အီဂျစ်သွားတောလား - ၂၀

၂၀၂၅ ဇန်နဝါရီ ၁၄ အင်္ဂါနေ့ နေ့လည်ပိုင်း Mohamed Ali Palace (Manial Palace) ကို သွားလည်တယ်။ နန်းတော်က နိုင်းမြစ်ထဲက ကျွှန်းလေးပေါ်မှာရှိတယ်။ နန်းတော် ကြီးကျယ်ခမ်းနားတယ် ပန်းချီပန်းပု လက်ရာအင်မတန်မြောက်တယ်။ ပထမဆုံးအကြိမ်အဖြစ် ဗလီထဲဝင်လည်တော့ ဖိနပ်ချွှတ်ရတယ် လူတယောက်မျှမရှိဘူး။ ဝတ်ပြုဆုတောင်းရာနေရာမို့လို့ ငြိမ်းချမ်းတယ်။ ကားသမား နင်ဘယ်မှာစောင့်နေတာလဲ နန်းတော်ရှေ့မှာလေ။ Uber က ရှေ့လမ်းမကြီးရဲ့ အလယ်လိုင်းမှာ ရပ်လို့မရဘူး သူ့ဆီလာခဲ့တဲ့။ သွားလာနေတဲ့ကားနေတွေ လက်ပြတားပြီး လမ်းမအလယ်ကောင်မှာ သွားစီးရတယ်။ အဲ့လိုဝန်ဆောင်မှုက အရမ်းကောင်းတယ်။ ညနေ ဝိုင်းအိမ်ပြန်ရောက်တော့ စောနေတာနဲ့ သူ့အိမ်နားကဆိုင်တွေကို သွားကြည့်တယ်။ ကျောက်တုံးနဲ့လုပ်ထားတဲ့ lamp လေးကြိုက်ပေမဲ့ စျေးလည်းကြီး အိမ်မှာရှိသမျှကြွေပန်းကန်တွေကို ခွဲတတ်လို့ ကွဲမှာလည်း စိတ်ပူရတယ်။ ဝိုင်းကတော့ ပြောတော့ ဆိုင်ကသေသေချာချာပတ်လို့ check in luggage ထဲထည့်ရင် မကွဲဘူးတဲ့။ နောက်ဆုံးတော့ တခုမှမဝယ်ခဲ့ဘူး။ ထုံးစံအတိုင်း ဝိုင်းလက်ရာနဲ့ ထမင်းစားတယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၁၅၊ ၂၀၂၅။

Mohamed Ali Palace (Manial Palace) 

No comments: