ချီလီသွား ‌တောလား - ၅

၂၀၁၉ နိုဝင်ဘာ ၁၂ အင်္ဂါနေ့ မနက် ၈ နာရီ ဟိုတယ်ပိုင်ရှင်က လာခေါ်တော့ ရယ်ဒီဖြစ်နေပြီ။ ဒီနေ့သွားရောက်မဲ့ နေရာကတော့ ဆန်တီရာဂိုကနေ တနာရီခွဲလောက် မောင်းရတဲ့ Cajo’n del Maipo ရေခဲတောင်တန်းတွေ ရှိတဲ့နေရာ။ ပထမဘွတ်ထားတဲ့တိုးမှာ ပစ်ကနစ်ပါတယ်။ ဆန်တီရာဂိုကနေ ထွက်တာနဲ့ သစ်ပင်တွေများလာပြီ တောင်တန်းတွေကို မြင်ရတယ်။ ကားလမ်းဘေးမှာ ဖြတ်သန်းစီးဆင်းနေတဲ့မြစ်နဲ့ အင်မတန်သာယာ လှပတယ်။ ရှမ်းပြည်တောင်ကြီးဖက်ကို သွားနေရသလိုပဲ။ ဟိုတယ်ပိုင်ရှင်ကို မေးကြည့်တော့ ချီလီမှာ ရာသီဥတုလေးမျိုးရှိတယ် ခုကနွေ ဆောင်းရာသီဆို အပူပေးစက်နဲ့ ‌နေရတယ်တဲ့။ မြောက်ဖက် ဆန်ပတ်ထရိုအာတာကမာကတော့ ကန္တာရရာသီဥတု အင်မတန်ပူတယ်။ တောင်ဖက်အစွန်ဆုံးဖက်ဆို ရေခဲတောင်တွေနဲ့ အန်တာတိကAntartica။ Torres del Paine အမျိုးသားဥယျာဥ◌် နဲ့ အန်တာတိက Antartica ကိုသွားချင်တာ။ ဝိုင်းက အန်တာတိကကို  Punta Arenas ကနေ သွားကြတယ်။ အဲ့ဒါ ချီလီရဲ့ တောင်ဖက်အကျဆုံးမြို့ The end of the World လို့ ခေါ်ကြတယ်။ ကိုယ်က နောက်နှစ်ကြရင် ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီသွားရအောင် ဝိုင်း။ ဘရာဇီးနိုင်ငံမြို့တော် Rio de Janeiro ရီယိုဒီဂျနေရိုးမြို့က Christ the Redeemer လက်ဝါးကပ်တိုင်၊ ဘရာဇီးနဲ့ အာဂျင်တီနားကြားက Iguazu ရေတံခွန်၊ ချီလီက Torres Del Paine နဲ့ Antartica ကို သွားလည်ချင်တယ်။ ၂၀၁၉ ဇွန်လ မောင်မောင် ရုတ်တရက်ဆုံးသွားလို့ မသွားဖြစ်လိုက်တဲ့ အီကွေဒေါလေယာဥ◌်လက်မှတ်ကို ဖျက်သိမ်းတဲ့အခါ ခရက်ဒစ် တစ်နှစ်ရတယ်။ အဲ့ဒါနဲ့ ၂၀၂၀ ဇွန်လမတိုင်ခင် ကိုလံဘီယာသွားမလို့ စဥ◌်စားနေတာ ခုကိုဗစ်ဖြစ်တော့ ခရီးသွားဖို့မပြောနဲ့ အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ရဲဘူး။ ကိုယ်နေတဲ့နေရာကလည်း နယူးယောက်ကွင်း ကွင်းဆေးရုံက လမ်းလျှောက်ရင် ဆယ့်ငါးမိနစ်လောက်ပဲဝေးတယ်။ လူနာယာဥ◌်သံ တဝီဝီ တနေ့တနေ့သေနှုန်းက ၈၀၀ သတင်းတွေဖတ်လိုက်ရင် တခုမှစိတ်ချမ်းသာစရာ မရှိဘူး။ ဒီပုံစံအတိုင်းဆို ဘရာဇီး၊ အာဂျင်တီနား၊ ချီလီ ဒီနှစ်သွားဖြစ်မယ် မထင်ဘူး။ မောင်းတဒူဒူထု လမ်းကိုပိတ်ပြီး ဆန္ဒပြနေလို့ တခြားဖက်က ပတ်မောင်းရတယ်။ ဒိုင်းနမိုက်ဖောက်တဲ့ ဘိုလီးဘီးယားတွေကို တွေ့ဖူးထားတော့ ချီလီတွေ ဆန္ဒပြတာ သီချင်းဆိုပြနေသလိုပဲ။ ညကလည်း တညလုံး မောင်းတဒူဒူထု သီချင်းဆိုချီတက်သံကြားတယ်။

ဟိုတယ်ပိုင်ရှင်ကို မေးကြည့်တော့ အစိုးရက ပင်စင်လစာကို လျော့ချလိုက်လို့ ဆန္ဒပြနေကြတာတဲ့။ မြို့တော်ဆန်တီရာဂိုဟာ ချီလီနိုင်ငံရဲ့ လူဥ◌ီးရေတဝက် နေထိုင်ကြတယ်။ မြို့ကြီးမို့လို့ နေထိုင်စားသောက်စရိတ် စေ◌ျးကြီးတယ်။ သူ့အမေ ပင်စင်စားတယောက်ဆို တလ ၅၀၀ လောက်ကုန်တယ် ခုအစိုးရက တလ ၁၀၀ ပဲပေးတော့ ဘယ်လိုလုပ်လောက်မလဲ။ ပင်စင်ကိုကိုင်တွယ်တဲ့ ကုမ္ပဏီက အမြတ်ကြီးစားမှန်းသိပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို ဒီလောက်တော့ ပေးသင့်ပါတယ် အများကြီးတောင်းဆိုနေတာမှ မဟုတ်တာ။ လောက်ငှရုံဖူလုံရုံပဲ တောင်းဆိုတာပါတဲ့။ ဝိုင်းက သူ့အဖေပင်စင်စား တလ ၃၀၀ ရတယ် နယ်မှာနေတော့ တလ ၁၀၀ တောင်မကုန်ဘူးတဲ့။ ဗီယက်နမ်က မြန်မာပြည်ထက် အများကြီးသာတယ်။ ဝိုင်းအဖေလည်း ကိုယ့်အဖေလို နှလုံးထဲ ပိုက်ထည့်ရတာ ပိုက်ဆံတပြားမှ မကုန်ဘူးတဲ့။ ကိုယ့်အဖေမှာတော့ ဘန်ကောက်မှာသွားခွဲတာ ဒေါ်လာနှစ်သောင်းကျော် ကုန်တယ် ၂၀၁၂ တုန်းကနော်။ ရန်ကုန်ဆေးရုံကြီးမှာ ပိုက်ဆံမကုန်‌ပေမဲ့ သုံးလစောင့်ရမယ် ပန်းလှိုင်ဆေးရုံကြီးမှာ ဘန်ကောက်ဆေးရုံထက် ပိုကုန်တယ်။ မြန်မာပြည်မှာတော့ ပိုက်ဆံမရှိရင် သေပြီပဲ။ ကိုယ်တို့ရောက်တာ စောနေလို့ ရေခဲမုန့်ဆိုင်က မဖွင့်သေးဘူး ဒါပေမဲ့ ကိုယ်တို့အတွက် ဖွင့်ပေးတယ်။ ရေခဲမုန့်က လက်ဆတ်တယ် စားလို့ကောင်းတယ်။ လှိုဏ်ခေါင်းမှောင်မှောင်မည်းမည်းကြီးကို ဖုန်းမီးကိုဖွင့်ပြီးတော့ တမိနစ်လောက် ဖြတ်ကြတယ်။ မျက်နှာချင်းဆိုင်ကနေ လမ်းလျှောက်လာတဲ့ သားအမိနှစ်ယောက်နဲ့ဆုံတယ်။ နောက်တကြိမ် လုပ်ချင်သလား‌မေးရင် မလုပ်ချင်ဘူး ဟိုတယ်ပိုင်ရှင်က အကြံပေးလုပ်ခိုင်းလို့လုပ်တာ။ စမ်းချောင်းဘေးနားမှာ ခဏရပ်ပေးတယ် အင်မတန်သာယာတယ်။ ကားထဲမှာ အင်တာနက်မိတယ်။ ကြိုးတားထားတဲ့နေရာမှာ ကားရပ်ပြီး မတ်မတ်ကြီး တောင်တက်ရတယ် မောဟိုက်နေတာပဲ။ တောင်ထိပ်မှာ ရေခဲဖြူဖြူတွေတွေ့တယ်။ တောင်အောက်မှာ ရေကာတာဆည်လုပ်ထားပြီး ဆန်တီရာဂိုမြို့တော်ကို ရေပေးဝေတယ်တဲ့။ ရှားပါးတဲ့ငှက်ကလေးတွေ့တော့ ပေါင်မုန့်ပါရင် အစာကျွှေးဖို့ ပြောတယ်။ မပါဘူး အစေ့အနှံ၊ သကြားလုံးပဲပါတယ်။ လေတဝူးဝူးတိုက်လို့ ဥ◌ီးထုပ်မလွင့်သွားအောင် အတော်သတိထားရတယ်။ လေတအားတိုက်လို့ လူပါလွင့်သွားမလား ထင်ရတယ်။ ကားတစီးက မောင်းတက်လာလို့ တားထားတဲ့ကြိုးကို ဖျက်ပြီးတက်လာတာ။ ဟိုတယ်ပိုင်ရှင်က သူလည်း အဲ့လိုလုပ်ဖို့ကောင်းတယ် အဲ့ဒါဆိုခုလို ဟိုက်နေအောင် တက်နေရမှာမဟုတ်ဘူး။ ဝိုင်းက ကိုယ်တို့က ဥပဒေကို လိုက်နာတာလေတဲ့။



အင်မတန်သာယာလှပတဲ့နေရာပဲ။ တိုးရီးဗျူးမှာ အေးတယ်ပြောလို့ ဒေါင်းဂျက်ကက်ပါးတောင် ဆောင်လာတယ်။ နွေရာသီမို့လို့နဲ့ တူပါရဲ့ သိပ်မအေးဘူး။ ဒါပေမဲ့ ရေကန်ဘေးမှာ လေတိုက်ရင် စိမ့်နေအောင်အေးတယ်။ ဟိုတယ်ပိုင်ရှင်က ခုန်နေတဲ့ပုံရိုက်ပေးတယ်။ သူ့ဖုန်းက ဆမ်ဆောင်း ပုံထွက်အင်မတန်လှတယ်။ ကိုယ်တို့ အပီအပြင်ခုန်နေတာကို အမိအရရိုက်နိုင်တယ်။ ရေတဝေါဝေါ ကျနေတဲ့နေရာကို ကားဝင်ထိုးပြီး ကားရေဆေးတယ်။ နေ့လည်စာစားတော့ ဝက်နံရိုးက ကိုယ်နှစ်ခါလောက် စားလို့ရတယ်။ တစ်ဖ်မပေးတော့ဘဲ တိုးဂိုက်ကို နေ့လည်စာ ဝယ်ကျွှေးလိုက်တယ်။လေဆိပ်ဝန်ထမ်းတွေ အတိုက်အခံလုပ်ပြီး လေဆိပ်ကို အလုပ်မဆင်းဘူးလို့ သတင်းမှာကြေငြာတယ်။ ဟိုတယ်ပိုင်ရှင်က ကိုယ်တို့ကို အွန်လိုင်းကနေ ချက်ကင်ဝင်ဖို့ အကြံပေးတယ်။ လေဆိပ်ပိတ်လိုက်ရင် အွန်လိုင်းမှာ ချက်ကင်ဝင်တဲ့သူတွေကိုပဲ ဝင်ခွင့်ပေးတယ်တဲ့။ ဝိုင်းက အွန်လိုင်းကနေ ချက်ကင်မဝင်ချင်ဘူး။ ဟိုတယ်မှာ လက်ကေ့အိတ်ဝင်ယူ လေဆိပ်ရောက်တော့ ကောင်တာမဖွင့်သေးဘူး လူတန်းကြီးကအရှည်ကြီး။ ဟူစတန်ကဟိုဖက် မီယာမီကဒီဖက် လူတန်းနှစ်တန်းကရောကုန်ပြီ ရှေ့ကလူတွေကိုမေး။ တန်းစီနေတုန်း အွန်လိုင်းချက်ကင် ဝင်ရမယ်ဆိုလို့ဝင်တာ ဝိုင်းတို့ဗီယက်နမ် ပတ်စ်ပို့စ်ကိုဖတ်ပြီး ရွှေမြန်မာပတ်စ်ပို့ကို မဖတ်ဘူး။ ကိုယ်တို့ပတ်စ်ပို့က နိုင်ငံကြီးတွေလို ဘားကုတ်စက်ဖတ်နိုင်တာတွေ မပါဘူး။ ဝိုင်းက သူတို့ဗီယက်နမ်ပတ်စ်ပို့ကို ဆိုးလှပြီထင်နေတာ မြန်မာပတ်စ်ပို့က ပိုဆိုးနေတယ်။ ပတ်စ်ပို့ဖတ်လို့မရဘူး ကူညီပါဆိုပြီ ဝန်ထမ်းတယောက်ကို အကူအညီတောင်းတော့မှ လိုင်းတလိုင်းကို ပို့ပေးတယ်။ ချီလီမှာ ဆန္ဒပြနေကြလို့ ခရီးစဥ◌်မှာ အဆင်မပြေတာတွေ ရှိမှာပေါ့ စိတ်မကောင်းပါဘူး။ နောက်တခေါက် ပြန်လာဥ◌ီးမလား အိုး ပြန်လာဥ◌ီးမှာ သိပ်သေချာတာပေါ့ ချီလီနိုင်ငံဟာ လှပတယ် မင်းတို့ချီလီနိုင်ငံသားတွေကလည်း သဘောကောင်းတယ်လေ။ ဒီလိုနဲ့ စိတ်ရှုပ်မှုပေါင်းများစွာနဲ့ နှစ်နာရီလောက်ကြာပြီးတော့မှ ချက်ကင်ပြီးတယ်။ ကိုယ့်ဂိုက်ရောက်တော့ ဆိုင်ခန်းတွေမှာ စေ◌ျးဝယ်ထွက်တယ်။ စေ◌ျးအသက်သာဆုံးဆိုတဲ့ မက်ကနက်တောင် ၁၀ ပေးရတယ်။ ချီလီစေ◌ျးတော်တော်ကြီးတယ် ဘာမှမဝယ်ခဲ့ဘူး။ မီယာမီကို မနက် ၄ နာရီခွဲရောက်တယ် မီယာမီကနေ မနက် ၇ နာရီထွက်ပြီး နူဝါ့လေဆိပ်ကို မနက် ၁၀ နာရီရောက်တယ်။ ခွင့် ၉ ရက်ပဲရလို့ ပြန်ရောက်တဲ့နေ့ကို နေမကောင်းခွင့်ယူလိုက်တယ်။ အားလပ်ရက်ခွင့်နဲ့ နေမကောင်းခွင့်ကို ဆက်တိုက်မယူသင့်မှန်း သိပေမဲ့ယူလိုက်တယ်။ ကိုယ့်မန်နေဂျာက သဘောကောင်းတယ် တခါမှ နေမကောင်းခွင့် မယူဘူးတော့ ယူလိုက်ပါဥ◌ီးမယ်လေ။ နူဝါ့လေဆိပ်ကနေ ဂရန်းစန်ထရယ်ကို ဘတ်စ်ကား ၁၆ ကျပ်ပေးရတယ်။ အဲ့ဒီနေ့က နယူးယောက်မှာ နေရောင်လင်းလက်ပြီး အရိုးစိမ့်အောင်အေးတယ်။

ပင်လယ်ရေမျက်နှာပြင်ထက် ပေတသောင်းကျော်မြင့်လို့ အသက်ရှူမဝ မောပန်း၊ ဆန္ဒတွေ အပြင်းအထန်ပြကြလို့ အထိတ်အလန့်ဖြစ် ခရီးစဥ◌်တွေ အဆင်ပြေပါ့မလား၊ နယ်စပ်ဖွင့်ပါ့မလား စိတ်တထင့်ထင့်နဲ့တွေးပူ။ အခုလို ခရီးစဥ◌်အဆင်ပြေချောမွေ့ပြီး စတိတ်ကို ‌ဘေးမသီရန်မခ သတ်မှတ်ထားတဲ့ရက်အတိုင်း ပြန်ရောက်လာတာ အတော်ကံကောင်းတယ်။ ကိုယ်သွားဖူးသမျှ ခရီးတွေထဲမှာတော့ အဲ့ဒီပီရူး၊ ဘိုလီးဘီးယား၊ ချီလီ တောင်အမေရိကသုံးနိုင်ငံ ၁၄ရက်ခရီးက အစွန့်စားရဆုံး၊ အပင်ပန်းဆုံး၊ အလှဆုံးနဲ့ အကျေနပ်ဆုံးပဲ။

Happy Traveling!
စန်းထွန်း
ဧပြီ ၁၇၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့တိုး
https://www.viator.com/tours/Santiago/Small-Group-Cajn-del-Maipo-Full-Day-Tour-and-Picnic/d713-32917P5

No comments: