ကနေဒါသွား တောလား - ၇

၂၀၂၄ ဇှုလှိုင် ၁၅ တနင်္ဂလာနေ့ Quebec City ကနေထွက်လာပြီး နေ့လည် ၁၂ နာရီ Rockport မြို့က Thousand Islands ဆီရောက်တယ်။ နေ့လည်စာဘူဖေး ကတိုက်ကရိုက်စား နေ့လည် ၁ နာရီ ခရူသဘေင်္ာစီးတယ်။ တနာရီစီးရတယ် မြင်ကွင်းက အင်မတန်သာယာတယ်။ ညနေစောင်း အလာတုန်းက မဝင်လိုက်တဲ့ Kingston မြို့ထဲမောင်းပြပြီး စစ်တက္ကသိုလ်၊ ကောလိပ်၊ ထောင်တွေအကြောင်း ရှင်းပြတယ်။ အငြိမ်းစားတွေ၊ ကျောင်းသားတွေ၊ စစ်သားတွေ၊ ထောင်ဝန်ထမ်းတွေ နေတဲ့မြို့။ ညနေ ၆ နာရီကျော်လောက် ပထမစုရပ်မှာချပေးတယ်။ တိုးကားက Montreal ကိုအရေးတကြီးပြန်ရမှာမို့လို့ တခြားတိုးကားနဲ့ ထည့်ပေးလိုက်တယ်။ လျော့ပင်းစင်တာမှာ ချပေးတော့ အနားက ၃ မြေအောက်ရထားစီးတယ်။ မြေအောက်ရထားမှာ လူလည်းမရှိဘူး။ ပြီးတော့ ၂ ရထားစီးတယ် Eastbound Westbound မှားမလို့ တော်ပါသေးရဲ့။ ကိုယ်တို့နောက်မှာထိုင်းတဲ့ ကလေးတွေနဲ့ အရမ်းဆူတဲ့ အိန္ဒိယမိသားစုနဲ့တွေ့တော့ ဝမ်းသာအားရလက်ပြကြတတယ်။ ဘူတာကနေတက်ပြီး street car လို့ခေါ်တဲ့ကေဘယ်ကားစီးတယ်။ ရထားလက်မှတ်ကို ပြန်သုံးလို့ရတယ် ၂ နာရီအတွင်း ၃ ခါသုံးလို့ရတယ်။ ပထမအခေါက်က တည်းတဲ့ဟိုတယ်ပဲ။

Happy Traveling!

စန်းထွန်း

သြဂုတ် ၁၇၊ ၂၀၂၄။

No comments: