The Window ...


လေဝင်လေထွက်ကောင်းဖို့၊ အလင်းရောင်ရဖို့ အိမ်တိုင်းတွင် ပြတင်းပေါက်ရှိသည်မှာ မထူးဆန်းလှ။ မထူးဆန်းသော ပြတင်းပေါက်လေးတခုကို သူမ နှစ်သက်သဘောကျသည်ကတော့ ထူးဆန်းလှသည်။ ထိုပြတင်းပေါက်လေးကို နှစ်သက်သဘောကျမှန်း သူမကိုယ်တိုင် မသိရှိခဲ့။  ခွဲခွာပြီး အတော်ကြာမှ ထိုပြတင်းပေါက်လေးကို သူမ လွမ်းနေခဲ့သည်။

သူမမွေးရပ်မြေမှ မိုင်ပေါင်းများစွာ ဝေးကွာသော ကျောင်းရှိရာ မြို့လေးတမြို့သို့  ရောက်ရှိသောအခါ သူမ နေရသောအခန်းတွင် ပြတင်းပေါက်တခုရှိသည်။ ပြတင်းပေါက်မှတဆင့် အဆောက်အဦးကြီးကြီးတခု မြင်ရသည်။ ကျနေစူးစူးကြောင့် ညနေစောင်းချိန်တွင် ယင်းလိပ်ချထားရလေ့ရှိသည်။ တခြားမြို့ဆီ သူမ ခဏ္ဏသွားနေစဉ် သူမ နေသော အခန်းတွင် ပြတင်းပေါက်တခု ရှိသည်။ ပြတင်းပေါက်လေးနား စာရေးစားပွဲခုံတွင် စာကြည့်ရင်း သစ်ပင်စိမ်းစိမ်းများ၊ ကစားကွင်းတွင် ဆော့ကစားနေသော ကလေးများကို ငေးနေတတ်သည်။

ကျောင်းဆီ သူမ ပြန်ရောက်တော့ နေရာချထားပေးသော အခန်းလေးမှ ပြတင်းပေါက်ကို သူမမြင်မြင်ချင်း နှစ်သက်သွားသည်။ သူငယ်ချင်းများ ကျောင်းက ထွက်ခွာသွားချိန် လောကတခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ပြတင်းပေါက်မှ ပြင်ပလောကကြီးကို ကြည့်ခြင်းဖြင့်  အထီးကျန်ဆန်သော နေ့ရက်များကို ကုန်လွန်စေခဲ့သည်။ ပြတင်းပေါက်မှ ကြည့်လျှင် အဝေးပြေးလမ်းမ၊ ကျောင်းဆောင်၊ သစ်ပင်များကို မြင်ရသည်။ ထိုပြတင်းပေါက်မှတဆင့် သစ်ပင်များ အရွက်မရှိ ရိုးတံမည်းမည်း သစ်ပင်များ ရွက်နုသစ် ထွက်ကာ စိမ်းလန်းဝေဆာခြင်း၊ အစိမ်းရောင်မှ အဝါရောင်၊ အနီရောင် ပြောင်းလာခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။ ရှဉ့်ကလေးများ ဆော့ကစားခြင်း၊ နေရောင်ခြည် ဖြာကျခြင်း၊ မိုးရေစက်များ ဖျန်းပက်ခြင်း၊ မိုးသီးကျခြင်း၊ မြူပုဝါ ခြုံသိုင်းခြင်း၊ နှင်းဖွေးဖွေး ကျဆင်းခြင်းကို တွေ့မြင်ခဲ့ရသည်။

ပြတင်းပေါက်၏ အပြင်ဖက်တွင် ခြင်လုံဇကာရှိသည်။ ပူအိုက်သော နွေညများတွင် အော်မြည်နေသာ အဲယားကွန်းပိတ်ကာ ပြတင်းပေါက်ကို ဖွင့်ရင်း  တိုးဝှေ့တိုက်ခတ်နေသော လေနုအေးကို ခံစားရသည်။ ဆောင်းဦးရာသီတွင် တသွဲ့သွဲ့ တိုက်ခတ်နေသော ဆောင်းလေညှင်း၏ ပွေ့ဖက်ခြင်းကို ခံရသောအခါ သူမ မွေးဖွားကြီးပြင်းရာနိုင်ငံမှ မီးလှုံကြသော ဆောင်းညများကို သတိရသည်။ ချမ်းအေးသော ဆောင်းတွင်တော့ တခါတရံ ပြတင်းပေါက်ဖွင့်ရင်း တဖွဲဖွဲ ကျနေသော နှင်းပွင့်ဖြူဖြူဖွေးဖွေးကို ငေးရင်း အေးစက်မှုကို ကြံ့ကြံ့ခံနေတတ်သည်။ သို့သော် ခဏတာပဲ ဖြစ်သည်။ ပြတင်းပေါက်ပိတ်ရင်း အေးစက်မှုကို လက်မြှောက်အရှုံးပေးလိုက်ရသည်ချည်း ဖြစ်သည်။

နေ့တာတို၍ ညတာရှည်သော ဆောင်းနေ့ရက်များတွင် မနက်၇နာရီ နေထွက်ချိန် တိမ်တောင်တိမ်လိပ်များ အနီရောင်၊ ပုဇွန်ဆီရောင်၊ အဝါရောင်ပြောင်းကာ သြကာသလောကတခုလုံး အလင်းဓာတ်ရရှိသွားပုံများကို ထိုပြတင်းပေါက်လေးမှတဆင့် သူမ စောင့်ကြည့်နေတတ်သည်။ လမ်းလျှောက်သွားသော လူပေါင်းစုံကို တွေ့မြင်ရသည်။ တချို့က ခပ်သုတ်သုတ်၊ တချို့က အေးအေးဆေးဆေး သွားလာကြသည်။ လမ်းလျှောက်ပုံ၊ ဝတ်စားဆင်ယင်ပုံကို ကြည့်ကာ သူတို့ အခြေအနေကို ခန့်မှန်းရသည်မှာ စိတ်ဝင်စားစရာကောင်းသည်။

အတန်းတက်ချိန်အမှီ တက်သုတ်နှင်နေသော ကျောင်းသားကျောင်းသူများ၊ လမ်းလျှောက်ရင်း ဆော့ကစားနေသော ကလေးများကို ထိန်းကျောင်းနေသော မိဘများ၊ အေးအေးလူလူ လျှောက်နေသော ချစ်သူစုံတွဲများ၊ အော်ဟစ်နောက်ပြောင်နေသော လူငယ်များ၊ နှုတ်ဆက်ရင်း အလ္လာဘသလ္လာဘ ပြောနေသော လူကြီးများ၊ စက်ဘီးစီးသူများ၊ စကိတ်ဘုတ်စီးသူများကို တွေ့ရသည်။ ထိုလူများကြားက သူငယ်ချင်းမိတ်ဆွေများဆိုလျှင်တော့ ထင်ထင်ရှားရှား မှတ်မိနေတတ်သည်။ ထိုပြတင်းပေါက်လေးမှတဆင့် တစ်ယောက်သောသူကို ဂွတ်ဘိုင်ဟု  တိုးတိတ်စွာသူမ နှုတ်ဆက်ခဲ့ဖူးသည်။

 သူမအတွက် ဒုတိယအိမ်တွင်တော့ တိုက်ခန်းမျက်နှာကြက်နားကပ်လျှက် ပြတင်းပေါက် ရှည်ရှည်မျှောမျှော ရှိသည်။ မနက်အိပ်ယာနိုးတိုင်း ကြည်လင်နေသော ကောင်းကင်ပြာကို မြင်ရသည်။ တိမ်ညို၊ တိမ်ပြာ၊ တိမ်စူကာ၊ တိမ်တောင်၊ တိမ်လိပ်တို့ကို ပုံသဏ္ဌန် အမျိုးမျိုးဖြင့် တွေ့မြင်ရတတ်သည်။ တခါတရံ တိမ်ကင်းစင်ပြီး  ကောင်းကင်ကြီး တခုလုံး ပြာလဲ့နေတတ်သည်။



သူမ အလုပ်ရှိရာမြို့သို့ ပြောင်းရွှေ့ရသောအခါ မြေအောက်ထပ်ကလေးကို ငှားရမ်းနေထိုင်ခဲ့သည်။ မြေအောက်ထပ် ဆိုသော်ငြား မှောင်မည်းမနေ၊ အလင်းရောင်ကောင်းကောင်းရပြီး လေဝင်လေထွက် ကောင်းမွန်သည်။ သို့သော် ပြတင်းပေါက်ကလေးမှ သစ်ပင်များကို မမြင်ရဘဲ ကလေးများ တက် တက်ခုန်ကြသော အရာတခုသာ မြင်ရသည်။ နောက်ဆုတ်ကြည့်လျှင်တော့ ကောင်းကင်ကြီးကို မြင်တွေ့ရသည်။

မြေအောက်ထပ်သည် တော်နေဒိုးလာလျှင် ခိုလှုံဖို့ အသင့်တော်ဆုံးနေရာဖြစ်၍ နွေရာသီတွင် အေးကာ ဆောင်းရာသီတွင် နွေးသည်။ ကွန်နက်ရှင်းမကောင်း၊ ဈေးသက်သာသော ဖုန်းလိုင်းဖြစ်သည့်အပြင် မြေအောက်ရောက်သွားသောကြောင့် ပြောနေရင်း ဖုန်းလိုင်း ကျသွားတတ်သည်။ သူမသည် မြေတွင်းအောင်းနေသော ကြွက်တကောင်သာ ဖြစ်သည်။

တအိမ်လုံးတွင် အိမ်ရှင်အမျိုးသားနှင့် သူမ တယောက်တည်း ရှိသည့်ညတွင်တော့ မကြောက်တတ်သော သူမ လုံခြုံစိတ်ချခြင်း မရှိစွာ အိပ်မပျော်ခဲ့။ သူငယ်ချင်းတယောက်ပြောပြဖူးသော အဖြစ်ကို သွားသတိရသည်။ တအိမ်လုံးတွင် အိမ်ရှင် ဂေးနှင့် သူမ ရှိသည့်အခါတုန်းက ကြောက်သည်မှာ ဆိုဖွယ်ရာမရှိ။ တံခါးကို လော့ချ Luggage ကို တံခါးကန့်လန့်ဖြတ်ချထားရင်း ဓားဆောင်ရင်း အိပ်သည်ဟု ဆိုသည်။ ဆောင်စရာ ဓားမရှိသောအခါ Starbucks သံဓာတ်ဘူးနှင့် နှက်လျှင်တော့ ခေါင်းကွဲနိုင်သည်ဟု တွေးကာ ဓာတ်ဘူးဆောင်သည်။ လုံခြုံမှု မရှိသောအရပ်တွင် မိန်းကလေးတယောက်တည်း တိုက်ခန်းငှားနေခြင်းသည်လည်း စွန့်စားရာရောက်သည်။


ကျောင်းတုန်းက ထိုသူငယ်ချင်းသည် အခန်းတံခါးကို ဘယ်တော့မှ လော့ချထားလေ့ မရှိ။ သူမကတော့ နေ့လည်ဖက် အိပ်ပျော်နေတုန်း သူငယ်ချင်းများ အာလူးကြော်၊ သကြား၊ ကြက်သွန်၊ ဆီ၊ ကော်ဖီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် လာယူနိုင်ရန် အခန်းတံခါးကို လော့ချမထား ။

လော့ချမထားလည်း လုံခြုံစိတ်ချနွေးထွေးသော အခန်းလေးမှ သဘာဝလောကအလှကြီးကို ခံစားနိုင်သော၊ သူမနှင့် အပြင်လောကကြီးကို ဆက်သွယ်ပေးသော ထိုပြတင်းပေါက်လေးကို သူမ တကယ် လွမ်းနေခဲ့သည်။

စန်းထွန်း
ဧပြီ ၂၃၊ ၂၀၁၂။

12 comments:

ညီလင္းသစ္ said...

ဓါတ္ဘူးဆိုတာ လက္နက္အျဖစ္ အသံုးျပဳလို႔လည္း ရတယ္လို႔ တခါမွ မေတြးၾကည့္မိဘူးဗ်၊ း) အတြင္းကေန အျပင္ကို ေလ့လာဖို႔၊ အျပင္က ေလႏုေအးေတြ အတြင္းကို ဝင္လာေစဖို႔ က်ေနာ္တို႔ ျပဴတင္းေပါက္ေတြ လိုအပ္ပါတယ္၊

khin said...

ညီမေလးေရ ဘယ္လိုဘဲျဖစ္ျဖစ္ ရွိသမွ်ေလာ.ေတြခ်ျပီးေတာ.သာအိပ္။ ပိုစိတ္ခ်၇တာေပါ.။ သတိဆိုတာပိုတယ္မရွိပါဘူးညီမေလး။

Anonymous said...

ဘုုရားအာရုုဏ္ျပဳျပီးအိပ္စန္းထြန္းေရ။
ဒါမွစိတ္ကအားကိုုးစရာရွိတယ္ဆိုုျပီးရဲလာတာ။
အိုုင္အိုုရာ

ဟန္ၾကည္ said...

ျပတင္းေပါက္က ၾကည့္ရတဲ့ အရသာဆိုတာ ကိုယ္တိုင္ၾကည့္ဖူးမွ နားလည္ႏို္င္တာကလား စန္းထြန္းေရ...ခပ္ငယ္ငယ္က စာတစ္အုပ္ေရွ႕မွာခ်ရင္း ကေလးေတြကစားေနတာကို ျပတင္းေပါက္ကေန ထိုင္ေငးဖူးတယ္...အလုပ္သမားႀကီးေတြ တပင္တပန္း ကုန္ေတြထမ္းေနၾကတာေတြလည္း ေငးဖူးတယ္...ေန၀င္ခ်ိန္ေတြ...တဖြဲဖြဲက်ေနတဲ့ မိုးစက္ေတြ...တျဖဳတ္ျဖဳတ္ေႁကြေနတဲ့ ရြက္၀ါေတြ...

ျပတင္းေပါက္ေလးကို စန္းထြန္းလိုပဲ သတိရသြားျပန္ပါပေကာလား...

တစ္ခုပဲရွိတယ္ ေျမေအာက္ခန္းက ျပတင္းေပါက္ကိုေတာ့ ေငးမၾကည့္ဖူးေသးဘူး...ကေလးေတြရဲ႕ ေျခေထာက္ေတြကိုပဲ ျမင္ရတာကလည္း အရသာ တစ္ခုခုေတာ့ ရွိမွာပါပဲေလ...

စံပယ္ခ်ိဳ said...

ေရနံေခ်းသုပ္ထားတဲ႔အိမ္တုိ႔ ၀ါးအိမ္တုိ႔ကုိသေဘာက်တယ္ျပတင္းေပါက္ကုိလဲၾကဳိက္တယ္ ႏွင္းေလးေတြက် မုိးေအးေလးရြာတာကုိၾကည္႔ရလုိ႔ေလ
ဟုတ္ပါ႔ စန္းထြန္းေရ
ဓါတ္ဘူးဆိုတာ လက္နက္အျဖစ္ အသံုးျပဳလို႔လည္း ရတယ္လို႔ တခါမွ မေတြးၾကည့္မိဘူး----

pigpig said...

ဟုတ္တယ္အထြန္း..
ပစ္ပစ္လည္း ျပတင္းေပါက္ကေနလွမ္းျမင္ရတဲ့
ျမင္ကြင္းမ်ိဳးကိုအရမ္းသေဘာက်တယ္
ျပတင္းေပါက္က်ယ္က်ယ္နဲ႕ရွည္ရွည္..
အဲလိုျပတင္းေပါက္ကေန
ဟိုးအေဝးႀကီးကိုလွမ္းျမင္ေနရတဲ့
ျမင္ကြင္းမ်ိဳးကိုသိပ္ႀကိဳက္တယ္..
အသက္ႀကီးလာရင္ေက်းလက္မွာဘဲ
သြားေနမယ္လို႕စိတ္ကူးထားတယ္
အထြန္းရယ္..

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

စန္းထြန္းစာေလးဖတ္ျပီး စိတ္ထဲတစ္စံုတစ္ခုကို ခံစားရတယ္။
ေႏြးေထြးလံုျခံဳမႈရွိတဲ႔အရပ္ဟာ တကယ္ကို တန္ဖိုးရွိပါတယ္ေနာ္။
စန္းထြန္းေရ spray ဘူးေလးလည္း ေဆာင္ထားေပါ႔။ တစ္ခုခုဆို မ်က္ႏွာကို spray ဘူးေလး ျဖန္းလိုက္ရင္လည္း အခိုက္အတန္႕ေတာ႔ တားဆီးႏိုင္မယ္လို႔ ယူဆပါတယ္။ အစ္မကိုလည္း မိတ္ေဆြတစ္ေယာက္က ေပးတဲ႔ အၾကံေလးတစ္ခုပါ။ ခုေတာ႔ အဲဒီ spray ဘူးေလး အျမဲလိုလို ေဆာင္ထားပါတယ္။ ကိုယ္တုိင္လည္း လံုျခံဳတယ္လို႔ မခံစားရတဲ႔ ေနရာမွာဆိုေတာ႔ေလ။

Anonymous said...

ေလာကႀကီးကို ေဘာင္ခတ္ထားတဲ့ အရာကို ဘာလို႔ ႏွစ္သက္သလဲ . .

ဒါေပမဲ့လည္း အလံုပိတ္ အခန္းထဲက ကိုယ့္အတြက္ တခါတေလေတာ့ သူက စိတ္ထြက္ေပါက္ပဲ မဟုတ္လား . . .

ေသခ်ာပါတယ္ တခါတေလ သူဟာ ကၽြန္ေတာ္တို႔ရဲ႕ အျမင္ကို ေဘာင္ခတ္ပစ္ထားတတ္သလို . . တခါတေလလည္း ကၽြန္ေတာ္တို႔အတြက္ အလင္းေတြကို သယ္ေဆာင္ေပးသူပါပဲ . . . .

ဗညားရွိန္

ေန၀သန္ said...

ျပဴတင္းဆိုတာ ဘ၀တစ္ခုအတြက္ အလြန္ကိုအေရးၾကီးတဲ့ အရာတစ္ခုပါ... စိတ္၏ ျပဴတင္းကို ဖြင့္ထားႏိုင္မွ လူတစ္ေယာက္ဟာ ရင့္က်က္မႈေတြနဲ႕ ပန္းတိုင္ေတြဆီကို ေလွ်ာက္လွမ္းႏိုင္မယ္..... ျပဴတင္းဆိုတာ လူသားဆန္တဲ့ လူသားေတြျဖစ္လာေအာင္ ၾကားခံေပးေသာ အရာျဖစ္ပါတယ္..

ခင္မင္လ်က္
ေန၀သန္

မီးမီးငယ် said...

ကိုယ္ေတာ့ျပဴတင္းေပါက္အျပင္ကေန၊
စန္းထြန္းကိုလွမ္းျမင္လိုက္ၿပီ။
အျပင္မွာေတာ့သိတဲ့အတိုင္းရူပ္ေနတာေပါ့..။
အထဲမွာလိုေအးခ်မ္းျခင္းေတာ့သိပ္မရွိပါဘူးေလ။

ကိုရင္ said...

ေလာကကို ၿဖန္႔က်က္နိုင္ဖို႔ စိတ္ရဲ့ ၿပဴတင္းေပါက္ေတြ လိုအပ္ပါတယ္

San San Htun said...

ညီလင်းသစ် said...
ဓါတ်ဘူးဆိုတာ လက်နက်အဖြစ် အသုံးပြုလို့လည်း ရတယ်လို့ တခါမှ မတွေးကြည့်မိဘူးဗျ၊ း) အတွင်းကနေ အပြင်ကို လေ့လာဖို့၊ အပြင်က လေနုအေးတွေ အတွင်းကို ဝင်လာစေဖို့ ကျနော်တို့ ပြူတင်းပေါက်တွေ လိုအပ်ပါတယ်၊
April 24, 2012 at 2:56 AM
khin said...
ညီမလေးရေ ဘယ်လိုဘဲဖြစ်ဖြစ် ရှိသမျှလော.တွေချပြီးတော.သာအိပ်။ ပိုစိတ်ချ၇တာပေါ.။ သတိဆိုတာပိုတယ်မရှိပါဘူးညီမလေး။
April 24, 2012 at 3:54 AM
Anonymous said...
ဘုရားအာရုဏ်ပြုပြီးအိပ်စန်းထွန်းရေ။
ဒါမှစိတ်ကအားကိုးစရာရှိတယ်ဆိုပြီးရဲလာတာ။
အိုင်အိုရာ
April 24, 2012 at 4:09 AM
ဟန်ကြည် said...
ပြတင်းပေါက်က ကြည့်ရတဲ့ အရသာဆိုတာ ကိုယ်တိုင်ကြည့်ဖူးမှ နားလည်နိုင်တာကလား စန်းထွန်းရေ...ခပ်ငယ်ငယ်က စာတစ်အုပ်ရှေ့မှာချရင်း ကလေးတွေကစားနေတာကို ပြတင်းပေါက်ကနေ ထိုင်ငေးဖူးတယ်...အလုပ်သမားကြီးတွေ တပင်တပန်း ကုန်တွေထမ်းနေကြတာတွေလည်း ငေးဖူးတယ်...နေဝင်ချိန်တွေ...တဖွဲဖွဲကျနေတဲ့ မိုးစက်တွေ...တဖြုတ်ဖြုတ်ကြွေနေတဲ့ ရွက်ဝါတွေ...

ပြတင်းပေါက်လေးကို စန်းထွန်းလိုပဲ သတိရသွားပြန်ပါပကောလား...

တစ်ခုပဲရှိတယ် မြေအောက်ခန်းက ပြတင်းပေါက်ကိုတော့ ငေးမကြည့်ဖူးသေးဘူး...ကလေးတွေရဲ့ ခြေထောက်တွေကိုပဲ မြင်ရတာကလည်း အရသာ တစ်ခုခုတော့ ရှိမှာပါပဲလေ...
April 24, 2012 at 4:43 AM
စံပယ်ချို said...
ရေနံချေးသုပ်ထားတဲ့အိမ်တို့ ဝါးအိမ်တို့ကိုသဘောကျတယ်ပြတင်းပေါက်ကိုလဲကြိုက်တယ် နှင်းလေးတွေကျ မိုးအေးလေးရွာတာကိုကြည့်ရလို့လေ
ဟုတ်ပါ့ စန်းထွန်းရေ
ဓါတ်ဘူးဆိုတာ လက်နက်အဖြစ် အသုံးပြုလို့လည်း ရတယ်လို့ တခါမှ မတွေးကြည့်မိဘူး----
April 24, 2012 at 6:42 AM
pigpig said...
ဟုတ်တယ်အထွန်း..
ပစ်ပစ်လည်း ပြတင်းပေါက်ကနေလှမ်းမြင်ရတဲ့
မြင်ကွင်းမျိုးကိုအရမ်းသဘောကျတယ်
ပြတင်းပေါက်ကျယ်ကျယ်နဲ့ရှည်ရှည်..
အဲလိုပြတင်းပေါက်ကနေ
ဟိုးအဝေးကြီးကိုလှမ်းမြင်နေရတဲ့
မြင်ကွင်းမျိုးကိုသိပ်ကြိုက်တယ်..
အသက်ကြီးလာရင်ကျေးလက်မှာဘဲ
သွားနေမယ်လို့စိတ်ကူးထားတယ်
အထွန်းရယ်..
April 24, 2012 at 2:01 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းစာလေးဖတ်ပြီး စိတ်ထဲတစ်စုံတစ်ခုကို ခံစားရတယ်။
နွေးထွေးလုံခြုံမှုရှိတဲ့အရပ်ဟာ တကယ်ကို တန်ဖိုးရှိပါတယ်နော်။
စန်းထွန်းရေ spray ဘူးလေးလည်း ဆောင်ထားပေါ့။ တစ်ခုခုဆို မျက်နှာကို spray ဘူးလေး ဖြန်းလိုက်ရင်လည်း အခိုက်အတန့်တော့ တားဆီးနိုင်မယ်လို့ ယူဆပါတယ်။ အစ်မကိုလည်း မိတ်ဆွေတစ်ယောက်က ပေးတဲ့ အကြံလေးတစ်ခုပါ။ ခုတော့ အဲဒီ spray ဘူးလေး အမြဲလိုလို ဆောင်ထားပါတယ်။ ကိုယ်တိုင်လည်း လုံခြုံတယ်လို့ မခံစားရတဲ့ နေရာမှာဆိုတော့လေ။
April 24, 2012 at 4:24 PM
Anonymous said...
လောကကြီးကို ဘောင်ခတ်ထားတဲ့ အရာကို ဘာလို့ နှစ်သက်သလဲ . .

ဒါပေမဲ့လည်း အလုံပိတ် အခန်းထဲက ကိုယ့်အတွက် တခါတလေတော့ သူက စိတ်ထွက်ပေါက်ပဲ မဟုတ်လား . . .

သေချာပါတယ် တခါတလေ သူဟာ ကျွန်တော်တို့ရဲ့ အမြင်ကို ဘောင်ခတ်ပစ်ထားတတ်သလို . . တခါတလေလည်း ကျွန်တော်တို့အတွက် အလင်းတွေကို သယ်ဆောင်ပေးသူပါပဲ . . . .

ဗညားရှိန်
April 24, 2012 at 9:07 PM
နေဝသန် said...
ပြူတင်းဆိုတာ ဘဝတစ်ခုအတွက် အလွန်ကိုအရေးကြီးတဲ့ အရာတစ်ခုပါ... စိတ်၏ ပြူတင်းကို ဖွင့်ထားနိုင်မှ လူတစ်ယောက်ဟာ ရင့်ကျက်မှုတွေနဲ့ ပန်းတိုင်တွေဆီကို လျှောက်လှမ်းနိုင်မယ်..... ပြူတင်းဆိုတာ လူသားဆန်တဲ့ လူသားတွေဖြစ်လာအောင် ကြားခံပေးသော အရာဖြစ်ပါတယ်..

ခင်မင်လျက်
နေဝသန်
April 24, 2012 at 11:33 PM
မီးမီးငယ် said...
ကိုယ်တော့ပြူတင်းပေါက်အပြင်ကနေ၊
စန်းထွန်းကိုလှမ်းမြင်လိုက်ပြီ။
အပြင်မှာတော့သိတဲ့အတိုင်းရူပ်နေတာပေါ့..။
အထဲမှာလိုအေးချမ်းခြင်းတော့သိပ်မရှိပါဘူးလေ။
April 25, 2012 at 9:09 AM
ကိုရင် said...
လောကကို ဖြန့်ကျက်နိုင်ဖို့ စိတ်ရဲ့ ပြူတင်းပေါက်တွေ လိုအပ်ပါတယ်
April 26, 2012 at 1:33 PM