အီဂျစ်သွားတောလား - ၁၉

၂၀၂၅ ဇန်နဝါရီ ၁၄ အင်္ဂါနေ့ The National Museum of Egyptian Civilization ပြီးတော့ နာမည်ကျော် Khan el-Khalili စျေးကို Uber နဲ့သွားတယ်။ ပိုက်ဆံကို ခရက်ဒစ်ကဒ်နဲ့ ပေးလို့မရဘူး ငွေသားပေးရတယ်။ တက္ကစီသမားက ဟိုဖက်ခြမ်းမှာစျေး နင် ဒီကနေဆင်းပြီး မြေအောက်လှိုဏ်ခေါင်းကိုဖြတ် အပေါ်တက်လိုက်ရင် စျေးရောက်ပြီတဲ့။ ကားပိတ်ဆို့တာကြာလို့ အဲ့လိုပဲ လမ်းလျှောက်သွားလိုက်တယ်။ နေရာတကာရဲတွေရှိပေမဲ့ မြန်မာပြည်မှာလို ကြောက်ဖို့မကောင်းဘူး။ နာမည်ကျော်စျေးဆိုတော့ လိုချင်စရာတွေအများကြီး။ ထုံးစံအတိုင်း စျေးရောင်းချင်လို့ အတင်းလိုက်ခေါ်လို့ ကြိုက်တာရှိရင်တောင် ရပ်မကြည့်ရဲဘူး။ ကိုင်ရိုမြို့မှာ သက်တမ်းအကြာဆုံးကော်ဖီဆိုင် El Fishawy Cafe ကိုရှာတာ လမ်းညွှန်ကြပေမဲ့ မဝင်ရဲဘူး။ သူတို့က သူတို့အသိဆိုင်တွေကို ညွှန်တာ။ သဘောကောင်းပုံရတဲ့သူတယောက်က အထဲကိုဝင်သွားလိုက် တွေ့လိုက်မယ်တဲ့။ ကော်ဖီဆိုင်တွေ့တော့လည်း အင်တာနက်မှာတွေ့တဲ့ဓာတ်ပုံနဲ့တူမှ ဝင်ထိုင်ရဲတယ်။ တော်ကြာမှားထိုင်မိလို့ ပြန်ထွက်ရင် အတင်းလိုက်ဆွဲနေမှာစိုးလို့ ကြောက်ရတယ်။ ကော်ဖီက သိပ်မထူးခြားပါဘူး ရေတဘူးလာချပေးတယ်။ ဆိုင်အပြင်အဆင်က ထူးဆန်းတယ်။ နေ့လည်စာစားဖို့ ဆိုင်မေးတော့ သူညွှန်းတဲ့ဆိုင်ကို အင်တာနက်အကူအညီနဲ့ ရှာရတယ်။ တဖက်ခြမ်း လမ်းနည်းနည်းလျှောက်လိုက်ရင်ရပြီ။ ကောင်တာကကောင်လေးညွှန်းတဲ့ ပေါင်မုန့်အသားညှပ်စားတယ်။ ထိုင်ခုံနေရာမရှိလို့ သက်လက်ပိုင်းအရွယ်လင်မယားထိုင်နေတဲ့ခုံမှာ ခွင့်တောင်းပြီး ဝင်စားတယ်။

အီဂျစ်သူ၊သားတွေက အသားဖြူဖြူ၊ မျက်ခုံးမျက်လုံးနက်နက်လေးတွေနဲ့ လှကြတယ်။ အသက်ကြီးလာတော့ ဝဝကြီးတွေဖြစ်ပြီး အရွယ်မတင်ကြဘူး။ အာရှသားတွေကတော့ အသက်ကြီးလာလဲ နုဆဲပဲ။ လူဖြူတွေလဲ ငယ်တုန်းက အတော်လှပြီး အသက်ကြီးရင် အသားအရေတအားတွန့်ပြီး အရွယ်မတင်ကြဘူး။ လူမည်းတွေကျတော့ ငယ်ငယ်တုန်းကရင့်ပြီး အသက်ကြီးလာတော့ အသားအရေသိပ်မတွန့်ဘဲ အရွယ်တင်ကြတယ်။ အီဂျစ်ကောင်မလေးက ဆယ်ဖီရိုက်ခွင့်တောင်းပြီးရိုက်တယ်။ သူတို့က နိုင်ငံခြားသားဆို သိပ်သဘောကျတာတဲ့။ ပေါင်မုန့်အသားညှပ်ကျတော့ စားနိုင်တယ် မဆိုးဘူး။ အဲ့ဒီစျေးနား အူဘာကားငှားရခက်လို့တဲ့ဝိုင်းက စိတ်ပူပြီး ဖုန်းခေါ်တယ်။ သူပြောတဲ့အတိုင်းပဲ အူဘာက တက်ကိုတက်မလာတာ။ မိနစ် ၂၀ လောက်လမ်းလျှောက်ပြီး လမ်းဆုံလမ်းခွက ဓာတ်ဆီဆိုင်မှာငှားမှ ရတယ်။ လမ်းတလျှောက်မှာ စာအုပ်ဆိုင်တွေတွေ့တယ် သိပ်သဘောကျတာပဲ။ အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ဆိုရင် ဝင်ဖတ်ပါတယ်။ အူဘာကားကို သစ်သီးဖျော်ရည်ဆိုင်နားဆိုင်နေတော့ ဝန်ထမ်းတွေက အထဲကိုဝင်ထိုင်ပြီး စောင့်ဖို့ပြောတယ်။ ကားကမကြာခင်ရောက်တော့မှာမို့ ရပ်ပြီးပဲစောင့်နေလိုက်တယ်။ အူဘာက လမ်းမကြီးတဖက်ကမ်းကနေ ခေါ်နေတယ်။ ဒီလောက်ရှုပ်တဲ့လမ်းမကြီးကို ဘယ်လိုဖြတ်မလဲ မီးပွိုင့်လဲမရှိ။ ကိုယ်လမ်းကူးတာ စောင့်နေရေတော့ ဒီနေ့ လမ်းတဖက်ကမ်းရောက်ဖို့လမ်းမမြင်တော့ အူဘာသမားက လာခေါ်တယ်။ သူ့နောက်ကနေ ကပ်လိုက်ပြီး လမ်းဖြတ်ကူးရတယ်။ Prince Mohamed Ali Palace (Manial Palace) သွားတဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၁၂၊ ၂၀၂၅။

Khan el-Khalili - famous bazar in Cairo
El Fishawy Cafe - oldest cafe in Cairo
lunch
bookshop

No comments: