ရက်ကွက်ထဲမှာတော့ဗျာ - ၁၁
Thunder Over Louisville ၊ Derby ပွဲတွေနဲ့အတူ ကန်တက်ဂီပြည်နယ် လူးဝစ်ဗီလ်မြို့ကလည်း နာမည်ကြီးပါတယ်။ ဧပြီ ၂၁ စနေနေ့မှာတော့ နာမည်ကြီး Thunder ကို ချီတက်ကြပါတယ်။ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ခေါ်ခွင့်ရှိတာကြောင့် အိမ်ရှင်မိသားစုလည်း လိုက်ပါကြပါတယ်။ ဘယ်လောက်များ အားပေးကြသလဲဆိုရင် ၁၃ယောက်ဖိတ်တဲ့လူတောင် ရှိသဗျား။ ယဉ်ကြောပိတ်ဆို့မူ၊ ကားပါကင်နေရာ အခက်အခဲတွေ အဆင်ပြေအောင် ကုမ္ပဏီရုံးဟောင်းကနေ ပွဲကျင်းပရာ မြို့လယ် အိုဟိုင်းရိုးမြစ်ကမ်းဘေးနားအထိ Shuttle တွေ ပြေးဆွဲပေးပါတယ်။ ရာသီဥတုကလည်း တိမ်တွေဖုံးကာ နေရောင်မမြင်။ ဒါနွေဦးလားလို့ မေးယူရအာင် ချမ်းစိမ့်နေပါတယ်။
ရာသီဥတု အေးအေးမှာ ကွေးနေကြလို့ လူစည်ပါ့မလားလို့ ထင်နေတာ မြို့ထဲရောက်တာနဲ့ တက်တက်စင်အောင် လွဲပါတော့တယ်။ တမြို့လုံးကလူတွေ ဒီပွဲကို ရောက်နေကြတယ်နဲ့ တူပါရဲ့။ ကုမ္ပဏီကွင်းထဲ ဝင်တာနဲ့ လက်ပတ်လေးတွေ ဝတ်ရပါပြီ။ တဲထိုးပြီး ကျွေးမွေးနေတာ သွားတန်းစီတော့ အမေရိကန်တွေ အသည်းစွဲ ဟော့ဒေါ့၊ ဟမ်ဘာဂါ။ ဂေါ်ဖီကို ခေါက်ဆွဲခြောက်ထုပ် ခြေထည့်ကာ Marionese နဲ့ သုတ်ထားတဲ့ Salad ကိုတော့ အကြိုက်တွေ့ခဲ့တယ်။ ဝိုင်၊ ဘီယာ၊ အအေးက ကြိုက်သလောက်သောက်။ ကလေးတွေအတွက်ကလည်း ခုန်ပေါက်ဆော့တဲ့ လေအိတ်အိမ်ကြီးတွေ ရှိတော့ ကြွက်ကြွက်ညံနေကြတာပေါ့။
လူကြီးတွေက စားလိုက်၊ သောက်လိုက်၊ စကားတွေပြောလိုက် လေယာဉ်ပျံတွေ လာရင် ကောင်းကင်ကြီးကို မော့လိုက်နဲ့။ ကလေးတွေအတွက်ကလည်း ပူဖောင်းတွေမှုတ်တဲ့ ဆပ်ပြာရည်ဗူးတွေ၊ အရောင်တောက်တောက် ဆွဲကြိုးလေးတွေ ပေးတော့ ပျော်သဗျား။ ဗိုက်တင်းနေတာလေးကို လျှော့သွားအောင် မြစ်ကမ်းဖက်ကို ခြေဆန့်ပါတယ်။ တချို့ကလည်း လမ်းသလားလို့၊ တချို့ကလည်း ခုံကလေးတွေမှာ ငြိမ်ငြိမ်လေးထိုင်ရင်း ကောင်းကင်ကြီးကို မော့လို့၊ တချို့ကလည်း အခင်းပေါ်မှာ လဲလျောင်းရင်း ရှုစားလို့၊ တချို့ကလည်း အိပ်လို့ လေယာဉ်ပျံတွေလာရင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ကြနဲ့ ကမ်းလုံးညွတ် စည်ကားပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တွေကို တိုက်ခဲ့တဲ့ လေယာဉ်တွေကနေ ခေတ်မှီ လွန်းပျံယာဉ်ကြီးတွေအထိ ကျွမ်းထိုးပြလိုက်၊ ဝိုက်ပြလိုက်၊ နိမ့်နိမ့်လေးပျံပြလိုက်၊ အမြင့်ကြီးပျံပြလိုက်နဲ့ ပုံသဏ္ဌန်မျိုးစုံ ပျံပါတယ်။
