ကနေဒါသွား တောလား - ၆

၂၀၂၄ ဇှုလှိုင် ၁၄ နေ့လည်စာကို ပြင်သစ်ဆိုင်မှာ စားတယ်။ Magnet ၆ ခုဝယ်တယ်။ ညနေစောင်း Quebec City ရောက်တယ်။ ပြင်သစ်လွတ်လပ်ရေးနေ့ ကျင်းပနေလို့ မြို့ထဲမှာလမ်းတွေပိတ်လို့ old town ကနေ တောင်ကုန်းလေးအတိုင်း လမ်းလျှောက်တက်ရ။ လမ်းတလျှောက် ဆိုင်ခန်းသေးသေးလေးတွေ၊ ကျောက်သားတွေနဲ့ ဆောက်ထားတဲ့အိမ်ကလေးတွေနဲ့ ဥရောပမြို့လေးထဲ ရောက်သွားသလိုပဲ။ Fairmont Le Chateu Frontenac ဟိုတယ်က ရဲတိုက်ကြီးလို ခမ်းနားတယ်။ မြို့ကိုကွေ့ပတ်စီးဆင်းနေတဲ့ စိန့်လောရင့်မြစ်ကို အပေါ်စီးကနေမြင်ရပြီး မြင်ကွင်းတအားလှတယ်။ ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး ဟိုတယ်တဲ့။ ဟိုဝယ်ဝင်ပေါက် ရှာမတွေ့လို့ မေးကြည့်တော့ အလံထောင်ထားတဲ့နေရာကနေဝင်တဲ့။ ဟိုတယ်ထဲဝင်ကြည့်ပြီး ရှူးပေါက်။ ဘုရားရှိခိုးကျောင်းထဲဝင်လည် ငြိမ်းအေးနေတာပဲ။ စျေးဆိုင်ခန်းတွေဝင်ကြည့် ကြိုက်တာလည်းမတွေ့။ တောင်ပေါ်ကနေဆင်းချလိုက်တော့ လမ်းမှားနေမှာစိုးလို့ လာလမ်းအတိုင်း ပြန်ဆင်းတော့လည်း အတူတူပဲ။ အညောင်းအညာဖြေပြီး တိုးကားလာတာစောင့်။ ညစာစားတဲ့ ဘူဖေးဆိုင်က အတော်ကြီးပြီး အတော်စုံတယ်။ တချို့တွေက ဟိုတယ် upgrade လုပ်ပြီး မြို့ထဲမှာ တည်းကြတယ်။

Happy Traveling!

စန်းထွန်း

သြဂုတ် ၁၄၊ ၂၀၂၄။

No comments: