ဖီလင် ၃၅ ...

နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကိုယ့်အသက် ၃၅ နှစ်ပြည့်ပြီ။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတိုက်တုန်းက ဟိုင်းကြီးကွျှန်းမှာ ရှိနေတဲ့ ကိုယ့်မိဘတွေ တိမ်းပါးသွားရင် ဒုက္ခပါပဲလို့တွေးတဲ့ မိန်းမငယ်လေးကနေ အတော်အတန် ရင့်ကျက်တည်ငြိမ်တဲ့ မိန်းမကြီးတယောက် ဖြစ်လာပြီ။ ဒုက္ခတွေကိုလည်း ဘာလဲဟဲ့ လောကဓံလို့ ခါးဆီးခံနိုင်ပြီ။ လစာများများ ရတဲ့အခါ ငါကွလို့ မာန်တက်ဖူးပြီ။ အလုပ်ပြုတ်တဲ့အခါ ငါ့ကျမှ ကံဆိုးလိုက်လေခြင်းလို့ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ဖူးပြီ။ အကြီးကြီး ပေးဆပ်ရတဲ့ အမှားတွေလည်း မှားခဲ့ဖူးပြီ။ အမှားတွေဆီက သင်ယူတတ်ခဲ့ပြီ။ ချစ်ခင်သူတွေနဲ့ ခွဲခွာရလို့ ငိုကြွေးခဲ့ဖူးပြီ။ ကျန်းမာရေးမကောင်းတဲ့အခါ ငါ့ကျမှ ဖြစ်ရလေခြင်းလို့ မချိတင်ကဲဖြစ်ခဲ့ဖူးပြီ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေရဲ့ ကူညီစောင့်ရှောက်မှုကိုလည်း ရရှိဖူးပြီ။ နင့် မျက်နှာကို တသက်မမြင်ချင်တော့ဘူးလို့ ပြောသွားတဲ့သူငယ်ချင်းကို ရေစက်ကုန်သွားပြီလို့ သဘောထားနိုင်ပြီ။ ပညာပြနှိပ်စက်တဲ့ မန်နေဂျာမကိုလည်း ဟိုဘဝက ဝဋ္ဋ်ကြွေးရှိလို့ ဆပ်နေရတာလို့ တွေးတတ်နေပြီ။ ကိုယ်ဘာမှလုပ်လို့မရ ကံတရားလက်ထဲမှာ ရှိတဲ့အချိန်တွေမှာ ဘုရားရိပ်၊ တရားရိပ် ခိုလှုံတတ်ပြီ။ မွေးနေ့ကိတ် တခါမှမခွဲဖူးသူမို့လို့ မွေးနေ့ကိတ်ခွဲဖို့ကိုလည်း တခါမှမတွေးဖူးခဲ့။ မွေးနေ့လက်ဆောင် ပေးမဲ့သူဆိုလို့ ဝိုင်းတယောက်ပဲ ရှိပေမဲ့ ဟတ်ပီးဘတ်ဒေးတူမီ၊ မယ်ရီခရစ်စမတ်တူမီ၊ ဟတ်ပီးနယူးယားတူမီ၊ ငါလေးဟာ အတော်ပင်ပန်းတာပဲ ဆုချဦးမှဆိုပြီး ကိုယ့်ကိုကိုယ်ပြန်ပေးတဲ့ လက်ဆောင်တွေက ခပ်များများ။ မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့အခါ ကိုယ်တတ်နိုင်သမျှ ကြိုးစားတာပဲ ဖြစ်မလာတာ ကံတရားလို့ ဖော့တွေးတတ်ပြီ။ ဖေ့ဘွတ်မှာလည်း မျက်စိရှုပ်တဲ့သူတွေကို အန်ဖရင့်၊ မျက်စိနောက်တဲ့သူတွေကို အန်ဖော်လိုး။ အသက်အရွယ်နဲ့မလိုက် ကလက်တက်တက် ဝတ်စားပြီး ကလေးကလားပုံတွေကိုလည်း အားနာပါးနာနဲ့ လိုက်ခ်မပေးဘူး။ အသက်ကြီးလာလို့လား မသိဘူး ဆူဆူညံညံ သီချင်းတွေကို နားထောင်လို့မရတော့ဘူး နားအေးပါးအေး နေချင်မိတယ်။ အရင်လို အလုပ်တွေကို တရစပ်တခါတည်း အပြီးမလုပ်တော့ဘဲ နားနားပြီး လုပ်တတ်ပြီ။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းနည်းနည်း၊ မိသားစု၊ မိတ်ဆွေကောင်းတွေ ရှိနေရင် လုံလောက်ပြီ။ ကျန်းမာရေးက အရေးကြီးတာမို့ စာတွေဖတ်ပြီး ကျန်းမာအောင် နေထိုင်ဖို့ ကြိုးစားနေတယ်။ မနက် ၆ နာရီ ၇ နာရီအထိ နှိုးစက်ပေးထားပေမဲ့ နာရီဝက်လောက် တရားထိုင်ပြီး ပြန်အိပ်တတ်တဲ့ အကျင့်ကို ပြင်ရဦးမယ်။ ဓာတ်ပုံပညာစာအုပ်ဖတ်ပြီး နားလည်သလိုလိုနဲ့ မလည်တာတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ကြိုးစားရဦးမယ်။ တယောဘိုးတံထိုးတဲ့အခါ လက်ချောင်းတွေကို အသုံးမပြုဘဲ လက်ကောက်ဝတ်ကို အသုံးပြုပြီး သက်တောင့်သက်သာ ညင်ညင်သာသာ ထိုးတတ်ဖို့ လေ့ကျင့်ရဦးမယ်။ အေကြိုးကို ဘိုးတံထိုးတဲ့အခါ ဒီကြိုးကိုသွားထိမိပြီး နှစ်သံထွက် လက်မငြိမ်တာတွေ လေ့ကျင့်ရဦးမယ်။ သူများအထင်ကြီးဖို့၊ သူများလုပ်လို့ လိုက်လုပ်တာမဟုတ်ဘဲ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလုပ်ပြီး ဘဝကိုအဓိပ္ဗာယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင် နေသွားဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။

Be strong. Be yourself. Be independent. Don't listen other people's judgements.
Travel more. Read more. Learn something. Follow your dreams. Never give up your dreams.
Be happy. Be healthy.

Happy belated birthday to me !
စန်းထွန်း
ဒီဇင်ဘာ ၈၊ ၂၀၁၈။
၁၂၄ ပေါင် ၁၀ ပေါင်ချထားတဲ့အချိန် ခုတော့ မန်နေဂျာမ နှိပ်စက်လို့ပေါင် ၁၁၀ ပဲ ရှိတော့တယ်
အက်ပီတန်မော်ဒယ်လုပ်လို့ရပြီ

7 comments:

Anonymous said...


Lorem Ipsum said...

အသက်ရှည်အနာကင်းပါစေ

Anonymous said...

Happy Birthday ပါ

စာချစ်သူ (Canada)

စံပယ်ချို said...




မိုးငွေ့

San San Htun said...


San San Htun said...

Anonymous said...
Happy Birthday စန်းထွန်း
December 9, 2018 at 8:55 PM
ဆုမြတ်မိုး said...
Happy Birthday မစန်းထွန်း
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ
အသက်ရှည်အနာကင်းပါစေ
December 9, 2018 at 9:15 PM
Anonymous said...
Happy Birthday ပါ

စာချစ်သူ (Canada)
December 12, 2018 at 11:29 AM
စံပယ်ချို said...
ပိုပြီးကြည့်ကောင်းလာတယ် ပျော်ရွှင်ပါစေမွေးနေ့တိုင်း ၊အမကြီးထက်အများကြီးငယ်တာပဲ။
December 12, 2018 at 11:45 PM
coralnyo@gmail.com said...
ညီမလေးက ချောလိုက်တာ... ပျော်ရွှင်သောမွေးနေ့လေးပါရှင်...း)

မိုးငွေ့
December 13, 2018 at 3:26 AM
San San Htun said...
မွေးနေ့ဆုတောင်းပေးကြတာ ကျေးဇူးတင်ပါတယ်...
December 22, 2018 at 7:38 AM