၂၀၂၅ ဇန်နဝါရီ ၁၅ ဗုဒ္ဓဟူးနေ့ National Museum of Egyptian Civilization ပြတိုက်ပြီးတော့ Mosque of Muhammad Ali နဲ့ Sultan Al Nasir Muhammad Mosque ဆီသွားလည်တယ်။ ဗလီ ၂ ခုက အကြီးကြီးတွေ ဘေးတဖက်တချက်ပဲ။ ဘာသာရေးအဆောက်အဦးဆိုတော့ ဖိနပ်ချွှတ်ရတယ်။ ဖိနပ်ကောင်တာလူက ဘယ်နိုင်ငံကလဲမေးတယ်။ ဖိနပ်အပ်ဖို့ အမူအယာပြတော့ ခေါင်းခါလိုက်တယ်။ ဗလီထဲက အုတ်ဂူရှိတယ်။ ဟိုနေ့က ရောက်ခဲ့တဲ့ Saladin Citadel ကိုမြင်ရတယ်။ ကိုယ်ပြန်မယ့်နေ့မို့ ဝိုင်းက အိမ်ကနေအလုပ်လုပ်တယ်။ သူလည်း မနက်ဖြန် ဗီယက်နမ်ပြန်မှာ ဗီယက်နမ်က ပြန်လာရင် အီတလီကိုပြောင်းတော့မှာ။ အီဂျစ်မှာ ကိုယ်မရောက်ခဲ့တာ Siwa ကန္တာရအိုအေဆစ်။ Siwa ကဝေးတယ် အနည်းဆုံး ၅ ရက်လောက် အချိန်ပေးရတယ်။ ကိုယ်တယောက်တည်းမို့လို့ အတော်စျေးကြီးမှာ မတန်ဘူးလို့ ဝိုင်းကပြောလို့ မသွားဖြစ်တော့ဘူး။ Alexandar the Great က အီဂျစ်ကို ဘယ်လိုမှ တိုက်လို့မရဘူး။ အဲ့ဒီခေတ်တုန်းက ရောက်ဖို့အင်မတန်ခက်တဲ့ Siwa မှာရှိတဲ့ ဘုရားကျောင်းကို ရောက်အောင်သွားပြီး blessing ရတော့မှ အီဂျစ်တွေက ခေါင်းဆောင်အဖြစ် လက်ခံသွားတယ်လို့ NetFlix documentary မှာ ကြည့်ဖူးတယ်။ လေဆိပ်မှာ date & maganet ဝယ်တာ အိမ်ရောက်တော့မှ maganet မဟုတ်မှန်းသိတော့ ဝိုင်းကို ဝယ်ခိုင်းရတယ်။ ဝိုင်းက လေဆိပ်မှာ တကူးတကဝယ်ဖို့ ကြိုးစားပေမဲ့ အဲ့ဒီနေ့က ဘာသာရေးပိတ်ရက် ဆိုင်တွေပိတ်ကြတော့ မဝယ်ခဲ့ရဘူး။ သူ့အစ်မ အီဂျစ်လာတုန်းက ဝယ်ထားတဲ့ maganet ကို ဗီယက်နမ်ကနေ ယူလာပေးမယ်။ နင် အီတလီလာတဲ့အခါ သို့မဟုတ် သူ နယူးယောက်လာတဲ့အခါ ပေးမယ်တဲ့။ အပြန်ခရီးစဥ်ကတော့ ချောချောမောမောပါပဲ။ အစက ဆူနမ်လိုက်မလို့ကို သူ့ကျန်းမာရေးကြောင့် မလိုက်တော့တာ။
Happy Traveling!
စန်းထွန်း
နိုဝင်ဘာ ၂၂၊ ၂၀၂၅။
![]() |
| Saladin Citadel |
![]() |
| Sultan Al Nasir Muhammad Mosque |
![]() |
| Mosque of Muhammad Ali |












No comments:
Post a Comment