ဟတ်ပီဘတ်ဒေး သားသား...

၂‌၀၁၅ မတ်လ ၁ ရက်နေ့မှာ မွေးတဲ့ မောင်မောင့်သား တူတော်မောင် ဖုန်းသန့်ခေါင် ငါးနှစ်ပြည့်ပြီ။ ဟိုဖက်ဒီဖက် နှစ်ဖက်လုံးရဲ့ ပထမဆုံးကလေးဆိုတော့ ချစ်ကြတာပေါ့။ အရင်တုန်းကတော့ သူ့မွေးနေ့ကို ဆုတောင်းပေးရုံ၊ ကြုံရင်လက်ဆောင် ပေးရုံလောက်ပဲ။ ယောင်းမက ခပ်အေးအေး မောင်မောင်က တလတခါလောက် ဗွီဒီယိုကောခေါ်ပြီး သူ့သားကို ပြတတ်တယ်။ အဝေးမှာနေပြီး တခါတလေမှ စကားပြော တခါမှမတွေ့ဘူး လေးနှစ်ပြည့်ခါနီး ၂၀၁၉ ဖေဖေါ်ဝါရီလမှ ကြီးတော်စန်းထွန်းကို မြင်ဖူးတာဆိုတော့ စိမ်းနေတာပေါ့။ မောင်မောင်မရှိတော့ ဖတဆိုးလေး တူတော်မောင်ကို မကြီးက ပိုဂရုစိုက်တယ် တရက်ခြားတခါ ဖုန်းခေါ်ပြောတယ်။ ဘူဒိုဇာ၊ ဘက်ဖိုးအကြောင်းတွေပြော ပန်းချီတွေဆွဲပြနဲ့ စိတ်ရှည်လက်ရှည်ရှင်းပြ တခုခုလုပ်ပြီးတိုင်း smart ၊  good job လို့ပြောလို့ ကြီးတော်တွေထဲမှာ ကြီးတော်ခင်စန်းကို အချစ်ဆုံးပဲ တနာရီကျော် စကားပြောကြတယ်။ ကိုယ်နဲ့က နေ့နဲ့ညကွာတော့ သူစကားပြောတဲ့အချိန်မှာ ကိုယ့်ဆီမှာမနက် အလုပ်ထဲမှာဆိုတော့ စကားခဏပဲ ပြောလို့ရတယ်။ ကိုယ်ကလည်း သူပြောနေတာတွေကို နားမလည်တော့ ‌ပြောစရာစကား သိပ်မရှိဘူး။ သူကလည်း ကြီးကြီးစန်းထွန်းနဲ့ စကားမပြောချင်ဘူးတဲ့။ မကြီးဆီက သူ့အကြောင်း အကုန်ပြန်ကြားရတယ်။ ဒင်းကလေးက စကားသာမပြောချင်တာ သူလိုချင်တာ စင်္ကာပူမှာမရှိဘူးဆိုတော့ ကြီးကြီးစန်းထွန်းတို့ဆီမှာများ ရှိမလားမသိဘူးတဲ့။ အမလေး … တောင်းတတ်ပုံက သူ့အဖေအတိုင်းပဲ။ သူ့မွေးနေ့အတွက် ဘာပေးရမလဲဆိုတာ မကြီးနဲ့တိုင်ပင်ပြီး ပေးလိုက်တယ်။ သူ့မွေးနေ့အတွက် ဟတ်ပီဘတ်ဒေးသီချင်း တီးပေးလိုက်တယ်။ သူ့အတွက် ဆိုပေးမှန်းသိတော့ မျက်နှာကို ပြုံးနေတာပဲ သူလည်း ပီယာနိုတီးတတ်ချင်တယ်တဲ့။ တခုခုဆို ကြီးကြီးစန်းထွန်း သိပြီလား ကြီးကြီးစန်းထွန်းကို ပြောလိုက်ပြီလားနဲ့ မေးတယ်တဲ့ ကိုယ်ရှိမှန်းသိတယ်။ သားသားက တော်လိုက်တာ ဘယ်သူနဲ့တူလို့ တော်တာလဲလို့မေးရင် ကြီးကြီးနဲ့တူလို့ပေါ့လို့ ဖြေတယ်။ သူများချစ်အောင် ပြောတတ်တာကတော့ သူ့အဖေအတိုင်းပဲ။ ငယ်ငယ်တုန်းက သူ့အမေရုပ် ခုတော့ တဖြည်းဖြည်း မောင်မောင်နဲ့ တူလာတယ်။ အံ့ြသစရာ အမူအကျင့်၊ စရိုက်တွေက ကိုယ်တို့နဲ့တော်တော်တူတယ်။ အဖေချော အမေချောဆိုတော့ ရုပ်ဖြောင့်တယ်၊ ညဏ်ကောင်းတယ်၊ သိချင်တတ်ချင်တယ်၊ စကားများတယ်၊ ခေါင်းမာတယ်၊ စေ့စပ်သေချာတယ်။ နောက်မှ ဒင်းကလေးအကြောင်း ရေးဥ◌ီးမယ်။ ဝိုင်းက မင်း ဟတ်ပီဘတ်ဒေးသီချင်းဆိုတာ စည်းမကျ ဝါးမကျ အဝင်အထွက်လွဲ rhythm မမှန်ဘူး။ နောက်ဆို သီချင်းမဆိုနဲ့ တီးပဲတီးတဲ့ အဲ့လို ဘွင်းဘွင်းရှင်းရှင်း ပွင့်ပွင့်လင်းလင်း အကြံပေးတယ်။ ခု Für Elise သီချင်းလေ့ကျင့်နေတယ် လက်ကွက်မှန်လာရင် ကြွားဥ◌ီးမယ်။ တယောသင်တန်းက ကျောင်းသားတွေ တရက်စုပြီး ဆရာ့ကျောင်းမှာ လေ့ကျင့်ကြတော့ မတ်က ငါတို့ဘူတာရုံတွေမှာ ဖျော်ဖြေကြည့်ရင့် ကောင်းမယ်လို့ပြောတော့ ကိုယ်နဲ့ဝိုင်းက ပြိုင်တူခေါင်းခါကြတယ်။ ဘူတာရုံမှာ သွားဖျော်ဖြေရင် ပိုက်ဆံတော့ရမှာ မဟုတ်ဘူး ရဲခေါ်ခံရမှာ သေချာတယ် အသံနဲ့လာနှိပ်စက်နေပါတယ်ဆိုပြီး။ ခရီးသွားဓာတ်ပုံတွေနဲ့  ညှဥ◌်းဆဲရတာ အားမရလို့ ပီယာနိုလက်သံနဲ့ လာညှဥ◌်းဆဲဥ◌ီးမယ်။ သားသား ဖုန်းသန့်ခေါင် ကျန်းမာပျော်ရွှင်ပါစေ ကြီးတော်တွေရဲ့ ခြေရာကို လိုက်နင်းနိုင်ပါစေ။

စန်းထွန်း
ဧပြီ ၂၇၊ ၂၀၂၀။





No comments: