်။ လိမ္မော်ရောင်တောက်တောက် ကိုယ့်မိုးကာအင်္ကီျကို ဝိုင်းကလှတယ် ဓာတ်ပုံထဲမှာပေါ်တယ်တဲ့။သူလည်း မိုးကာအကင်္ီျဝယ်ရင် အဲ့ဒီအရောင်ဝယ်မယ်တဲ့။ အလာစကာသွားတုန်းက အနက်ရောင်မိုးကာအင်္ကီျတည်း Miss One Jacket ခုတော့ လိမ္မော်ရောင်မိုးကာအကင်္ီျနဲ့ အဖြူရောင်ဒေါင်းဂျက်ကက်ပါး Miss Two Jackets ဖြစ်သွားပြီ။ အဖြူရောင်က ဓာတ်ပုံထဲမှာသာလှတာ အပြင်မှာတော့ အပေအညစ်မခံဘူး။ စေ◌ျးလျော့တုန်း ဝယ်တာဆိုတော့ ကိုယ်မကြိုက်တဲ့အရောင်ပဲ ရတယ်။ တိုးဂိုက်က သမိုင်းကြောင်းကို သေသေချာချာ ရှင်းပြပေမဲ့ မေ့သွားပြီ။ မြို့လေးက ဂရက်ဖက်တီတွေနဲ့ အရောင်တော်တော်လေးစုံတယ်။ မြို့ထဲက လမ်းတလျှောက်က အိမ်တွေအကြောင်း၊ သမိုင်းကြောင်းတွေအကြောင်းကို စိတ်ဝင်စားဖွယ် ရှင်းပြတယ်။



တောင်စောင်းလေးက အဆင်းမှာ ထရော်လီနဲ့ဆင်းတယ်။ ဟိုးရှေးကအတိုင်း လျှပ်စစ်ဓာတ်အားမသုံးဘဲ ပင်နယံတွေသုံးပြီး အတင်အချပြုလုပ်တာ။ ဝိုင်းက စပိန်စကားပြောတတ်တော့ ဂိတ်စောင့်ကို တိုးဂိုက်က နောက်မှပေးလိမ့်မယ်လို့ တိုးဂိုက်က သင်ပေးတယ်။ တိုးဂိုက်က ဘရာဇီးကောင်လေးကို စောင့်နေတယ် ကိုယ်တို့က ထရော်လီနဲ့ ဆင်းနှင့်တယ်။ တိုးဂိုက်က စောင့်နေတုန်း ဗြိတိသျှအဘိုးကြီးက ကပြီး ဝိုင်းကို ကဖို့ဖိတ်ခေါ်တယ်။ Sasa၊ ဘဲလေးအကသင်တန်းတက်တဲ့ ဝိုင်းက စည်းချက်ဝါးချက်ညီညီ လိုက်ကတယ်။ ကိုယ်ဆို စည်းမကျဝါးမကျနဲ့ ခြေထောက်တက်နင်းမိမှာ :) ။ နှစ်နာရီလောက် လျှောက်ပြီးတော့ တိုးကားဆီပြန်ရောက်တယ်။ ဒုတိယသွားရောက်တဲ့ နေရာကတော့ Viña del Mar ဆိပ်ကမ်းမြို့လေးပါ။ ရဲဌာနက ခံတပ်ကြီးမှာ ဖွင့်ထားတာ ရေချိုထိန်းသိမ်းတာတွေ ရှင်းပြတယ်။ ချီလီမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အထိမ်းအမှတ် ပန်းခြံလေးမှာ ခဏရပ်ပြီး ဓာတ်ပုံရိုက်ကြတယ်။ သေနတ်ကိုင်ထားတဲ့ ရဲတွေ့တယ် ဆန္ဒပြတာတော့ မတွေ့သေးဘူး။ နွေရာသီဆို အရမ်းစည်တာတဲ့ လေတဟူးဟူး တိုက်နေပေမဲ့ ရေခဲမုန့်ဝယ်စားကြတယ်။ နေ့လည်စာစားတဲ့  ဆိုင်လေးက သားနားတယ်။ စားပွဲထိုးညွှန်းတာတွေ စားတယ် ချေဗီချေး ငါးအစိမ်းအစား ကြော်တာမှာတာ အစိမ်းလာချပေးလို့ ပြန်ပြောရတယ်။ ကိုယ်မှာတာ လာချာပေးတာ ဟုတ်ရဲ့လား စစ်ရတယ်။ စားလို့အတော်ကောင်းတယ် ဂဏ္ဏန်းဟင်းက ခရမ်များလို့ ဝိုင်းတို့က မစားဘူး ကိုယ်က အကုန်ကြိုက်တယ် အကုန်စားတယ် :P ။ အသီးဖျော်ရည်လေးလဲ သောက်လို့ကောင်းလိုက်တာ။ မြို့ထဲက အီစတာကျွန်းပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက်တယ်။ ချီလီတွေက အီစတာကျွှန်းလို့ မခေါ်ဘူး မူးမူးလို့ခေါ်တယ်။ ပြတိုက်ရှေ့မှာ အီစတာကျွှန်းထွက် ဆွဲကြိုး၊ လက်စွပ်တွေ ရောင်းတယ်။ အပြန်လမ်းမှာ ဆန္ဒပြချီတက်နေတာ တွေ့တယ်။ ချီလီတွေ ဆန္ဒပြတာ parade ချီတက်ပွဲကျနေတာပဲ။ ဘိုလီးဘီးယား‌‌တွေရဲ့ ဒိုင်းနမိုက်ဖောက်ခွဲ ဆန္ဒပြတာကို မြင်ဖူးတာတော့ ချီလီတွေ ဆန္ဒပြတာ အတော်‌‌ပျော့တယ်လို့ မြင်တယ်။ ချီလီတွေဟာ ကက်သလစ်တွေ ဘာသာတရား ကိုင်းရှိုင်းတယ်။ ဘာသာရေးပွဲတော်တခုဆိုရင် ဘုရားကျောင်းအထိ အဝေးကြီး လမ်းလျှောက်ကြတာ ဟိုင်းဝေးလမ်းမကြီးတခုလုံး လူအပြည့် လူဘယ်နှစ်သောင်း ပါဝင်ဆင်နွှဲကြတယ်ဆိုပဲ။ ဝိုင်းပြောပြတဲ့ စပိန်နိုင်ငံက Camino de Santiago ဘုရားဖူးလမ်းကို အမှတ်ရသွားတယ်။ ဝိုင်းဘော့စ်ဆို နှစ်တိုင်း အဲ့ဒီနေရာကို သွားလမ်းလျှောက်တယ်။ လမ်းမလျှောက်နိုင်ရင် တက္ကစီခေါ်လို့ရတယ် တွေ့တဲ့ဟိုတယ်မှာတည်း လမ်းလျှောက်။ တချို့တွေက စက်ဘီးစီးကြတယ်။ ဝိုင်းက အဲ့ဒီကို သွားချင်နေတာ။