မုန့်ဆိုင်တွေ၊ အရုပ်ဆိုင်တွေနဲ့ မြန်မာပြည်က ပွဲဈေးလိုပါပဲ။ သကြင်္န်စတိုင် ဆေးရောင်စုံ ဆံပင်တုတွေ စွပ်ထားတာ တွေ့ပါတယ်။ ညရောက်ရင် အဲဒီအမောက်လေးက မီးရောင်စုံပြေးလို့ ကလေးတွေ အကြိုက်ပေါ့။
ရှေးခေတ်စတိုင် ဦးထုပ်လှလှကြီးတွေ ဆောင်းထားတဲ့ အန်တီကြီးတွေကို တွေ့တော့ အဲဒါ သူတို့တွေ Derby ပွဲ သွားခဲ့တယ်ဆိုတာ အဲဒီဦးထုပ်တွေ မြင်တာနဲ့ သိတယ်လို့ ဆိုပါတယ်။ မြင်းပွဲကို သွားဖို့က ကမ္ဘာ့ဖလားပွဲလို ဈေးကြီးပါတယ်တဲ့။
UK(University of Kentucky) ဘတ်စကတ်ဘောအသင်းက အတော်နာမည်ကြီးတာ တွေ့လိုက်ရတယ်။ ဗိုလ်စွဲတဲ့အသင်းမို့လို့ ဂုဏ်ယူစွာနဲ့ တော်တော်များများ အသင်းအင်္ကျီဝတ်ထားကြတယ်။ လူငယ်တွေက ရုံးကအန်ကယ်ကြီး UK အသင်းဂျာစီ ဝတ်ထားတာမြင်လို့စီ..အေ..တီ..အက်စ်..ကတ်စ်..ကတ်စ်..လို့ လက်ညှိုးလေးထောင်ကာ အကျယ်ကြီးအော်ကာ နှုတ်ဆက်ရင် ဝင်းထဲက ကလေး၊လူကြီး UK ပရိသတ်တွေလည်း ပြန်နှုတ်ဆက်ကြပါတယ်။ အပြာရောင် WILDCATS ကို  အတိုကောက် CATS လို့ ခေါ်ပြီး  အနီရောင် CARDINALS ကိုတော့ CARDS လို့ ခေါ်ဆိုကြပါတယ်။ CARDS တွေရဲ့ အမှတ်အသားဖြစ်တဲ့ အနီရောင်သိမ်းငှက်ရုပ်ကို ကားနောက်ဖက် နံပါတ်ပြားမှာ အလှဆင်ထားတာတွေ့သလို၊ ကားမှန်၊ အိမ်ရှေ့တွေမှာလည်း အလံတွေ၊ ဘုတ်တွေနဲ့ ဆင်ထားတတ်ပါသေးတယ်။
အာရှသားက နည်းရတဲ့အထဲ အလုပ်ဝင်တာလည်း မကြာသေးတော့ ကိုယ်သိတဲ့လူကလည်း နည်းနည်းလေး။ ငုတ်တုတ်မေ့လိုက်၊ လေယာဉ်ပျံတွေလာရင် မော့လိုက်၊ Katie အတွက် ပူဖောင်းမှုတ်ပေးလိုက်၊ Lucas အတွက် ဘောလုံးသိမ်းပေးလိုက်။ ကလေးတွေကို ဝေတဲ့ အလင်းဖြာနေတဲ့ ကွင်းကို  ခေါင်းမှာ စွပ်၊ ဖန်နယ်ကိတ်၊ ပြောင်းဖူးပေါက်ပေါက်တွေ ကျွေးရင်စားလိုက် အချိန်ဖြုန်းနေရာကနေ ည ၉နာရီခွဲခါနီးတော့ ရဟတ်ယာဉ်က အမေရိကန်အလံလေး သယ်လာတာကို အောက်ကနေ ဆလိုက်နဲ့ထိုးပါတယ်။ အားကစားပွဲတွေမှာ အလံတင် နိုင်ငံတော်သီချင်းဆိုပြီး ဖွင့်လှစ်သလို ခုလည်း နိုင်ငံတော်အလံကို ရဟတ်ယာဉ်က သယ်ဆောင်ပြီး Fireworks ကို ဖွင့်လှစ်ပါတယ်။
ပြီးတော့ လေယာဉ်ပျံတစီးက ပျံဝဲပြီး မီးရှုးမီးပန်းတွေ ဖောက်ပါတယ်။ ၉ နာရီခွဲက ၁၀အထိ မရပ်မနား ရင်သပ်ရှုမောလှပတဲ့  ခမ်းနားကြီးကျယ်တဲ့ မီးရှုးမီးပန်းတွေ တွေ့ခဲ့ရပါတယ်။ စင်္ကာပူအမျိုးသားနေ့၊ နှစ်သစ်ကူးနေ့တွေမှာ ဖောက်တဲ့ မီးရှုးမီးပန်းတွေထက် အပုံကြီး သာပါတယ်။ ကန်တက်ကီမှတော့ ဇူလှိုင်၄ရက် လွတ်လပ်ရေးနေ့၊ နှစ်သစ်ကူးညတွေမှာဖောက်တဲ့ မီးရှုးမီးပန်းထက် ဒီမီးရှုးမီးပန်းက အလှဆုံးပါတဲ့။ ကန်တက်ကီပြည်နယ်နဲ့ အင်ဒီယားနားပြည်နယ်ကို ခြားနားပေးထားတဲ့ အိုင်ဟိုင်းရိုးမြစ်ကမ်းဘေးက မီးရှုးမီးပန်းကို အနီးအနားတဝိုက်မြို့တွေကပါ လာအားပေးတာမို့ ရာသီဥတုအေးတဲ့ကြားက တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။
စန်းထွန်းတယောက် ဘယ်လောက်များမော့ခဲ့သလဲဆိုရင်  နောက်နေ့ ဇက်ကို ဆေးလိမ်းယူရတဲ့အဖြစ်။ ကြုံကြိုက်လို့ ဧပြီလမှာများ ကန်တက်ကီပြည်နယ်ကိုရောက်ခဲ့ရင် Thunder နဲ့ Derby ပွဲကို ဝင်မော့ အဲလေ ဝင်နွှဲကြပါလို့ လက်တို့လိုက်ပါရစေ။
ဈေးဝယ်ခြင်း အနုပညာ
Good Friday မှာ မိုင်းတို့ဆီ သွားလည်တော့ လျှော့ပင်းကြပါတယ်။ Brand တဲ့  မကြီးရဲ့ ညီမပီပီ သိတဲ့ Brand ကို ဝင်လျှော့ပင်းကြတာ ဆူနမ်က ညည်းတို့နှစ်ကောင် လျှော့ပင်းလို့ ပြီးကို မပြီးနိုင်တော့ဘူး။ နောက်နေ့ လျှော့ပင်းရင် မလိုက်တော့ပါဘူးတဲ့။ BANANA REPUBLIC မှာ လျှော့ဈေးရှိလို့ ဝင်မွှေကြတာ ရှပ်အင်္ကျီလေးတွေ ကြိုက်တာတွေ့လို ဝယ်တော့ ၂၀% Discount Card လုပ်ရင် ခုဝယ်တဲ့ အင်္ကျီအတွက် ၂၀% Discount ရမယ်ဆိုတော့ ဝမ်းသာအားရ ဒစ်စကောက်ကြပါတယ်။ လိပ်စာ၊ ဖုန်းနံပါတ်၊ SSN( Social Security Number) ၊ တနှစ်ဝင်ငွေ ဖြည့်ရပါတယ်။ မိုင်းကျတော့ Approve ဖြစ်ပြီး စန်းထွန်းကျတော့ Reject ။ မကျေပွဲ ၂ခါနွှဲတော့လည်း Reject ။ မိုင်းရဲ့ ကဒ်နဲ့ ဒီကောင့်လိုက်ရပါတယ်။ ဘာလို့ Reject လဲဆိုတော့ Credit Score မရှိလို့ပါတဲ့။
ဒီနိုင်ငံရဲ့ စနစ်က စလုံးနဲ့ မတူရေးချ မတူ။ ခရက်ဒစ်ကဒ်နဲ့ သုံးပြီး ပြန်ဆပ်မှ Credit Scores တက်ပါတယ်။ အိမ်၊ ကားဝယ်ရင် ကိုယ့်လက်ထဲမှာရှိတဲ့ငွေထက် ပိုဝယ်ချင်ရင် ပုံမှန်အလုပ်အကိုင်ရှိရင် လစဉ်ပေးနဲ့ ဝယ်လို့ရပါတယ်။ Financing လုပ်တယ်လို့ ခေါ်ပါတယ်။ Credit Scores မရှိရင် မယုံကြည်လို့ဝယ်ဈေးရဲ့ ၂၆% ပိုဆောင်းပေးရပါတယ်။ ကျောင်းမှာတုန်းက တရုတ်တွေ အိုင်ဖုန်းကြတာ Credit Scores မရှိလို့ ဆိုင်ကို ၃၀၀ Deposit ပေးပြီး ဝယ်ရပါတယ်။ ကမ္ဘောဒီယားလေး Chantrea ကတော့ Capital One က ခရက်ဒစ်ကဒ်လျှောက်ပြီး အိုင်ဖုန်းဝယ်တယ်။ ဝယ်ပြီးတာနဲ့ ခရက်ဒစ်ကဒ်ကို Cancel တယ်။ အမြတ်ကတော့ ၃၀၀ Deposit တင်စရာမလိုဘဲ အိုင်ဖုန်းရပြီး အဆိုးကတော့ ပြန်ရငွေ ၆၀ ကို Capital One Bank ကနေ ၃လကြာမှ ရတယ်ဆိုပဲ။ Capital One Bank က အဲလို ဝန်ဆောင်မှုကောင်းတယ်။ စင်္ကာပူမှာတော့ လူငယ်တွေ အကြွေးကဒ်နဲ့ ဝယ်ချင်ရာဝယ်ပြီး ပြန်မဆပ်နိုင်လို့ ခရက်ဒစ်ကဒ်တွေကို PR မှ၊ လစာ သုံးထောင်ကျာ်ရမှ ထုတ်ပေးရမယ်လို့ တင်းကျပ်နေချိန် စတိတ်မှာတော့ Credit Scores ကောင်းအောင် ကြိုးစားနေရသဗျား။
နောက်နေ့မှာ ဆူနမ်က မလိုက်တော့ပါဘူး။ NORDSTORMS မှာ ဝယ်ရင် Sales Tax ပေးစရာမလိုဘူးလို့ ဆူနမ်က သတင်းပေးလို့ ချီတက်ကြပြန်တယ်။ ကိုယ်တို့အကြိုက်ဆုံးနေရာဖြစ်တဲ့ အနီရောင်လေးတွေ တဒ်ထားတဲ့ SALES ဆိုတဲ့နေရာလေးကိုပဲ အရင်သွားပါတယ်။ ဈေးနှုန်းကြည့်လိုက်တော့ ထောင်ကျော်။ မျက်စိရှမ်းတာနေမှာပါလေဆိုပြီး နောက်တကြိမ် ထပ်ကြည့်တယ်။ ဟုတ်ပါပြီ သေချာသွားပြီ။ မိုင်းကို ကြည့်လိုက်တော့လည်း သူလည်း ဇဝေဇဝါနဲ့သေချာရဲ့လား မျက်နှာပေးနဲ့။ ဖိနပ်တရန် ကောက်ကိုင်လိုက်တယ်။ ငါးရာကျာ်။ ဈေးက အနည်းဆုံး သုံးရာအထက်တွေချည်းပဲ။ အသာလေး ခပ်ယို့ယို့လေး လျှိုကာ ပြန်လစ်လာကြတယ်။ ဆူနမ်တကောင် NORDSTORMS ကနေ ဘာများ ဝယ်တာပါလိမ့်လို့ သိချင်သွားကြတယ်။ မေးကြည့်တော့ သူလည်း သိဘူးတဲ့ Asmita ၊ Rama တို့က လှတယ်လို့ ပြောလို့တဲ့။ Sales Tax ဘယ်ပေးရလိမ့်မတုန်း။ ဒီလောက် ဈေးကြီးတဲ့ဟာ။ နောက်ဆို ဒီလို ပေါပေါပဲပဲဆိုင်တွေ လာမပြောနဲ့။ တို့နဲ့ တန်ဘူးလို့ မိုင်းနဲ့ စန်းထွန်း နှစ်ကောင်သား တလေသံတည်းထွက်တယ်။
စလုံးမတွေ ကြိတ်ကြိတ်တိုးနေရင် ဝင်သာတိုးလို့ မကြီး မှာကြားထားတဲ့အတိုင်း ဘိုမတွေ ကြိတ်ကြိတ်တိုးနေလို့ ဝင်တိုးကြပါတယ်။ The Limited 40% ကပ်တင်းကောင်းမွန်တဲ့အပြင် အသားလည်း ကောင်းတာမို့ဇီးရိုးဆိုဒ်ရှာကာ ဘောင်းဘီငါးထည်ဆွဲပြီး Fitting Room ထဲ မိုင်းဝင်သွားတယ်။ ပြန်ထွက်လာတော့ ခေါင်းလေးတခါခါနဲ့။ ဇီးရိုးဆိုဒ်ကို မတော်တဲ့အပြင် ရှည်နေလို့တဲ့။ ဘောင်းဘီဖြတ်ပေးတဲ့ ဆိုင်တွေလည်း မရှိ၊ ဇီးရိုးဆိုဒ်ထက် သေးတဲ့ဆိုဒ်လည်း မရှိလို့ စတိတ်ကို လာလည်တဲ့အခါ ဘောင်းဘီတွေ လျှော့ပင်းလိုက်မယ်လို့ မကြံစည်လိုက်ပါနဲ့နော်။
လဲလှယ်ခြင်းအနုပညာ
ဘောက်ချာသိမ်းထားရင်၊ တံဆိပ်မဖြုတ်ရသေးရင် ပြန်လဲလို့ရတဲ့ စတိတ်မှာ ပစ္စည်းလဲပေးတဲ့ဌာနကလည်း အလုပ်အတော်များလှပါတယ်။ ထမင်းဘူးထည့်ဖို့ ဖန်ဘူးလေးတွေ Wall-mart က ဝယ်တယ်။ မကြိုက်တော့ ဘောက်ချာသိမ်းထားတယ်၊ တံဆိပ်မဖြုတ်ဘူး၊ နောက်တကြိမ် Wall-mart သွားတော့ ပြန်လဲတယ်။ နေရာကျယ်တဲ့ စတိတ်မှာ နေရာတိုင်းလည်း ဆိုင်တွေမရှိတော့ အွန်လိုင်းက ဝယ်တယ်။ ဓာတ်ပုံမှာတွေ့တာက လှတပတ တကယ့်အပြင်မှာက မလှမပဆိုတော့ ပစ္စည်းကို တပါတည်းပါလာတဲ့ Return Package ထဲထည့်  Return Form ကပ်ပြီး ပြန်ပို့တယ်။ တချို့များဆိုရင် ပွဲတွေ သွားစရာရှိလို့၊ သုံးစရာရှိလို့ ဝယ်တယ်။ ပြီးရင် ပြန်လဲတယ်။ ဝယ်တယ်၊ လဲတယ်၊ ဝယ်တယ်နဲ့ အလုပ်ကို ရှုပ်နေတော့တာပဲ။
ကားဝယ်ခြင်းအနုပညာ
နာမည်ကြီး Dealer ဆီသွားတော့ အနည်းဆုံး ရှစ်ထောင်ကျာ်တာပဲ ရှိတယ်ဆိုတော့ အသာလေး ပြန်လစ်လာတယ်။ ရှစ်ရာတန်ကားဆိုတာ Only at school ထင်ပါရဲ့။ အဲဒီကားလေးကလည်း ဖွတ်ချက် ဖွတ်ချက်သာဆိုတယ် ဆူနမ်တို့လက်ထဲမှာရော၊ စန်းထွန်းလက်ထဲမှာရော ဘာပြသနာမှ မပေးခဲ့။ မရောင်းဘဲ သယ်လာခဲ့ရင် အကောင်းသားလို့တောင် တွေးမိတယ်။ ဒါပေမယ့်လည်း ပြည်နယ်ကျော်လောက်အောင် သက်ဆိုးရှည်ပါ့မလားမသိ။ မိုင်းကတော့ Toyota 2012 ထုတ်တဲ့  နောက်ဆုံးပေါ်ကား နှစ်သောင်းတန်ကား ဝယ်ထားပါတယ်။ သုံးထောင် လက်ငင်းပေးရပြီး Financing လုပ်ပါတယ်။  မိုင်းလို စတိတ်မှာ အခြေချမယ့်သူတွေကတော့ ကိုက်ပါတယ်။ ကိုယ်တွေလို ဘာမှန်းမသိတဲ့ လူတွေကတော့ သုံးထောင်ကနေ ငါးထောင်ကြားပဲ ဘက်ဂျက် ထားကြပါတယ်။
မိုင်းရဲ  ့ Toyota
Yanzi ဝယ်ထားတဲ့ PT Cruiser တွေ့လို့ မေးကြည့်တော့ ကိုးထောင်တဲ့ ။ လား..လား။  နောက် Dealer ဆီသွားတော့  သုံးထောင်အောက်ကားလေးတွေ တွေ့ပါတယ်။ ဈေးသက်သာပေမယ့် အင်ဂျင်ကောင်းမကောင်းကတော့ ကံနဲ့ဆိုင်သဗျား။ ပျက်လို့ ပြင်ရင် ပြင်ခက ပိုဈေးကြီးပြန်တယ်။ သြဇီက ဘလော့ဂါတွေ စွဲတဲ့ မီနီကူးပါးလေးကိုတွေ့ကို တွေ့လို့ WOW မီနီကူးပါးလို့ အော်တော့ အိမ်ရှင် အမေရိကန်မက စန်းစန်း နင် ခရေစီတဲ့။  ဟိုမှာ RAM ကားကို ကြည့်စမ်း ကိုယ်ကပဲ ဝင်အောင်းအောင်း၊ သူကပဲ ဝင်အောင်းအောင်း ကိုယ်နာမှာတော့ အသေအချာပဲ။
Yanzi ရဲ့ PT Cruier
RAM
MINI COOPER
အဖေနဲ့ ဖုန်းပြောတော့ ဖေ့ကို ကားတစီးလောက် ဝယ်ပေးချင်လိုက်တာ။ အဲ မြန်မာပြည်မှာတော့ ဟုတ်ဘူး စတိတ်မှာဆိုလို့ ရယ်လိုက်တာ။ စတိတ်မှာ လေးထောင်ဆို ကားလတ်လတ်တစီး  ရတယ်။ မြန်မာပြည်မှာက တသောင်းတောင် ကားဖွတ်ချက် ဖွတ်ချက်ပဲ ရမယ်။
ကျောင်းမှာတုန်းက စီနီယာ ပါကစ္စတန်လေး ရှားလ်ဆိုရင် အရပ်ကလည်း ခြောက်ပေကျော်၊ ရုပ်ကလည်း ချော၊ အစ်ကိုဖြစ်သူက ခပ်မိုက်မိုက်ကားလေး တစီးလာပို့ထားတော့ ကားဖွတ်ချက် ဖွတ်ချက်လေးကိုမှ စုပေါင်းစပ်ပေါင်း ပိုင်ဆိုင်ကြတဲ့ ကျောင်းသားကျောင်းသူတွေကြား ပေါ်ပြူလာဖြစ်ပေသကိုး။ ခုလည်း မကြီး စတိတ်မှာ ကျောင်းလာတက်ရင် ကားတစီး ဝယ်ပေးမယ်။ အဲ ခပ်မိုက်မိုက်လေးတော့ မဟုတ်ဘူး ခင်ည။ ဖွတ်ချက်ဖွတ်ချက်လေးတော့ ဖြစ်လိမ့်မယ် ထင်တယ်။
ကားတစီးလေးတောင်မှ လက်ဝယ်မပိုင်ဆိုင်သေးတဲ့ စန်းထွန်းတယောက် ပိုက်ဆံမကုန် လေသံလေးနဲ့ ကားတစီးစီ ဝယ်ပေးနေပါတယ်။ မြန်မာပြည်မှာတော့ ခြေတလှမ်း ကုဋေတသန်းတန်အောင် လျှောက်ရတယ်။ စင်္ကာပူမှာတော့ ခြေတလှမ်း ကုဋေတသန်း မတန်နိုင်တော့ဘူး ။ လမ်းလျှောက်ပြိုင်ပွဲ ဝင်နေဘိသလား ထင်ရအောင်၊ တမိနစ်ဆိုတဲ့ ရထားကို မှီအောင် လှစ်ခနဲနေအောင် လျှောက်တယ်။ စတိတ်မှာတော့ ပိုမြန်အောင် ခြေထောက်ကို ဘီးတပ်ပေးတယ်။
ရက်ကွက်ထဲက အတင်း အဲ သတင်းတွေလည်း စုံသွားပါပြီ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
စန်းထွန်း
ဧပြီ ၂၉၊ ၂၀၁၂။
9 comments:
စံပယ္ခ်ိဳ said...
စန်းထွန်းရေ
ညိမ်းနိုင် said...
တယ်ဗျိုး.....။
Anonymous said...
အိုင်အိုရာ
ညီလင်းသစ် said...
ခင်မင်လျက်
မြတ်
mstint said...
မေတ္တာဖြင့်
အန်တီတင့်
မြစ်ကျိုးအင်း said...
San San Htun said...
စံပယ်ချို said...
စန်းထွန်းရေ
ဗဟုသုတတွေအများကြီးရတယ် ဖတ်လို့လဲ
စိတ်ထဲမှာပျော်သလိုပဲ
April 30, 2012 at 12:38 AM
ညိမ်းနိုင် said...
မီနီကူးပါးလို ကားမျိုးလေးတွေကိုသိပ်သဘောကျတာ
ပဲဗျ...၊သဘောသာကျ...ဝယ်နိုင်ပါဘူးဗျာ....။
Thunder ပွဲကိုလည်း သဘောအကျကြီးကျသွား
တယ်ဗျိုး.....။
April 30, 2012 at 10:10 AM
Anonymous said...
အနီရောင်ဆိုင်းဘုတ်ကိုတော့ပြေးနေကျ။
ဒါပေမဲ့ မိတ်ဒ်အင်ချိုင်းနားများ သာတွေ့ရမှာနော်။ း)
ရပ်ကွက်ထဲကသတင်းတွေကစုံလည်းစုံနားထောင်လို့ လည်းကောင်း
သတင်းပေးသူလေးလည်းအစစအရာရာ အဆင်ပြေပါစေလို့။ း)
အိုင်အိုရာ
April 30, 2012 at 11:19 AM
ညီလင်းသစ် said...
Thunder ပွဲက ပျော်စရာကြီး နေမှာပဲ..၊ လှတယ်ဆိုတဲ့ အဲဒီ မီးရှူးမီးပန်းတွေကို ဓါတ်ပုံရိုက်ချင်တယ်၊ း) အမေရိကန်တွေ ကားအကြီး ကြိုက်တာကတော့ ပြောစမှတ် ပါပဲဗျာ..။
April 30, 2012 at 12:52 PM
လွင်ပြင်လှိုင်းငယ် said...
ဗဟုသုတရစေလို့ ကျေးဇူးပါ
May 1, 2012 at 1:17 AM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
အစ်မ လာဖတ်သွားပါတယ် ညီမလေး။
ညီမလေး စီဘောက်စ် ပျက်နေတာလား မသိဘူးနော်။ အစ်မ ကော်မန့်ချန်လို့ မရခဲ့ဘူး။
ခင်မင်လျက်
မြတ်
May 1, 2012 at 6:49 AM
mstint said...
စန်းစန်းပို့စ်ကို ဖတ်တိုင်း ဗဟုသုတတွေ အမြဲကျန်ခဲ့တယ်။
စိတ်ရှည်စွာနဲ့ ပြည့်ပြည့်စုံစုံလေးတွေရေးလေ့ရှိတယ်။
ဒီကနေ့တော့ ဘလော့တကာလည်သလောက် အကျိုးရှိသွားပြီကွယ် း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
May 4, 2012 at 2:04 AM
မြစ်ကျိုးအင်း said...
အပျော်လေးတွေရော သတင်းအစုံအလင်ရော ဆိုတော့ ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ စိတ် အေးချမ်းတယ်။
May 9, 2012 at 12:02 PM