Cold Spring သွား တောလား ...

ဝိုင်းနဲ့ meet up မှာ အသိမိတ်ဆွေဖြစ်ပြီးတော့ ပထမဆုံးသွားဖြစ်တဲ့ ခရီးလေးကတော့ နယူးယောက် upstate ဖက်က Cold Spring ပါ။ သွားခဲ့တာကတော့ ၂၀၁၄ သြဂုတ် ၁၅ ရက်ဆိုတော့ တစ်နှစ်တောင်ရှိတော့မယ် ရေးမယ် ရေးမယ်နဲ့ ခုမှပဲ ရေးဖြစ်တော့တယ်။ လမ်းလျှောက်အဖွဲ့မှာ အသိမိတ်ဆွေ ဖြစ်လာတဲ့ ပရော်ဖက်နယ် တောင်တက်သမား စီပီအေကြီး ဒေးဗစ်က ကိုးစပရင်းမှာ တောင်သွားတက်တဲ့ အကြောင်းတွေ ပြောပြတော့ ကိုးစပရင်းကို ရောက်ဖူးချင်တယ် ဖြစ်ပါလေရော။ သူတို့တောင်တက်အဖွဲ့နဲ့ လိုက်ဖို့ကြတော့  သူတို့က သိပ်မနားဘဲ တကယ့်ကို  တောင်တက်ကြတာ။ ကိုယ်တွေက တောင်တကယ် တက်ချင်တာမဟုတ်ဘူး လမ်းလျှောက် တောင်တက်တယ် ဆိုရုံလေး တက်ပြီးတော့ ဓာတ်ပုံရိုက်ချင်တာက ခပ်များများ ဆိုတော့လေ။ ကိုယ်တို့က Photography Hiking လို့ နာမည်ပေးထားတယ် တောင် ၁၅ မိနစ်လောက်တောင်တက် ၅ မိနစ်လောက် ဓာတ်ပုံရိုက်။ ဒေးဗစ်ကို မေးကြည့်တော့ အင်မတန်သာယာတာတဲ့ တောင်မတက်ချင်လည်း လည်ပတ်စရာတွေမှ အများကြီးတဲ့။ ဒီလိုနဲ့ ကိုးစပရင်းကို သွားဖို့စီစဉ်တော့ ဒေးဗစ်ကို ဘယ်နေရာကို သွားသင့်တယ်လို့ အကြံပေးချင်သလဲလို့ မေးလိုက်တော့ ပြန်ဖြေလာတာက

Grand Central

Hi San San,
That was a real nice day Sunday. I enjoyed it a lot. Cold Spring should be great. For food there is the Foundry Cafe on Main Street (where you get off from the train) , which is not a fancy restaurant, but a real good place for breakfast and a healthy lunch. There are other fancier restaurants in the town. At the end of Main Street near the water is a lovely view of the Hudson and Storm King Mountain on the other side. Making a right turn on Main by the river is the Hudson House Inn and at the end of that is the best ice cream shop in town. A couple of tourist attractions are Bannerman's Island and the West Point Foundry Preserve. I believe you can get information about both of those at the foot of Main by the train station in the small tourist office (or the internet). In town on Main are many antique and a few nice art galleries. Cold Spring is famous for them. Then there is the hiking which I particularly enjoy. If you wanted to sample something to work off the ice cream, go down Fair Street off of Main which leads you a bit down the road to Route 9D. A short distance from there on 9D you see the Mt. Taurus parking lot. On the right hand side two hiking trails begin. The white one (Washburn) takes you up Mt. Taurus, and the green one is flatter and goes by the road. You could do a bit of hiking on one of them, and turn back. On the left hand side of 9D is Little Stony Point, a small park with a beach area that is also very pleasant. So it's a full day, but maybe just walk and relax. Let me know how it goes.





ဒေးဗစ်ရဲ့အီးမေးလ်လောက် ပြည့်စုံကောင်းမွန်တာ မရှိနိုင်တော့တာမို့ ကိုယ်တို့လည်း ဂူဂယ်မှာ research တွေ ဘာတွေ လုပ်မနေတော့ပါဘူး ဒေးဗစ်ညွှန်တဲ့အတိုင်း သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မနက် ၈ နာရီ ဂရမ်းစင်ထရယ်က နာရီစင်အောက်မှာဆုံ လက်မှတ်ဝယ် မတ်ထရိုနော့စ် Metro North ရထားနဲ့ ဟန်ဆန်မြစ် Hudson အတိုင်း အထက်ဖက်ကို တနာရီခွဲလောက်စီးလို့ ကိုးစပရင်းဘူတာမှာ ဆင်းလိုက်ရုံရင်ပဲ ကိုးစပရင်းရောက်ပါပြီ။ ဟက်ဆန်မြစ်ဘေးအတိုင်း ခုတ်မောင်းနေတဲ့ မတ်ထရိုနော့စ်ရထားပေါ်ကနေ ဟက်ဆန်မြစ်၊ တောင်စဉ်တောင်တန်းတွေအလှကို မြင်ရတာနဲ့ပင် ကိုးစပရင်းဟာ သာယာလှပတယ်ဆိုတာ တွက်ဆမိလိုက်ပြီ။ စက်ဘီးစီးထွက်ကြသူ၊ တောင်တက်ကြသူ အုပ်စုလိုက် တွေ့တယ်။ မြေပုံ၊ ဓာတ်ပုံ လမ်းညွှန်စာရွက်ကိုင်ထားတဲ့ တရုတ်ကျောင်းသားတွေကိုတွေ့တော့  ပြုံးမိသေးတယ်။ ကိုယ်တို့က ဒေးဗစ်ကောင်းမှုနဲ့ ဘာလမ်းညွှန်မှ မလိုတာကိုး။ တောင်တက်ဖိနပ်၊ ကျောပိုးအိတ်၊ စူးတွေနဲ့ တောင်တက်မဲ့အုပ်စုကိုလည်း တွေ့တယ်။ မနက် အိပ်ယာက ဝုန်းကနဲထ ရေခပ်မြန်မြန်ချိုးပြီး ဂရန်းစင်ထရယ်ဘူတာရုံကို ကသောကမျော ပြေးခဲ့ရတာမို့ မနက်စာစားဖို့ အချိန်မရှိဘူး။ ကိုးစပရင်းရောက်တဲ့ အချိန်က မနက် ၁၁ နာရီဆိုတော့ ဗိုက်က အတော်ဆာနေပြီ ဒေးဗစ်ညွှန်းတဲ့ဆိုင်မှာပဲ မနက်စာ ဝင်စားတယ်။ စာပွဲထိုးလေးကို ဘာရီကွန်မန်း ပေးချင်ပါသလဲမေးတော့ French Toast တဲ့။ စောင့်ရတာ နာရီဝက်လောက်ကြာပြီး အရသာက ကောင်းပါရဲ့ ချိုလွန်းလို့ မကုန်ဘူး အိတ်ထဲပြန်သယ်ကြတယ်။ နာရီဝက်လောက် စားသောက်ဆိုင်မှာ စောင့်လိုက်ရတာကို နှမြောလိုက်တာ။ ဒီလောက်အဝေးကြီးလာပြီးမှ အစားတလုပ်အတွက် နာရီဝက်လောက် အချိန်ပေးလိုက်ရတာ မနိပ်လိုက်တာ။ ဟုတ်ပါ့ နောက်ဆို ဆန်းဒွစ်တွေ၊ မုန့်တွေ သယ်လာရမယ်။




မြစ်ဆိပ်ကို သွားမယ်ဆိုပြီး လျှောက်နေတာ တော်တော်လေးကြာတဲ့အထိ မြစ်မတွေ့လို့ ဘေးနားကဖြတ်သွားတဲ့ အန်တီစုံတွဲကို မေးကြည့်တော့ မြစ်က ကိုယ်တို့သွားနေတဲ့ဖက်ရဲ့ ဆန့်ကျင်ဖက်အရပ်မှာတဲ့။ အယ်မလေး ကံသီပေလို့ မေးလိုက်မိပေလို့ပေါ့။ သူတို့နဲ့အတူ မြစ်ဖက်ကို လမ်းလျှောက်ရင်း ကိုယ်တို့နှစ်ယောက်ကို အေးရှန်းလား၊ ဘာလူမျိုးတွေလဲ၊ ဘယ်မှအလုပ်လုပ်နေတာလဲလို့ မေးတယ်။ ကိုယ်တို့နှစ်ယောက် meetup လမ်းလျှောက်အဖွဲ့မှာ တွေ့ပြီး သူငယ်ချင်းတွေဖြစ်လာ ဝိုင်းက အီတလီမှာ ၇ နှစ်နေခဲ့ပြီး မကြာသေးခင်ကမှ နယူးယောက်ကို ပြောင်းလာတာ။ ကိုယ်က အိုင်အိုဝါ၊ ကန်တက်ကီ၊ မေရီလန်း ပြည်နယ်တွေမှာ နေခဲ့ပြီး မကြာသေးခင်ကမှ နယူးယောက်ကို ပြောင်းလာတာ။ ဥရောပသူစတိုင် အန်တီကြီးက အမေရိကန်လေသံအတိုင်း amazing incredible awesome ဂွတ် ဂရိတ်ပေါ့။ အမေရိကန်တွေဟာ ဖော်ရွေကြတယ် ဟိုင်း ဟောင်းအာယူလို့ နှုတ်ဆက်တတ်ကြတယ် စကားစမြည် ပြောတတ်ကြတယ် ကောင်းတာတွေကို ရှာကြံချီးမွမ်းတတ်တယ်။ အမေရိကန်တွေထက် ဥရောပသားတွေက အထက်တန်းကျကျ ဝတ်စားဆင်ယင်တတ်တယ်လို့ ဝိုင်းနဲ့ကိုယ် အမြင်တူတယ်။ မြစ်ဖက် တောင်တက်လမ်းလျှောက်ပြီးတော့ အချိန်ပိုနေသေးလို့ မြို့ထဲလမ်းလျှောက်တော့ အဲဒီအန်တီစုံတွဲနဲ့ ပြန်ဆုံလို့ ဝမ်းသာအားရ နှုတ်ဆက်ကြတယ်။ ကိုးစပရင်းက ကိုယ့်ယူအက်စ်ကျောင်းမြို့လေးလို တကယ့်ကို သေးသေးလေး။ မြစ်ထဲမှာ ရှေးခေတ်လှေကြီးတစ်စီးတွေ့တယ် စီးတဲ့သူတွေ၊ စောင့်တဲ့သူတွေနဲ့ အခမဲ့လား ၁၁ နာရီမှာ ထွက်မယ်ပြောတယ် သွားမေးကြည့်လိုက်ဦးမယ်။ ကိုယ်တွေကတော့ သင်္ဘောစီးဖို့ထက် လျှောက်သွားရတာ ပိုကြိုက်တယ်။



ဒေးဗစ်ညွှန်တဲ့ ထရေး Trail လမ်းကို မတွေ့လို့ ဖြတ်သွားတဲ့လူတွေ မေးကြည့်တော့ နည်းနည်းဆက်လျှောက်ရင် တွေ့လိမ့်မယ်တဲ့။ နည်းနည်းဆက်လျှောက်လို့ မတွေ့သေးတော့ ထပ်မေးပြန်တော့ နည်းနည်းဆက်လျှောက်ရင် တွေ့လိမ့်မယ်တဲ့ နောက်ဆုံးမှာတော့ တွေ့ပါတယ်။ အလွယ်ဆုံးဆိုတဲ့လမ်းကိုပဲ ရွေးလိုက်တယ်  Pet Friendly Trail မို့လို့ ခွေးတွေကိုပါ တွေ့ရတယ်။ အမေရိကန်က ခွေးတွေ တကယ်ကံကောင်းတယ်။ ဝိုင်းတို့ဗီယက်နမ်၊ ကိုယ်တို့ဆီမှာက ခွေးကို ကိုယ့်တို့စားကြွင်းစားကျန်တွေကိုပဲ ‌ကျွှေးပြီး  ခြံလုံဖို့အတွက် မွေးကြတာကိုး။ အမေရိကန်တွေက ခွေးတွေကို သည်းသည်းလှုပ် ချစ်ကြတယ်။ ခွေးကျောင်း လမ်းလျှောက်ထွက်ပေးရတာနဲ့၊ အလှဆင်ပေးရတာနဲ့ ခွေးစာကလည်း dry နဲ့ wet food ဆိုပြီး ကျွှေးရတယ်။ wet food က ဗူးနဲ့လာတာ အနံ့လေးကအစ စားချင်စရာလေး။ အိမ်ရှင့်ကြောင် မိုချီက Shiba အမျိုးအစားခွေး နတ်စုရဲ့ အစာတွေကို ဝင်တီးတတ်တယ်။ဟက်ဆန်မြစ်တလျှောက်က တောင်အတိုင်း တက်ရတဲ့လမ်းကလေးက အင်မတန် သာယာပါတယ် စိမ်းညှို့နေလို့ နေပြောက်တောင်မထိုးဘူး။ ငှက်အော်မြည်သံလေးတွေ ကျလိကျလိ တောင်တက်သမားတွေ ဖြတ်ကျော်သွားလို့ စကားသံခပ်အုပ်အုပ် ကြားရတာကလွဲလို့ တိတ်ဆိတ်နေတာပဲ။ ဝိုင်းက သူ့ကင်မရာလေးနဲ့ရိုက် ကိုယ်က ကိုယ့်ကင်နွန် ၇ ဒီကြီးနဲ့ ရိုက်။ အတူတူရိုက်တာချင်းတောင် သစ်ပင်တွေက ကိုယ့်ဓာတ်ပုံထဲမှာ ပိုပြီးစိမ်းစိုနေတယ်။ ပုံထွက်ကောင်းပေမဲ့ သယ်ရတာတော့ မနိပ်ဘူးဗျား ကျောတွေ၊ ဇက်တွေကို တောင့်နေတာပဲ။ ၁ နာရီလောက် တက်ပြီးတဲ့အချိန်မှာတော့ ပြန်လှည့်လာခဲ့တယ် အဆုံးထိ မတက်နိုင်တော့ဘူး တခြားနေရာတွေကိုလည်း သွားချင်သေးလို့။

အနားမှာတွေ့ရတဲ့ ပန်းခြံဆိုတဲ့နေရာကိုရောက်တော့ ရေကစားနေတဲ့ ကလေးတွေ၊ လူကြီးတွေ၊ ဘုတ်သင်္ဘောတွေ တွေ့တယ်။ ကိုးစပရင်းဟာ မြစ်၊ တောင်နဲ့ အင်မတန် သာယာပါတယ် ကွန်ကရစ်ဂျမ်းကဲ နယူးယောက်မြို့ကြီးကနေ တနေ့လောက် ထွက်ပြေးပြီး တောတောင်စိမ်းစိမ်း၊ ရေပြင်စိမ်းစိမ်းလေးတွေကို မြင်ရတာ မျက်စိကို အေးနေတာပဲ။ မောနေပြီမို့ ရေခဲမုန့်အေးအေးလေး စားချင်လို့သွားတာ ကျူတန်းကြီးက အရှည်ကြီး။ နေ့စဉ်လုပ်တာမို့ ရေခဲမုန့်က လက်ဆပ်တယ်လို့ ခံစားမိတယ်။ ဝိုင်းကတော့ အီတလီက ရေခဲမုန့်အကောင်းစားတွေကို စားဖူးထားသူမို့ ဒီရေခဲမုန့်လောက်တော့ စာမဖွဲ့ပါဘူးတဲ့။ ၄ နာရီခွဲ ရထားမှီအောင် ပြေးကြတော့ နယူးယောက်ဖက်ကို သွားရမဲ့ဖက်အစား upstate ဖက်ကို သွားမဲ့ဖက် ဖြစ်နေလို့ ပြေးလိုက်ရသေးတယ်။ ရထားပေါ်ရောက်မှပဲ ဟင်းချနိုင်တော့တယ်။ ၁ နာရီခြား ရထားတွေ ရှိပေမဲ့ ၆ နာရီခွဲမှာ စတင်မဲ့ ဂျွှန်လမ်းလျှောက်အဖွဲ့ကို သွားချင်တဲ့ ဝိုင်းကြောင့် ၄ နာရီခွဲ ရထားမှီမှ ဖြစ်မှာကိုး။ ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တဲ့ ဝိုင်းက ရထားပေါ်မှာ ပြင်သစ်တွေ ပါလာတယ်တဲ့။ ရထားပေါ်ရောက်တော့ ရေခဲမုန့်ကုန်တာနဲ့ အိပ်ပျော်သွားတာ ဂရန်းစင်ထရယ်ကို ဝင်ခါနီးမှ နိုးတယ်။ ဝိုင်းကတော့ ၆ နာရီခွဲမှာ စတင်တဲ့ ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ လမ်းလျှောက်သွားတာ အိမ်ကို ည ၁၁ နာရီထိုးမှ ပြန်ရောက်တယ်။ ကိုယ်ကတော့ အိမ်ရောက်တာနဲ့ တချိုးတည်း တန်းအိပ်တော့တာပဲ။ ကိုးစပရင်းဟာ နယူးယောက်ကနေ မတ်ထရိုနော့စ်ရထားစီးရင် တနာရီခွဲလောက်ဝေးပါတယ်။ မြစ်၊ တောတောင်တွေနဲ့ အင်မတန် သာယာလှပတဲ့ ကိုးစပရင်းကို နောက်ထပ်ရောက်ချင်ပါသေးတယ်။

