ခရက်ဒစ်စကိုး...

ကိုယ်တို့ရွှေပြည်ကြီးမှာတော့ ပြည်သူတွေက ဘဏ်မှာအပ်ဖို့ထက် လက်ဝယ်မှာရှိတဲ့ ငွေကိုပဲ ယုံတယ်။ ဘဏ်တွေကလည်း ငွေသွင်းဖို့လွယ်ပေမဲ့ ငွေထုတ်ရခက် တခါတလေ ဒေဝါလီခံတတ်ကြတော့ မရှိမဲ့ရှိမဲ့ စုထားတာလေးတွေ ပါသွားမှာ စိုးတာကိုး။ အမေရိကန်မှာတော့ ဘဏ်တွေ ဒေဝါလီခံသွားလည်း အပ်ထားတဲ့ငွေ တစ်သောင်းအထိတော့ အစိုးရက စိုက်ပေးပါသတဲ့။ ဒီတော့ ပိုက်ဆံပိုလျှံရင် ဘဏ်မှာအပ်ဖို့ထက် ရွှေ၊ တိုက်ခန်း၊ မြေဝယ်ကြတယ်။ အရောင်းအဝယ်လုပ်ရင် ပိုက်ဆံတွေ အထပ်လိုက် သယ်ရတယ် အကြွေရှားပါးတယ်။ ပိုက်ဆံတွေက မှိုတက်၊ တိပ်တွေ အထပ်ထပ်ကပ်ပြီး စုတ်ပြတ်သတ်နေလည်း သုံးရတယ်။ ကိုယ် စင်္ကာပူရောက်တော့ ငွေတွေ အများကြီး ကိုင်သုံးစရာ မလိုဘဲ ကဒ်နဲ့သုံးရတာကို သဘောကျလိုက်တာ။ စင်္ကာပူပိုက်ဆံတွေကလည်း အသစ်တွေ အကြွေစေ့လည်း မရှားဘူး ၁ ဆင့်ကအစ ပြန်အမ်းတယ်။ ပိုက်ဆံလွှဲမယ်ဆိုရင်လည်း အွန်လိုင်းဘဏ်ကင်းကနေ လွှဲလို့ရတယ် လုံခြံ ုစိတ်ချတယ်။ ပိုက်ဆံထုတ်မယ်ဆိုရင်လည်း အေတီအမ်မှာ အချိန်မရွေး ထုတ်လို့ရတယ်။ ဒီလိုကောင်းမွန်တဲ့ ဘဏ်စနစ်ကို မြန်မာပြည်မှာ ရှိစေချင်လိုက်တာ။ စင်္ကာပူမှာ ကိုယ်သုံးတာက အိုစီဘီစီဘဏ် OCBC ၊ student loan ကတော့ ဒီဘီအက်စ်ဘဏ် DBS ။ ကျောင်းလခ မာစတာ ခြောက်ထောင် ပေးရတဲ့အချိန်မှာ ကိုယ်တို့ဘွဲ့လွန်ဒီပလိုမာက တစ်သောင်းရှစ်ထောင် ပေးရတယ်။ student loan က ခြောက်ထောင်ပဲရတယ် ကျောင်းစရိတ်ကြီးတော့ အစိုးရက ထောက်ပံ့တဲ့အနေနဲ့ Service Obligation ခြောက်ထောင် ထောက်ပံ့တယ်။

Service Obligation ဆိုတာ ကျောင်းပြီးလို့ စင်္ကာပူ (သို့မဟုတ်) စင်္ကာပူကုမ္ဗဏီတွေမှာ ၃ နှစ် အလုပ်လုပ်ရင် အဲဒီခြောက်ထောင်ကို  ပြန်ဆပ်စရာမလိုဘူး။ ဒီတော့ ကိုယ်တို့ကျောင်းသား တော်တော်များများ Service Obligation ထိုးကြတယ်။ student loan အတိုးကလည်း အင်မတန် သက်သာတယ် တလမှတရာ အနည်းဆုံး ဆပ်လို့ရတယ်။ ဒီဘီအက်စ်ဘဏ်ကနေ student loan လျှောက်ကြတော့ ထောက်ခံပေးသူနေရာမှာ သူငယ်ချင်းတွေ အချင်းချင်း လက်မှတ်ထိုးပေးကြတယ်။ ဖေ့ဘွတ်မှာ ဖတ်လိုက်ရတာက ကျောင်းသားက အဲဒီအကြွေးကို မဆပ်တော့ရင် ထောက်ခံပေးသူတွေက ဆပ်ရတဲ့သတင်းပါ။ တခါတုန်းက ဘက စန်းထွန်းရေ ဒီဘီအက်စ်ဘဏ်အကောင့်မှာ ပိုက်ဆံမရှိလို့ ထောက်ခံပေးတဲ့သူတွေဆီ စာပို့လိမ့်မယ် စိတ်မပူနဲ့နော် ပိုက်ဆံထည့်လိုက်ပြီတဲ့။ ကိုယ်က ဘယ်သူ့ကို လက်မှတ်ထိုးပေးပြီး ကိုယ့်ကို ဘယ်သူတွေ လက်မှတ်ထိုးပေးမှန်းတောင် မမှတ်မိတော့ဘူး။ ကိုယ်တို့ကျောင်းက နာမည်ကြီး ကမ္ဘာ့အဆင့် ၂၄ ရှိတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ် public shool မို့လို့ ဒီလိုထောက်ပံ့ကြေးတွေ ရတာပါ။ ယူအက်စ်ကျောင်းက private school ကနဦး ခြောက်ထောင်ပေးရပြီး ကျောင်းမှာ နေစားစရိတ်၊ သင်တန်းခတွေကို Financial Aid မှာ ထည့်ပေါင်းသွားတယ်။ အိမ်ထောင်ရှိသူတဲ့သူတွေကတော့ ကျောင်းဆောင်မှာ မနေဘဲ အိမ်ငှားနေကြတယ် အဲဒါဆိုရင် အိမ်ငှားခ၊ စားသောက်စရိတ်ကို ကိုယ့်ဘာသာပေးရတယ်။ campus မှာ တစ်နှစ်ကျောင်းတက်၊ အဝေးသင်တက်ရင်း အချိန်ပြည့်အလုပ်လုပ် ၃ နှစ်ခွဲ မာစတာအတွက် ၃ သောင်းကနေ ၄ သောင်းလောက် ကုန်ပါတယ်။

အိတ်ချ်ဝမ်းဘီအလုပ်ဗီဇာ အဆင်မပြေသေးလို့ ၄ ဘာသာဆက်ယူပြီး ကျောင်းသားဗီဇာတစ်နှစ် ထပ်တိုးတာ နောက်ထပ် ခြောက်ထောင်ထပ်ပေးရတယ်။ အလုပ်ရရင် တလ ၁၃၀၀ ကနေ ၁၅၀၀ နှုန်းနဲ့ နှစ်နှစ်၊ သုံးနှစ် ဆပ်ရပါတယ်။ ဒါတောင် ယူအက်စ်ကျောင်းက နာမည်မကြီးတဲ့ကျောင်းမို့လို့ နာမည်ကြီးတဲ့ကျောင်းတွေဆို ကျောင်းလခက ခြောက်သောင်းကနေ ရှစ်သောင်း။ private school မို့ student loan မကျေသေးရင်၊ သတ်မှတ်ထားတဲ့ GPA မရသေးရင် ဘွဲ့မပေးဘူး။ အတိုးနှုန်းကလည်း များတယ် ၉  ရာခိုင်နှုန်း ပေးရတယ်။ ကိုယ် ယူအက်စ်မှာ အလုပ်နေတာ သုံးနှစ်ကျော်နေပြီ လစာလည်းကောင်းတယ်ဆိုတော့ (မြန်မာငွေနဲ့ တွက်လိုက်ရင် အများကြီးကိုး) စုမိဆောင်းမိပြီ ချမ်းသာနေပြီလို့ တွေးကြတယ်။ ဘယ်ကသာ လစာများတော့ တက်စ်လည်းများတယ် ကျောင်းအကြွေး ၁လ ၁၃၀၀ နဲ့ ၃ နှစ် ဆပ်ရတယ်။ ပြီးတော့ ကိုယ်က ခြစ်ကုတ်မစုတတ်ဘူး ခရီးသွားတယ် ကိုယ်လိုချင်တာတွေ ဝယ်တယ်။ လေးအော့ဖ်နှစ်ခါထိတဲ့ လေးလအတွင်း ထိုင်စားရတယ် ပြည်နယ်တွေ ပြောင်းရတယ် လစာများတယ်သာဆိုတယ် ဘာမှလည်း မစုမိဘူး။ စင်္ကာပူက ကိုယ့်သူငယ်ချင်းတစ်ယောက်ဆို တစ်နှစ်ကို ဒေါ်လာ ၁ သောင်းကျော် သူ့မိဘတွေ ပြန်ပို့နိုင်တယ်။ ကိုယ်ကတော့ ပြန်ပို့ဖို့နေနေသာသာ လေးအော့ဖ်ထိလို့ အဖေ၊ မကြီးရေ ပိုက်ဆံ ပို့ပေးပါဦးလို့ ပြန်တောင်းနေရတယ်။




စင်္ကာပူမှာတုန်းက ခရက်ဒစ်ကဒ် မသုံးဘူး လိုလည်း မလိုအပ်ဘူးကိုး။ ဘရန်း brand ရူးတဲ့ ခြင်္သေ့ကျွှန်းသားတွေ ခရက်ဒစ်ကဒ်သုံး ပြီးတော့ ပြန်မဆပ်နိုင်လို့ အဖမ်းခံရတဲ့ သတင်းတွေ ကြားဖူးတယ်။ ယူအက်စ်ကျောင်းရောက်တော့ ကျောင်းနဲ့ချိတ်ဆက်ထားပြီး Financial Aid ပေးတဲ့ဘဏ်မှာ Checking Account ဖွင့်ပေးတယ်။ အဲဒီဘဏ်က အိုင်အိုဝါပြည်နယ်မှာပဲ ဘဏ်ခွဲတွေ ရှိတယ်။ ခရက်ဒစ်စကိုးဆိုတဲ့ စကားလုံးကို ယူအက်စ်ရောက်တာ ၆ လ ကျော်ပြီးတဲ့ အချိန်လောက်မှာ စတင်သိခဲ့ပါတယ်။ ခရက်ဒစ်ကဒ် သုံးစွဲပြီး မှန်မှန်ဆပ်ရင် ခရက်ဒစ်စကိုး တက်လာပါတယ် ယူအက်စ်မှာတော့ ခရက်ဒစ်စကိုးက အရေးပါတယ်။ အိမ်၊ ကား ဝယ်မယ်ဆိုရင် ခရက်ဒစ်စကိုး ကောင်းပါမှ ဘဏ်တွေက ငွေထုတ်ချေးမယ် ၅ နှစ်၊ အနှစ်သုံးဆယ် financing နဲ့ ဝယ်နိုင်တယ်။ ကိုယ်တို့ကျောင်းသားတွေ အကုန်လုံးနီးပါး စီးတီးဘဏ်က ကျောင်းသားခရက်ဒစ်ကဒ် လျှောက်ကြတယ်။ ကိုယ်တို့အုပ်စုထဲမှာ ခရက်ဒစ်ကဒ် အဦးဆုံးရတာက မိုင်းဖန်။ ခရက်ဒစ်စကိုးတက်အောင် များများသုံးပေးရမယ်ဆိုပြီး ကိုယ်တို့ဝိုင်းညှဉ်းဆဲတာနဲ့ ဝါးတီးတွေ အတော်နွှဲလိုက်ရသေးတယ်။ မိုင်းဖန်ပါရင် ကိုယ်တို့အားလုံးက တညီတညွှတ်တည်း ဗီယက်နမ်ဆိုင်ကို ချီတက်ကြတယ် မိုင်းဖန်က ဒကာခံတာကိုး။ မိုင်းဖန်က ကိုယ်တို့ထဲမှာ အချမ်းသာဆုံး ဗီယက်နမ်မှာ တက္ကသိုလ်တက်ကတည်းက ဒိတ်လုပ်လာတဲ့ ရည်းစားက ယူအက်စ်စီတင်ဇင် ပါရဂူဘွဲ့ရ ဗာမွန်ပြည်နယ် ဘာလင်တန်မြို့မှာ ကိုယ်ပိုင်အိမ်နဲ့။ ကျောင်းပြီးရင် လက်ထပ်တော့မှာမို့ကိုယ်တို့လို အိတ်ချ်ဝမ်းဘီဗီဇာ စပွန်ဆာကိစ္စ ပူစရာမလို My husband's money is my money. My money is aslo my money လို့ ကြွေးကြော်တတ်တယ်။ ယူအက်စ်မှာ အခြေချမှာမို့ ကားအသစ်စက်စက်ဝယ် ကိုယ်ပိုင်အိမ်နဲ့ ယောကျာ်းကလည်း လစာကောင်းဆိုတော့လေ။

ကိုယ် ကန်တက်ကီမှာ အလုပ်ရတော့ မြို့အရှေ့တောင်ဖက် ဂျေတောင်းလို့ အတိုကောက်ခေါ်ကြတဲ့ Jeffersontown ကိုယ့်အိမ်ကနေ မြို့အရှေ့ဖက် သူဋ္ဌေးတွေနေတဲ့ အန်ကားရေ့စ် Anchorage အရပ်မှာရှိတဲ့ ရုံးကို ၁၀ မိုင် ဟိုင်းဝေးလမ်းမမှာ မိနစ် ၂၀ မောင်းရတယ်။ ဘတ်စ်ကားက မြို့ထဲမှာပဲ ရှိတယ် ကိုယ့်အိမ်နဲ့ ရုံးကို ဘတ်စ်ကားရှိပေမဲ့ ၁ နာရီခွဲလောက် စီးရတယ် ဘတ်စ်ကားလည်း သိပ်မရှိဘူး။ ရုံးတက်ဖို့ ကားလိုလာတော့ ဒီလာတွေဆီ လိုက်ကြည့်တာ financing လုပ်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်ခရက်ဒစ်စကိုးက ဇီးရိုးသာသာ ခရက်ဒစ်ကဒ်ရပြီးတာ မကြာသေးဘူးကိုး။ ခရက်ဒစ်စကိုးမကောင်းတော့ financing ယူရင် ၂၅ % အပိုထပ်ဆောင်းပေးရမယ်တဲ့။ ဒီတော့ ဘဏ်ကနေချေး ဘယ်နှစ်နှစ်၊ ဘယ်လောက်နှုန်းနဲ့ဆပ်တဲ့ financing ယူဖို့ထက် ကိုယ်တတ်နိုင်တဲ့ ၄၅၀၀ ကနေ ၆၀၀၀ ကြားလောက်ပဲ ဝယ်ဖို့ ဆုံးဖြတ်ရတယ်။ ယူအက်စ်ကျောင်းမှာတုန်းက တရုတ်ကျောင်းသားတွေ နှစ်နှစ်ကွန်းထရပ်နဲ့ အိုင်ဖုန်းကိုင်ကြတာ ခရက်ဒစ်စကိုးဇီးရိုးမို့လို့ ၄၀၀ ဒီပို့စစ်တင်ရတယ်။ ၂၀၁၃ မေရီလန်းမှာ အလုပ်ရတဲ့အခါ အမ်းထရူးက financing လုပ်ပြီး တိုရိုတာရေ့ဖိုး အသစ်စက်စက်ကြီး ဝယ်တယ်။ ယူအက်စ်မှာ သုံးနှစ်လောက်ပြီ ခရက်ဒစ်ကဒ်သုံးတာလည်း နှစ်နှစ်ခွဲလောက် ရှိပြီဆိုတော့ အဲဒီအချိန်မှာ ကိုယ့်တို့ခရက်ဒစ်စကိုးက ပုံမှန်ဖြစ်နေပြီကိုး။ သူ့တိုရိုတာရေ့ဗ်ဖိုး ကားသစ်ကြီးနဲ့ ၂၀၁၃ မှာ ကိုယ်တို့တွေ ခရီးအတော် ထွက်လိုက်ရသေးတယ်။ ဆူနမ်၊ ရာမားနဲ့ ကိုယ့်ကားတွေက ဖွတ်ချက်ဖွတ်ချက်ဆိုတော့ ခရီးဝေးသွားဖို့ မပြောနဲ့ နှစ်နာရီလောက် မောင်းလိုက်ရင်ကိုပဲ ဟောဟဲ လျှာထွက်နေပြီ။

ဆူနမ်ဆို မိုင်းဖန်ရဲ့ တိုရိုတာကား အသစ်စက်စက်ကြီးကို မောင်းပြီးတော့ သူ့ကားဖွတ်ချက်ဖွတ်ချက်လေးကို မမောင်းချင်တော့ဘူးတဲ့။ ကိုယ်တို့ကားဖွတ်ချက်တွေက လီဗာကို တအားဖိနင်းရင်တောင် ဝူးဝူးသာအော်ပြီး မိုင်ကတက်မလာဘူး။ ကားအသစ်က လီဗာလေး နည်းနည်းတော့လိုက်ရုံနဲ့ အသားကုန်ပြေးတော့ ကားအသစ်မောင်းပြီးရင် ကားအစုတ် မမောင်းချင်တော့ဘူး။ ကိုယ်တို့အိုင်အိုဝါဘဏ်က အိုင်အိုဝါပြည်နယ်မှာပဲ ဘဏ်ခွဲတွေရှိတော့ အိုဟိုင်းရိုး၊ တန်နက်ဆီ၊ မက်ဆာချူးဆက် ပြည်နယ်တွေမှာ အလုပ်ရတဲ့ ဆူနမ်၊ ရာမား၊ အမ်းထရူးက Bank of American မှာ အကောင့်ဖွင့်တယ်။ ကန်တက်ကီမှာ အလုပ်ရတဲ့ကိုယ်က Chase မှာ ချက်ကင်းအကောင့်ဖွင့်တယ်။ Chase ခရက်ဒစ်ကဒ်လျှောက်ပေမဲ့ ကိုယ့်ခရက်ဒစ်စကိုးက မကောင်းသေးလို့ ခရက်ဒစ်ကဒ် မရဘူး။ ဘရာဇီးကနေ ကန်တက်ကီရုံးကို ပြောင်းလာတဲ့ အန်ကယ်ကြီးတစ်ယောက်ဆို  ယူအက်စ်စီးတီးခရက်ဒစ်ကဒ်လျှောက်တာ မရဘူး။ ဟေ မင်းတို့က ငါ့ကို ဘာလို့ရီဂျက်တာတုန်း ငါ ဘရာဇီးမှာ စီးတီးခရက်ဒစ်ကဒ် သုံးလာတာ ဆယ်နှစ်ကျော်ရှိပြီ။ ဒီလောက် loyal ဖြစ်တဲ့ ကာစတာမာကို ငြင်းရသလားကွ။ စီးတီးဘဏ်ခြင်းတူပေမဲ့ ဘရာဇီးနဲ့ ယူအက်စ် လုပ်ပုံလုပ်နည်း မတူပါဘူးတဲ့။ ကန်တက်ကီရုံးမှာ စီမီနာလာလုပ်တဲ့ PNG ဘဏ်ကို မေးကြည့်တော့ ခရက်ဒစ်ကဒ်ပေမဲ့ ကိုယ့်မှာရှိတဲ့ငွေကိုပဲ သုံးလို့ရပြီး ခရက်ဒစ်စကိုးတက်စေဖို့ ရည်ရွယ်တဲ့ ခရက်ဒစ်ကဒ်စစ်စစ် မဟုတ်တဲ့ကဒ် တစ်မျိုးရှိတယ်တဲ့။  



တစ်နှစ်လောက်ကြာတဲ့အခါ ခရက်ဒစ်စကိုး တက်လာတာမို့ လာလိုက်တဲ့ ခရက်ဒစ်ကဒ်တွေ ဆိုတာများ ဒစ်ကာဗာ၊ စီးတီး၊ ကယ်ပီတယ်ဝမ်း၊ အမေရိကန်အိတ်ချ်ပရက်စ်။ ဒစ်ကာဗာခရက်ဒစ်ကဒ်ကို ယူလိုက်ပါတယ်။ စင်္ကာပူက ဘဏ်စနစ်က လုံခြံ ုစိတ်ချကောင်းမွန်ပေမဲ့ ယူအက်စ်က ဘဏ်စနစ်က စိတ်မချရဘူး။ ဆူနမ့် ခရက်ဒစ်ကဒ်မှာ သူမသုံးဘဲ ၆၀၀ ကျော် သုံးထားတာကိုတွေ့လို့ fraud လို့ ဘဏ်ကို  ပြန်ပြောတော့ ဘဏ်က ကဒ်အသစ် ထုတ်ပေးပါတယ်။ အွန်လိုင်းကနေ Account Activities ၊ လစဉ် Bank Statement တွေကို သေချာစစ်ဆေးပြီး မသင်္ကာစရာတွေ့ခဲ့ရင် ဘဏ်ကို ချက်ချင်း အကြောင်းကြားရပါတယ်။ Target Stores မှာ စတိုးဝန်ထမ်းက အလွဲသုံးစားလုပ်တယ်လို့ သတင်းတွေထွက်ပေါ်လာတုန်းက ကာစတာမာတွေကို သတိထားဖို့ သတင်းတွေ ထွက်ပေါ်လာတယ်။ ခုလည်း Home Depo မှာ အဲဒီပြသနာတက်နေတယ်။ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘယ်အရာမှ safe ၊ secure မဖြစ်တော့ပါဘူး။ ဟက်ကာတွေက ဘဏ်ကို သွားဓားမြတိုက်စရာမလိုဘဲ အွန်လိုင်းကနေ ခိုးယူနိုင်ပါတယ်။ မြောက်ကိုးရီးယား သမ္မတကင်ဂျုံအီကို လုပ်ကြံတဲ့အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဟာသရုပ်ရှင် The Interview ထုတ်တဲ့ ဆိုနီကော်ပိုရေးရှင်း  ကုမ္ဗဏီဝက်ဆိုဒ်ကို ဟက်ကာတွေက ဝင်ရောက်ထိုးဖောက်သွားပါတယ်။ 

အမေရိကန်စစ်သည်တွစ်တာအကောင့်ကိုလည်း အိုက်အက်စ် ISIS က ဟက်သွားလို့ Cyber Security ပြသနာကို သမ္မတအိုဘားမားက အလေးပေး လုပ်ဆောင်နေပါတယ်။ password တွေဟာ user account name ၊ မွေးနေ့တွေ မဖြစ်သင့်ပါဘူး ဂဏ္ဏန်းတစ်လုံး၊ Special Character တစ်လုံးလောက် ပါဝင်သင့်ပါတယ် ဥပမာ Apple1# ။ password တွေကိုလည်း သုံးလတစ်ခါလောက် ပြောင်းနေသင့်ပါတယ်။ password တွေကို စာရွက်မှာ ရေးမှတ်မထားသင့်ပါဘူး။ စတားဘာ့ခ်၊ ဟိုတယ်၊ အများပြည်သူနေရာတွေမှာ အင်တာနက်သုံးရင် ဝန်ထမ်းကို မေးမြန်းပြီးမှ သုံးသင့်ပါတယ်။ ဟက်ကာတွေရဲ့ fake hot spot wifi network တွေကို မသိနိုင်တာမို့ ကိုယ်က စတားဘာ့ခ်၊ ဟိုတယ် ဝိုင်ဖိုင်ဆိုပြီး သုံးနေရင် ကိုယ်ရဲ့username ၊ password ကို ဟက်ကာတွေက အလွယ်တကူ ရသွားပါပြီ။ fake wifi network ကို လာချိတ်သုံးတဲ့ ကွန်ပျူတာတွေမှာ ဘယ် website ကို သုံးနေတယ်၊ ဘာ username password နဲ့ ဝင်သွားတယ်ဆိုတာ ဟက်ကာတွေက Wireshark လိုမျိုး ဆော့ဝဲတွေနဲ့ သိနိုင်ပါတယ်။ ကိုယ် Network ဘာသာရပ် တက်တုန်းက Wireshark နဲ့ ကွန်ပျူတာကနေ ဘယ် website တွေကို ဝင်တယ်၊ ဘာ username ၊ password နဲ့ ဝင်တယ်၊ HTTP message တွေ ဘယ်လိုပို့တယ်ဆိုတာ စမ်းသပ်ရဖူးတယ်။ ဘဏ်က အီးမေးလ်ဆိုရင်လည်း login မဝင်လိုက်ပါနဲ့ ဥပမာ ဟက်ကာတွေက Chase ဘဏ် login ဝင်ဖို့အီးမေးလ်ပို့ထားလို့ ကိုယ်က ဝင်လိုက်ပြီဆိုရင် ကိုယ့်အချက်အလက်တွေကို ဟက်ကာတွေ ရသွားပါပြီ။ ကိုယ် ဝင်နေကျဆိုဒ်၊ သိနေတဲ့လင့်ခ်ကပဲ ဝင်ပါ။

ကွန်ပျူတာတက္ကသိုလ် ဂုဏ်ထူးတန်းတက်တုန်းက သင်ရတဲ့ TCP/IP ဘာသာရပ်ကို ကိုယ် သိပ်စိတ်ဝင်စားတာ။ ခရစ်တိုဂရပ်ဖီ cryptography အပိုင်းမှာ ကီးနဲ့ ဝှက်တာကို encrypt ၊ ကီးသုံးပြီး ပြန်ဖြေတာကို decrypt လုပ်တယ်လို့ခေါ်တယ်။ ဂျူးလီယက်ဆီဇာက လျှို့ဝှက်ကီးသုံးပြီး သူ့စစ်ဗိုလ်ချုပ်ဆီ စစ်အမိန့်တွေ ပို့ရာမှာ ခရစ်တိုဂရပ်ဖီ  စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာကနေ ရန်သူ့စခန်းကို ဘယ်လိုသိမ်းမယ်ဆိုတာကို ညွှန်းကြားတဲ့ အမိန့်စာ ရန်သူ့လက်ထဲရောက်သွားရင် ကိုယ်ကျိုးနည်းကုန်ပြီပေါ့။ ဒီတော့ ရန်သူ့ဖက်က ဆက်သားကို ဖမ်းမိရင်လည်း စာကို မဖေါ်နိုင်အောင် ကီးတွေနဲ့ဝှက်ပြီး ရေးပါသတဲ့ ကီးသိမှပဲ ဖော်နိုင်မှာပေါ့။ Caesar Cipher (or) Shift Cipher ကတော့ စာလုံးတွေကို ရွေ ့ထားတဲ့နည်းပါ။ နောက်ကို သုံးလုံးမြောက် ရွေ့ထားတော့ ဒီဆိုရင် အေ၊ အီးဆို ဘီ။  စာလုံးတွေ ရွေ့ထားတဲ့နည်း a trivially simple rearrangement scheme နဲ့ ဖွက်တယ်ဆိုပါတော့ hello world --> ehlol owrdl ။ နောက်ကစကားလုံးတွေနဲ့ ဖွက်ထားတဲ့နည်း replacing each letter with the one following နဲ့ ဖွက်တယ်ဆိုပါတော့ fly at once --> gmz bu podf ။ ရှေးအကျဆုံးနည်းတခုက စာရွက်ကို သစ်သားချောင်းမှာလိပ်ပြီး ရေးပြီးဖွက်တော့ သစ်သားချောင်းမှာ စာရွက်ကို ပတ်ကြည့်ပြီး ပြန်ဖော်ရတယ်။ ပို့တဲ့သူ sender နဲ့ လက်ခံသူ receiver ကြား secret key နဲ့ ဖွက်ထားတော့ secret key မသိရင် မဖော်နိုင်ဘူး။ public key နဲ့encrypt ဖွက်၊ private key နဲ့ decrypt ပြန်ဖော်။ public key + private key နဲ့ encrypt ဖွက်၊ private key + public key နဲ့ decrypt ပြန်ဖော်။






နည်းပေါင်းစုံနဲ့ဖွက် နည်းပေါင်းစုံနဲ့ ပြန်ဖော်တဲ့ encrypt decrypt ပုစ္ဆာတွေကို ကွန်ပျူတာတက္ကသိုလ်က ဂုဏ်ထူးတန်းမှာ၊ ယူအက်စ်ကျောင်းက Security ဘာသာရပ်မှာ သင်ရဖူးတယ် အဲ...ခုတော့ မေ့နေပြီ။ ခရစ်တိုဂရပ်ဖီပြိုင်ပွဲတွေ ရှိပါသတဲ့ encrypt လုပ်တဲ့အဖွဲ့က မင်းတို့ဖော်ကြပေတော့ဆိုရင် decrypt လုပ်တဲ့ အဖွဲ့တွေက ကွန်ပျူတာတွေ၊ လူတွေနဲ့ ဖော်ကြတယ်။ ဘယ် encrypt အဖွဲ့က ဘယ်လိုဖွက်လိုက်တာ decrypt အဖွဲ့က ဘယ်လောက်အကြာမှ ဖေါ်နိုင်တာဆိုပြီး တဖွဲ့နဲ့တဖွဲ့ ညဏ်ပြိုင်ကြတာ စိတ်ဝင်စားဖို့ကောင်းသား။ ကိုယ်သာ ပရိုဂရမ်းမင်း၊ Software Engineering ၊ System Analysis ဘာသာရပ်တွေကို ဦးစားပေးမသင်ဘဲ Security ကို ဦးစားပေးသင်ယူခဲ့မယ်ဆိုရင် ခုလောက်ဆို အဖွက်ကောင်းသူ ဖြစ်နေမလား၊ အဖော်ကောင်းသူ ဖြစ်နေမလား (တခြားမတွေးနဲ့နော် decrypt ကို ဆိုလိုချင်တာပါ ) ၊ ဟက်ကာတွေနဲ့ ဘတပြန် ကျားတပြန် ပြိုင်နေမလား။ ဥရောပမှာတော့ လုံခြုံစိတ်ချမှုရှိတဲ့ မိုက်ခရိုချစ်ဖ် microchip တွေ ထည့်ထားတဲ့ ခရက်ဒစ်ကဒ်တွေကို သုံးစွဲတော့မယ် ကြားတယ်။ မိုက်ခရိုချစ်ဖ်တွေက စတိုင်းဆိုင်တွေမှာ ကဒ်ဖြတ်တဲ့အခါ လုံခြုံစိတ်ချပေမဲ့ အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါကျတော့ လုံခြုံမှုရှိပါ့ဦးမလား။ စင်္ကာပူမှာတုန်းက ကိုယ်တို့မှာ FIN နံပါတ်ဆိုတာ ရှိပါတယ်။ ကိုယ့် FIN နံပါတ်ဟာ ကိုယ့်တစ်ယောက်တည်း အတွက်ပဲ FIN နံပါတ်တစ်ခု လူနှစ်ယောက် ဖြစ်နေတာမျိုး မရှိဘူး။

ယူအက်စ်မှာတော့ SSN လို့ ခေါ်ကြတဲ့ Social Security Number က အရေးကြီးပါတယ်။ ဘယ်တော့မှ အပြည့်အစုံမပြောရဘဲ နောက်ဆုံးလေးလုံးကိုသာ ပြောခွင့်ရှိပါတယ်လို့ ကျောင်းက သင်ပါတယ်။ အဲဒီအရေးကြီးတဲ့ အက်စ်အက်စ်အန်နံပါတ်က နှစ်ယောက်ဖြစ်နေလို့တဲ့ ရုံးမှာ အင်တန်းဆင်းနေတဲ့ တရုတ်မလေး အစိုးရရုံးကို ပြေးရသေးတယ်။ ကန်တက်ကီအလုပ်အတွက် ဘာဗီဇာလဲ၊ လုပ်သက်ဘယ်လောက်ရှိလဲ ၊ ပြည်နယ်ပြောင်းနိုင်လား relocation open ဖြစ်လား မေးခွန်းတွေမေးပြီး screening လုပ်တော့ ဘက်ဂရောင်းချက် background check လုပ်ချင်လို့ SSN နံပါတ်အပြည့်အစုံတောင်းတော့ ကျောင်းကို ပြန်မေးရတယ်။ ကျောင်းက ပေးနိုင်ပါတယ်လို့ပြောတော့မှ ပေးလိုက်တယ်။ ဘဏ်ကဆိုပြီး ဖုန်းနဲ့  နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ SSN မေးလာခဲ့ရင် ဘယ်တော့မှ မဖြေပါနဲ့ ဖုန်းပြန်ဆက်လိုက်ပါ့မယ်လို့ပြောပြီး ဖုန်းချပါ။ ပြီးတော့မှ ဘဏ်ကို တိုက်ရိုက်ဖုန်းခေါ်ပါ ဘဏ်တွေရဲ့ ဆိုဒ်တွေမှာ သက်ဆိုင်ရာ ဖုန်းနံပါတ်တွေ ရှိပါတယ်။ ယူအက်စ်မှာ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ SSN သိရင် ကိုယ်မသိဘဲ ကိုယ့်နာမည်နဲ့ ဘဏ်အကောင့်တွေ ခိုးဖွင့်တာကို indentity theft လုပ်တယ်လို့ ခေါ်ပါတယ်။ တရားမဝင်နေထိုင်တဲ့ သူတွေများတော့ အဲဒီလို identity theft ကေ့စ်တွေ များတယ်။ စင်္ကာပူမှာတော့ အဲဒီလိုမျိုး ကြားတောင်မကြားဖူးဘူး စင်္ကာပူမှာက အိုဗာစတေးဖြစ်သွားရင် ကြိမ်ဒဏ်ပေး၊ နိုင်ငံကလည်း သေးတော့ အစိုးရက ကောင်းကောင်းထိန်းချုပ်နိုင်တယ်။

မေရီလန်းမှာ Chase အေတီအမ်မရှိတော့ ဆူနမ်က အေတီအမ်မှာ ငွေထုတ်ပေး ကိုယ်က ဆူနမ့်ကို ချက် check ( British Engish လို ဆိုရင်တော့ cheque ) ပြန်ပေးရတယ်။ ဘဏ်ချင်းမတူတာကို လွဲရင် ၂၅ ပေးရတယ် ဘဏ်ချင်းမတူတဲ့ အေတီအမ်မှာ ငွေ ၅၀ ထုတ်တာကို ၅ ကျပ်ပေးရတယ်။ ဝေါမတ်တို့လို စတိုးတွေမှာ ချက်ကင်းအကောင့်နဲ့ ဝယ်လို့ရှိရင် cashback ထုတ်လို့ရပါတယ် ဆိုလိုတာက စတိုးတွေက cash ထုတ်ပေးပါတယ်။ မနှစ်က အက်ကေးဒီယားကို solo ခရီးသွားတုန်းက တိုးဂိုက်ကို ဝင်ကြေးခတွေ တရာကျော် ပေးလိုက်ရတော့ လက်ထဲ cash မရှိတော့ဘူး။ ဟိုတယ်နားက ဝေါမတ်မှာ ခံတွင်းရှင်းဆေး နှစ်ကျပ်တန်ဝယ်ပြီး cashback တစ်ရာ ထုတ်ရတယ်။ လေးအော့ဖ်ဖြစ်လို့ ခရက်ဒစ်ကြွေးမဆပ်နိုင်ပဲ အနည်းဆုံး ငါးဆယ်လောက်ပဲ ဆပ်တော့ ခရက်ဒစ်စကိုး လျော့တယ်။ ကျောင်းလခတွေ မှန်မှန်မဆပ်ရင်လည်း ခရက်ဒစ်စကိုး လျော့တယ်။ ခွင့်ပြ ုထားတဲ့ limit မှာ အကြွေးက ၇၅ % ဖြစ်နေရင်လည်း ခရက်ဒစ်စကိုး လျော့တယ်။ ခွင့်ပြ ုတာက နှစ်ထောင်၊ ကိုယ်သုံးတာက ထောင့်ငါးရာ ဆိုပါတော့ အဲဒီလိုဆိုရင် အတိုး ၂၅ ကျပ် ပေးရတယ်။ အဲဒီလို အတိုးပေးရရင် ခရက်ဒစ်စကိုး လျော့တယ်။ autopayment လုပ်ထားပြီး နောက်ကျကြေး မပေးရအောင် လုပ်ထားနိုင်ပါတယ်။ အဲဒီလို မလုပ်ထားရင် နောက်ကျမှ အကြောင်းကြား late fee တွေ ဆောင်ရပါတယ်။ သုံးကောင်းကောင်းနဲ့ ခရက်ဒစ်ကဒ် ၃ ကဒ်လောက်သုံးပြီး late fee ထိရင် ၁ ရာလောက်ထိတယ်။


ကိုယ် နယူးယောက်ရောက်တော့ ပျော်လိုက်တာ နေရာတိုင်းမှာ Chase ဘဏ်ကိုး။ ခုဆို ခရက်ဒစ်စကိုး ကောင်းနေပြီမို့ Chase Freedom ခရက်ဒစ်လျှောက်တာ ရတယ်။ ခရက်ဒစ်ကဒ်တွေတိုင်းက အတူတူပါဘဲ ဘယ်လမှာ ဘယ်ဟာတွေဝယ်ရင် cashback ဘယ်လောက်ပေးမယ်။  အများစုက ကိုယ်မသုံးတဲ့ အိမ်ထောင်ပရိဘောဂ၊ ဂတ်စ်၊ လေယာဉ်မိုင်တွေ။ ခရစ်စမတ်လျော့ပင်းရာသီဆို ဘယ်တွေမှာ လျော့ပင်းရင်၊ ဘယ်လောက် လျော့ပင်းရင် ဘယ်လောက် cashback ပေးမယ် ဒီလိုနဲ့ များများသုံးဖြစ်အောင် ဆွဲဆောင်ကြတာပါပဲ။ Macy ၊ Best Buy ၊ Target ၊ Banana Republic ၊  JCrew တို့လို ဈေးဝယ်စင်တာတွေရဲ့ ခရက်ဒစ်ကဒ်ကို သုံးရင်လည်း ခရက်ဒစ်စကိုး လျော့ပါတယ်။ ခရက်ဒစ်စကိုးကို ဘယ်လောက်ဆပ်တယ် Payment History ၊ ဘယ်လောက်အကြွေးရှိတယ် Amount you owe ၊ ခရက်ဒစ်ကဒ်သုံးတာ ဘယ်လောက်ရှိပြီလဲ Length of credit history ၊ ခရက်ဒစ်ကဒ်အသစ်ဖွင့်သလား New credit opened ၊  ဘယ်လိုခရက်ဒစ်ကဒ် ရှိသလဲ Types of credit you have ပေါ်တွေမှာ မူတည်ဆုံးဖြတ်ပါတယ်။ ခရက်ဒစ်စကိုးတွေကတော့

579 or less : Indication of very risky borrower
580 - 669 : Some lenders will approve borrowers with this score
670 - 739 : Score in this average U.S range are considered good
740 - 799 : Indication of a very dependable borrower
800 + : Indication of an exception borrower

ဒါတွေကတော့ ကိုယ်သိသမျှ ယူအက်စ်ရဲ့ ခရက်ဒစ်စကိုး အကြောင်းပါ။

စန်းထွန်း
မတ် ၁၀၊ ၂၀၁၅။

Photos Credit : Google.

1 comment:

Lorem Ipsum said...
This comment has been removed by the author.