ဘာလို့မြို့မှာမနေဘဲ ကျွန်းမျောတွေမှာ နေကြတာလဲ။ ဝိုင်းကဖြေတယ် အဓိကလိုအပ်ချက်တွေ အားလုံးပြည့်စုံလို့တဲ့။ အစိုးရက ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုတွေပေးတယ်။ ပညာမတတ်တော့ မြို့မှာအလုပ်သွားလုပ်ပြီး အဆင်မပြေရင် ကျွန်းမျောဆီပြန်လာကြတယ်။ ခုလိုတိုးရစ်တွေ လာလည်ကြတာ သူတို့အတွက် ဝင်ငွေရစေတယ်။ ရေအိုင်ဆီက ဖမ်းမိတဲ့ငါး၊ ငှက်တွေအကြောင်း၊ ယဥ◌်ကျေးမှုဓလေ့စရိုက်တွေအကြောင်း ရှင်းပြတယ်။ သူတို့အိမ်ထဲကို ခေါ်ပြတယ် ကိုယ်တို့ငယ်ငယ်တုန်းက သုံးခဲ့တဲ့တီဗွီကိုတွေ့တယ်။ ပိတ်စအထည်၊ သိုးမွှေးချည်တွေဝယ်ပြီး စောင်၊ ခုံခင်းတွေ ဖန်တီးကြတယ်။ အရောင်အသွေး လက်ရာဆန်းတယ် ဝယ်ပြီးအားပေးချင်ပေမဲ့ သုံးဖြစ်မှာမသေချာတာနဲ့၊ တအားမကြိုက်တာနဲ့ မဝယ်တော့ဘူး။ အမေရိကန်အန်တီကြီးတွေကတော့ ဝယ်ကြတယ်။ မြက်တွေနဲ့လုပ်ထားတဲ့ လှေကြီးစီးကြတယ် တယောက် ဆိုး ၃၀ ပေးရတယ်။ တဒေါ်လာကို ဆိုး ၃ ကျပ်ခွဲနဲ့ ညီမျှတယ်။ သားအဖနှစ်ယောက် တကျွိကျွိနဲ့ လှော်ကြတယ်။ ငယ်ငယ်တုန်းက မောင်မောင်နဲ့ လှေလှော်ကြတာကို သတိရမိတယ်။ ချောင်းထဲမှာတော့ မဟုတ်ဘူး ကမ်းစပ်တံတားအောက်တွေမှာ။ ဘယ်ဖက်ကိုလှော်လိုက် ညာဖက်ကိုလှော်လိုက် တံတားတိုင်တွေကို ဖမ်းဆွဲလိုက် တဟေးဟေးနဲ့ပေါ့။ သွားသူကသွားနှင့်ပြီ ကျန်ရစ်သူတွေက လွမ်းဆွတ်သတိရ ဖြေမဆည်နိုင်ဖြစ်နေတုန်း။ ကန်ထဲ အဲ့ဒီလှေငါးစီးလောက်တွေ့တယ်။ Taquile တာကွေလီကျွန်းကို တနာရီလောက် မောင်းရတယ်။ ကမ်းခြေက အိမ်သာမှာ ပိုက်ဆံပေးတော့ တစ်ရှူးပေးတယ်။ ကိစ္စပြီးရင် ရေပုံးနဲ့လောင်းရတယ်။ အိတ်ထဲမှာ အိမ်သာတစ်ရှူး၊ hand sanitizer အမြဲဆောင်ထားတယ်။ တောင်စောင်းပေါ်က ဒေသခံအိမ်ကို မိနစ် ၂၀ လောက် မတ်မတ်ကြီးတက်ရတယ်။ ဟမ်မလေး … ဟိုက်နေအောင် တက်ရတယ် နားလိုက်တက်လိုက် ရေနည်းနည်းသောက်လိုက် တက်လိုက်နားလိုက်နဲ့။ ဒေသခံလူမျိုးစုအကြောင်း ရှင်းပြတယ် ဥ◌ီးထုပ်က လူပျိုဆိုရင် ဘယ်လိုဆောင်းတယ် အိမ်ထောင်ရှင်ဆိုရင် ဘယ်လိုဆောင်းတယ်။ ထူးဆန်းတာက တာကွေလီကျွန်းမှာ အမျိုးသားတွေက ချည်ထိုးယက်ကန်းလုပ်တယ်။ လက်ရာဒီဇိုင်းက သေသပ်လှပထူးခြားလို့ ပြင်သစ်ကုမ္ပဏီက ဝယ်ယူပြီး ဥရောပကို တင်သွင်းတယ်တဲ့။ ဥ◌ီးထုပ်၊ ပုဝါ၊ ခါးပတ် စေ◌ျးတော်တော်ကြီးတယ်။
Uros Island |
တီတီကာကာရေအိုင်ဟာ ပီရူးနဲ့ ဘိုလီးဘီးယားကြားမှာ ရှိပါတယ်... |
ပူနိုဆိပ်ကမ်း |
သိမ်းငှက်နဲ့ ဓာတ်ပုံရိုက်ကြမယ် |
ဦးထုပ်လက်ပွေ့ ရောင်းသူ |
ယူရို့ကျွန်းသူလေးတွေ ကြိုဆိုကြတယ်... |
တိုးဂိုက်က ရှင်းပြနေတာ |
ဝယ်ကြပါဦးတဲ့ |
အဲ့ဒီဆိုင်မှာ ကူစကိုကနေ ပူနိုလာတုန်းက အင်ကာအိတ်စပရက်ကားပေါ်မှာ တွေ့ခဲ့တဲ့ ဂျပန်အမျိုးသမီးနှစ်ယောက်ကို တွေ့တယ်။ ဝိုင်းတို့ကို ပြောပြတော့ မမှတ်မိဘူးတဲ့ အဲ့ဒီလို ကိုယ်က စာဆိုမမှတ်မိဘူး လူ၊ နေရာဆိုရင် အင်မတန်မှတ်မိတယ်။ မှတ်ညဏ်က မဟုတ်တဲ့နေရာမှာ ကောင်းနေတယ်။ ထမင်းနဲ့ငါး၊ ဖျော်ရည်တဂျား စားလို့ကောင်းတယ်။ အပြန်ကျတော့ လမ်းတလျှောက်က ဆိုင်တွေဝင်ကြည့်ကြတယ်။ လက်ရာပစ္စည်းလေးတွေ မဆိုးဘူး။ လူငယ်လေးတွေ လည်ရှည်ဘွတ်ဖိနပ်မှာ ခေါင်းလောင်းသီးလေးတွေ ချိတ်ထားပြီး ခြေထောက်ကိုလှည့်ပြောင်း ဆော့ကစားကြတာတွေ့တယ်။ ဟိုတယ်ရောက်တော့ မနက်ဖြန် ဘိုလီးဘီးယားခရီးအတွက် အထုပ်ပြင်၊ ဘိုလီးဘီးယားသတင်းစစ်၊ ဘတ်စ်ကားလက်မှတ်၊ တိုးဘောက်ချာတွေထုတ် ခရီးအတွက် ပြင်ဆင်ကြတယ်။ ကိုယ့်နှာခေါင်းကနေ သွေးကျလာတယ် ဟန်က နှာခေါင်းထဲထည့်တဲ့ ဆားရည်လာပေးတယ်။ ဟန်က ဟနွိုင်းမှာ အမြဲတက္ကစီစီး လမ်းတောင်မလျှောက်တော့ ကိုယ့်လောက် တောင်မတက်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ထက် ကိုယ်ခံအား ခံနိုင်ရည်အားကောင်းတယ်။ ဝိုင်းကတော့ ကိုယ်ခံအားအကောင်းဆုံး အကျန်းမာဆုံး အတောင့်ဆုံး။ နောက်နေ့မှာတော့ ဘိုလီးဘီးယားနိုင်ငံ လာပါ့ဇ်မြို့ဆီအသွား ကိုပါကဘာနာမြို့၊ Sun Island နေကျွန်းတွေဆီ ဝင်လည်တဲ့အကြောင်း၊ လာပါ့ဇ်မြို့မှာ ဘာတွေကြုံတွေ့ရသလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၂၀။
ကိုယ်တို့ဘွတ်တဲ့ ယူရို့၊ တာကွေလီတိုး
https://www.findlocaltrips.com/tour-details/titicaca-floating-islands-full-day-kollasuyo-travel
Taquile Island |
ရေကကြည်လင်နေတာပဲ |
တောင်ထိပ်ပေါ်က ဘုရားကျောင်း |
မူညာတီး |
ပဲဟင်း |
ငါးဟင်း ဟင်းပွဲတိုင်းမှာ မပါမဖြစ်က အာလူး |