ချီလီသွား ‌တောလား - ၄

Valparaiso နဲ့ Vinadel Mar တိုးကနေ ပြန်ရောက်တဲ့အခါ ည ၆ နာရီကျော်ပဲ ရှိသေးတယ်။ ဆန္ဒပြနေလို့ ပုံမှန်သွားနေကျ လမ်းကသွားလို့မရဘူး။ လမ်းပိတ်ထားလို့ တိုးဂိုက်က တိုးကားမို့လို့ ဖြတ်လို့ရလား မေးတဲ့အခါ မရဘူးတဲ့။ ဟိုတယ်နဲ့ သုံးဘလောက်အဝေးမှာ ရပ်ပေးတယ်။ maps.me အကူအညီနဲ့ မြေပုံကျွှမ်းတဲ့ကိုယ်က ဥ◌ီးဆောင်တယ်။ အင်တာနက် ဘယ်လောက်ကောင်းသလဲဆိုရင် ဟိုတယ်တိုက်ခန်း အောက်ထပ်မှာတင် အင်တာနက်မိနေပြီ။ ဝိုင်းက viator တိုးကို စေ◌ျးများနေလို့ ကွန်ပလိမ်းတာ အီးမေးလ်ပြန်လာလားလို့ မေးတယ် မလာသေးဘူး။ ဟိုတယ်မှာ ခဏနားပြီး မြို့လယ်ကောင်ကို လမ်းလျှောက်သွားကြတယ်။ မြို့လယ်ကောင်က သိပ်မဝေးဘူး ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်။ ရုံးဆင်းချိန်မို့လို့ ရုံးဝတ်စုံဝတ်ပြီး အိမ်ပြန်နေတဲ့သူတွေ တွေ့တယ်။ ချီလီက တောင်အမေရိကတိုက်မှာ အချမ်းသာဆုံး အတိုးတက်ဆုံးနိုင်ငံဆိုတော့ အခြေခံအဆောက်အဥ◌ီး လမ်းတံတားတွေက စတိတ်လိုပဲ။ ချီလီနိုင်ငံသားတွေက အသားဖြူဖြူ မျက်လုံးမျက်ခုံးနက်နက် ထွားထွားကြီးတွေ။ Plaza de Armas အဆောက်အဥ◌ီးတွေက ရှေးဟောင်းအဆောက်အဥ◌ီးတွေ။ ဓာတ်ပုံပတ်ရိုက်နေတုန်း သေနတ်နဲ့အကာအကွယ်အပြည့် ရဲတွေအများကြီးတွေ့တော့ ဆန္ဒပြတာလား ဓာတ်ပုံအမြန်ရိုက်ပြီး တခြားနေရာကို သွားကြတယ်။ ရေပန်း၊ ရှေးဟောင်းဘုရားကျောင်း၊ အမျိုးအမည်မသိတဲ့ ပန်းတွေ၊ လူတော်တော်စည်တယ်။ စေ◌ျးဆိုင်တန်းတလျှောက် လမ်းလျှောက်ကြပြီး သမ္မတအိမ်တော်ရှေ့ ဓာတ်ပုံသွားရိုက်ကြတယ်။ ဆယ်ကျော်သက် ကောင်မလေးနှစ်ယောက် ဆိုင်းဘုတ်ကိုင်ပြီး အော်ဟစ်နေလို့ အစောင့်ရဲက ထွက်သွားဖို့ပြောတယ်။ ဆန္ဒပြနေပေမဲ့ တိုးရစ်ပီပီ ဓာတ်ပုံရိုက်ရမယ်လေ။ တာဝါတိုင်တခုမှာ စလောင်းတွေ အများကြီးပဲ ဆက်သွယ်ရေးတာဝါတိုင်ဖြစ်မယ်။ လမ်းတော်တော်များများ ဂိတ်တံခါးတွေနဲ့ ပိတ်ထားပြီး ရဲတွေစောင့်နေတယ်။ အပြန်လမ်းမှာ တရုတ်ဆိုင်တဆိုင် ဝင်ကြည့်တာ ဟန်က မစားချင်ဘူး။ အေးရှန်းဆိုင် အတော်ရှားတယ် အများစုက fast food ဆိုင်တွေကြီးပဲ။ နောက်ဆုံး ဟိုတယ်နားရောက်ခါနီးမှာ တွေ့တဲ့ကုလားဆိုင်မှာ ဆူရှီဝယ်တယ်။ အလာတုန်းက တွေ့ခဲ့တဲ့စတိုးဆိုင်မှာ အသီးဝယ်မလို့ ရှာကြည့်တာ မတွေ့တော့ဘူး။ သွားနေကြလမ်းအတိုင်း မဟုတ်ဘဲ တခြားလမ်းကသွားတော့ farmer market ဆိုင်လေးတွေ့တယ်။ စေ◌ျးသက်သာတယ်နဲ့တူတယ် လူတွေအများကြီးပဲ အသီးအနှံတွေ ဝယ်ခဲ့တယ်။ ပြောင်းဖူးပြုတ်မလို့ ဂတ်စ်ဖွင့်တာ ဂတ်စ်မလာဘူး gun နဲ့ မီးတို့မလို့  gun ရှာတာမတွေ့ဘူး။ ပိုက်လိုင်းမှာ လှည့်တာလေးပါတယ် လှည့်လိုက်ရမလား။ မတော်တဆ ပေါက်ကွဲနေမှ မပြုတ်ပါနဲ့တော့။

ရှိတာလေးနဲ့ ကြံဖန်တတ်တဲ့ကိုယ်က ပန်းကန်ထဲရေထည့် ပြောင်းဖူးထည့် မိုက်ကရိုဝေ့စ်ထဲထည့်။ မိုက်ကခရိုဝေ့ကလည်း နှစ်မိနစ်ပဲ ပေးလို့ရတယ်။ ဒီလိုနဲ့ နှစ်မိနစ်ဆီ သုံးခါ ခြောက်မိနစ်လောက် ပြုတ်လိုက်တော့ စားလို့ရတယ်။ ပြောင်းဖူးသုံးဖူးဆိုတော့ မိနစ်နှစ်ဆယ်လောက် အချိန်ပေးရတယ်။ ခက်ခက်ခဲခဲ ပြုတ်ရတာရယ် ပြောင်းဖူးကလည်း ကောင်းနေတာရယ်ကြောင့် ပြောင်းဖူးပြုတ်က အတော်စားကောင်း အရသာရှိလှတယ်။ ၂၀၁၃ မေလ မန်မိုရီရယ်ဒေးပိတ်ရက် ဂရိတ်စမုတ်ကီတောင်မှာ ပထမဆုံးအကြိမ် ကမ့်ပင်းထွက်တုန်းက မိုးတဖျောက်ဖျောက် ရွာနေလို့ ထင်းကမီးမစွဲ မီးခိုးတအူအူ။ ကိုယ်က စက္ကူကို ပြောင်းလိုလိပ်ပြီး အသားကုန် မီးမှုတ်တော့မှ မီးစွဲသွားတော့တယ်။ ကိုယ့်ကို ဖူးဖူးမာစတာလို့ နာမည်ပြောင်ပေးကြတယ်။ အဲ့ဒီတုန်းကလည်း အသားကင်၊ ကော်ဖီ၊ ရေ၊ အင်္ကီျတွေ အကုန်မီးခိုးနံ့စွဲ။ စမုတ်ကီတောင်မှာ စမုတ်ကီအသားကင်စား စမုတ်ကီကော်ဖီသောက်ပြီး စမုတ်ကီကိုဖြစ်လို့ဆိုပြီး ပြောစမှတ်ကိုတွင်ရော။ ဆူရှီက စားလို့တော့ရပါရဲ့ မကောင်းဘူး ထူးခြားတာက ကြက်သားဆူရှီတဲ့ ဘုရားရေ… တခါမှမကြားဖူးဘူး။ ပြီးတော့ ဆော့က ပဲငံပြာရည်နဲ့ သကြားအချိုရည် syrup ဒီတခါပဲ ကြုံဖူးတော့တယ် ဘုရားစူး…ဆူရှီ။ ဆန္ဒတွေပြ လမ်းတွေပိတ်ထားလို့ မနက်ဖြန်သွားမဲ့တိုးကို ဖျက်သိမ်းလိုက်ပါတယ်တဲ့။ ဟေ… အဲ့ဒါဆို ဘယ်လိုလုပ်ကြမတုန်း တိုးတွေရှာကြည့်တော့ မနက်ဖြန်ကို ဘွတ်လို့မရဘူး။ ဟိုတယ်ပိုင်ရှင် လေဆိပ်ကိုလာကြိုတုန်းက သူ့ဆီမှာတိုးတွေ ရှိတယ်လို့ပြောတယ်။ ဝိုင်းက မေးကြည့်တော့ မနက်ဖြန်လိုက်ပို့ပေးမယ်တဲ့ viator ထက် စေ◌ျးကြီးတယ်။ ဘာတတ်နိုင်မှာလဲ တိုးရတာကိုက အတော်ဟုတ်နေပြီ။ မနက်ဖြန် ည ၉ နာရီ ၄၅ လေယာဥ◌်နဲ့ စတိတ်ကိုပြန်မှာဆိုတော့ လက်ကေ့အိတ်သိမ်းဆည်း။ ရာသီဥတုပူတော့ မနက်စောစော ရေချိုး ရေနွေးနဲ့ ရေမချိုးရတာ နှစ်ပတ်နီးပါးရှိပြီဆိုတော့ ရေနွေးလေးနဲ့ ရေချိုးရတာ အင်မတန်ကောင်းတာပဲ။ တခါတလေ granted အလကားရနေတော့ တန်ဖိုးမထားမိဘူး ခုလိုကြုံရတော့မှ  တန်ဖိုးကို သတိထားမိတော့တယ်။ မနေ့ညကကျန်တဲ့ ဆူရှီ၊ ပန်းသီးကို မနက်စာစား လက်ကေ့အိတ်ကို တံခါးဝနားမှာထား။ ည ၆ နာရီမှ ပြန်ရောက်မှာဆိုတော့ ဟိုတယ်ကနေ ချက်ကောက်လုပ်ဖို့ မမှီဘူး သူတို့က လက်ကေ့တွေကို အောက်ထပ်က သူတို့ရုံးခန်းမှာ သိမ်းထားပေးမယ်။ ‌ နောက်နေ့ ရေခဲတောင်ဆီ သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
ဧပြီ ၁၄၊ ၂၀၂၀။

Plaza de Armas, Santiago, Chile
Palacio de La Moneda, Santiago, Chile

No comments: