ပေါ်တိုရီကိုသွား တောလား - ၃

နေ့ လည်စာစားဖို့  သွားနေတဲ့အချိန် မိုးကသည်းသည်းမည်းမည်းရွာတယ်။ တော်ပါသေးရဲ့  တောင်တက်နေတုန်းက မိုးမရွာလို့ ။ ဒီမိုးနဲ့ သာဆိုရင် ချော်လဲကွဲပြဲမှာ အသေအချာပဲ။ တောင်တက်တာ ပင်ပန်း ဗိုက်ကလည်းဆာ မောမောပန်းပန်း ဆာဆာလောင်လောင်နဲ့  ကားပေါ်မှာ အိပ်ပျော်သွားတယ်။ ဒီနေ့ လည်း နေ့ လည်စာနဲ့ ညနေစာကိုပေါင်းပြီး ညနေ ၃ နာရီကျော်မှ စားရတယ်။ လက်တင်ဘာဂါဆိုင်မှာ နာမည်ကြီးတာက အမဲသားကင်နဲ့  အဝါရောင်ထမင်း။ ကိုယ်တို့ က ဝက်သားကြော်နဲ့ ကင်တာမှာလိုက်တယ်။ အအေးက  ဘာတွေရလဲ မသိတာတွေကို သေသေချာချာမေးတော့ စားပွဲထိုးမလေးက အင်္ဂလိပ်လိုတတ်နိုင်သလောက် ရှင်းပြပေမဲ့ အသီးနာမည်တွေကိုမသိ။ ဝိုင်းက အချိန်မရှိတော့ဘူး မြန်မြန်မှာလို့  သတိပေးတော့မှ ဝိုင်းမှာတဲ့ passion အသီးမှာလိုက်တယ်။ ကိုယ်တို့ ရောက်တာ ညနေ ၃ နာရီ ၁၅ မိနစ်လောက် လာမေးတာက ၂၅ မိနစ်မှာ ကာယက်တိုးက လာကြိုမှာက ညနေ ၄ နာရီ နေ့ လည်စာစားဖို့  နာရီဝက်လောက်ပဲ အချိန်ရတယ်။ ကိုယ်တို့ က နောက်ဆုံးမှာတာ ဆိုင်ထဲကနေ ပန်းကန်ကိုင်ပြီးထွက်လာတိုင်း ကိုယ်တို့ ဟာများလားလို့  လှည့်လှည့်ပြီး ကြည့်ရတာအမော။ မျှော်ရလွန်းလို့  လည်ပင်းတွေရှည်လာပြီး သစ်ကုလားအုတ် ဖြစ်တော့မယ်။ ကိုယ်တို့ ဘေးနားထိုင်တဲ့အတွဲက ဝါရှင်တန်ပြည်နယ် ဆီရေတယ်မြို့ မှာနေတာ။ တောင်တက်နေကြနဲ့ တူတယ် ကောင်လေးရဲ့ ဖိနပ်က တကယ့်တောင်တက်ဖိနက်။ ကောင်မလေးကို ဖိလစ်ပိုင်ထင်နေတာ မက္ကဆီကိုသူတဲ့။ အသားညိုညို မျက်လုံးပြူးပြူး စကားပြောတဲ့လေသံက ဖိလစ်ပိုင်လေသံ။ သူတို့ လည်း ကာယက်တိုး သွားမှာတဲ့။ ကိုယ့်တိုလိုပဲ ကာယက်လှေ တခါမှမလှော်ဖူးတဲ့သူတွေ။ ညနေ ၄ နာရီထိုးခါနီးမှ နေ့ လည်စာတွေ ရောက်လာတော့ ထမင်းကို အသည်းအသန် အမြန်စားပြီး ယူသွားဖို့  ဘူးမှာလိုက်တယ်။ မကြာခင်မှာပဲ ကာယက်တိုးက လာခေါ်တယ်။ တောင်တက်တိုးတုန်းက တော်တော်များများ ကာယက်တိုးမှာပါတယ်။ တောင်တက်၊ ကာယက်တိုး ၂ ခုပေါင်းက ဈေးသက်သာတယ်။

ကမ်းခြေကို မိနစ် ၂၀ လောက် မောင်းရတယ်။ ထုံးစံအတိုင်း non disclourse agreement လတ်မှတ်ထိုးရတယ်။ တခုခုဖြစ်ရင် တိုးတာဝန်မဟုတ်ဘူး ကိုယ့်ဘာသာတာဝန်ယူရမယ်။ လေထန်နေလို့  ချမ်းလာတယ် ကိုယ်က မိုးကာအင်္ကျီဝတ်ထားတော့ မချမ်းဘူး။ ရေလည်းမကူးတတ်၊ မြစ်ချောင်းနားမှာ ကြီးပြင်းခဲ့သူမဟုတ်တော့ ဝိုင်းက ရေကြောက်တယ်။ ဂိုက်ကိုမေးကြည့်တော့ ရေအနက်က ၃၊ ၄ ပေ လောက်ပဲနက်တယ် မကြောက်ပါနဲ့ တဲ့။ ဝိုင်းက အသက်ကယ်အင်္ကျီတောင်းတယ်။ နောက်တော့ အကုန်လုံးကို အသက်ကယ်အင်္ကျီဝတ်ခိုင်းတယ်။ ဝိုင်းက အသက်ကယ်အင်္ကျီဝတ်ထားတော့မှ အချမ်းနည်းနည်းသက်သာတယ်တဲ့။ ကိုယ်က ဒီခရီးစဉ်မတိုင်ခင်လေးကမှ မိုးကာအင်္ကျီ၊ ရေစိုရင်အမြန်ခြောက်တဲ့ တောင်တက်ဘောင်းဘီ ဝယ်လိုက်တယ်။ အပြေးလေ့ကျင့်ရင်ဝတ်ဖို့  ချွှေးစုပ်ပြီး အမြန်ခြောက်တဲ့ အင်္ကျီတွေဝယ်ထားတာ ဒီနေရာမှာ အသုံးကျတယ်။ ကာယက်လှေလေးက ပေါ့ပေါ့လေး ဘယ်ကိုကွေ့ ချင်ရင် ညာဖက်ကိုလှော် ညာကိုကွေ့ ချင်ရင် ဘယ်ကိုလှော်။ ရှေ့ ဆုံးမှာထိုင်တဲ့သူက ဦးတည်ရာကိုမြင်ရတော့ ဦးဆောင်သူပါတဲ့။ ငယ်ငယ်တုန်းက ဟိုင်းကြီးကျွှန်းမှာ မောင်မောင်နဲ့  လှေစီးဖူးတော့ ကိုယ်က လှေအထာကိုသိတယ်။ ဝိုင်းက ကိုယ့်ကိုရှေ့ မှာ ထိုင်ခိုင်းတယ်။ ဘယ်ညာ ဘယ်ညာ ညာ ညာ  ဘယ် ဘယ် လိုအပ်သလို အော်ရတာပေါ့။ အံမယ် လှေကရွေ့ သား ဟုတ်လှပြီ ထင်နေတုန်း ကျောက်ချထားတဲ့ မော်တော်ကို သွားတိုက်တယ်။ အံမယ်လေး အော်ပြီး လှော်တက်နဲ့ တွန်း ဝိုင်းကိုလည်း ညာဖက်ကိုလှော်ဖို့ အော်။ ဆီရေတယ်ကအတွဲက ကောင်လေးက ညာဖက်ကိုလှော်လို့  အော်ပြောသွားတယ်။ လမုချောင်းထဲ ဝင်တဲ့အချိန် ဒုက္ခရောက်တယ် အကွေ့ အကောက်တွေများတော့ မထိန်းနိုင်ဘဲ လမုတောကိုဝင်တိုက်၊ တခြားလှေတွေဝင်တိုက် အကုန်နှောင့်နှေးကုန်တာပေါ့။ လိုက်ပါစောင့်ကြည့်နေတဲ့ တိုးဂိုက်တယောက်က ကိုယ်တို့ အခက်ကြုံနေတာတွေ့ တော့ ကိုယ်တို့ လှေကို သူ လှေနောက်မှာချိတ်လိုက်တယ်။ ဒီတော့လှေက လမုတောတွေ၊ တခြားလှေတွေ ဝင်မတိုက်တော့ဘူး။ တခြားလှေတွေနဲ့  သိပ်မကွာတော့လို့  ကိုယ်တို့ ကို မလှော်နဲ့ တော့တဲ့။


ရှေ့ ကတိုးဂိုက်က လှေလှော်နေပြီး ကိုယ်တို့ လှေမလှော်တာကိုတွေ့ တော့  အမည်းမတယောက်က ညည်းတို့  work out လုပ်ဖို့ လိုတယ်လို့ ပြောတယ်။ ဝိုင်းက အဲ့ဒီလိုမဟုတ်ဘူးလို့  ရှင်းပြဖို့ ကြိုးစားပေမဲ့ သူတို့ လှေက ကိုယ်တို့ ကို ကျော်သွားတယ်။ ပြောလိုက်ချင်တာ ကိုယ်တို့ အားကစားလုပ်တယ် ကိုယ်ဆိုရင် တပတ် ၃ မိုင်ပြေး ညနေတိုင်း ၁၀ မိနစ် work out လုပ်တယ်။ ဝိုင်းက အားကစားရုံမှာ သွားကစားတယ် ခန္ဓာကိုယ်ကိုကြည့်လိုက် အားကစားလုပ်ဖို့ လိုသာ ကိုယ်တို့ မဟုတ်ဘူး ခင်ဗျားပဲလို့ ပြောလိုက်ရင် ဆွေ့ ဆွေ့ ခုန်နေမှာ။ စထွက်တုန်းက တိုးဂိုက်က ကိုယ်တို့ ကို လှေပေါ်တင်ပါးအရင်ချ ပြီးမှခြေထောက်ကိုသွင်းလို့  ရှင်းပြတာ ခဏကြောင်သွားတယ်။ ပြီးမှ ဘာကိုဆိုလိုတယ်ဆိုတာသိလို့  အဲ့ဒီအတိုင်းလိုက်လုပ်တယ်။ အဲ့ဒါကိုဘေးလှေက အဲ့ဒီအမည်းမက အင်္ဂလိပ်စကားသိလားလို့  ဝိုင်းကိုမေးတယ်။ come on အင်္ဂလိပ်စကားမသိဘဲ စတိတ်မှာ အလုပ်ဘယ်လိုလုပ်မလဲ။ စတိတ်ရောက်တာ  ၅ နှစ်ရှိနေပြီ မြန်မာပြည်ကဘွဲ့ ရ အင်္ဂလိပ်စကား မပြောတတ်တဲ့သူတွေကို တွေ့ ဖူးတယ်။ မာရီယာမုန်တိုင်းကြောင့် ပြုတ်ပြုတ်ပြုန်းနေတဲ့ လမုတောတွေလည်း တွေ့ ခဲ့တယ်။ လမုတောတွေမှာ သက်ရှိဇီဝမျိုးစုံရှိပြီး ရေတိုက်စားတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေကန်ကျယ်ကြီးဆီကိုရောက်တော့ တိုးဂိုက်က ကိုယ်တို့ လှေကြိုးကို ဖြုတ်လိုက်တယ်။ ကျယ်ကျယ်ပြူးပြန့် ပြန့် ဆိုတော့ လှေစီးရတာ အင်မတန်ကောင်း တိုက်မိမှာလည်း ပူစရာမလို။ တိုးဂိုက်တယောက်က ဓာတ်ပုံလိုက်ရိုက်ပေးတယ်။ ရေစိုမှာဆိုတော့ ဖုန်း၊ ပိုက်ဆံအိတ်၊ ရေဗူး ဘာဆိုဘာမှ မယူခိုင်ဘူး။ လှေတတွဲလိုက်ဖြစ်အောင် တယောက်လှေကိုတယောက်ကိုင်ထိန်းပြီး အပေါ်ကနေ တာလပတ်အပြာရောင်အုပ်လိုက်ပြီး ရေကိုလက်နဲ့ ယက်လိုက်တဲ့အခါ ရေထဲမှာ လင်းလက်နေတာကို တွေ့ ရတယ်။ အယ်မလေး ဒါများအဆန်းလုပ်လို့  ငယ်ငယ်တုန်းက ဟိုင်းကြီးမှာဒါမျိုးမြင်ဖူးတယ်။

ဒါတောင် ဒီနေရာက လူအရောက်အပေါက်များလို့  ဇီဝတွေပျက်စီးပြီး သိပ်မမြင်ရတာတဲ့။ ပတ်ဝန်းကျင်တခွင်လုံး မှောင်မှောင်မည်းလို့  ဟိုအဝေးမှာ နီယွန်မီးရောင်တွေကို တွေ့ ရတယ်။ လှေဦးထိပ်မှာ လင်းနေတဲ့အဝိုင်းကွင်းကြောင့် လှေတွေ ဦးတည်ရာကို သိနိုင်တယ်။ ချောင်းထဲက လှေတွေထွက်လာလို့ စောင့် လှေတွေရှင်းတော့မှ ချောင်းထဲဝင်။ ချောင်းထဲဝင်တာနဲ့ ကိုယ်တို့ ဒုက္ခရောက်တော့တာပဲ။ မှောင်မှောင်မည်းမည်း အကွေ့ အကောက်တွေများတော့ လမုပင်တွေကိုတိုး ။ အလင်းရောင်မရှိ ကိုယ်တို့ ကလည်း မျက်မှန်သမားတွေ။ ၃ ခါလောက် တိုးတိုက်နေတော့ တိုးဂိုက်တယောက်က ကိုယ်တို့ လှေကို လာတွဲပေးတယ်။ ဒီတော့မှပဲ ဝင်တိုးမတိုက်တော့ဘူး။ ခုမှလာတဲ့ ကာယက်လှေတွေ တွေ့ တယ်။ ချောင်းကအထွက် ကမ်းခြေဆီသွားတဲ့အချိန် လေအင်မတန်ထန်တယ်။ လေထန်လွန်းလို့  လှေကရွေ့ ပါ့မလားတောင် စိုးရိမ်မိတယ်။ ဝိုင်းက အဲ့ဒီအချိန်မှာ ကြောက်နေတာတဲ့ ဟဲ့ အဲ့ဒီနေရာက ရေတိမ် ၃ ပေလောက်ပဲ နက်တယ်။ လှော်တက်နဲ့စမ်းလိုက်ရင် သောင်ပြင်ကိုထိတယ်။ ဒီနေရာမှာ လှေမှောက်ရင် ကမ်းခြေကို လမ်းလျှောက်သွားလို့ ရတယ်။ တကယ်ကြောက်ရမှာက ရေကန်မှာ ရေအတော်နက်တယ်။ တိုးဂိုက်က ဟေး အဲ့ဒီဖက်မှာ ကျောက်ဆောင်တွေ၊ သောင်တွေရှိတယ် လှေတင်သွားလိမ့်မယ် ဒီဖက်ကိုလာလို့ အော်တယ်။ တပေါင်းလမော်တင်ဘုရားပွဲချိန်ဆိုရင် ရေကြောင်းဌာနက ရေစူးလာစမ်းပြီး ရေကြောင်းအမှတ်အသားတွေ လုပ်တယ်။ အနီရောင်ဘောလုံးပြထားတဲ့နေရာမှာ သောင်၊ ကျောက်ဆောင်ရှိတယ်။ ရေကြောင်းပြအမှတ်အသားတွေကို မလိုက်နာတဲ့သင်္ဘောတွေ သောင်တင်တတ်တယ် ဒီရေတက်လာတော့မှ မောင်းလို့ ရတယ်။ ရေစီးကြောင်း၊ လေတိုက်နှုန်း၊ လေတိုက်ခတ်တဲ့ဖက်တွေကြည့်ပြီး တက်မကိုင်၊ စက်မောင်းဆလင်တွေက သင်္ဘောကို ထိန်းကျောင်းမောင်းနှင်ရတယ်။  ကိုယ်တို့ အရင်ရောက်နေတာတွေ့ တာ အမည်းမက ညည်းတို့ ကို စိတ်ပူနေတာ ရောက်တောင်ရောက်လာပါ့မလားလို့ တဲ့။ တကယ်စိတ်ပူတာလား နှိမ်ချင်တာလား။

တိုးဂိုက် ၃ ယောက်က you make it. good job. ၃ မိုင် ကာယက်ခရီးက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး။ လူတိုင်းမလုပ်နိုင်ဘူး ၈၀ ရာခိုင်နှုန်းသာ အောင်မြင်တာပါတဲ့။ ဓာတ်ပုံတွေကို glassbottompr ဖေ့ဘွှတ်ကနေ ဒေါင်းယူနိုင်ပါတယ်တဲ့။ ၂ နာရီလောက် work out  လုပ်လိုက်ရတော့ ဗိုက်ဆာနေမှာ အဆာပြေ မုန့် လေးတွေ ကျွှေးတယ်။ သူတို့ ဝန်ဆောင်မှု တကယ်ကောင်းပါတယ်။ တကိုယ်လုံးရွှဲရွှဲစို၊ အိမ်သာသွားပြီး အင်္ကျီလဲလို့ ရတယ်။ ကားပေါ်မှာ ပုဝါလေးတွေပေးတေယ် ကိုယ်တို့ မှာ အပိုအင်္ကျီတစုံပါပေမဲ့ ဟိုတယ်ကို နာရီဝက်လောက်မောင်းရင် ရောက်မှာမို့ လို့  မလဲတော့ဘူး။ ဟိုတယ်တွေကို လိုက်ပို့ ပေးပေမဲ့ ခဏကြာတော့ တချို့ ဟိုတယ်တွေကို နောက်ကားတစီးက လိုက်ပို့ ပေးမှာမို့ လို့  တရုတ်လေးတွေ တခြားကားပြောင်းသွားတယ်။ အသက် ၈ နှစ်အရွယ်ကလေးက  မနိုးလို့  သူ့ အမေက အတင်းနိုးရတယ်။ အဲ့ဒီသားအမိက ကိုယ်တို့ ထက် အများကြီးသာတယ်။ ၈ နှစ်အရွယ်ကလေးတောင် ကာယက်လှေလှော်နိုင်တယ်ဆိုတော့ family friendly မိသားစုလုပ်နိုင်တဲ့တိုးပါ။ ကိုယ်တို့ နဲ့ အမည်းမအုပ်စုက နောက်ဆုံး အမည်းမအုပ်စုက ဟောလီးဒေးအင်းမှာ။ ကိုယ်တို့ ဟိုတယ်က အထဲကိုနည်းနည်းဝင်ရခက်လို့  လမ်းထိပ်မှာပဲချပေးပြီး ဟောလီးဒေးအင်းကနေ တဘလောက်လျှောက်လိုက်ရင် ကိုယ်တို့ ဟိုတယ်ပဲတဲ့။ အမည်းမအုပ်စုနောက်က မလိုက်ချင်လို့  ကိုယ်တို့ သွားနေကျနေရာကသွားတယ်။ အမည်းမအကြောင်း အတင်းအုပ်ကြတယ်။ ပင်လယ်ရေငန်စိုတာမို့ လို့  အင်္ကျီအဝတ်အစားတွေ အကုန်ပြန်လျှော် ရေချိုးပြီးတဲ့အချိန် ည ၁၁ နာရီခွဲ။ နောက်နေ့  မေ ၂၀ တနင်္ဂနွေနေ့  Gozalandia ရေတံခွန်နဲ့  Cerro Gordo ကမ်းခြေဆီသွားတဲ့အကြောင်းကတော့ နောက်ပို့ စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဇွန် ၅၊ ၂၀၁၈။

1 comment:

လွင်ပြင်လှိုင်းငယ် said...

Gozalandia ရေတံခွန်နဲ့  Cerro Gordo ကမ်းခြေသွးတဲ့ဆီကိုမျှော်နေပါ့မယ်