ညနေစောင်း ဆန်ဟိုဆေးမြို့ထဲကို သွားလည်ချင်လို့ တက္ကစီ စီစဉ်ပေးနိုင်မလားလို့ ဧည့်ကြိုကောင်တာကိုမေးတော့ ၁ နာရီ ၂၀နဲ့ ၃ နာရီ ၆၀ ကျမယ် တရက်ကြိုပြောရတာ ခုချက်ခြင်းဆိုတော့ ကြိုးစားပေးမယ်တယ့်။ တက္ကစီရရင်သွားမယ် မရရင်လည်း အိုကေတယ်ဆိုပြီး အဆင်သင့်ပြင်ဆင်တယ်။ မိနစ် ၂၀ လောက်ကြာတော့ တက္ကစီရတယ်လို့ ဧည့်ကြိုကောင်တာက ဖုန်းဆက်လာတယ့်အချိန် ရယ်ဒီပဲ။ ဆန်ဟိုဆေးမြို့ထဲကို မိနစ် ၂၀ လောက်မောင်းရပြီး လမ်းတွေက ၃ လမ်းသွားလမ်းတွေ။ ဘောလုံးကွင်းကို တရုတ်တွေ ဆောက်ပေးထားတာ ကော့စကာရီကန်တွေဆို ဝင်ကြေးအခမဲ့ပါတဲ့။ Huawei ဆိုတဲ့ဆိုင်းဘုတ်တွေ ထောင်ထားတယ် တောင်အမေရိကသားတွေက ဘောလုံးခရေဇီ။ ကမ္ဘာ့ဖလားခြေစစ်ပွဲဆိုလား ကိုပါဖလားဆိုလား တခုခုမှာနိုင်လို့ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံကြတာ ရုံးပိတ်ရက်တောင် သတ်မှတ်ပေးလိုက်ရတယ့်အဖြစ်။ ဒရိုင်ဘာက အင်္ဂလိပ်စကား သိပ်မကျွှမ်းဘူး ဒါပေမယ့် တတ်နိုင်သလောက် ကြိုးစားပြောတယ်။ ကိုစကာရီကာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေးက အခမဲ့ ပင်စင်လည်းရှိတယ်။ ပရိုက်ဗိတ်ဆေးရုံတွေလည်း ရှိတယ်။ မြို့လယ်ကောင်က ပုသိမ်မြို့သာသာ ကားတွေ၊ မီးပွိုင့်တွေ ရှုပ်တယ်။ အနုပညာပြတိုက်က ပိတ်နေပြီမို့လို့ အပြင်ကနေရိုက်တယ်။ မြို့လယ်ကောင်က ရုပ်တုတွေနဲ့ ဓာတ်ပုံရိုက်တယ်။ သမ္မတနေတယ့်အိမ်တော် မရှိဘူး သမ္မတဆိုပြီး ဘာမှအထူးခံစားခွင့်လည်း မရှိဘူး။ ကိုယ့်အိမ်မှာကိုယ်နေ သမ္မတက မြို့ထဲလမ်းတွေမှာ လျှောက်သွားနေတတ်တယ်။ လက်ဆွဲနှုတ်ဆက် စကားစမြည်ပြောလို့ရတယ်။ သမ္မတအိုဘာမားလာတုန်းကဆို အယ်မလေး ရဟတ်ယာဉ်တွေ၊ မော်တော်ကားတွေ၊ သေနတ်တွေနဲ့ ရှုတ်ရှပ်ခတ်နေတာပဲတယ့်။ မြိ ု့ထဲမှာတော့ ရဲကားတွေ ကင်းလှည့်တယ်။ အရင်တုန်းကထောင် ခုတော့ထောင်မရှိတော့ဘူး ဝန်ထမ်းတွေနေတယ်။ ကိုစကာရီကာနိုင်ငံ တည်ထောင်တယ့် ဗိုလ်ချုပ်ကြီးရုပ်တုကို ဓာတ်ပုံရိုက်တယ်။
ကျောက်စိမ်းပြတိုက်က နာမည်ကြီးတယ် ညဖက်ပြတိုက်ပိတ်ချိန်ဆိုတော့ ဓာတ်ပုံပဲရိုက်ခဲ့ရတယ်။ ကော့စကာရီကန်လူမျိုး ၉၀ ရာခိုင်နှုန်းက ခရစ်ယာန်ကက်သလစ်ဘာသာဝင်တွေ။ ဘုရားကျောင်းတွေက ကြီးကျယ်ခမ်းနားလှပတယ် ဘာသာတရားကိုင်းရှိုင်းကြတယ်။ ဈေးတပတ် ပတ်လျှောက်တော့ မီးပွိုင့်စိမ်းရင် ပီးပေါ်အော်တယ်။ ဘာလဲလို့မေးတော့ မျက်စိမမြင်တယ့်သူတွေ လမ်းကူးနိုင်အောင် လုပ်ပေးထားတာတယ့်။ တနင်္ဂနွေညနေဖက်ဆိုတော့ ဆိုင်တော်တော်များများ ပိတ်နေကြပြီ။ တိုးဂိုက်ညွှန်တယ့် ကိုလံဘီယာဆိုင်က ချိစ်ပေါင်မုန့်လုံး Almojabana၊ သစ်သီးကိတ်၊ သီးစုံဖျော်ရည် အရမ်းကောင်းတာပဲ။ ကျသင့်ငွေကို အမေရိကန်ဒေါ်လာနဲ့ လက်ခံတယ်။ ၁ ဒေါ်လာကို ကိုစကာရီကန် ကုန်လုန် colon ငွေ ၅၄၀ လောက်ကျတယ်။ ချီစ်ပေါင်မုန့်လုံးက စားကောင်းလွန်းလို့ နယူးယောက်မှာ ကိုလံဘီယာပေါင်မုန့်ဆိုင် လိုက်ရှာနေတယ်။ ဘယ်နေရာရောက်ရောက် အိမ်သာဝင်ချင်တယ့် ဆူနမ်က အိမ်သာဝင်ချင်တော့ အကြွေစေ့နဲ့ ဝင်ရတာတယ့်။ တိုးဂိုက်မှာလည်း အကြွေမပါတော့ ဈေးဝယ်နေတယ့်အစ်မတစ်ယောက်က ပေးသွားတယ်။ ဆူနမ်က ဝိုင်သောက်ဖို့ အမှတ်တရခွက်သေးသေးလေး ဝယ်ချင်တာ လက်ဆောင်ပစ္စည်းရောင်းတယ့်ဆိုင်တွေက ပိတ်နေပြီဆိုတော့ မဝယ်ခဲ့ရဘူး။ လာဖေါ်တူနာမြို့က ဟိုတယ်မှာ သူသဘောကျတာတွေ့ပေမယ့် မဝယ်ဖြစ်ခဲ့ဘူး။ ၃ နာရီပေမယ့် ၂ နာရီခွဲနဲ့တင် ဟိုတယ်ပြန်ရောက်တယ်။ ဒရိုင်ဘာက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလိုက်ပို့ပေးပြီး တိုးဂိုက်လို ရှင်းပြပေးလို့ တဖ်များများပေးလိုက်တယ်။ ညစာကို ဟိုတယ်မှာစားတယ် မီးတောင်တက်တုန်းက တိုးဂိုက်မလေးညွှန်တယ့်ဟာကို မှာလိုက်တာ ငါး၊ ပုဇွန်အစိမ်းကို သံပုရာသီးဆမ်းထားတယ့်ဟာဖြစ်နေတော့ ဆူနမ်ဘယ်လိုမှမစားနိုင်ဘူး။ အသားသိပ်မပါတယ့် dragon roll ကို စားနိုင်ပေမယ့် shashimi စားတာ အကုန်ပြန်အန်ပြီးကတည်းက ဆူရှီတောင်မစားတော့ဘူးတဲ့။ ရာမားက ကုလားစာပဲစားတယ် တခြားဘာမှမစားနိုင်ဘူး။ ကိုယ်က မဆလာမကြိုက်၊ ကုလားစာသိပ်မကြိုက်ပေမယ့် ဆူနမ်တို့ သွားစားရင်တော့လိုက်စားတယ်။ ကိုယ့်ဘာသာ နောက်တခေါက်သွားစားမလားဆို နိုးပဲ။ ပနားမားကို သွားလည်တယ့်အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
ဧပြီ ၁၁၊ ၂၀၁၈။
လာဖေါ်တူနာမြို့ကနေ ဆန်ဟိုဆေးမြို့ဆီသွားတဲ့ လမ်းမှာနားခဲ့တဲ့နေရာ |
ကိုစကာရီကာရိုးရာအလံနဲ့ ရိုးရာလှည်းဘီး |
တရုတ်ဆောက်ပေးထားတဲ့ ဘောလုံးကွင်း |
အနုပညာပြတိုက် |
ဆန်ဟိုဆေးမြို့လယ်ကောင်က ရုပ်ထု |
အရင်တုန်းကထောင် |
ကိုစကာရီကာနိုင်ငံ ဖခင်ကြီး |
အနုပညာ တေးဂီတာ ပြဇာတ်ကတဲ့ နေရာ |
ဆန်ဟိုဆေးမြို့လယ်ကောင်က အဆောက်အဥ◌ီး |
၁၈၈၀ ကတည်းက တည်ဆောက်ထားတဲ့စေ◌ျး နွားလှည်းဘီးတံဆိပ် |
ကက်သလစ်ဘုရားရှိခိုးကျောင်းတွေ ခမ်းနားတယ် |
Made in အာဂျင်တီးနား ခုတလော အဲ့ဒီဆွဲကြိုးကို အမြဲဆွဲနေတယ် |
ကော့စကာရီကာက ဝယ်လာတဲ့ အမှတ်တရပစ္စည်းလေးတွေ ရုံးကစားပွဲမှာထားတယ် |
ဝယ်တုန်းကတော့ များလှပြီထင်နေတာ မိတ်ဆွေတွေကို လက်ဆောင်ပေးပြီးတော့ ကိုယ့်အတွက် ဘာမှမကျန်တော့ဘူး ဝိုင်းသွားမှ ကော်ဖီမှာလိုက်ဥ◌ီးမယ် |
Adventure Inn မှာစားတဲ့ Today Chief Special ညစာ |
အမဲကင် |
3 comments:
You look more beautiful!
Ma Ma Iora
Beauty is the eye of beholder.
ခ်စ္ေသာမ်က္စိနဲ ့ ၾကည့္လိုု ့ လွေနတာပါ ... :)
San San Htun said...
Beauty is the eye of beholder.
ချစ်သောမျက်စိနဲ့ ကြည့်လို့ လှနေတာပါ ... :)
April 22, 2018 at 5:38 PM
Post a Comment