အီဂျစ်သွားတောလား - ၁၈

၂၀၂၅ ဇန်နဝါရီ ၁၄ အင်္ဂါနေ့ မနက် ၈ ခွဲ The National Museum of Egyptian Civilization ကို Uber နဲ့ သွားတယ်။ Arab Spring ဖြစ်ခဲ့တဲ့ Square နားမှာရှိပြီး မနက် ၉ နာရီမထိုးသေးဘူး တိုးရစ်တွေ အများကြီးရောက်နေပြီ။ ပစ္စည်းတွေက အများကြီး Grand Museum လို လှတပတမပြဘဲ စုပုံပြထားသလို ဖြစ်နေတယ်။ ရွှေနဲ့လုပ်ထားတဲ့ လူသေအလောင်းထည့်တဲ့အခေါင်း အင်မတန်လှတယ်။ တွေ့ဖူးသမျှထဲမှာ အလှဆုံးပဲ ဓာတ်ပုံရိုက်ခွင့်မရှိ။ ပြတိုက်အနှံ့ အခန်းတိုင်းကို ဝင်ကြည့်တယ်။ စိတ်ဝင်စားတဲ့နေရာကို ကြာကြာကြည့်ပြီး သိပ်စိတ်မဝင်စားတဲ့နေရာဆို အပေါ်ယံကြည့်တယ်။ နောက်တခေါက်ရောက်ဖို့မလွယ်တော့ အစွမ်းကုန်လှည့်ပတ်ကြည့်ခဲ့တယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၈၊ ၂၀၂၅။

No comments: