ကနေဒါသွား တောလား - ၃

၂၀၂၄ ဇှုလှိုင် ၁၃ ကနေ ၁၅ အထိ ၃ ရက်ခရီး။ မနက် ၆ ၃၀ တရုတ်တန်းက Tim Hortons ရှေ့မှာ စောင့်နေတုန်း ခရီးသွားမဲ့ တရုတ်ခရီးသည်တွေတွေ့တယ်။ Duolingo ကနေသင်ထားတဲ့ တရုတ်စာမတတ်တခေါက်နဲ့ စကားပြောကြည့်တော့ သူတို့က ၇ ရက်ခရီးသွားမှာ စီချွှမ်ကတဲ့။ လိုက်ပို့တဲ့ တရုတ်အဖိုးကြီးက အသက် ၈၀ သူ့သားအသက် ၆၈ ကို လိုက်ပို့ပေးထာတဲ့။ လိုက်ပို့ပြီး တွန်းလှည်းလေးနဲ့ စျေးဝယ်ဖို့ သွားတော့တာပဲ။ နောက်တဖွဲ့က သားအမိ ၃ ယောက် သူတို့လည်း ၃ ရက်ခရီး၊ အိန္ဒိယစုံတွဲ၊ နောက်ဆုံးမှ ရောက်လာတာ ဖိလစ်ပိုင် သို့မဟုတ် အင်ဒိုနီးရှားမိသားစု။ တနာရီလောက်မောင်းပြီးတော့ တနေရာမှာ ခရီးသည်တွေတင်တယ်။ ၇ ရက်ခရီးသွားမဲ့သူတွေက တခြားတိုးကားမှာ ပါသွားတယ်။ ကနေဒါနိုင်ငံရဲ့မြို့တော် Ottawa အော်တိုဝါကို ၅ နာရီလောက်မောင်းရတယ်။ အရင်တုန်းက Montreal ကမြို့တော်ဟောင်း ငါးနှစ်တခါ Montreal နဲ့ Toronto ကိုပြောင်းနေတော့ မဖြစ်ချေဘူးဆိုပြီး အဲ့ဒီမြို့နှစ်မြို့ကြားထဲက Ottawa ကိုရွေးလိုက်တာတဲ့။ ကနေဒါနိုင်ငံရဲ့မြို့တော်ဆိုရင် Toronto လို့ပဲထင်ကြတယ်။ မဟုတ်ပါဘူး Toronto က ကနေဒါရဲ့ အကြီးဆုံးမြို့ပါ။ ပြတိုက်ကိုဝင်လည်တယ် မြစ်ဘေးက ပါလီမန်အဆောက်အဦးကိုမြင်ရတယ်။ ပါလီမန်အဆောက်အဦးကြီးက ခမ်းနားတယ် လန်ဒန်က ပါလီမန်အဆောက်အဦးလိုပဲ။ သမိုင်းဝင်စစ်သားနှစ်ယောက်အကြောင်း၊  ပါလီမန်အဆောက်အဦးအကြောင်း ရှင်းပြပေမဲ့ မမှတ်မိတော့ဘူး။ အမှတ်တရပစ္စည်းဆိုင်ကနေ အဖေ့အတွက်ဦးထုပ်၊ magnet ၃ ခုဝယ်တယ်။

Happy Traveling!

စန်းထွန်း

သြဂုတ် ၃၊ ၂၀၂၄။

No comments: