All About DC - 2

ဒီစီက လည်ပတ်သင့်တယ့်နေရာတွေကို ရှာဖွေတော့ တော်တော်များများက ရောက်ဖူးပြီးသား။ မရောက်ဖူးသေးတယ့် နေရှင်နယ်အာခိုက် (National Archives) ဆိုတယ့် အစိုးရနဲ့ သမိုင်းဝင် စာချုပ်စာတမ်းတွေ သိမ်းဆည်းပြသထားတယ့် ပြတိုက်ကို ဒီတပတ် စနေနေ့မှာ သွားလည်မယ်လို့ စိတ်ကူးထားတယ်။ အာခိုက်ဘူတာက တက်ရင်ပဲ ယူအက်စ်နေဗီ မန်မိုရီယမ် (US Navy Memorial)  တွေ့တော့ ရိုက်တယ်။

United States Navy Memorial

ရှေ့မှာတွေ့တယ့် အာခိုက်အဆောက်အဦးကို ရိုက်တယ်။

Archives of The United States of America

ဆိုက်ကားတစီးတွေ့တာကို ရိုက်တယ်။

ဆိုက်ကားလေးနဲ့ တူပျော်ပျော်...

အိုးတောင်း ထရော်လီကို ရိုက်တယ်။

Old Town Trolley

ဘေးက ရွှေရောင်အမိုးခုံး၊ မြင်းစီးနေတယ့် ဗိုလ်ချုပ် ဝင်းဖီးလ်စကော့ဟန်ကွတ်ရုပ်တု (Major General Winfield Scott Hancock Statue) ကို ရိုက်တယ်။

Major General Winfield Scott Hancock Statue

စတားဘာ့ခ်ကော်ဖီဆိုင်ကိုတွေ့တော့ မနှစ်က ခရစ်စမတ် ဒီစီကို ပထမဆုံးအကြိမ် လာလည်တုန်းက ညဖက် ကယ်ပီတယ်နားမှာ လမ်းပျောက်ပြီး ဘူတာရုံ ရှာမတွေ့ဖြစ်နေတာ။  တွေ့တယ့်ဘတ်စ်ကားပေါ်တက်ပြီး အနီးဆုံး ဘူတာရုံကို ချပေးပါဆိုတော့ ကားတစီးလုံး ကိုယ်တို့သုံးယောက်တည်း။ ဘတ်စ်ကားခပေးတော့လည်း မယူ ဘူတာရုံကို သေချာလမ်းညွှန်ပြီး ချပေးခဲ့တာ အဲဒီအာခိုက်ဘူတာပေါ့။

အိမ်ဖြ ူတော်ကနေ ကယ်ပီတယ်အထိ နာရီဝက်လောက် လမ်းလျှောက်ရလို့ ညောင်းညာ (အဝေးကမြင်ရရင် တော်ပြီပေါ့လို့ နားချတာကို နင်တို့ မတ်ထရိုဘူတာရုံမှာ စောင့်နေ ကယ်ပီတယ်ကို အနီးကပ်ကြည့်ပြီး ငါ ပြန်လာခဲ့မယ် ဆိုပေမယ့် စမတ်ဖုန်းမရှိတယ့် ကိုယ့်ကို စိတ်ပူလို့ ဆူနမ်နဲ့ရာမားက ကိုယ့်နောက်လိုက်ပေးကြတာ။ ကိုယ်က တခါတလေ အဲဒီလို အမြင်ကတ်ဖို့ကောင်းအောင် ခေါင်းမာတယ်)၊ ဖုန်းဘထ္ထရီ ဒေါင်းသွားလို့ စိတ်ပူ၊ မှောင်ကမှောင်၊ ချမ်းကချမ်း၊ လမ်းကပျောက်။ အာခိုက်ဘူတာရှေ ့က စတားဘာ့ခ်ကောင်ဖီဆိုင်မှာ ဆူနမ်နဲ့ရာမားကို ကော်ဖီပူပူလေးနဲ့ချော့မလို့ဟာ နောက်ထပ် ဆယ်မိနစ်ဆို ဆိုင်ပိတ်တော့မယ်တယ့်။  ခိုက်ခိုက်တုန်အောင် ချမ်းနေတယ့် အအေးဒဏ်ကို အံတုဖို့ အဲဒီဆိုင်အပြင်ဖက်မှာ မောပန်းနွမ်းလျစွာနဲ့  ကော်ဖီပူပူလေး သောက်နေခဲ့ဖူးတယ်။

မနှစ်က ခရစ်စမတ်တုန်းက သောက်ခဲ့တာ အဲဒီရွှေရောင်အမိုးခုံးအောက်က စတားဘာ့ခ်ဆိုင်...
အဆောက်အဦး ဒီဇိုင်းက ဆန်းလို့ရိုက်တယ်...ဘာလဲတော့ သိဘူး...း)

နေရှယ်နယ်အာခိုက်ရောက်တော့ ကျူတန်းကြီးက အရှည်ကြီး။ နာရီဝက်လောက် စောင့်ရဖို့ကိန်း ရှိတယ်။ ညနေ ၅ နာရီဆို ပြတိုက်က ပိတ်မှာ ခု ၂ နာရီကျော်နေပြီ။ ပြတိုက်တခုဆိုရင် အနည်းဆုံး ၂ နာရီကနေ ၃ နာရီလောက် ကြာတတ်တာ။

Archives of The United States of America

သွားဖို့ကြံစည်ထားတာက နေရှယ်နယ်အာခိုက် သွားဖြစ်သွားတာက နေရှယ်နယ် ဂယ်လာရီအော့ဖ် အာ့တ်ပြတိုက် (National Gallery of Art) ။ ပြတိုက်က အတော်ကြီးတယ်။ ပန်းပု၊ ပန်းချီ၊ ဗီရို၊ ခုံ၊ ဒင်္ဂါး၊ ကြေးသွန်း ရှားပါးလက်ရာတွေကို အတော်အစုံအလင် ပြထားတယ်။ ဟိုးခေတ်တုန်းက ဗီရို၊ ခုံတွေက မဟော်ကနီရောင်။ ရွှေပန်းနုတ်တွေနဲ့ အလှဆင်ထားတာ အတော်လှတယ်။ ပန်းပုရုပ်တွေက အနုစိတ်တယ်။ ပန်းချီတွေက တကယ့်သက်ရှိလို့ ထင်ရအောင်၊ သစ်သီးတွေဆိုရင်လည်း တကယ့်သစ်သီးလို့ ထင်ရပြီး လက်နဲ့ကိုင်ပြီး စားချင်လာအောင်ကို အတော်အသက်ဝင် လက်ရာမြောက်တယ်။


ကလယ်ရာကို ဓာတ်ပုံတွေပြတော့ နင် ပန်းချီပြခန်းတွေ မသွားဖူးဘူးလားတယ့်။ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ နင် အလယ်တန်း၊ အထက်တန်းတက်တုန်းက ကျောင်းကနေ လေ့လာရေးခရီးအဖြစ် ပြတိုက်တွေ မပို့ဘူးလားတယ့်။ နိုင်ငံခြားကျောင်းတွေမှာက ကျောင်းသားဗဟိုပြု ပညာရေးစနစ်၊ အားကစားတခု၊ ဘာသာစကားတခု၊ အနုပညာတခု မဖြစ်မနေ သင်ယူရပြီး ကျောင်းကနေ အဲဒီလိုမျိုးတွေ လိုက်ပို့ပေးတယ်။ အဲဒါတွေ ဘာမှမရှိတယ့် ကိုယ်တို့နိုင်ငံက ပညာရေးစနစ်အကြောင်း သူနားလည်အောင် ဘယ်လိုရှင်းပြရပါ့။

ဒီစီရဲ့ထူးခြားချက်က ပြတိုက်၊ နေရာတော်တော်များများက ဝင်ကြေးအခမဲ့။ ဝင်ကြေးပေးရမယ်ဆိုရင် တော်တော်နဲ့ ပြတိုက်ထဲ ရောက်ဖြစ်မှာမဟုတ်ဘူး း) ။ ခုတော့ ဝင်ကြေးမပေးရတယ့်အပြင် ကင်မရာခွန်လည်း ပေးစရာမလိုတာနဲ့ဟိုရိုက်ဒီရိုက်ခဲ့သမျှ သည်းခံအားပေးကြပါဦး ခင်ဗျား။


ရှုခင်းပန်းချီတွေဆိုရင် အသက်ဝင်ပြောင်မြောက်လွန်းလို့ အဲဒီနေရာကို ရောက်သွားလား ခံစားရတယ်။

ပုံတူပန်းချီကားတွေက မျက်လုံး၊ ဟန်ပန် အသက်ဝင်လွန်းလို့ သက်ရှိလား ထင်ရတယ်။ အနုပညာတိုင်းက အားထုတ်ရတယ် ဆိုပေမယ့် ပန်းချီအတွက် အားထုတ်ရမှုက ပိုလို့ ပန်းချီတွေက ပိုဈေးကောင်းတာ ထင်တယ်။ ထင်တာပြောတာ..း) ။

ပန်းချီဆရာတွေ ခံစားသက်ဝင်ထားတယ့် ပန်းချီတွေကလည်း ခံစားမှုရသတမျိုး ပေးတယ်။

လသာည

အိန်ဂျယ်စိတ်ကူးကို ပန်းချီတို့၊ သရီးဒီတို့၊ မမိုးငွေ့တို့ကပဲ ဖော်ကျူးနိုင်မယ် ထင်တယ်နော်။

ဟော်လန် ပန်းချီပြခန်း။

ဟော်လန်အလံက နှစ်ပေါင်းရာချီနေပေမယ့် မပြောင်းလဲ

နောက် ဆယ်မိနစ်ဆိုရင် ပြတိုက်ပိတ်ပါတော့မယ်။ ကျွန်တော်တို့ပြတိုက်က တနင်္လာနေ့ကနေ စနေနေ့အထိ မနက် ၁၀ ကနေ ည ၅ နာရီအထိ ဖွင့်လှစ်ပါတယ်။ တနင်္ဂနွေနေ့မှာ မနက် ၁၁ ကနေ ည ၆ နာရီအထိ ဖွင့်လှစ်တာမို့ နက်ဖြန် မနက် ၁၁ နာရီ ထပ်မံလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဒီနှစ် အစိုးရဘက်ဂျက်တွေ ဖြတ်တောက်ထားတာမို့ ဒီစီက ပြတိုက်တော်တော်များများ အချိန်လျှော့ပါတယ်။  ပြတိုက်က ထွက်လာချိန်မှာ ပြတိုက်ကို လာတယ့်သူတွေ တွေ့လိုက်တယ်။ ည ၅ နာရီ နေကလည်း ခြစ်ခြစ်တောက် ပူနေဆဲ။ ည ၈ နာရီခွဲလောက်မှ နေဝင်တာမို့ ချယ်ရီပွဲတော်ကျင်းပတယ့် တိုင်တယ်ဘေစင်ရေကန်၊ ဂျက်ဖာဆန်မန်မိုရီယန်ကို သွားလည်ဖို့ အချိန်ရှိသေးတယ်။

P.S ပုံတွေ များသွားလား မသိ။ မညီမညာ စောင်းရွှဲ ့နေတာတွေကို Crop လုပ်ထားတာကလွဲလို့ ဘာမှပြင်မထားပါ။

Photos of paintings and sculptures are credit to National Gallery of Art.

စန်းထွန်း
သြဂုတ် ၂၀ ၊ ၂၀၁၃။

10 comments:

Aunty Tint said...

သြားခ်င္စိတ္ေတြ တဖြားဖြားေပၚေအာင္ အၿမဲလံႈ႔ေဆာ္ေနတဲ့ စန္းစန္းကို အားက်ပါ့ :P
ဒီကေန႔ပန္းခ်ီကားေတြ ၾကည့္ရတာနဲ႔တင္ တန္သြားၿပီ ေက်းဇူး....
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

ဟန္ၾကည္ said...

အင္း...

သက္ျပင္းရွည္ႀကီး အရင္ခ်မိတယ္...သူရို႕ေက်ာင္းသားေတြကို သင္ေပးတာေတြကို သိေတာ့သိေပမယ့္ ကိုယ့္ဘ၀နဲ႔မဆိုင္ ကိုယ့္လူမ်ဳိးနဲ႔မတန္လို႔ တစ္သက္လံုးေတြးလာခဲ့ရတာ ရင္နာလြန္းလို႔...ကုကသမဂၢရဲ႕ လူ႕အခြင့္အေရးေၾကျငာစာတန္းႀကီးက ဦးဟန္ၾကည္တို႔နဲ႔ ဆိုင္မွမဆိုင္ခဲ့ပဲကိုး...

သေဗၺသတၱာ အေ၀ရာ ေဟာႏၲဳပါ စန္းထြန္းေရ...

ညီလင္းသစ္ said...

ဒီတစ္ပုဒ္မွာေတာ့ ပန္းခ်ီကားေတြကို တဝႀကီး ခံစားသြားတယ္ ညီမစန္းထြန္း...၊ း) အရင္ေခတ္ ကတည္းက ပန္းခ်ီဆရာေတြ အလင္းအေမွာင္ ႏိုင္ပံု၊ လူ႔ရဲ႕ ခႏၶာေဗဒ ကြ်မ္းက်င္ပံုေတြက တကယ့္ကို အံ့ၾသ ေလာက္စရာေနာ္....၊ ျပတိုက္ကို သြားစရာမလိုဘဲ ပန္းခ်ီကားေတြ ၾကည့္ခြင့္ရလို႔ ေက်းဇူးပါဗ်ာ...။

မီးမီးငယ် said...

ႀကဳံတုံးပန္းခ်ီတကားေလာက္ကစ္လာတာဟုတ္ဘူး။
အိမ္မွာပန္းခ်ီတကားေလာက္ခ်ိတ္ခ်င္ေနတာ.. :P
အိမ္ကခ်စ္ခ်စ္ႀကီးဝါရွင္တန္ထပ္သြားေနခ်င္တယ္တဲ့၊
စန္းထြန္းေလးရဲ ့ဓါတ္ပုံေလးေတြျပလိုက္မယ္၊
စရိတ္ၿငိမ္းသက္သာသြားၿပီ..:)
စကားမစပ္..ကိုယ္တို ့သြားတုံးကလည္းခ်မ္းလြန္းလို ့
(အားလုံးကလည္းခရစ္စမတ္ပိတ္တယ္ေလ)
အိုဘားမားတို ့အိမ္ေရွ ့မ်က္ေစာင္းထိုးေလာက္က
ဖိုက္စတားမွာေကာ္ဖီအလကားေတာင္းေသာက္
ခဲ့တယ္တြယ္.. :P

Iora said...

ေက်းဇူးဘဲစန္းထြန္းေရ။
မမအိုုင္အိုုရာကျပတုုိက္ေတြသြားရတာ၀ါသနာပါတယ္။
သြားရင္လည္းဇိမ္နဲ ့စိမ္ေျပနေျပၾကည့္ခ်င္တယ္။
ပန္းခ်ီကားေတြထဲကေျပ ာတဲ့သမိုုင္းပံုုရိပ္ေတြကိုုလည္းစိတ္၀င္စားတယ္။
ပန္းခ်ီေတြဓါတ္ပံုုရုုိက္ခြင့္ေပးတာမုုိက္တယ္ေနာ္။
တခ်ိဳ ့ျပတုုိက္ေတြက ဖလက္ရွ္သံုုးျပီးမရုုိက္ရဘူး။
ကင္မရာသစ္ၾကီးထပ္အသံုုးခ်အုုန္းေနာ္။ လာအားေပးဘုုိ ့ကုုိယ့္တာ၀န္။ း)
အိုုင္အိုုရာ

မေလး said...

ညီမစန္းထြန္းေရ ပထမဆံုး လာလည္ပါတယ္။ ဓါတ္ပံုေတြကို
တ၀ၾကီးၾကည့္သြားပါတယ္ေနာ္။ ကိုယ္တိုင္ေရာက္ေနသလို
ပဲပန္းခ်ီကားေတြက အသက္၀င္တယ္ေနာ္။ စကားမစပ္ မေလးရဲ ့ အစ္မနာမည္နဲ ့ ညီမနာမည္နဲ ့အတူတူပဲ။ ညီမရဲ ့လင့္ခ်ိတ္သြားတယ္ေနာ္။

ျမတ္ပန္းႏြယ္ (Myat Pan Nwe) said...

ပန္းခ်ီကားေတြကို တစ္ခ်ပ္ခ်င္း ေသေသခ်ာခ်ာ ေငးသြားခဲ႔ပါတယ္။ ပံုေတြ အမ်ားႀကီးကို စိတ္ရွည္လက္ရွည္ ဓါတ္ပံုရိုက္လာေပးၿပီး ျပန္လည္ေဝမ ွ်တဲ႔အတြက္ စန္းထြန္းကို ေက်းဇူးတင္ပါတယ္။

Anonymous said...

ပန္းခ်ီကားေတြတေခါက္ျပန္လာၾကည့္သြားတယ္။
မမအိုုင္အိုုရာ

စံပယ္ခ်ိဳ said...

အရမ္းလွပတဲ႔ စန္းထြန္းရဲ့ရုိက္ခ်က္ေလးေတြေငးေမာရင္းနဲ႔ပဲ ကုိယ္မသြားႏုိင္တဲ႔ေနရာေလးေတြေပါ႔ဆုိျပီးေတြးမိလုိက္ေသးတယ္-----ပန္းခ်ီကားေတြကုိတ၀ၾကီးၾကည္႔ခဲ႔ျပီ

San San Htun said...

Aunty Tint said...
သွားချင်စိတ်တွေ တဖွားဖွားပေါ်အောင် အမြဲလှုံ့ဆော်နေတဲ့ စန်းစန်းကို အားကျပါ့ :P
ဒီကနေ့ပန်းချီကားတွေ ကြည့်ရတာနဲ့တင် တန်သွားပြီ ကျေးဇူး....
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
August 20, 2013 at 6:00 AM
ဟန်ကြည် said...
အင်း...

သက်ပြင်းရှည်ကြီး အရင်ချမိတယ်...သူရို့ကျောင်းသားတွေကို သင်ပေးတာတွေကို သိတော့သိပေမယ့် ကိုယ့်ဘဝနဲ့မဆိုင် ကိုယ့်လူမျိုးနဲ့မတန်လို့ တစ်သက်လုံးတွေးလာခဲ့ရတာ ရင်နာလွန်းလို့...ကုကသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေငြာစာတန်းကြီးက ဦးဟန်ကြည်တို့နဲ့ ဆိုင်မှမဆိုင်ခဲ့ပဲကိုး...

သဗ္ဗေသတ္တာ အဝေရာ ဟောန္တုပါ စန်းထွန်းရေ...
August 20, 2013 at 6:10 AM
ညီလင်းသစ် said...
ဒီတစ်ပုဒ်မှာတော့ ပန်းချီကားတွေကို တဝကြီး ခံစားသွားတယ် ညီမစန်းထွန်း...၊ း) အရင်ခေတ် ကတည်းက ပန်းချီဆရာတွေ အလင်းအမှောင် နိုင်ပုံ၊ လူ့ရဲ့ ခန္ဓာဗေဒ ကျွမ်းကျင်ပုံတွေက တကယ့်ကို အံ့သြ လောက်စရာနော်....၊ ပြတိုက်ကို သွားစရာမလိုဘဲ ပန်းချီကားတွေ ကြည့်ခွင့်ရလို့ ကျေးဇူးပါဗျာ...။
August 20, 2013 at 7:45 AM
မီးမီးငယ် said...
ကြုံတုံးပန်းချီတကားလောက်ကစ်လာတာဟုတ်ဘူး။
အိမ်မှာပန်းချီတကားလောက်ချိတ်ချင်နေတာ.. :P
အိမ်ကချစ်ချစ်ကြီးဝါရှင်တန်ထပ်သွားနေချင်တယ်တဲ့၊
စန်းထွန်းလေးရဲ့ဓါတ်ပုံလေးတွေပြလိုက်မယ်၊
စရိတ်ငြိမ်းသက်သာသွားပြီ..:)
စကားမစပ်..ကိုယ်တို့သွားတုံးကလည်းချမ်းလွန်းလို့
(အားလုံးကလည်းခရစ်စမတ်ပိတ်တယ်လေ)
အိုဘားမားတို့အိမ်ရှေ့မျက်စောင်းထိုးလောက်က
ဖိုက်စတားမှာကော်ဖီအလကားတောင်းသောက်
ခဲ့တယ်တွယ်.. :P
August 20, 2013 at 4:32 PM
Iora said...
ကျေးဇူးဘဲစန်းထွန်းရေ။
မမအိုင်အိုရာကပြတိုက်တွေသွားရတာဝါသနာပါတယ်။
သွားရင်လည်းဇိမ်နဲ့စိမ်ပြေနပြေကြည့်ချင်တယ်။
ပန်းချီကားတွေထဲကပြေ ာတဲ့သမိုင်းပုံရိပ်တွေကိုလည်းစိတ်ဝင်စားတယ်။
ပန်းချီတွေဓါတ်ပုံရိုက်ခွင့်ပေးတာမိုက်တယ်နော်။
တချို့ပြတိုက်တွေက ဖလက်ရှ်သုံးပြီးမရိုက်ရဘူး။
ကင်မရာသစ်ကြီးထပ်အသုံးချအုန်းနော်။ လာအားပေးဘို့ကိုယ့်တာဝန်။ း)
အိုင်အိုရာ
August 20, 2013 at 10:20 PM
မလေး said...
ညီမစန်းထွန်းရေ ပထမဆုံး လာလည်ပါတယ်။ ဓါတ်ပုံတွေကို
တဝကြီးကြည့်သွားပါတယ်နော်။ ကိုယ်တိုင်ရောက်နေသလို
ပဲပန်းချီကားတွေက အသက်ဝင်တယ်နော်။ စကားမစပ် မလေးရဲ့ အစ်မနာမည်နဲ့ ညီမနာမည်နဲ့အတူတူပဲ။ ညီမရဲ့လင့်ချိတ်သွားတယ်နော်။
August 21, 2013 at 4:35 AM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
ပန်းချီကားတွေကို တစ်ချပ်ချင်း သေသေချာချာ ငေးသွားခဲ့ပါတယ်။ ပုံတွေ အများကြီးကို စိတ်ရှည်လက်ရှည် ဓါတ်ပုံရိုက်လာပေးပြီး ပြန်လည်ဝေမ ျှတဲ့အတွက် စန်းထွန်းကို ကျေးဇူးတင်ပါတယ်။
August 22, 2013 at 5:26 AM
Anonymous said...
ပန်းချီကားတွေတခေါက်ပြန်လာကြည့်သွားတယ်။
မမအိုင်အိုရာ
August 23, 2013 at 4:58 PM
စံပယ်ချို said...
အရမ်းလှပတဲ့ စန်းထွန်းရဲ့ရိုက်ချက်လေးတွေငေးမောရင်းနဲ့ပဲ ကိုယ်မသွားနိုင်တဲ့နေရာလေးတွေပေါ့ဆိုပြီးတွေးမိလိုက်သေးတယ်-----ပန်းချီကားတွေကိုတဝကြီးကြည့်ခဲ့ပြီ
August 23, 2013 at 10:26 PM