စန်တီရေဂိုအပြန်လမ်းမှာ Casablanca  တောင်ကြားက စပျစ်ခြံကို ဝင်လည်တယ်။ စပျစ်ခြံရောက်တော့ နေခြစ်ခြစ်တောက် ပူနေတယ်။ ချီလီစပျစ်ဝိုင်တွေက ကမ္ဘာကျော်တယ်တဲ့ စိုက်ပျိုးထုတ်လုပ်ပုံကို ရှင်းပြတယ်။ ဝိုင်မြည်းတော့ ဝိုင်ခွက်ကလေးတွေကိုင်ပြီး ဓာတ်ပုံရိုက်ဖို့ ရှုခင်းကောင်းတဲ့နေရာလေးကို တိုးဂိုက်ကညွှန်းတယ်။ ကိုယ်က နေကာမျက်မှန်ကြီး တကားကား ဓာတ်ပုံရိုက်နေတော့ မျက်မှန်ချွှတ်ပြီး ရိုက်ပါလား ဒါမှ မင်းမျက်လုံးကို မြင်ရမယ်လေလို့ အကြံပေးတယ်။ နေစူးလို့ မျက်မှန်ခဏပဲ ချွှတ်နိုင်တယ် ပြီးတော့ ပြန်တပ်ရတယ်။ စပျစ်ခင်းကို လိုက်ကြည့်တယ် ကြာပန်းတွေတွေ့တယ် လှလိုက်တာ။ ည ၆ နာရီ စန်တိုရာဂိုပြန်ရောက်တော့ ဆန္ဒပြနေလို့ လမ်းတွေပိတ်ထားတယ်။ ကိုယ်တို့ဟိုတယ်နားကို ဝင်လို့မရဘူး ဟိုတယ်နဲ့သုံးဘလောက်အဝေးမှာ ချပေးခဲ့တယ်။ မြေပုံကျွှမ်းတဲ့ကိုယ်က maps.me ကြည့်ပြီး ဥ◌ီးဆောင်တယ်။ စောနေသေးတာနဲ့ မြို့လယ်ကောင်ကို သွားလည်ကြတယ်။ စန်တီရေဂို မြို့လည်နဲ့ နောက်နေ့ Cajon del Maipo သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဧပြီ ၃၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့တိုး

No comments: