ကနေဒါသွား တောလား - ၄

၂၀၂၄ ဇှုလှိုင် ၁၃ စနေနေ့ညနေ ကနေဒါနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ Montreal ရောက်တယ်။ Ottowa မြို့တဖက်ခြမ်း Ottowa မြစ်ကျော်တာနဲ့ Ontario ပြည်နယ်ကနေ Quebec ပြည်နယ်ဖြစ်သွားပြီ။ Quebec ပြည်နယ်ရဲ့ရုံးသုံးဘာသာစကားက ပြင်သစ်စကား။ လမ်းဘေးဆိုင်းဘုတ်တွေ အကုန်လုံးပြင်သစ်လိုဖြစ်သွားတယ်။ ၁၉၉၀ လောက်က ခွဲထွက်ပြီး နိုင်ငံထူထောင်မလို့ မဲပေးကြသေးတယ် မဲရှုံးသွားတယ်။ အဲ့ဒီကတည်းက ဘယ်တော့မှ ခွဲမထွက်ရဘူးဆိုပြီး အခြေခံဥပဒေကို ပြင်လိုက်တယ်။ မနက်က တရုတ်ဘူဖေးဆိုင်မှာစားပြီး ညနေစာတော့ မြို့လယ်ခေါင်က တရုတ်ဆိုင်မှာစားတယ်။ ထုံးစံအတိုင်း လာချပေးသမျှဟင်းတွေနဲ့ စားပွဲကိုလှည့်ပြီး စားရတယ်။ ဘဲကင်၊ ပုဇွန်ကြော်၊ အရွက်ကြော် အင်မတန်ကောင်းတယ်။ စားပြီးတော့ Notre-Dame Basilica ဆီပြေးရတယ်။ အချိန်မရတော့ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့ရတယ်။ အဝါရောင်တောက်တောက်အင်္ကီျတွေဝတ်ပြီး တရုတ်ဖာလွန်းကုန်းတွေ ဘာတွေလုပ်မလို့လဲ မသိဘူး။ ပုံမှန်ဆိုရင် နောက်နေ့မနက်မှ Mount Royal တောင်ပေါ်က St. Josephs Oratory ကိုဝင်မှာဖြစ်ပေမဲ့ နေ့လည်က Kingston မြို့ကိုမဝင်ခဲ့တော့ ညနေဝင်ပြီး မနက် ၈ နာရီခွဲလောက်မှ ထွက်မယ်တဲ့။ St. Josephs Oratory မြောက်အမေရိကားမှာ အကြီးဆုံးအဆောက်အဦး။ ဝါရှင်တန်ဒီစီက နေရှင်နယ်ကသီဒရယ်က သေးပေမဲ့ အတော်လေးလှတယ်။ ည ၈ နာရီခွဲ နေဝင်ချိန် အင်မတန်လှတယ်။

Happy Traveling!

စန်းထွန်း

သြဂုတ် ၇၊ ၂၀၂၄။

St. Josephs Oratory
Notre-Dame Basilica

No comments: