နာ...ကွ....
အမှတ်နည်းနည်းများရင်ဖြင့် မောင်မောင်တယောက်ကတော့ "အ..မေကြီးရေ၊ အ...ဖေကြီးရေ သား အမှတ်၉၀ ရတယ်..."ဆိုပြီး တရက်ကွက်လုံးကြားအောင် လမ်းထိပ်ကနေ ဟစ်လေ့ရှိပါတယ်။ အမှတ်နည်းလို့ကတော့ အသံမထွက် ငြိမ်ကုတ်နေတာများ။ ရီပို့ကတ်လာတော့မှ သိရတာ။ တခါတလေများ ရီပို့ကတ်တောင် ဖြောင်လိုက်သေး။ အခုလည်း မောင်မောင့်အမ ပီသစွာ လမ်းထိပ်ကနေ ခုနစ်သံချီ ဟစ်ချင်ပေမဲ့ ဟစ်လို့မရတော့ ဘလော့ကနေပဲ အသံပြဲကြီးနဲ့ ဟစ်လိုက်ပါမယ်...(သတိ - နား ဂွမ်းဆို့ထားတော်မူပါ...)။
"A ရတယ်ဗျို့................. း) းD းP "
(ကြုံတုန်း ကြွားလိုက်ဦးမှ ....)
မူလတန်းတုန်းက စာမလုပ်တာများ ဘယ်လောက်တောင်လဲဆိုရင် "သူများ သားသမီးတွေ သတင်းစာ ဖတ်တတ်နေပြီ မေ့သမီး ခုထိ မဖတ်တတ်သေးဘူး..." ဆိုပြီး မကြီးက မေ့ကို တိုင်ရတဲ့အထိ။ ဟိုင်းကြီးရွာသစ်ကျောင်း လေးတန်းရောက်တော့ ပထမ စရတယ်။ ခုနစ်ယောက်ပဲရှိတဲ့ ကျောင်းသားတွေကြားမှာ အနူတော လူချောလုပ်နေတာပေါ့။ ဒီလိုနဲ့ ပုသိမ်မရောက်ခင် ခုနစ်တန်းအထိ ဟိုင်းကြီးကျောင်း၊ စံပြကျောင်းတွေမှာ စန်းထွန်းတို့ လူချောလုပ်ခဲ့တာပေါ့။ ကျက်စာတွေဆို စာတော်တဲ့ ကျောင်းသားတွေဆီမှာ စာတိုင်ရပါတယ်။ ကျောင်းဥယျာဉ် မြေဆွတုန်းက တီကောင်နဲ့ လိုက်တို့ထားတဲ့ ကောင်တွေ၊ ကွန်ပါဘူး ဖွက်တတ်တဲ့ ကောင်တွေ၊ ဆံပင်လိမ်ဆွဲတဲ့ ကောင်တွေတော့ စာတိုင်ချိန်ဆို စန်းထွန်း ပညာပေးတာ ကောင်းကောင်းခံရတာပေါ့။ ၏ နဲ့ သည်နဲ့ တောင် မလွဲရ။ လွဲလို့ကတော့ ဒီကောင် စာမရဘူး ချာမဆိုပြီး နားရွက်ဆွဲ ခေါင်းခေါက်လုပ်တော့တာပဲ။ ဟိုကောင်တွေ ခမျာမှာလည်း သိရက်နဲ့ ခံရတော့ အံတကြိတ်ကြိတ်နဲ့ပေါ့။ အလှည့်ကျရင် မနွဲ့မတမ်း...။
ရှစ်တန်း ပုသိမ်ကျောင်းရောက်တော့လည်း နှစ်ကျတွေ နေတဲ့ နောက်ဆုံးခန်း အီးခန်း။ အနူချော လူချော စန်းထွန်းတယာက် အခန်းထဲမှာ အဆင့်တစ်၊ တကျောင်းလုံး အဆင့်ခြောက်နဲ့ ကိုးတန်း အေခန်း ရောက်လာပါတယ်။ ကိုးတန်းမှာ တနယ်လုံးက အတော်တွေ အေခန်းရောက်လာတော့ စန်းထွန်းတယောက် အရင်လို အဆင့်တစ် မရတော့ပါဘူး။ ကိုယ့်ထက် တော်သူတွေ ပေါ်လာပြီကိုး။ ရာထူးရှောပြီး အမြဲ အဆင့် ၂၀ ကနေ ၃၀ ကြား ရတော့တာပေါ့။ ပုသိမ်ကျောင်းကတော့ ဆယ်တန်းဆိုရင်လည်း ကျူရှင်မလိုပါဘူး။ ဆရာမတွေက အချိန်ပိုတွေ ခေါ်ပြီး တကယ်သင်ကြတာ။ တခါတလေများ ဆရာမတွေ အချင်းချင်း ဖိုက်ကြတာ သူသင်မယ် ငါသင်မယ်နဲ့။
ရန်ကုန်မှာတော့ ကျူရှင်က အဓိကပါပဲ။ ဆယ်တန်းစာမေးပွဲ ဖြေပြီးတော့ ဒီနှစ်လုံးလို့ အိမ်ကို ပြောလိုက်တယ်။ အောင်စာရင်းထွက်လာတော့ ဒီသုံးလုံး ဖြစ်နေတယ်။ ထွက်ဖို့ခက်တဲ့ မြန်မာစာ ဒီထွက်တာ။ ဂတ်တဲကွင်း(ရန်ကင်း)က ဆရာဦးသန်းညွန့် အသင်ကောင်းလို့ပါ။ စန်းထွန်းတို့နှစ်က ဘာသာစုံစနစ် ငါးဘာသာ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ(ရူပ၊ ဇီဝ၊ ဓာတု)၊ လူမူရေး(သမိုင်း၊ ဘောဂ၊ ပထဝီ)။ YIT ဆိုတာလည်း GTC ကနေ ကူးရတာ။ အိကေလို ၂မှတ်နဲ့ ဆေးပြုတ်တာ မဟုတ်ဘဲ ၂၀ကျာ်နဲ့ ဆေး ကပ်ပြုတ်တဲ့ စန်းထွန်း ကွန်ပျုတာကို ရောက်လာပါတယ်။ အဲဒီနှစ်က ဆေးပြုတ်တော်တော်များများ ကွန်ပျူတာ ရောက်လာတယ်။
တက္ကသိုလ် ပထမနှစ်ကတော့ KMDမှာ IDCSတက်တာနဲ့ တိုက်နေလို့ ကျောင်းလုံးဝမတက်တာပါ။ စာမေးပွဲမဖြေမှီ ၂ပတ်အလိုမှ သန္တာ့ အကူအညီနဲ့ ဖြေတာ အားလုံး Cရတယ် း) ။ မော်ဒရေးရှင်းနဲ့ အောင်တာ။ စာမေးပွဲနီးလို့ စာကြည့်ဖို့ကို နေ့ရွေ့ညရွေ့။ တခါတလေများ စာမေးပွဲရက်တွင်း ကိုရီးယားကား အကြည့်မပျက်လို့ အိမ်ကတောင် သြချရတယ်။ ဘကြီး၊ မြတ်မွန်၊ အိကေနဲ့ အေးသက်လှိုင်က စာရှင်းပြမယ်ဆိုရင်တောင် ပတ်ပြေးနေတာ း)။ အေရရင် ကြည့်လိုက် ကွန်ပျူတာ ဘာသာရပ်နဲ့ လားလားမှမသက်ဆိုင်တဲ့ အင်္ဂလိပ်စာ။ စာမေးပွဲမှာ တက္ကသိုလ်တွေကို မြို့ထဲမှာ ထားသင့်၊ မြို့ပြင်ရွေ့သင့်ဆိုတဲ့ အက်ဆေးရေးခိုင်းတယ်။ စာမျက်နှာ လေးမျက်နှာလောက် ရွှီးလိုက်တာ အေရသွားတယ် း)။ တတိယနှစ် အမှတ်စာရင်းကတော့ ထူးဆန်းတယ် ဘာသာစုံ ၆၀(B) ရတယ်။ ကိုယ်တယောက်တည်း မဟုတ်ဘူးနော် အားလုံး။ ဂုဏ်ထူးတန်းမှာ မာစတာဝင်ချင်ဇောနဲ့ ကြိုးစားတော့ အမှတ်နည်းနည်းကောင်းတယ်။ ထုံးစံအတိုင်း အင်္ဂလိပ်စာနဲ့ စိတ်ဝင်စားတဲ့ Software Engineering၊ Project Management၊ Artificial Intelligence တွေမှာ အေရတယ်။ ကျန်တာတွေကတော့ ဘီ...။
NUS မှာတော့ Analysis & Design ဘာသာ ၃.၅(B-)က အမြင့်ဆုံးရဖူးတယ်။ သူငယ်ချင်းတွေက ၄၊၅ ရတဲ့အချိန်မှာ(၅ က အမြင့်ဆုံး)။ ကျန်တဲ့ဘာသာတွေက ၂(C)... း) ။ ၂.၂၅ ရမှ အောင်တာပါ။ ပရောဂျက်တွေ ကယ်လို့ နောက်ဆုံးမှာ ၂.၅ နဲ့ အောင်သွားလေရဲ့။ အင်တန်းပရောဂျက်က Accecture Prize ဇကာတင် စာရင်းထဲပါလို့ အံ့တွေ သြလို့။ အဆံချောင်တွေသာ အဆက်ချာ စာရင်းထဲ ပါသတဲ့။ မနာလိုတိုရှည်... သူများကို ဒါ သက်သက်...။
အခု နှစ်ခါပြန်တက်ရတဲ့၊ စတိတ်မှာ မအောင်မြင်နိုင်ဘူး၊ ဒီကျောင်းနဲ့ မသင့်တော်ဘူး၊ ကျောင်းပြောင်းလို့ အကြံပြုတဲ့ ပရော်ဖက်ဆာ ဂျိုးဇက်လာမန်ရဲ့ ဘာသာမှာ အေရပါတယ်။ အေက အမြင့်ဆုံး A A- B+ B B- C+ C C- ထဲမှာ။ "San, good job." ဆိုပြီး ပရော်ဖက်ဆာက အသိအမှတ်ပြုလာတော့ စန်းထွန်းတယောက် မနောခွေ့နေတာများ။
ဗီယက်နမ်မလေးမိုင်းတယောက် ၃ခေါက်တိတိ ဖြေပြီးတော့မှ ကားမောင်းလိုင်စင်ရတဲ့အခါ ပျော်လွန်းလို့ ဘရိတ် ဒန့်ပါသတဲ့။ ဘိုးလင်းကစားတုန်းက အားလုံးလဲသွားရင်လည်း ထထခုန်တတ်ပါတယ်။ ခုလည်း စန်းထွန်းတယောက် ဘရိတ်ပဲ ဒန့်ချင်သလို၊ ထပဲ ခုန်ချင်သလို၊ ရက်စ်လို့ အော်ပြီး လက်သီးပင့်လိုက်ချင်သလို၊ လမ်းလျှောက်ရင် မြေကြီးနဲ့ မထိ၊ ပါးစပ်က နားရွက်ချိတ်လုမတတ် သွား၃၂ချောင်း အကုန်ဖေါ်ပြီး ပြုံးဖြီးဖြီး ဖြစ်နေပါတယ်။ နာ..ကွ...။ အဲလို ကြုံးဝါးတိုင်း နွယ်ဝင်က မေးလေ့ရှိပါတယ်။ ဘယ်နားက ကွနေတာလဲ...ဟင်..တဲ့။
ဒီဘာသာက အလွယ်ဆုံး။ နောင်ဆိုရင် ပရောဂျက်တွေလုပ်ရင်း ညလုံးပေါက် မိုးလင်းမဲ့ ညတွေ၊ အရမ်းကို ဘီးစီး(busy)၊ အစားအသောက်က မကောင်း၊ ပင်ပန်းလွန်းလို့ လူရုပ်မပေါက်ဖြစ်မှာလို့ ဆူနမ်၊ ရာမား၊ မိုင်းတို့က အားပေးလာပါတယ်။ နောင် ကွချင်မှ ကွနိုင်တော့ပေမဲ့ အခုချိန်မှာတော့ စန်းထွန်းတယောက် ကွနေပါကြောင်း.... ။
နာ ..ကွ... း) းD းP
စန်းထွန်း
သြဂုတ် ၁၉၊ ၂၀၁၁။
7 comments:
Mon Petit Avatar said...
Congratulations, sis!!!
စံပယ္ခ်ိဳ said...
စန်းထွန်းရေ....
ပိုပြီးကြိုးစားနော်....
တွေ့ရပါစေ။
ချစ်သော jas
ညိမ်းနိုင် said...
ဒါမှ စန်းထွန်း...ကွ....:)))
Iora said...
Congrats!
အမြဲ ကွ နိုင်ပါစေ..း))))))
စန်းထွန်းကွ။
အိုင်အိုရာ
rose said...
ဟန်ကြည် said...
San San Htun said...
Mon Petit Avatar said...
Congratulations, sis!!!
August 20, 2011 at 12:25 AM
စံပယ်ချို said...
စန်းထွန်းရေ....
Congratulations ပါနော်
အမြဲဒီလိုပဲ ကြားချင်ပါတယ်
ပိုပြီးကြိုးစားနော်....
အောင်မြင်မှုတွေတစ်ပွေ့တစ်ပိုက်နဲ့
တွေ့ရပါစေ။
ချစ်သော jas
August 20, 2011 at 3:15 AM
ညိမ်းနိုင် said...
ဒါမှ စန်းထွန်း...ကွ....:)))
ဝမ်းသာဂုဏ်ယူပါတယ်စန်းထွန်းရေ...တကယ်ပါ...ပို့စ်လေး
မှာပျော်ရွင်ကြည်နူးမှုတွေနဲ့ဖိတ်လျှံနေလိုက်တာ စာဖတ်နေ
ချိန်မှာ ကျွန်တော့်မျက်နှာတစ်ခုလုံးတပြုံပြုံဖြစ်နေတာကလား..:))
စကားမစပ် ဗီယက်နမ်မလေး လို့ ဘရိတ်မဒန့်ဘူးလား :D
August 21, 2011 at 1:52 AM
Iora said...
Congrats!
အမြဲ ကွ နိုင်ပါစေ..း))))))
စန်းထွန်းကွ။
(ကိုယ်အေရတုန်းကလည်း မျက်နှာကအလိုလိုပြုံးဖြီးဖြီးဖြစ်နေခဲ့တယ်။ စန်းထွန်းလိုဘဲ။ ဟီးဟီး)
အိုင်အိုရာ
August 21, 2011 at 2:28 PM
rose said...
Congratulation ညီမစန်းထွန်း...။ ကွန်ဂရက်လုပ်တာ နောက်ကျနေပြီ း) ပညာတွေ ဒီ့ထက် ထူးချွန်ပါစေ။
August 23, 2011 at 7:44 PM
ဟန်ကြည် said...
ကွမယ်ဆိုလည်း ကွသင့်ပါပေရဲ့...ဆယ်တန်းတုန်းက ထွက်ခဲတဲ့ မြန်မာစာ ဂုဏ်ထူးပါကတည်းက ကွသင့်တာပေါ့လေ...လေးတန်းလောက်ကတည်းက ကဗျာရေးပြီး ကိုးတန်းမှာ ဝထ္ထုရေးနေပြီဖြစ်တဲ့ ဦးဟန်ကြည်ခမျာ မြန်မာစာဂုဏ်ထူးမထွက်ရှာလို့ အခုထိ ရင်ထုမနာ ဖြစ်တုန်းပဲကိုး...ကိုင်း ဆက်၍ဆက်ခါ ကွနိုင်ပါစေဗျား . . .
August 24, 2011 at 1:19 PM