တောင်ခြေမှာ ကားရပ်လိုက်ပြီး တောင်တက်ရမယ်တဲ့။ တောင်ခြေက လုံးခြင်းအိမ်လေးတွေက ချစ်စရာလေးတွေ သူဋ္ဌေးတွေ နေတာ။ တောင်ပေါ်ဆိုတော့ ရှုခင်းလှတယ်။ တောင်ပေါ်ကနေ ဆင်းလာတဲ့ အလယ်တန်းကျောင်းသား ကျောင်းသူလေးတွေ တွေ့တယ်။ အသားညှိညှိ၊ ဆံပင်နက်နက် မျက်ခုံးနက်နက်လေးတွေ။ တောင်ကလည်း မတ်လိုက်တာ ဆယ်မိနစ်လောက် လျှောက်ပြီးတဲ့အထိ မရောက်သေးလို့ မေးကြည့်လိုက်တော့ မိနစ် ၂၀ တက်ရမယ် ခုတဝက်ရောက်ပြီတဲ့။ ဟိုက်နေအောင် အားစိုက်တက်ရတယ် ရေဗူးမယူခဲ့တော့ ရေငတ် ချွှေးပြိုက်ပြိုက်ကျ။ လေအေးတချက်တိုက်လိုက်ရင် ခဏအမောပြေပေမဲ့ မောလိုက်တာ။ ဆူနမ်က အတော်လေးမှာ ကျန်ခဲ့လို့စောင့် တိုးဂိုက်က မစောင့်ဘူး တက်နှင့်တယ် ဖုန်းပြောမပြတ်။ ဆူနမ်က လမ်းလျှောက်ရမယ်ဆိုရင် ဘောင်းဘီတိုအမြဲဝတ်တာ ခုဂျင်းဘောင်းဘီနဲ့ဆိုတော့ တက်ရအင်မတန်ခက်တယ်။ ဒီလိုတောင်တက်ရမယ်ဆိုရင် သူ့ကိုပြောပါလား ဘောင်းဘီတိုဝတ်မှာပေါ့တဲ့။ ကိုယ်မှမသိတာ တောင်ပေါ်ကိုကားနဲ့တိုက်ရိုက်တက်မယ်ထင်နေတာ။ တိုးဂိုက်က ရေဗူးယူခဲ့လို့လည်း မပြောဘူး စိတ်ဆိုးနေတာ လှည့်ပြန်သွားမလို့တောင် စဉ်းစားနေတာတဲ့။ တောင်ထိပ်ကိုရောက်တော့ ရှုခင်းကဒီလောက်လည်း မလှပါဘူး တောင်ထိပ်မှာ တာဝါတိုင်ပဲရှိတယ်။ ဆူနမ်က ရေဘူးရောင်းတဲ့ဆိုင်ရှိလားမေးတော့ မရှိဘူး။ ဓာတ်ပုံရိုက်ပြီး ပြန်ဆင်းတာ ၁၅ မိနစ်လောက်ပဲကြာတယ်။ ပနားမားတူးမြောင်းအဝင်အထွက်ကို ကာကွယ်ဖို့ အမေရိကန်စစ်တပ် တည်ဆောက်ခဲ့တဲ့ Amador Causeway တံတားကို ဖြတ်ကျော်ပြီး ဗျူးပွိုင့်မှာ ဓာတ်ပုံရိုက်ကြတယ်။ ပနားမားမှာ ရုံးတက်ရုံးဆင်းချိန် အင်မတန်ကားကြောပိတ်တယ်။ ကားလမ်းပိတ်တာ သက်သာစေဖို့အတွက် ပနားမားမြို့ဟောင်းကနေ မြို့သစ်ဆီကို ရထားလမ်းတွေ ဖောက်နေပါတယ်။ တရုတ်မုခ်ဦးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော် တူးမြောင်းစဖောက်ကတည်းက တရုတ်တွေ အခြေချနေထိုင်ခဲ့တာ။
ပနားမားစီးတီးနဲ့ Amador Causeway ကို Ancon Hill က မြင်ရစဥစဥ◌် |
ဟိုးအဝေးက ပနားမားတူးမြောင်း |
တရုတ်တွေရောက်နေတာ နှစ်ပေါင်း ၁၅၀ ကျော်ပါပြီတဲ့ |
ကော့စကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးမြို့လယ်ကောင်မှာ တရုတ်တန်းရှိတယ်။ နီပေါမှာတော့ တရုတ်တန်းမရှိဘူး။ နာရီဝက်လောက်ဝေးတဲ့ ကျွှန်းသုံးကျွှန်းကို လိုက်ပို့တယ်။ ဖလာမင်းကိုးကျွှန်းဆိုတာတော့ မှတ်မိတယ်။ ပင်လယ်ပြာပြာ အုန်းပင်လေးတွေနဲ့ သာယာလှပတဲ့ကျွှန်း။ နိုင်ငံခြားသားအများစု လာရောက်ကြတဲ့နေရာတယ့်။ ကိုယ်တို့သွားတဲ့အချိန် ဘယ်သူမှမရှိဘူး ရှင်းလင်းနေတယ်။ တနင်္လာနေ့နေ့လည်မို့လို့နဲ့ တူပါရဲ့။ လမ်းတလျှောက် စားသောက်ဆိုင်၊ ဟိုတယ်တွေကြီးပဲ။ တနာရီလောက်ဝေးတဲ့ကျွှန်းကို ဖယ်ရီစီးပြီး သွားလို့ရတယ် အင်မတန်လှတယ်။ ငါးမျှားဖို့အရမ်းကောင်းတယ်တဲ့။ ဟိုဖက်ကမ်းဖက်ဆီမှာ မိုးတိမ်တောင်တွေ လေထဲမှာ မိုးနံ့ရတယ်။ မိုးမရွာပါစေနဲ့ ထီးမပါဘူး ဓာတ်ပုံလှည့်ပတ်ရိုက်။ ပနားမားဟာ အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကြားမှာ ရှိနေတော့ တောင်နဲ့မြောက် ရာသီဥတု၊ အစားသောက်ကွာခြားတယ်။ လမ်းကဈေးတခုမှာ ရပ်ပေးလို့ ပနားမားဦးထုပ် ဝင်ဝယ်တယ်။ အဖေ့အတွက် ပနားမားဦးထုပ် ဝယ်ချင်ပေမဲ့ ဆိုဒ်ကိုမခန့်မှန်းတတ်။ အဖေက ဂျီးခပ်များများ ဟိုဟာမကြိ ုက် ဒီဟာမကြိ ုက်။ နောက်ဆုံးတော့ ကိုယ့်အတွက်ပဲ ဝယ်ဖြစ်တော့တယ်။ ဈေးသက်သာမလားလို့ လှည့်ပတ်ကြည့်တာ ဈေးကအတူတူပဲ ၂၅ ကျပ်။ JCrew မှာ ပနားမားဦးထုပ်တွေ့တယ် ၅၅ ကျပ် ဘယ်တော့မှ ဈေးမလျော့ဘူး။ မကြီးက ဘန်ကောက်မှာ calcultaor မှာ သူပေးချင်တဲ့ဈေးရိုက် ဈေးရောင်းတဲ့သူက ခေါင်းခါပြီး သူရောင်းနိုင်တဲ့ဈေးကို calculator မှာ ရိုက်ပြီး ဈေးဆစ်အရောင်းအဝယ်ဖြစ်ကြတယ်။ ကိုယ်လည်း ဈေးဆစ်မလို့ ၂၀ လို့ လက်ထောင်ပြတာကို ခေါင်းတွင်တွင်ခါပြီး စပိန်လို မှုတ်တယ်။ တိုးဂိုက်ကို အကူအညီတောင်းပြီး ဈေးဆစ်မလို့ တိုးဂိုက်က ဘယ်ရောက်နေမှန်းမသိ။ နောက်ဆုံးတော့ ဈေးမဆစ်ဘဲ ဝယ်လိုက်ရ ရှာလေသတည်း။ ဘာမဆိုဒစ်စကောင့်မှ ဝယ်တတ်တယ့်သူ ဒီတခါတော့ ဒစ်စကောင့်မပါဘဲ ဝယ်လိုက်ရပြီ။
ပနားမားဦးထုပ်လေးက ပေါ့ပေါ့ပါးပါးလေး ဆောင်းလို့ကောင်းတယ် စတိုင်ကျတယ်။ မျက်နှာကို နည်းနည်းလေးပဲကာပေးတယ် နွေရာသီဆိုရင်တော့ ပနားမားဦးထုပ်နဲ့ရမယ်မထင်။ Casco Viejo ကိုလိုနီမြို့လေးက ၁၆၇၃ ကတည်းက ဆောက်ခဲ့တာ။ အဆောက်အဦးတွေက ရှေးဟောင်းလက်ရာလေးတွေ။ ရှေးဟောင်းလက်ရာမပျက် ပြုပြင်ထိန်းသိမ်းနေတယ်။ ဟိုးအရင်တုန်းက ပင်လယ်ဓားပြတွေ မီးရှို့လို့ ၂ ခါ မြိ ု့ပျက်သွားဖူးတယ် အစိုးရရုံးတော်တော်များများ အဲ့ဒီမှာရှိတယ်။ မြို့တော်ခန်းမ ကယ်ပီတယ်ရှိတယ်။ သမ္မတအိမ်တော်မရှိဘူး သမ္မတက သူ့အိမ်တိုက်ခန်းမှာပဲနေတယ်။ ကိုယ်ရံတော်တွေမရှိဘူးတဲ့။ အဆောက်အဦးတော်တော်များများ ရှေးလက်ရာမပျက် ပြုပြင်ထိန်းသိမ်းထားတယ်။ ပြင်သစ်တွေက ဒီမှာနေရတာကြိုက်လို့ အိမ်ငှားနေကြတယ်။ အိမ်ဈေးအတော်မြောက်တယ်တဲ့။ မြို့လယ်ကဘုရားကျောင်း၊ ပနားမားတည်ထောင်တယ့်သူရုပ်ထုတွေ လိုက်ပြတယ်။ ကက်သလစ်ဘုရားကျောင်းက အင်မတန်ခမ်းနားတယ် ရုပ်တုတွေမှာ ရွှေချထားတယ်။ ဆူနမ်က ရေဆာလို့ milk shake ဝယ်သောက်တယ်။ ပနားမားမှာ အသီးအနှံတွေ စားကောင်းတယ်။ တိုးဂိုက်က နေ့လည်စာ သူ့သူငယ်ချင်းကို ခုကတည်းကမှာထားမယ် ကိုယ်တို့ရောက်တာနဲ့ အဆင်သင့်စားရအောင်။ ငါးနဲ့ထမင်းမှာလိုက်တယ် ငါးဈေးကို ငါးမိနစ်လောက်မောင်းရတယ်။ တိုးဂိုက်သူငယ်ချင်းက လာစောင့်နေတယ်။ ကိုယ်တို့ကို ဆိုင်တန်းမှာ နေရာချပြီး ဘာစားမလဲမေးတယ်။ ငါးဈေးဆိုတော့ အညှီနံ့ရတယ်။ ဆယ်မိနစ်လောက်ကြာတဲ့အထိ မရောက်သေးတော့ နာရီတကြည့်ကြည့်။ ဒီထက်ကြာရင်တော့ မစားတော့ဘူး ထုပ်ပြီးကားပေါ်မှာ စားရတော့မယ်။ သိပ်မကြာခင် ငါးကြော်ရောက်လာတယ် အင်မတန်စားကောင်းတယ်။ ထမင်းလုံးတီးကို ထိတောင်မထိဘူး။
သူပို့စ်ပေးနေတာလေးကို သဘောကျလို့ |
Happy Traveling !
စန်းထွန်း
ဧပြီ ၂၈၊ ၂၀၁၈။
ဖလမ်းမင်းကိုးကမ်းနား |
ဘယ်ဖက်က ကိုယ်သွားခဲ့တဲ့ အမြင့်ဆုံး Ancon Hill နဲ့ ပနားမားစီးတီး |
2 comments:
မမအိုင်အိုရာ
Anonymous said...
ခရီးသွားတာတကယ်ဝါသနာတူတဲ့သူနဲ့မှ
မဟုတ်ရင်အတော်စိတ်ကသိကအောက်ဖြစ်ရတာ။
ပြောမနာဆိုမနာလောက်အောင်ရင်းနှီးရင်တော့ပြီးသွားတဲ့အခါအဲဒီကသိကအောက်တွေပြန်ပြောပြီးရယ်မောကြပြီး ပိုပြောမနာဆိုမနာဖြစ်
လာတာလည်းရှိတတ်ပါတယ်။ ကြီးပေါင်းကတော့သိပ်လွယ်မယ်မထင်။
ကျေးကျေးပါစန်းထွန်းလေးရေ။
မမအိုင်အိုရာ
April 29, 2018 at 7:39 PM
Post a Comment