Happy Traveling !

စန်းထွန်း
မတ် ၇၊ ၂၀၁၅ ။

3 comments:

Anonymous said...

ငှက်စာအုပ် တွေလေ။
မမအိုင်အိုရာ

San San Htun said...


San San Htun said...

Anonymous said...
ကိုယ်လည်းစန်းထွန်းနဲ့လိုက်လည်ရင်း
ဟိုသတိရဒီသတိရတွေဖြစ်ကုန်ပြီ။
စန်းထွန်းကင်မရာလွယ်ရလို့ဇက်ညောင်းတာဖတ်မိတော့ကိုယ်ချင်းစာတယ်။ ကိုယ်ကွင်းဆင်းရင် မပါမဖြစ်သယ်ခဲ့ရတာတွေလည်းသတိရသွားမိတယ်။
ကင်မရာအပြင် မှန်ဘီလူး အဝေးကြည့်တယ်လီစကုတ် ထရိုင်ပေါ့ဒ် ရေဘူး နဲ့
ငှက်စာအုပ် တွေလေ။
ကူညီတဲ့သူပါရင် အဝေးကြည့်တယ်လီစကုတ်နဲ့ထရိုင်ပေါ့ဒ်က မသယ်ရဘူး။ ကိုယ့်ရိက္ခာကိုယ်သယ်ရရင်တော့ စားစရာအထုတ်လည်းသယ်ရသေးတာပေါ့။
ခရီးကပြန်ရင် ဂုတ်တွေမှာ ကြိုးရာတွေနဲ့ဒဏ်တောင်ဖြစ်တယ်။
နေလို့ကောင်းရဲ့လားစန်းထွန်းရေ။
လက်လေးတွေရောသက်သာပြီလား။
လှေကားတွေဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ပြန်ဆင်းနိုင်တက်နိုင်ပြီလား။
မမအိုင်အိုရာ
March 8, 2015 at 1:40 PM
San San Htun said...
မမအိုင်အိုရာလိုများ သယ်ရရင်တော့ စန်းထွန်းတော့ အသက်ထွက်သွားမလားမသိ...နေကောင်းတယ် အစ်မရေ...လက်တွေကတော့ နည်းနည်းကိုက်တုန်း...လှေကားတွေကတော့ နည်းနည်းပဲ ဝုန်းဒိုင်း ဆက်နိုင်တက်နိုင်သေးတယ်...ကြည့်ရတာ ရောဂါက under control ဖြစ်ပြီ ထင်ပါရဲ့...ရာသီဥတုအေးလို့ အိမ်တွင်းအောင်းနေရတယ်...ဒါ့ကြောင့် ပို့စ်တွေ တဂျောင်းဂျောင်း တင်နေတော့တာပေါ့...ဒီတပတ်ကစပြီး ရာသီဥတု နည်းနည်းနွေးလာပြီ...နွေရောက်ပြီ...ဒီနှစ်ဆောင်းက အတော့်ကို ကြာသလိုပဲ...
March 8, 2015 at 9:46 PM